မွန်ရာဇဝင်/နိဂုံး

From Wikisource
Jump to navigation Jump to search
မွန်ရာဇဝင်  (1785) 
နိဂုံးချုပ်

သက္ကရာဇ် ၁၁၄၆ ခု၊ တပို့တွဲလပြည့်ကျော် ၆ ရက်နေ့၊ ၃ ချက်တီးကျောအချိန်တွင် အဖြစ်အပျက် ထောက်ချင့်တွက်၍ မင်းဆက်နောလွင်န် မွန်ရာဇဝင်တွင်သည့် သထုံဒဂုံဒလမုတ္တမက စစ်ကိုင်းစသည် အင်းဝမကျန် ပေါက္ကန်မကြွင်း ရှေးမင်းစဉ်လာ ကြောင်းခြင်းရာကို ပညာနောက်ပွါး အမျိုးသားတို့ သင်ကြားလေ့လာ ဘတ်နာလေ့ကျက် မပျက်မတိမ်း မသိမ်မဖျင်း ကျောက်ထွင်းအက္ခရာ ကမ္ဗည်းစာသို့ နည်းနာထုံးတွင် ယူငင်ရေးသား ခြားနားသိသာ သည်စာရာဇဝင် နိဂုံးထင်အောင် ဆောင်သည်လုံ့လ ကျိုးရပါစေ သုန္ဒရေအား ပန်လျှောက်ကြား၍ ငါကားအမျှ ဝေပါ၏။ ။