မွန်ရာဇဝင်/အခန်း-၂၅

From Wikisource
Jump to navigation Jump to search
မွန်ရာဇဝင်  (1785) 
ဓမ္မစေတီမင်း နန်းတက်တော်မူကြောင်း

ဝိသုဒ္ဓိရာဇာ မရှိလျှင် ပုဏ္ဏရာဇာဟူသော သားတော်အိမ်ရှေ့မင်းသည် ဓမ္မစေတီအမည်ကို ခံ၍ မင်းပြုသည်။ သည်မင်းသည် သီလသမာဓနှင့် ပြည့်စုံ၍ ပိဋကတ် ၃ ပုံ၊ ဗေဒင် ၄ ပုံ၊ မန္တန်ဆေးကျမ်း၊ ၄ ပါးသောဥပါယ်နှင့် သိမြင်နှံ့စပ်၍ လူဝံကိုနိုင်သည့် လက်ဖျံတလုံးတည်းသာရှိသော မင်းညီတုံးကို သ္မိန်ဗရမ်းဟူသောအမည်နှင့် စစ်တောင်းမြို့ကိုလည်း ပေးတော်မူသည်။ ပြည်ထဲရေးလည်း စည်ပင်လှသောကြောင့် ဆင်မြင်းဗိုလ်ပါ အင်အားကြီးသည်နှင့် ရဟန်းပုဏ္ဏား အမတ်စစ်သူကြီး ဉာဏ်ပညာရှိသသူတို့ ပေါများ၍ အလွန်စည်ပင်သာယာစွာ ရှိလေသည်။