မှုတော်ကုန်ကြိုးချင်လှ
Jump to navigation
Jump to search
ခါနရီ ချိန်ညောင်းလို့၊
သုံးမောင်း ကျော်သာသာ၊
ဝန်းပြူစ သော်တာလို၊
မျက်နှာတော် ရွှေရေး။
မြင်လိုက်မိ သူ့ပုံကို၊
ခုအာရုံ စွဲကပ်လှသေး။
သည် တည်းကခုပင်၊
ဆင်ခြင်လို့ နှောင့်နှေး။
ကိုယ့်ကိုကိုယ် တွေးလို့၊
ဆွေးရက်နှင့် တန်တန်၊
ဘယ်ဝေယံဘုံက ဘွားလေသိ၊
ချစ်အားတော် တိုးလို့သာဖန်။
သနားခွင့် ပြန်ပြန်မှာ၊
တင်စရန် မလွယ်ခက်ပါဘိ၊
မမြွက်ကယ် စာပါနော်၊
ဝေးငယ်ကသော်၊
ထောက်လှမ်းကာ ရှုမျော်တယ်၊
မှုတော်ကုန် ကြိုးချင်လှလေး။ ။
![]() |
This work was published before January 1, 1928, and is in the public domain worldwide because the author died at least 100 years ago. |