မွန်မင်းသမီးလေး တလထော်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၅) မွန်မင်းသမီးလေး တလထော်
326619ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၁၅) မွန်မင်းသမီးလေး တလထော်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၅)

မွန်အမျိုးသမီးလေး တလထော်

[edit]

မွန်အမျိုးသမီးလေး တလထော်သည် မြစ်ထဲတွင် ရေချိုးစဉ် ဆင်းတုတော်တစ်ဆူကို တွေ့ရှိခဲ့သည်။ ထိုဆင်းတုတော်ကို ဆယ်ယူပြီး စေတီတစ်ဆူတွင် ထားရှိပူဇော်သည်။

ထိုအကြောင်းကို ဗုဒ္ဓဘာသာဝင် မဟုတ်သော ဘုရင်ကြီးသိသွားသောအခါ စိတ်ဆိုးသွား၏။ ထို့ကြောင့် တလထော်ကို ဖမ်းခိုင်းပြီး သတ်ရန် အမိန့်ပေးခဲ့သည်။

တလထော်က သရဏဂုံကို ရွတ်ဆိုနေသဖြင့် သတ်၍ မရခဲ့ပါ။ တလထော်ကို သတ်၍ မရကြောင်း စစ်သည်တော်များက ဘုရင်ကြီးအား လျှောက်တင်ကြသည်။

ဘုရင်ကြီးက ဗုဒ္ဓဆင်းတုတော်များ ကောင်းကင်ပျံတက်အောင် ပြုလုပ်နိုင်လျှင် မသတ်တော့ဟု တလထော်ကို ပြော၏။ တလထော်က သစ္စာဆိုလိုက်ရာ ဗုဒ္ဓဆင်းတုတော်များ ကောင်းကင် (ပျံတက်၍ တည်နေကြသည်။ ။

ဘုရင်ကြီးသည် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို သိရှိသွား၍ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့၏။ တလထော်ကို အသက်ချမ်းသာပေးခဲ့သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာ သော ဘုရင်ကြီးသည် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားအောင် ကြိုးပမ်းခဲ့လေသည်။

ရတနာသုံးပါး တို့အားထား

[edit]

ဘုရား တရား မြတ်သံဃာ၊ ဦးထိပ်ပန်ဆင်ကာ။
ရိုသေစွာ မြတ်နိုးလို့၊ တို့တစ်တွေ ဆည်းကပ်စို့။
ဆည်းကပ်ကြတဲ့ တို့တစ်တွေ၊ ကောင်းကျိုးများလှပေ။
အန္တရာယ်တွေ ကင်းစေသည့်၊ သရဏဂုံ ရွတ်ဆိုကြည့်။ ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ .. သံယံ သရဏံ ဂစ္ဆာမိ။ ။