ယဉ်ပေ့တောသူ

From Wikisource
Jump to navigation Jump to search
ယဉ်ပေ့တောသူ
by ဦးကြီး

လေပြေငယ်သုတ်ပါလို့၊
ရွှေဘုတ်ကယ်အိုးအီ၊ အုံ့မှိုင်းငယ်ရီ၊
နေမှီအောင်တခိုလှမ်းခဲ့ရ၊
ကောက်ငန်းက သူပြန်ပုံမှာ၊
ခတ္တာငုံ ပန်းနှစ်ဆင့်ငယ်နှင့်၊
ပန်းဝင့်လို့ရွာကိုဝင်၊
အမြင်ဆန်းပါဘိတယ်လေး။ ။

ညဉ့်ချမ်းရယ်နေရီ၊
ချိန်တော်မှီ ကေသီပန်းနှင့်၊
ရေခပ်လမ်းမှာ စခန်းသင့်လို့၊
ထက်ဆင့်နီရောင် ချည်စိမ်းပေါင်နှင့်၊
ယဉ်အောင်တောသူ၊
သနပ်ခါးကွက် ပါးမှာကူလို့၊
အမူကြီးကမ်းကုန်ကို၊
ဘယ်မြို့ပုံသာချင်သောရယ်လို့၊
ပြောကြမယ်လေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse