မြသွယ်ရောင်လျှံ-ချီ ရတု

From Wikisource
Jump to navigation Jump to search
"မြသွယ်ရောင်လျှံ"ချီ ရတု
by ရှင်ရဋ္ဌသာရ

မြသွယ်ရောင်လျှံ ကုံး၍ပန်လျက် ဝင်းစံကြွေရွက် ဖူးသစ်ထွက်သော် အခက်မြုတေ မြရွက်ထွေ၏ ထုတ်ပေဘော်ပြ သွယ်တံလှနှင့် မွှေးမြထုံလွတ် ပန်းဖက်ဆွတ်ကို ချိုးညွတ်ခုပင် ကျွမ်းလက်သင်၍ ကေရှင်သွယ်မြ ဆင်တိစသည် ညှာမြရွှေရည် အေးဘိသည်
လှသွယ်ခေါင်စံ သုံးရွှေ့ရံလျက် မင်းစံရွှေညက် ဦးသစ်ခက်သော် အညက်စုဝေ လှညက်ခြေ၏ နှုတ်ထွေတော်စ ငယ်သံမြနှင့် မှေးရရုံမြတ် ထွန်းသက်မှတ်ကို ကြိုးလတ်ခုပင် ကျွမ်းရက်ပင်၍ နေဝင်ဝယ်စ ထင်ဘိကြသည် ကာလထွေလည် ရေးဘိသည်
မြရွယ်တောင်ယံ ရုံးတွေ့စံလျက် တင်းသံစေခက် ကြူးနှစ်သက်သော် ပလျက်မြုတေ မျှသက်ဝေ၏ ဟုတ်နေတော်စ ကြယ်တံလှနှင့် သွေးချပုံခတ် ရွှန်းညက်ထွတ်ကို ညှိုးဆွတ်ရှုချင် တမ်းလျက်ကြင်၍ ရွှေစင်ဆယ်ဆ မြင်မိရသည် ခါရဖွေနည် သေးဘိသည်