မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ/Myanmar Investment Law

From Wikisource
Jump to navigation Jump to search
Myanmar Investment Law  ((18th October, 2016)(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်)) 
by Union Hluttaw

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေ Myanmar Investment Law

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၄၀) (The Pyidaungsu Hluttaw Law No. 40/2016)

၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် The 2nd, Waning of Thadingyut, 1378 M.E.

(18th October, 2016)(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်)


ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ Union Hluttaw enacted this law.
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။ I hereby sign under the Constitution of the Republic of the Union of Myanmar.

(ပုံ) ထင်ကျော် Sd. Htin Kyaw

နိုင်ငံတော်သမ္မတ President of the State

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် The Republic of the Union of Myanmar

၁။ ဤဥပဒေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေဟု ခေါ်တွင်စေရမည်။
1. This Law shall be called the Myanmar Investment Law.
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-
2. The following expressions contained in this Law shall have the meanings given hereunder:
(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဆိုသည်။
(a) Union means the Republic of the Union of Myanmar.
(ခ) နိုင်ငံတော်သမ္မတ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော် သမ္မတကို ဆိုသည်။
(b) President means the President of the Republic of the Union of Myanmar.
(ဂ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆိုသည်။
(c) Government means the Union Government of the Republic of the Union of Myanmar.
(ဃ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စု အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနကို ဆိုသည်။
(d) Ministry means the Ministry of Planning and Finance of the Union Government.
(င) ကော်မရှင် ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဆိုသည်။
(e) Commission means the Myanmar Investment Commission formed under this Law.
(စ) အဖွဲ့ဝင် ဆိုသည်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ အပါအဝင် အဖွဲ့ဝင်တစ်ဦးဦးကို ဆိုသည်။
(f) Member means any member of the Myanmar Investment Commission, including the Chairman and the Vice-Chairman.
(ဆ) ကော်မရှင်ရုံး ဆိုသည်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးကို ဆိုသည်။
(g) Commission Office means the office of the Directorate of Investment and Company Administration which is responsible for carrying out administrative activities of the Commission.
(ဇ) အတွင်းရေးမှူး ဆိုသည်မှာ ကော်မရှင်ရုံး၏ ရုံးလုပ်ငန်း တာဝန်များကို တာဝန်ခံ ဆောင်ရွက်မည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတွင်းရေးမှူးကို ဆိုသည်။
(h) Secretary means the Secretary of the Myanmar Investment Commission who is responsible for carrying out administrative activities of the Commission Office.
(ဈ) အဆိုပြုချက် ဆိုသည်မှာ ရင်းနှီးမြှုပ်နှံလိုသူက ပုဒ်မ ၃၆ တွင် ဖော်ပြထားသည့် လုပ်ငန်းများ၌ လုပ်ကိုင်လိုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအတွက် ကော်မရှင်၏ ခွင့်ပြုမိန့်ရရှိရန် သတ်မှတ်သည့် ပုံစံဖြင့် လိုအပ်သည့် စာချုပ်၊ စာရွက်စာတမ်း အထောက်အထားများ ပူးတွဲကာ တင်ပြသော လျှောက်လွှာကို ဆိုသည်။
(i) Proposal means the application, submitted in the stipulated form together with the required contracts and documents, by the proposed investor in order to obtain the Permit of the Commission for intended investment stipulated under section 36.
(ည) ခွင့်ပြုမိန့် ဆိုသည်မှာ ရင်းနှီးမြှုပ်နှံလိုသူက ရင်းနှီးမြှုပ်နှံရန် တင်ပြလာသော အဆိုပြုချက်နှင့် စပ်လျဉ်း၍ ကော်မရှင်၏ သဘောတူ ခွင့်ပြုချက်ကို ဖော်ပြသည့် အမိန့်ကို ဆိုသည်။
(j) Permit means an order that describes the approval of the Commission relating to the proposal for investment submitted by the proposed investor.
(ဋ) အတည်ပြု လျှောက်ထားလွှာ ဆိုသည်မှာ ရင်းနှီးမြှုပ်နှံလိုသူက အခန်း (၁၂) မြေ အသုံးပြုခွင့်နှင့် အခန်း (၁၈) ပုဒ်မ ၇၅၊ ၇၇ နှင့် ၇၈ ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ခံစားနိုင်ရန် အလို့ငှာ ကော်မရှင်၏ အတည်ပြုမိန့် ရရှိရန် သတ်မှတ်သည့် ပုံစံဖြင့် လိုအပ်သည့် အထောက်အထားများ ပူးတွဲကာ တင်ပြသော လျှောက်လွှာကို ဆိုသည်။
(k) Endorsement application means the application in the stipulated form together with required documents submitted by proposed investor to obtain an Endorsement of the Commission in order to enjoy benefits relating to right to use land under Chapter XII and exemptions and reliefs under section 75, 77 and 78 of the Chapter XVII.
(ဌ) အတည်ပြုမိန့် ဆိုသည်မှာ ရင်းနှီးမြှုပ်နှံလိုသူက တင်ပြလာသော အတည်ပြု လျှောက်ထားလွှာနှင့် စပ်လျဉ်း၍ ကော်မရှင်၏ အတည်ပြုချက်ကို ဖော်ပြသည့် အမိန့်ကို ဆိုသည်။
(l) Endorsement means an order that describes the approval of the Commission relating to the endorsement application submitted by the proposed investor.
(ဍ) နိုင်ငံသား ဆိုသည်မှာ ဤဥပဒေအလို့ငှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသားများဖြင့်သာ ပါဝင်ဖွဲ့စည်းထားသော စီးပွားရေး အဖွဲ့အစည်းလည်း ပါဝင်သည်။
(m) Citizen means a citizen, an associate citizen or a naturalized citizen for the purposes of this Law. In this expression, enterprises composed only of citizens are also included.
(ဎ) မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ ဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် နိုင်ငံသားကို ဆိုသည်။ ယင်းစကားရပ်တွင် မြန်မာနိုင်ငံ ကမ္ပဏီများ အက်ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင် မှတ်ပုံတင်ထားသည့် မြန်မာကုမ္ပဏီ၊ ရုံးခွဲများနှင့် အခြားစီးပွားရေး အဖွဲ့အစည်းများလည်း ပါဝင်သည်။
(n) Myanmar Citizen Investor means a citizen who invests within the Union. In this expression, Myanmar companies and branch offices, and other enterprises established and registered in accordance with the Myanmar Companies Act are included.
(ဏ) နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူ ဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် နိုင်ငံသား မဟုတ်သူကို ဆိုသည်။ ယင်းစကားရပ်တွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင် မှတ်ပုံတင်ထားသည့် နိုင်ငံခြား ကုမ္ပဏီ၊ ရုံးခွဲ၊ အခြားစီးပွားရေး အဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံ တစ်နိုင်ငံမှ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော စီးပွားရေး အဖွဲ့အစည်းများလည်း ပါဝင်သည်။
(o) Foreign Investor means a person who invests within the Union and is not a citizen. In this expression, foreign companies, branch offices and other enterprises established and registered in accordance with the 3 Official Translation Myanmar Companies Act and enterprises formed in accordance with the laws of any other country are also included.
(တ) ရင်းနှီးမြှုပ်နှံသူ ဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှုကို ဥပဒေနှင့်အညီ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူကို ဆိုသည်။
(p) Investor means a Myanmar Citizen investor or Foreign investor who invests within the Union in accordance with the law.
(ထ) ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက ဤဥပဒေနှင့်အညီ ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်သည့် ပစ္စည်းများကို ဆိုသည်။ ယင်းစကားရပ်တွင် ပုဒ်မ ၄၀ ပါ ရင်းနှီးမြှုပ်နှံမှုများလည်း အပါအဝင် ဖြစ်သည်။
(q) Investment means any assets owned or controlled by the investor in accordance with this Law. It shall also include investments stipulated under section 40.
(ဒ) တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံသူက ဥပဒေနှင့်အညီ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ပိုင်ဆိုင်ပစ္စည်းအပေါ် ထိန်းချုပ်ခွင့် သို့မဟုတ် လွှမ်းမိုးခွင့်နှင့် လုပ်ငန်းစီမံ ခန့်ခွဲခွင့်တို့ရှိသည့် ရင်းနှီးမြှုပ်နှံမှုကို ဆိုသည်။
(r) Direct Investment means an investment in which the investor has the right to control, influence or manage, of such assets which are invested by the investor within the Union in accordance with the law.

(ဓ) နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူက နိုင်ငံတော်အတွင်း ပြုလုပ်သည့် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ဆိုသည်။

(s) Foreign Investment means any direct investment made by a foreign investor within the Union.
(န) စီးပွားရေးအဖွဲ့အစည်းဆိုသည်မှာ-
(t) Enterprise means:
(၁) တည်ဆဲ ဥပဒေများနှင့်အညီ စီးပွားရေး လုပ်ငန်းဆောင်ရွက်ရန် ဖွဲ့စည်း တည်ထောင်ထားသည့် သို့မဟုတ် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ၊ ရန်ပုံငွေအဖွဲ့၊ အစုစပ်၊ တစ်ဦးတည်းပိုင်၊ ဖက်စပ်၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့ သို့မဟုတ် အလားတူ အဖွဲ့အစည်းများ အပါအဝင် တရားဝင်စီးပွားရေး အဖွဲ့အစည်းများကို ဆိုသည်။
(i) Any legal entity, including company, trust, partnership, sole proprietorship, joint venture, business association or similar organisations established or registered to do businesses in accordance with the applicable laws.
(၂) တည်ဆဲ ဥပဒေများနှင့်အညီ ဖွဲ့စည်း တည်ထောင်ထားသည့် အဆိုပါ တရားဝင် စီးပွားရေး အဖွဲ့အစည်း၏ ရုံးခွဲတစ်ခုကို ဆိုသည်။
(ii) A branch office of such legal entity established in accordance with the applicable laws.

(ပ) လွတ်လပ်စွာ အသုံးပြုနိုင်သည့် ငွေကြေး ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) ၏ သဘောတူညီချက် စာချုပ် အပိုဒ် ၃၀ (စ) နှင့် ၎င်းကို ပြင်ဆင်သော ပြင်ဆင်ချက်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် အပြည်ပြည်ဆိုင်ရာ ငွေပေးချေမှုများအတွက် လွှဲပြောင်း ပေးခြင်းများနှင့် အဓိက နိုင်ငံခြား ငွေကြေးဈေးကွက်များတွင် ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်ခြင်း ပြုလုပ်နိုင်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ သုံးစွဲလျက်ရှိသော ငွေကြေးကို ဆိုသည်။

(u) Freely Usable Currency means a currency of a member of the International Monetary Fund (IMF) which is used to make payments for international transactions and widely traded in the principal foreign exchange market as defined by Article 30(f) of the Articles of Agreement of the International Monetary Fund (IMF) and any amendments thereto.
(ဖ) ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက ကော်မရှင်၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ဤဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ရင်းနှီးမြှုပ်နှံသူ၏ လျှောက်ထားမှုအပေါ် ကော်မရှင်က စိစစ်ခွင့်ပြုနိုင်သည့် ဝင်ငွေခွန်၊ အကောက်ခွန်နှင့် အခြားပြည်တွင်း အခွန် အကောက်များ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ဆိုသည်။
(v) Exemption and relief means the exemptions and reliefs from income tax, customs duty and other internal taxes that may be scrutinized and granted by the Commission based on application of the investor for 4 Official Translation investments obtained a Permit or an Endorsement of the Commission in accordance with this Law.
(ဗ) ဆောင်ရွက်ချက်များ ဆိုသည်မှာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများကဖြစ်စေ၊ ယင်းတို့က အခွင့်အာဏာ အပ်နှင်းထားသည့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများက ဖြစ်စေ ချမှတ်ထားသော သို့မဟုတ် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ဆုံးဖြတ်ချက်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ စသည်တို့ကို ဆိုသည်။
(w) Measures mean laws, rules, regulations, procedures, decisions and administrative actions adopted or maintained by government departments, governmental organizations or non-governmental organizations authorized by such departments and organizations.
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
3. The objectives of this Law are as follow:
(က) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊
(a) to develop responsible investments which do not cause harm to the natural environment and the social environment for the interest of the Union and its citizens;
(ခ) ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရန်၊
(b) to protect the investors and their investments in accordance with the law;
(ဂ) ပြည်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်၊
(c) to create job opportunities for the people;
(ဃ) လူသားအရင်းအမြစ် ဖွံ့ဖြိုးလာစေရန်၊
(d) to develop human resources;
(င) စွမ်းဆောင်ရည် မြင့်မားသည့် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်၊
(e) to develop highly efficient productivity, service, and trading sectors;
(စ) နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊
(f) to develop technology, agriculture, livestock and industrial sectors;
(ဆ) နိုင်ငံ တစ်ဝန်းလုံးတွင် အခြေခံ အဆောက်အအုံများ အပါအဝင် ပညာရပ်နယ်ပယ် အသီးသီးတို့၌ ဖွံ့ဖြိုးတိုးတက်စေရန်၊
(g) to develop various professional fields including infrastructure around the Union;
(ဇ) နိုင်ငံသားများ အနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် ယှဉ်တွဲလုပ်ကိုင် ဆောင်ရွက်နိုင်စေရန်၊
(h) to enable the citizens to be able to work alongside with the international community; and
(ဈ) နိုင်ငံတကာ စံနှုန်းနှင့်ညီသော စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပေါ်ထွန်းလာစေရန်။
(i) to develop businesses and investments that meet international standards.
၄။ ဤဥပဒေသည် နိုင်ငံတော်အတွင်း စတင်အာဏာ တည်သည့်နေ့တွင် လုပ်ငန်းလည်ပတ် လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် သို့မဟုတ် ဤဥပဒေ အာဏာတည်ပြီးနောက် အသစ်ဖွဲ့စည်း တည်ထောင် လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံမှု အားလုံးနှင့် အကျုံးဝင် သက်ဆိုင်စေရမည်။ သို့ရာတွင် ဤဥပဒေ အာဏာမတည်မီက ဖြစ်ပွားလျက်ရှိသည့် တည်ဆဲ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများ သို့မဟုတ် ဤဥပဒေ အာဏာမတည်မီက ခွင့်ပြုမိန့်ရရှိပြီး လုပ်ငန်းလုပ်ဆောင်မှု ရပ်ဆိုင်းထားသည့် ရင်းနှီးမြှုပ်နှံမှုများသည် ဤဥပဒေနှင့် အကျုံးဝင် သက်ဆိုင်မှု မရှိစေရ။
4. This Law shall apply to all existing or new investments within the Union on the date of entry into force of this Law. However, this Law shall not apply to any existing investment disputes or any investments which obtained a Permit and suspended from their business operation before the date of entry into force of this Law.
၅။ ဤဥပဒေ၏ အခန်း (၂၁) ခြွင်းချက်ပြုရမည့် အချက်များ၊ အခန်း (၂၂) လုံခြုံရေးဆိုင်ရာ ကင်းလွတ်ခွင့်များမှအပ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်ချက်များသည် ဤဥပဒေနှင့် သက်ဆိုင်စေရမည်။
5. This Law shall apply to any investment measures implemented by government departments and governmental organizations except any measures under the provisions of Chapter XXI and Chapter XXII of this Law.
၆။ ကော်မရှင်ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
6. The Commission shall be formed as follow:
(က) နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့ဝင်များထဲမှ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦး ရွေးချယ် အဆိုပြု၍ အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးမည့် ဥက္ကဋ္ဌတစ်ဦး၊
(a) a Chairman appointed by the Government after nomination from members of the Government by the President;
(ခ) အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးမည့် ဒုတိယဥက္ကဋ္ဌ တစ်ဦး၊
(b) a Vice-Chairman appointed by the Government;
(ဂ) အဖွဲ့ဝင်များအဖြစ် အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးမည့် သင့်လျော်သော ပြည်ထောင်စု ဝန်ကြီးဌာန၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ဂုဏ်သိက္ခာ သမာဓိနှင့် ပြည့်စုံသည့် သင့်လျော်သော ပုဂ္ဂိုလ်များ၊
(c) members appointed by the Government, who are suitable persons from Union Ministries, government departments, governmental organizations, experts from the private sector, professionals and suitable dignified persons;
(ဃ) ရာထူးအလျောက် ကော်မရှင်ရုံး အကြီးအမှူးဖြစ်သည့် အတွင်းရေးမှူးတစ်ဦး။
(d) a Secretary who is the head of the Commission Office by designation.
၇။ အစိုးရအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်နှင့်အညီ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင်အနည်းဆုံး ကိုးဦးနှင့် အထက်"မ" ဂဏန်း အရေအတွက်ဖြင့် ဖွဲ့စည်းတည်ထောင်ရမည်။
7. The Government shall form the Commission with at least nine members or more in odd numbers, including the Secretary, in accordance with the provisions in section 6.
၈။ နိုင်ငံ့ ဝန်ထမ်းမဟုတ်သော ကော်မရှင် အဖွဲ့ဝင်များသည် ဝန်ကြီးဌာနမှ ခွင့်ပြုသော ချီးမြှင့်ငွေနှင့် စရိတ်ကို ခံစားခွင့်ရှိစေရမည်။
8. The members of the Commission who are not civil service personnel shall have the right to enjoy gratuity and allowances as allowed by the Ministry.
၉။ အတွင်းရေးမှူးမှတစ်ပါး ကော်မရှင် အဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည် အစိုးရအဖွဲ့၏ သက်တမ်းနှင့်အညီ ဖြစ်သည်။ အတွင်းရေးမှူးသည် နိုင်ငံ့ဝန်ထမ်းဖြစ်သည် နှင့်အညီ နိုင်ငံ့ဝန်ထမ်း ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရမည်။
9. The term of all members of the Commission, except the Secretary, is the same as the term of each Government. The Secretary, being a civil service personal, shall follow the Civil Servant Law.
၁၀။ ကော်မရှင် အဖွဲ့ဝင်များသည် တစ်ဆက်တည်း ရာထူးသက်တမ်း နှစ်ကြိမ်ထက် ပိုမိုတာဝန် ထမ်းဆောင်ခြင်း မရှိစေရ။
10. The members of the Commission shall not serve for more than two consecutive terms.
၁၁။ အစိုးရအဖွဲ့သည် အစိုးရတာဝန်ယူသည့် နေ့မှစ၍ နှစ်လအတွင်း ကော်မရှင်အား အသစ်ပြန်လည် ဖွဲ့စည်းရမည်။
11. The Government shall reconstitute the Commission within two months from the date of assuming office.
၁၂။ ကော်မရှင်ရုံး အကြီးအမှူးသည် ကော်မရှင်၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ရမည့်အပြင် ကော်မရှင်က သတ်မှတ်ပေးထားသော အခြားလုပ်ငန်း တာဝန်များကိုလည်း ထမ်းဆောင်ရမည်။
12. The head of the Commission Office shall serve as the Secretary of the Commission and shall fulfill duties as stipulated by the Commission.
၁၃။ ကော်မရှင် ဥက္ကဋ္ဌသည် ကော်မရှင်၏ လုပ်ငန်းတာဝန်များအနက် သီးခြားသတ်မှတ်ပေးသော လုပ်ငန်းတာဝန် တစ်ရပ်ရပ်ကို စာဖြင့် ရေးသား၍ ကော်မရှင်ရုံးအရာထမ်း တစ်ဦးဦးအား တာဝန်ပေးအပ် နိုင်သည်။ ယင်းသို့ တာဝန်ပေးအပ်ရာတွင် တာဝန်ပေးအပ်ခြင်း ခံရသူသည် တာဝန်ပေးအပ်သည့် စာတွင်ဖော်ပြထားသော လုပ်ငန်းတာဝန်ကိုသာ ဆောင်ရွက်ရမည်။ အဆိုပါ လွှဲအပ်သည့်စာအား မည်သည့်အချိန်တွင်မဆို စာဖြင့် ပြန်လည် ရုပ်သိမ်းနိုင်သည်။
13. The Chairman of the Commission may assign any duty specified in writing among the duties of the Commission to any officials of the Commission Office. In case of such assignment, the assigned person shall undertake only the duty stipulated in the assignment letter. The letter may be withdrawn at any time in writing.
၁၄။ ကော်မရှင် ဥက္ကဋ္ဌသည် တာဝန်ထမ်းဆောင်နေစဉ် မိမိသဘော ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်းကို နိုင်ငံတော်သမ္မတ၏ အတည်ပြုချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံစာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။
14. If the Chairman of the Commission resigns from his position voluntarily during his term, he may resign with the approval of the President by submitting a resignation letter to the Government.
၁၅။ ကော်မရှင် ဥက္ကဋ္ဌမှအပ ကျန်ကော်မရှင် အဖွဲ့ဝင်များ နုတ်ထွက်လိုပါက ကော်မရှင်ဥက္ကဋ္ဌမှ တစ်ဆင့် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရာထူးမှ နုတ်ထွက်နိုင်သည်။
15. If a member of the Commission, except the Chairman of the Commission, desires to resign from his position, he may request through the Chairman of the Commission and resign with the approval of the Government.
၁၆။ အစိုးရအဖွဲ့သည် ကော်မရှင် အဖွဲ့ဝင်တစ်ဦးဦးအား အောက်ပါအခြေအနေ တစ်ရပ်ရပ် ပေါ်ပေါက်ပါက တာဝန်မှ ရပ်စဲနိုင်သည်-
16. The Government may dismiss any member of the Commission in any of the following events:
(က) ဥပဒေအရ သတ်မှတ်သော ဆေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်စွမ်း မရှိတော့သည်အထိ ကျန်းမာရေးချို့ယွင်းခြင်း၊
(a) health deficiency to the extent that the member is no longer able to continue to undertake his/her duties according to the diagnosis of the medical board stipulated by law;
(ခ) ကွယ်လွန်ခြင်း၊
(b) death;
(ဂ) တရားရုံး တစ်ခုခုက ပြစ်မှုကြောင်းအရ ပြစ်ဒဏ်ချမှတ်ခံရခြင်း၊
(c) being penalized by any court due to a criminal offence;
(ဃ) တရားရုံးတစ်ခုခုက လူမွဲအဖြစ် ကြေညာခံရခြင်း၊
(d) being declared as insolvent by any court;
(င) မိမိအား ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်း။
(e) failure to properly perform his/her duties.
၁၇။ အစိုးရဖွဲ့သည်-
17. The Government:
(က) ရာထူးမှ နုတ်ထွက်ခြင်း ကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်း ကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့် ဖြစ်စေ၊ အခြားအကြောင်း တစ်စုံတစ်ရာကြောင့် ဖြစ်စေ ကော်မရှင် အဖွဲ့ဝင်နေရာ လစ်လပ်လျှင် ဤဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်တို့ နှင့်အညီ အဖွဲ့ဝင်အသစ် ဖြည့်စွက်ခန့်ထားရမည်။
(a) shall appoint a new member in accordance with the provisions in this Law and its rules if a vacancy arises among the members of the Commission due to resignation, dismissal, death, or any other reason;
(ခ) လစ်လပ်သော ရာထူးသည် ကော်မရှင် ဥက္ကဋ္ဌရာထူး နေရာဖြစ်ပါက အသစ်ဖြည့်စွက် ခန့်ထားခြင်း မပြုနိုင်မီအတွင်း ဒုတိယဥက္ကဋ္ဌကို ဖြစ်စေ၊ ကော်မရှင် အဖွဲ့ဝင်တစ်ဦးဦးကို ဖြစ်စေ၊ ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်အတွက် ယာယီ တာဝန်ပေး ခန့်အပ်နိုင်သည်။
(b) may temporarily, if the vacancy is the position of the Chairman of the Commission, appoint the Vice-Chairman or a member of the Commission to carry out the functions of the Chairman before appointing a new Chairman.
၁၈။ ရာထူးမှ နုတ်ထွက်ခြင်း သို့မဟုတ် တာဝန်မှ ရပ်စဲခံရခြင်းမှတစ်ပါး လက်ရှိတာဝန် ထမ်းဆောင်နေသော ကော်မရှင် အဖွဲ့ဝင်များသည် ကော်မရှင်အဖွဲ့ဝင် အသစ်ခန့်အပ်ပြီးသည့် အချိန်အထိ မိမိ၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်။
18. The members of the Commission shall serve their functions and duties until new members of the Commission are appointed, except in the event of resignation or dismissal from their positions.
၁၉။ ပုဒ်မ ၉ ပါ ရာထူးသက်တမ်းနှင့် စပ်လျဉ်း၍ မည်သို့ပင် ပါရှိစေကာမူ လစ်လပ်ရာထူးတွင် ပုဒ်မ ၁၇ အရ ဖြည့်စွက်ခန့်ထားခြင်း ခံရသည့် ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည် ၎င်းအစားထိုးသည့် ကော်မရှင်အဖွဲ့ဝင်၏ ကျန်ရှိသည့် သက်တမ်း အတွက်သာ ဖြစ်ရမည်။
19. Notwithstanding the term under section 9, the term of the Chairman, the Vice-Chairman and the members of the Commission who are appointed to the vacant positions under section 17 shall be for the remaining term of the respective member of the Commission who is substituted.
၂၀။ အတွင်းရေးမှူးသည် ကော်မရှင်၏ နေ့စဉ်လုပ်ငန်း တာဝန်များနှင့် ကော်မရှင်၏ ကိစ္စအဝဝနှင့် သက်ဆိုင်သည့် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး လုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ရှိသည်။
20. The Secretary is responsible to perform the daily operations of the Commission, and administrative and management functions related to various matters of the Commission.
၂၁။ ကော်မရှင် အဖွဲ့ဝင်တစ်ဦးသည် ကော်မရှင်သို့ တင်ပြလာသည့် အဆိုပြုချက်နှင့် စပ်လျဉ်း၍ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အကျိုးစီးပွားပါဝင် ပတ်သက်မှုရှိနေသည် ဆိုပါက အဆိုပါ အကျိုးစီးပွား ပါဝင်ပတ်သက်မှုရှိသည် ဆိုသည့် အကြောင်းကို ကော်မရှင်သို့ အတိအလင်းထုတ်ဖော် ပြောဆိုရမည်။ အဆိုပါ ထုတ်ဖော်ပြောဆိုချက်ကို ကော်မရှင်၏ အစည်းအဝေး မှတ်တမ်းတွင် မှတ်တမ်း ပြုရမည်ဖြစ်ပြီး အဆိုပါ အဖွဲ့ဝင်သည် ၎င်းအဆိုပြုချက်နှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆုံးဖြတ်ခွင့်၊ လုပ်ငန်းဆောင်ရွက်မှုနှင့် ဆွေးနွေးမှုတို့တွင် ပါဝင်ဆောင်ရွက်ခြင်း မရှိစေရ။
21. If a member of the Commission has a direct or indirect interest in a proposal submitted to the Commission, such interest must be expressly declared. Such declaration shall be recorded in the meeting minutes of the Commission and such member shall not participate in any right to make decision, activities and discussions of the Commission relating to the proposal.
၂၂။ ကော်မရှင် အဖွဲ့ဝင်တစ်ဦးသည် ကော်မရှင်သို့ တင်ပြလာသည့် အတည်ပြု လျှောက်ထားလွှာ နှင့်စပ်လျဉ်း၍ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အကျိုးစီးပွား ပါဝင်ပတ်သက်မှုရှိနေသည် ဆိုပါက အဆိုပါအကျိုးစီးပွား ပါဝင်ပတ်သတ်မှု ရှိသည်ဆိုသည့် အကြောင်းကို ကော်မရှင်ရုံးသို့ အတိအလင်း ထုတ်ဖော်ပြောဆိုရမည်။ အဆိုပါ ထုတ်ဖော် ပြောဆိုချက်ကို ကော်မရှင်းရုံးတွင် မှတ်တမ်းပြုထားရမည်။ အဆိုပါ အဖွဲ့ဝင်သည် ၎င်းအတည်ပြု လျှောက်ထားလွှာနှင့် စပ်လျဉ်း၍ ကော်မရှင်ရုံး၏ လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခြင်း မရှိစေရ။
22. If a member of the Commission has a direct or indirect interest in the endorsement application submitted to the Commission, such interest must be expressly declared. Such declaration shall be recorded in the Commission Office and such member shall not participate in any process of the Commission Office relating to that endorsement application.
၂၃။ ကော်မရှင်သည် မိမိ၏ လုပ်ပိုင်ခွင့်များကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်။
23. The Commission has the right to freely exercise its duties and powers unless there is contrary to the provisions of this Law.
၂၄။ ကော်မရှင်၏ တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
24. The duties of the Commission are as follow
(က) နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
(a) carrying out the investment promotion activities of the Union;
(ခ) နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများနှင့် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူများအတွက် ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးရန် အဓိကတာဝန်ရှိသည့် ရုံးဌာနအဖြစ် ဆောင်ရွက်ခြင်း၊
(b) performing as the department primarily responsible for coordinating with investors and those who are interested to invest;
(ဂ) ရင်းနှီးမြှုပ်နှံသူများနှင့် ယင်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူချောမွေ့စေရေး အတွက် ကူညီပံ့ပိုး ဆောင်ရွက်ပေးခြင်း၊
(c) providing investment facilitation to investors and their investments;
(ဃ) ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမျှော်မှန်းချက်များ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မူဝါဒများကို အကြံပြုခြင်း၊
(d) advising investment policies to the Union Ministries, Region and State governments in adopting and implementing economic objectives for the development of responsible businesses;
(င) ကော်မရှင်ရုံး ဝန်ထမ်းများအတွက် မူဝါဒလမ်းညွှန်ချက်များ သို့မဟုတ် အကြံပြု တိုက်တွန်းချက်များကို ထုတ်ပြန်ခြင်း၊
(e) issuing policy guidelines and directives for the staffs of the Commission Office;
(စ) ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့သို့ သုံးလတစ်ကြိမ် တင်ပြအစီရင်ခံခြင်း၊
(f) reporting the activities and functions of the Commission to the President and the Government once every three months;
(ဆ) ကော်မရှင်က ခွင့်ပြုသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက်ဖြစ်ပေါ်မှု အခြေအနေများကို အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ နှစ်စဉ် တင်ပြအစီရင်ခံခြင်း၊
(g) reporting annually the status of completion and progress of the investments approved by the Commission to the Pyidaungsu Hluttaw through the Government;
(ဇ) ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးအစားအရ လည်းကောင်း၊ သဘာဝ အရင်းအမြစ် အနေအထားအရ လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး အတွက် လည်းကောင်း ပြည်ထောင်စု အစိုးရအဖွဲ့ ကခွင့်ပြုပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များနှင့် ညှိနှိုင်း၍ လုပ်ပိုင်ခွင့် ခွဲဝေသတ်မှတ်ပေးခြင်း၊
(h) delegating powers, in coordination with the Nay Pyi Taw Council, Region and State governments, for investment activities that the Government may approve according to the type of investment activities or the condition of natural resources or creation of employment opportunities for the economic development of the Regions and States including Union Territory;
(ဈ) ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လွယ်ကူစေရန် လည်းကောင်း၊ အားပေး အထောက်အကူပြုရန် လည်းကောင်း အစိုးရအဖွဲ့သို့ အကြံပြုတင်ပြ ဆောင်ရွက်ခြင်း၊
(i) submitting advice to the Government in order to facilitate or encourage local and foreign investments;
(ည) ရင်းနှီးမြှုပ်နှံသူက သဘာဝသယံဇာတ ပစ္စည်းကိုဖြစ်စေ၊ ရှေးဟောင်း ဝတ္ထုပစ္စည်းကို ဖြစ်စေ တွေ့ရှိလျှင် အကြောင်းကြားခြင်း မပြုဘဲ လက်ဝယ် သိမ်းဆည်းထားခြင်း၊ ပုံသဏ္ဍာန် ပြောင်းလဲခြင်း၊ ဖျောက်ဖျက်ခြင်း အစရှိသည်တို့ကို ပြုလုပ်ကြောင်း သိရှိရပါက သက်ဆိုင်ရာ တရားဥပဒေ လုပ်ထုံးလုပ်နည်း စည်းကမ်းများနှင့်အညီ အရေးယူခြင်း၊
(j) taking action against the investor under the relevant laws, procedures and regulations, if it is known that the investors, when finding natural resources or antiques, either processes, converts or conceals such items without notifying;
(ဋ) ရင်းနှီးမြှုပ်နှံသူနှင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုအား ဤဥပဒေ၊ ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များ နှင့် လုပ်ထုံးလုပ်နည်း စာချုပ်ပါ အချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ မရှိ စိစစ်ခြင်း၊ လိုက်နာဆောင်ရွက်မှု မရှိပါက လိုက်နာဆောင်ရွက်စေခြင်းနှင့် လိုက်နာ ဆောင်ရွက်မှုမရှိသော ရင်းနှီးမြှုပ်နှံသူနှင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဥပဒေနှင့်အညီ အရေးယူခြင်း၊
(k) scrutinizing whether or not the investor and its investment complies with this Law and its rules, regulations, notifications, orders, directives and procedures and provisions contained in contracts, and if not, ensuring the investor to abide and taking action against the investor and its investments that do not abide by such matters in accordance with the laws;
(ဌ) ကင်းလွတ်ခွင်၊ သက်သာခွင့်များနှင့် ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို ပြန်လည်သုံးသပ်ခြင်းနှင့် သုံးသပ်တွေ့ရှိချက်များအား အစိုးရအဖွဲ့သို့ အစီရင်ခံ တင်ပြခြင်း၊
(l) reviewing exemptions, reliefs and the restricted investment activities and reporting such reviews to the Government.
(ဍ) အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း။
(m) performing duties assigned by the Government from time to time.
၂၅။ ဤဥပဒေပါ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အလို့ငှာ ကော်မရှင်၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
25. In order to implement its duties under this Law, the powers of the Commission are as follow:
(က) ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့်ကဏ္ဍ၊ ရင်းနှီးမြှုပ်မှုလုပ်ငန်း ဆောင်ရွက်ရန် ကန့်သတ်သည့်၊ တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို သတ်မှတ်၍ အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်ခြင်း၊
(a) issuing notifications with the approval of the Government after stipulating the investment promoted sectors and the types of the restricted or prohibited investment activities;
(ခ) နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများ၊ မတည်ငွေရင်း ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဒေသခံ လူထုအပေါ် ကြီးမားစွာ သက်ရောက်မှုဖြစ်ပေါ် စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများကို အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ခြင်း၊
(b) stipulating, with the approval of the Government, the types of investment activities that are strategic for the Union, capital intensive investment projects and projects which potentially have a large impact on the environment and the local community;
(ဂ) ရင်းနှီးမြှုပ်နှံသူက ကော်မရှင်သို့ တင်ပြလာသည့် အဆိုပြုချက်သည် နိုင်ငံတော်၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေနိုင်သည့် အပြင် ဥပဒေတစ်ရပ်ရပ်နှင့် ညီညွတ်မှုရှိကြောင်း စိစစ်တွေ့ရှိပါက ခွင့်ပြုမိန့်ကို ရင်းနှီးမြှုပ်နှံသူအား ထုတ်ပေးခြင်း၊ ယင်းအခြေအနေများနှင့် မကိုက်ညီပါက ငြင်းပယ်ခြင်း၊
(c) issuing the Permit to the investor when submitting a proposal to the Commission if the proposal is beneficial to the Union and consistent with the laws, and refusing the proposal if the proposal does not meet such conditions;
(ဃ) ရင်းနှီးမြှုပ်နှံသူက ကော်မရှင်သို့ အတည်ပြု လျှောက်ထားလွှာကို ပြည့်စုံစွာ တင်ပြလာလျှင် လိုအပ်သည့် စိစစ်မှုများ ပြုလုပ်၍ ဥပဒေတစ်ရပ်ရပ်နှင့် ဆန့်ကျင်မှုမရှိပါက အတည်ပြုမိန့်ကို ရင်းနှီးမြှုပ်နှံသူအား ထုတ်ပေးခြင်း၊
(d) conducting the necessary scrutiny when completely submitting an endorsement application to the Commission and issuing the Endorsement to the investor if the endorsement application is not contrary to any law;
(င) ရင်းနှီးမြှုပ်နှံသူက ခွင့်ပြုမိန့်သတ်တမ်း သို့မဟုတ် အတည်ပြုမိန့် သတ်တမ်းကို တိုးမြှင့်ပေးရန်ဖြစ်စေ၊ ပြင်ဆင်ပေးရန်ဖြစ်စေ တင်ပြလာလျှင် စိစစ်၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
(e) approving or refusing after scrutiny when applying for an extension or amendment of the term of the Permit or the Endorsement by the investor;
(စ) လိုအပ်ပါက ရင်းနှီးမြှုပ်နှံသူထံမှ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် အထောက်အထားများကို ဖြစ်စေ၊ အချက်အလက်များကို ဖြစ်စေ တင်ပြရန် တောင်းခံရယူခြင်း၊
(f) asking, the investor, if required, to submit documents or evidences relating to its investment;
(ဆ) ရင်းနှီးမြှုပ်နှံသူက ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ရရှိရန် ကော်မရှင်သို့ ပူးတွဲ တင်ပြခဲသော စာချုပ်စာတမ်း အထောက်အထားများသည် မှန်ကန်မှုမရှိကြောင်း သို့မဟုတ် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိကြောင်း ခိုင်လုံသော သက်သေခံ အထောက်အထားများ ပေါ်ပေါက်လျှင် တည်ဆဲဥပဒေနှင့်အညီ အရေးယူနိုင်ရန် စီမံဆောင်ရွက်ခြင်း၊
(g) managing to take action against the investor under the existing law if it is found that there is credible evidence that the investor has submitted the improper attached documents to the Commission to obtain a Permit or an Endorsement, or in the event, the investor does not comply with the terms and conditions of the Permit or the Endorsement;
(ဇ) ရင်းနှီးမြှုပ်နှံသူက ဤဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ခံစားခွင့်ပြုရန် တင်ပြလျှောက်ထားလာလျှင် လိုအပ်သလို စိစစ်ခွင့်ပြုပေးခြင်း၊
(h) scrutinizing, as required, and granting, when eligible, exemptions and reliefs to enjoy in accordance with the provisions of this Law;
(ဈ) အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် သို့မဟုတ် နှစ်ရပ်စလုံးအား ခံစားခွင့် မပြုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊
(i) stipulating the types of investment activities, with the approval of the Government, which are not allowed to enjoy tax exemptions or reliefs or both;
(ည) ဤဥပဒေအရ ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် အလို့ငှာ သက်ဆိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံသူများ အပါအဝင် အခြားလိုအပ်သော အဖွဲ့အစည်းများထံမှ ကော်မရှင်၏ လုပ်ငန်းတာဝန်နှင့် သက်ဆိုင်သည့် အကူအညီများနှင့် သတင်းအချက်အလက်များကို တောင်းခံရယူခြင်း၊
(j) requesting and obtaining assistance and information relating to the duties of the Commission from government departments, governmental organizations and other necessary organizations, including investors in order to perform the duties of the Commission under this Law;
(ဋ) ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊
(k) undertaking necessary measures to successfully implement the provisions of this Law;
(ဌ) ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးအစားပေါ်မူတည်၍ သင့်လျော်သည့် တည်ဆောက်ရေး ကာလ သို့မဟုတ် ပြင်ဆင်ချိန်ကာလကို စိစစ်ခွင့်ပြုခြင်း၊
(l) scrutinizing and granting appropriate periods for construction or preparation subject to the type of investment activities;
(ဍ) အကောက်ခွန် ဦးစီးဌာနမှ ထုတ်ပြန်ထားသော ယာယီ တင်သွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ပြည်ပမှ တင်သွင်းသော စက်နှင့်စက်ပစ္စည်း ကိရိယာများ ယာယီ တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို စိစစ်ခွင့်ပြုခြင်း၊
(m) scrutinizing and granting the exemptions and reliefs relating to the temporary import of machineries and equipments from abroad under temporary import procedures issued by the Customs Department in coordination with the relevant ministries; and
(ဎ) ဤဥပဒေအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အငြင်းပွားမှု ဖြေရှင်းသည့် အဆင့်သို့ မရောက်ရှိမီ အငြင်းပွားမှုများအား စနစ်တကျ စိစစ်ခြင်း၊ အကြောင်းအရင်းအမြစ် ဖော်ထုတ်ခြင်း၊ တုံ့ပြန်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ နစ်နာ ဆုံးရှုံးမှုများကို ဖြေရှင်းခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်သော စနစ်တစ်ခု တည်ထောင်ခြင်းနှင့် စီမံခန့်ခွဲခြင်း။
(n) in effectively implementing this Law, establishing and managing a system that is able to carry out activities such as systematically scrutinizing disputes, identifying the causes for disputes, responding, inquiring and settling the losses before the stage of dispute resolution;
၂၆။ ကော်မရှင်ရုံးသည် မှတ်ပုံတင်ခြင်း အပါအဝင် အခြားသော အထွေထွေ ဝန်ဆောင်စရိတ်များကို သတ်မှတ်ခြင်းနှင့် ကောက်ခံခြင်း တို့ကို ပြုလုပ်နိုင်သည်။
26. The Commission may stipulate and collect other service fees, including registration fees.
၂၇။ ကော်မရှင်သည် မိမိ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ကော်မတီများနှင့် အဖွဲ့ငယ်များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ :27. The Commission may, in carrying out its duties, form committees and bodies, as required.
၂၈။ ကော်မရှင်သည် မိမိ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကော်မရှင်ရုံးခွဲများကို ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ အစိုးရအဖွဲ့၏ သဘောတူ ခွင့်ပြုချက်ဖြင့် လိုအပ်သလို ဖွင့်လှစ်နိုင်သည်။
28. The Commission may, in implementing its duties, open branch offices of the Commission locally or overseas with the approval of the Government, as required.
၂၉။ အစည်းအဝေးများကို အောက်ပါအတိုင်း ကျင်းပဆောင်ရွက်ရမည်-
29. Meetings shall be convened as follow:
(က) ကော်မရှင်၏ ပုံမှန် အစည်းအဝေးများကို တစ်လလျှင် အနည်းဆုံးတစ်ကြိမ် ကျင်းပခြင်း၊
(a) convening regular meetings of the Commission at least once a month;
(ခ) လိုအပ်ပါက အထူးအစည်းအဝေး ကျင်းပခြင်း။
(b) convening special meetings as required.
၃၀။ ကော်မရှင် ဥက္ကဋ္ဌသည် အစည်းအဝေးများတွင် သဘာပတိအဖြစ် ဆောင်ရွက်ရမည်။ အစည်းအဝေးသို့ ဥက္ကဋ္ဌ မတက်ရောက်နိုင်သည့်အခါ ဒုတိယဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ရမည်။
30. The Chairman of the Commission shall act as the Chairman of the meetings. The Vice-Chairman shall act as the Chairman of the meeting when the Chairman is not present.
၃၁။ အစည်းအဝေး ကျင်းပရာတွင် ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌ အပါအဝင် ကော်မရှင်အဖွဲ့ဝင် ဦးရေ၏ ထက်ဝက်ကျော် တက်ရောက်မှသာ အစည်းအဝေးအထမြောက်သည်။
31. A quorum for a meeting of the Commission shall be valid if more than half of the total number of the members of the Commission, including the Chairman or the Vice-Chairman, are present.
၃၂။ ကော်မရှင်သည် အစည်းအဝေး တက်ရောက်သည့် အဖွဲ့ဝင်များ၏ ထက်ဝက်ကျော် သဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ ယင်းဆုံးဖြတ်ချက်ကို အစည်းအဝေး တက်ရောက် နိုင်ခြင်းမရှိသည့် အဖွဲ့ဝင်များက ကန့်ကွက်ခြင်း၊ ငြင်းပယ်ခြင်း၊ ပြင်ဆင်ပြောင်းလဲရန် အဆိုပြုခြင်း တို့ကို ဆောင်ရွက်ခွင့် မရှိစေရ။
32. The Commission shall make decisions in conformity with more than half of the total number of the members of the Commission who are present at a Commission meeting. The members of the Commission, who are not present at the meeting, shall not object, deny or amend such decision.
၃၃။ ကော်မရှင်သည် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုလိုအပ်သည့် ကိစ္စရပ်များအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပြင်ပအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများကို အစည်းအဝေးသို့ တက်ရောက်ဆွေးနွေး ပေးရန် ဖိတ်ကြားနိုင်သည်။
33. The Commission may invite experts from the relevant departments and other organizations to any meeting of the Commission for the matters that require professional expertise.
၃၄။ ကော်မရှင်သည် အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ၎င်းကို အထောက်အကူပြုမည့် သူများအား တက်ရောက် ရှင်းလင်းတင်ပြခွင်နှင့် ဆွေးနွေးခွင့်ပြုနိုင်သည်။
34. The Commission shall allow the investors and persons supporting the investor to attend and provide explanations and engage in discussions at meetings of the Commission.
၃၅။ ကော်မရှင် အဖွဲ့ဝင်များသည် ၎င်းတို့၏ ထူးခြားသည့် ဆောင်ရွက်ချက်များကို ကော်မရှင်၏ အနီးကပ်ဆုံး ပုံမှန်အစည်းအဝေးတွင် တင်ပြ၍ အတည်ပြုချက် ရယူရမည်။
35. The members of the Commission shall submit and report their specific activities at the closest regular meeting of the Commission, and obtain approval for the specified activities.
၃၆။ ရင်းနှီးမြှုပ်နှံသူသည် နည်းဥပဒေများတွင် ဖော်ပြထားသော အောက်ပါလုပ်ငန်းများအား ကော်မရှင်သို့ အဆိုပြုချက်တင်ပြစေပြီး ခွင့်ပြုမိန့်ရရှိမှသာ ရင်းနှီးမြှုပ်နှံရမည်-
36. The investor shall submit a proposal to the Commission and invest after receiving the Permit for the following investment activities stipulated in the rules;
(က) နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများ၊
(a) investment activities that are essential to the national strategy;
(ခ) မတည်ငွေရင်း ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးအစားများ၊
(b) large capital intensive investment projects;
(ဂ) သဘာဝ ပတ်ဝန်းကျင်နှင့် ဒေသခံလူထု အပေါ် ကြီးမားသော သက်ရောက်မှု ဖြစ်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊
(c) projects which are likely to cause a large impact on the environment and the local community;
(ဃ) နိုင်ငံတော်ပိုင် မြေနှင့် အဆောင်အအုံများ အသုံးပြုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊
(d) investment activities which use state owned land and buildings;
(င) ကော်မရှင်သို့ အဆိုပြုချက် တင်ပြစေရန် အစိုးရအဖွဲ့က သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ။
(e) investment activities which are designated by the Government to require the submission of a proposal to the Commission.
၃၇။ ရင်းနှီးမြှုပ်နှံသူသည် ပုဒ်မ ၃၆ ပါ လုပ်ငန်းများမှတစ်ပါး အခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်၍ ကော်မရှင်သို့ အဆိုပြုချက် တင်ပြရန်မလို။ သို့ရာတွင် ဤဥပဒေ၏ အခန်း (၁၂) မြေအသုံးပြုခွင့်နှင့် ပုဒ်မ ၇၅၊ ၇၇ နှင့်၇၈ ပါ ကင်းလွတ်ခွင့်၊ သက်သာခွင့် တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ရပ်ထက်ပို၍ ဖြစ်စေ၊ အားလုံးကိုဖြစ်စေ၊ ခံစားနိုင်ရန်အလို့ငှာ သတ်မှတ်ပုံစံဖြင့် အတည်ပြု လျှောက်ထားလွှာကို ကော်မရှင်ရုံးသို့ တင်ပြရမည်။
37. No investor is required to submit a proposal to the Commission for other investment activities except investment activities stipulated under section 36. However, in order to enjoy the right to use land under Chapter XII, and one or more than one or all of the exemptions and reliefs under sections 75, 77 and 78, an endorsement application must be submitted in the stipulated form to the Commission Office.
၃၈။ အတည်ပြု လျှောက်ထားလွှာ တင်သွင်းရာတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားအလိုက် သက်ဆိုင်ရာ အဖွဲ့အစည်း၏ ခွင့်ပြုချက် သို့မဟုတ် လိုင်စင် သို့မဟုတ် ပါမစ် သို့မဟုတ် အလားတူ စာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်။
38. When submitting the endorsement application, all approvals or licenses or permits or similar documents issued by the relevant organizations according to the type of business must be attached.
၃၉။ ပုဒ်မ ၃၇ အရ တင်ပြလာသော အတည်ပြု လျှောက်ထားလွှာကို ကော်မရှင်ရုံးသည် လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ပြီး ပြည့်စုံပါက လက်ခံခြင်း၊ ပြည့်စုံမှုမရှိပါက ပြင်ဆင်ဖြည့်စွက်၍ ပြန်လည်တင်ပြစေခြင်း ပြုနိုင်သည်။
39. The Commission may accept, after scrutinizing the endorsement application submitted under section 37, if it is complete, and allow resubmitting the endorsement application after corrections are made, if it is not complete.
၄၀။ ရင်းနှီးမြှုပ်နှံမှုတွင် အောက်ပါတို့လည်း အပါအဝင်ဖြစ်သည်-
40. In investment, the following are also included:
(က) စီးပွားရေးအဖွဲ့အစည်း၊
(a) enterprise;
(ခ) ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းဆိုင်ရာ အခွင့်အရေးများ၊ ငွေသား၊ အပေါင်ပစ္စည်းများ၊ အပေါင်းခံခွင့်နှင့် ပေါင်နှံခွင့်များ၊ စက်ပစ္စည်း၊ စက်ကိရိယာများ၊ စက်အပိုပစ္စည်းများနှင့် ဆက်စပ် အသုံးအဆောင်များ၊
(b) moveable property, immovable property and rights related to property, cash, pledges, mortgages and liens, machinery, equipment, spareparts, and related tools;
(ဂ) ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများ၊ စတော့(ခ်) များနှင့် ဒီဘင်ချာခေါ် ငွေချေး သက်သေခံ လက်မှတ်များ၊
(c) shares, stocks, and debentures (a) promissory note of a company;
(ဃ) နည်းပညာ ကျွမ်းကျင်မှု၊ တီထွင်မှု မူပိုင်ခွင့်၊ စက်မှုဒီဇိုင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် အပါအဝင် ဥပဒေများနှင့်အညီ အသိဉာဏ် ပစ္စည်းဆိုင်ရာ အခွင့်အရေးများ၊
(d) intellectual property rights under any laws, including technical knowhow, patent, industrial designs, and trademarks;
(င) ငွေရေးကြေးရေးဆိုင်ရာ တန်ဖိုးတစ်ရပ်အဖြစ် ထားရှိသည့် ပဋိညာဉ်စာချုပ်အရ ငွေကြေးအခွင့်အရေးများ သို့မဟုတ် ဆောင်ရွက်မှုများ၊
(e) claims to money and to any performance under contracts having a financial value;
(စ) အကျိုးအမြတ်ခွဲဝေသည့် သဘောတူစာချုပ်များ သို့မဟုတ် ထုတ်လုပ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဆောက်လုပ်ခြင်း၊ အလုံးစုံတာဝန်ယူ ဆောင်ရွက်သည့် စနစ်အပါအဝင် သဘောတူစာချုပ်ပါ အခွင့်အရေးများ၊
(f) revenue-sharing contract, or production, management, construction, rights under contracts, including turnkey;
(ဆ) သဘာဝသယံ ဇာတပစ္စည်းများ ရှာဖွေခြင်းနှင့် စမ်းသပ်တိုင်းတာခြင်း၊ ထုတ်လုပ်ခြင်းဆိုင်ရာ အခွင့်အရေးများ အပါအဝင် သက်ဆိုင်ရာ ဥပဒေ သို့မဟုတ် ပဋိညာဉ်စာချုပ်အရ ပေးအပ်ထားသည့် လုပ်ငန်းဆိုင်ရာ အခွင့်အရေးများ။
(g) assignable rights granted by relevant laws or contract, including the rights of exploration, prospecting and extraction of natural resources;
၄၁။ အောက်ပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဖြစ် သတ်မှတ်သည်-
41. The following investments activities shall be stipulated as the prohibited investments:
(က) နိုင်ငံတော်အတွင်းသို့ ဘေးအန္တရာယ်ရှိသော သို့မဟုတ် အဆိပ်အတောက်ရှိသော စွန့်ပစ်ပစ္စည်းများ သယ်ဆောင်လာနိုင်သည့် သို့မဟုတ် ပေါ်ပေါက်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊
(a) investment activities which may bring or cause hazardous or poisonous wastes into the Union;
(ခ) သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှအပ ပြည်ပမှ စမ်းသပ်ဆဲဖြစ်သော သို့မဟုတ် အသုံးပြုရန်၊ စိုက်ပျိုး မွေးမြူရန်၊ အတည်ပြုချက် မရရှိသေးသော နည်းပညာများ၊ ဆေးဝါးများ၊ အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ၊ အသုံးအဆောင်များ သယ်ဆောင်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊
(b) investment activities which may bring technologies, medicines, flora and fauna and instruments which are still being tested abroad, or which have not obtained approvals to use, plant or cultivate, except the investments which are made for the purpose of research and development;
(ဂ) နိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိခိုက်စေသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊
(c) investment activities which may affect the traditional culture and customs of the ethnic groups within the Union;
(ဃ) ပြည်သူတို့အပေါ် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊
(d) investment activities which may affect the public;
(င) သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့ကို ကြီးမားစွာ ထိခိုက်ပျက်စီးစေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊
(e) investment activities which may cause an enormous harmful impact to the natural environment and ecosystem;
(စ) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ တားမြစ်ပိတ်ပင်ထားသော ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ။
(f) investment activities which manufacture goods or provide services that are prohibited under the applicable laws.
၄၂။ အောက်ပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးအစားများကို ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဖြစ် သတ်မှတ်သည်-
42. The following types of investment activities shall be stipulated as restricted investments:
(က) နိုင်ငံတော်ကသာ ဆောင်ရွက်ခွင့်ရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊
(a) investment activities allowed to be carried out only by the Union;
(ခ) နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူက ဆောင်ရွက်နိုင်ခွင့်မရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊
(b) investment activities that are not allowed to be carried out by Foreign investors;
(ဂ) နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ပြည်တွင်းရှိ နိုင်ငံသား လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် နိုင်ငံသားပိုင် လုပ်ငန်း တစ်ခုခုနှင့် ပူးပေါင်း၍ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့်သာ ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊
(c) investment activities allowed only in the form of a joint venture with any citizen owned entity or any Myanmar citizen; and
(ဃ) သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ။
(d) investment activities to be carried out with the approval of the relevant ministries.
၄၃။ ကော်မရှင်သည် ဦးစားပေး မြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍနှင့် ပုဒ်မ ၄၂ ပါ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးအစားများအား အများပြည်သူ သိရှိစေရန် အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာ သတ်မှတ်ကြေညာရမည်။
43. The Commission shall, with the approval of the Government, issue notifications to inform the public of investment promoted sectors and restricted investment activities under section 42.
၄၄။ ကော်မရှင်သည် ပုဒ်မ ၄၂ အရ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို အခါအားလျော်စွာ ပြန်လည် သုံးသပ်ပြီးနောက် လျှော့ပေါ့ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုရန် လိုအပ်လာလျှင် အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူ၍ ပြင်ဆင်သတ်မှတ် ကြေညာရမည်။
44. If it is required to liberalize or amend or remove types of the investment activities restricted under section 42 after reviewing and revising from time to time, the Commission shall obtain the approval of the Government and notify the amendment and stipulation of such types of investment activities.
၄၅။ ကော်မရှင်သည် ပုဒ်မ ၄၄ အရ ပြန်လည်သုံးသပ်ရာတွင် အစိုးရအဖွဲ့က ပြုလုပ်ထားသော နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိကဝတ်များကို သွေဖီမှုမရှိစေရန် အလေးထား၍ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆွေးနွေး ညှိနှိုင်းတိုင်ပင်နိုင်သည်။
45. In reviewing and revising section 44, the Commission may discuss the responsible personnel from the private sectors, government departments, and governmental organizations, in order not to be contrary to international trade and investment commitments made by the Government.
၄၆။ ကော်မရှင်သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လုံခြုံရေးအခြေအနေ၊ စီးပွားရေး အခြေအနေ၊ သဘာဝပတ်ဝန်းကျင် အခြေအနေနှင့် လူမှုအကျိုးစီးပွားကို ကြီးမားစွာ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများကို ခွင့်ပြုမိန့်ထုတ်ပေးရန် ဆောင်ရွက်သည့်အခါ အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူရမည်။
46. The Commission shall, for the investment activities which may have a significant impact on security, economic conditions, the environment, and national interest of the Union and its citizens, submit to and obtain the approval of the Pyidaungsu Hluttaw through Government when preparing to issue a Permit thereto.
၄၇။ အစိုးရအဖွဲ့သည် ရင်းနှီးမြှုပ်နှံသူများအပေါ် ဆက်ဆံဆောင်ရွက်ရာတွင်-
47. In dealing with the investors:
(က) ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ကြော်ငြာစာတို့တွင် တစ်နည်းနည်းဖြင့် သတ်မှတ်ပြဋ္ဌာန်း ထားခြင်းမှတစ်ပါး ဤဥပဒေပါ သတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လုပ်ငန်းတိုးချဲ့ခြင်း၊ စီမံခန့်ခွဲခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ရောင်းချခြင်း သို့မဟုတ် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြားအစီအစဉ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံ သူများအပေါ် ပေးအပ်ထားသည့် ဆက်ဆံဆောင်ရွက်မှုများထက် လျော့နည်းမှု မရှိစေရ၊
(a) the Government shall accord to Foreign investors and their direct investments, treatment no less favorable than it accords to Myanmar citizen investors in respect to the expansion, management, operation, and the sale, or other disposition of direct investments according to this Law except in any other stipulated laws, rules and notifications;
(ခ) တူညီသော အခြေအနေမျိုးတွင် နိုင်ငံတစ်ခုမှ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ၊ ၎င်းတို့၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင်သည့်လုပ်ငန်း ဖွဲ့စည်းတည်ထောင်ခြင်း၊ လုပ်ငန်းရယူခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်း၊ စီမံခန့်ခွဲခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ရောင်းချခြင်း သို့မဟုတ် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြားအစီအစဉ်များအပေါ် အခြားနိုင်ငံတစ်ခုခုမှ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် ပေးအပ်ထားသည့် ဆက်ဆံ ဆောင်ရွက်မှုထက် လျော့နည်းခြင်း မရှိစေရ၊
(b) the Government shall accord, in like circumstances, to Foreign investors and their direct investments from one country, treatment no less favorable than that it accords to investors of any other country and their direct investments in respect of establishment, acquisition, expansion, management, operation, and the sale or other disposition of direct investments;
(ဂ) ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်သည် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအား အောက်ပါကိစ္စရပ်များ အလို့ငှာ ပေးအပ်နိုင်သော ခံစားခွင့်များ၊ ဦးစားပေးခြင်းများ သို့မဟုတ် အထူးအခွင့်အရေး ပေးခြင်းတို့အတွက် လိုက်နာရန် တာဝန်ရှိသည်ဟု မမှတ်ယူစေရ-
(c) The provision of subsection (b) shall not be construed so as to oblige Foreign investors with any treatment, preferences or privileges resulting from the following matters:
(၁) အကောက်ခွန် ယူနီယံ (Customs Union)၊ လွတ်လပ်သော ကုန်သွယ်ရေးဇုန်၊ စီးပွားရေးယူနီယံနှင့် နိုင်ငံတကာ သဘောတူညီမှုများအရ ဖြစ်ပေါ်လာသော အကောက်ခွန် ယူနီယံ (Customs Union)၊ လွတ်လပ်သော ကုန်သွယ်ရေးဇုန်နှင့် စီးပွားရေးယူနီယံ၊
(i) Customs Union, Free Trade Area, EconomicUnion resulting from Customs Union, Free Trade Area and Economic Union and international agreements;
(၂) နိုင်ငံတကာ သဘောတူညီချက်များ၊ နှစ်နိုင်ငံ သို့မဟုတ် ဒေသတွင်း သို့မဟုတ် နိုင်ငံတကာ သဘောတူစာချုပ်များနှင့် အကျုံးဝင်သော ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပေးအပ်သည့် ပိုမိုသာလွန်သော ဆက်ဆံဆောင်ရွက်မှုများ၊ ဒေသတွင်းနိုင်ငံများအကြား ချုပ်ဆိုသည့် သဘောတူစာချုပ်များ သို့မဟုတ် အစီအစဉ်များ၊ အခြားနိုင်ငံများနှင့် ချုပ်ဆိုသည့် သဘောတူစာချုပ်များ သို့မဟုတ် အစီအစဉ်များနှင့် အကျုံးဝင်သော ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပေးအပ်သည့် ပိုမိုသာလွန်သော ဆက်ဆံဆောင်ရွက်မှုများ သို့မဟုတ် အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များနှင့် အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ပါဝင်ပတ်သတ်နေသော အစီအစဉ်များ။
(ii) more favorable treatments to be accorded to investors and their investments included in international agreements, bilateral or regional or international treaties, agreements or arrangements between regional countries, treaties, agreements or arrangements with other countries, or arrangements relating wholly or partially to taxation.
၄၈။ အစိုးရအဖွဲ့သည် ရင်းနှီးမြှုပ်နှံသူများကို အောက်ဖော်ပြပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သာတူညီမျှ ဆက်ဆံဆောင်ရွက်မှု ပြုရန် အာမခံသည်-
48. The Government guarantees to the investors fair and equitable treatment in respect of the following:
(က) ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများကို ကြီးမားစွာ ထိခိုက်နစ်နာစေသည့် ဆုံးဖြတ်ချက် သို့မဟုတ် ဆောင်ရွက်ချက်များနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ ရပိုင်ခွင့်၊
(a) the right to obtain the relevant information on any measures or decision which has a significant impact on the investors and their direct investments;
(ခ) ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို အစိုးရအဖွဲ့မှ ခွင့်ပြုထားသည့် လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်၊ အတည်ပြုမိန့်ပါ စည်းကမ်းသတ်မှတ်ချက်များကို ပြောင်းလဲခြင်း အပါအဝင် အခြားသော အလားတူ လုပ်ဆောင်မှုများနှင့် စပ်လျဉ်း၍ တရားဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်နှင့် အယူခံခွင့်။
(b) the right to due process of law and the right to appeal on similar measures, including any change to the terms and conditions under any license, a Permit or an Endorsement granted by the Government to the investors and their direct investments.
၄၉။ ဤအခန်းပါ ပြဋ္ဌာန်းချက်များသည် ပုဒ်မ ၇၆ ပါ ပြဋ္ဌာန်းချက်များကို ထိခိုက်ခြင်း မရှိစေရ။
49. The provisions of this Chapter shall not affect the provisions in section 76.
၅၀။ 50.
(က) ဤဥပဒေအရ ခွင့်ပြုမိန့် ရရှိထားသော သို့မဟုတ် အတည်ပြုမိန့် ရရှိထားသော ရင်းနှီးမြှုပ်နှံသူသည် ပုဂ္ဂလိကမြေ သို့မဟုတ် အဆောက်အအုံဖြစ်ပါက ပိုင်ရှင်ထံမှ လည်းကောင်း၊ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ၊ နိုင်ငံတော်ပိုင်မြေ သို့မဟုတ် အဆောက်အအုံဖြစ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများထံမှ လည်းကောင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်အလို့ငှာ သတ်မှတ်ချက်များနှင့်အညီ နှစ်ရှည်မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းခွင့်ရှိသည်။ နိုင်ငံသားရင်းနှီးမြှုပ်နှံသူသည် မိမိပိုင်မြေ သို့မဟုတ် အဆောက်အအုံတွင် တည်ဆဲဥပဒေများနှင့်အညီ ရင်းနှီးမြှုပ်နှံ နိုင်သည်။
(a) An Investor who obtains a Permit or an Endorsement under this Law has the right to obtain a long-term lease of land or building from the private owned or from the relevant government departments, governmental organizations managed by the Government, or owned by the State in accordance with the stipulations in order to do investment. Citizen investors may invest in their own land or building in accordance with relevant laws.
(ခ) နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူသည် အစိုးရ သို့မဟုတ် အစိုးရအဖွဲ့အစည်းများထံမှ ဖြစ်စေ၊ ပုဂ္ဂလိကမြေ သို့မဟုတ် အဆောက်အအုံ ပိုင်ရှင်ထံမှဖြစ်စေ ကော်မရှင်ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ရရှိသည့် နေ့မှစ၍ ကနဦး နှစ် ၅၀ အထိ သတ်မှတ်ချက်နှင့်အညီ မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းနိုင်သည်။
(b) Foreign investor may lease land or building either from the Government or governmental organizations or from owners of private 17 Official Translation land or building from commencing on the date of receipt of a Permit or an Endorsement of the Commission up to an initial period of (50) year in accordance with the stipulation.
(ဂ) အထက်ဖော်ပြပါ ပုဒ်မခွဲ (ခ) အရ ခွင့်ပြုထားသော မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းကာလ သို့မဟုတ် မြေ သို့မဟုတ် အဆောက်အအုံ အသုံးပြုခွင့်ကာလ သက်တမ်းကုန်ဆုံးပြီးနောက် ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် တစ်ဆက်တည်း သက်တမ်းတိုးခွင့် ၁၀ နှစ်နှင့် ယင်းသက်တမ်း ကုန်ဆုံးပြီး ထပ်မံ၍ ၁၀ နှစ် သက်တမ်း တိုးမြှင့်နိုင်သည်။
(c) After the expiry of the term of the right to use land or building or the period of right to lease of land or building permitted under subsection (b), a consecutive period of (10) years and a further consecutive period of (10) years extension to such period of lease of land or building may be obtained with the approval of the Commission.
(ဃ) ရင်းနှီးမြှုပ်နှံသူသည် မြေငှားရမ်းခြင်း စာချုပ်အား စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း အက်ဥပဒေနှင့်အညီ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရမည်။
(d) The investor shall register the land lease contract at the Office of Registry of Deeds in accordance with the Registration Act.
(င) အစိုးရအဖွဲ့သည် မြေအသုံးချမှု သို့မဟုတ် မြေငှားရမ်းမှုများအတွက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများအား ပိုမိုကောင်းမွန်သော သတ်မှတ်ချက်များနှင့် အခွင့်အရေးများကို ခွင့်ပြုပေးနိုင်သည်။
(e) The Government may grant more favorable terms and conditions for the lease of land and the use of land by Myanmar citizen investors.
(စ) ကော်မရှင်သည် နိုင်ငံတော် တစ်ဝန်းလုံးတွင် ဖွံ့ဖြိုးတိုးတက်စေရန် အလို့ငှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နည်းပါးပြီး ဆက်သွယ် သွားလာရေး ခက်ခဲသော ဒေသများတွင် ရင်းနှီးမြှုပ်နှံသူများအတွက် ဤဥပဒေပါ မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းခွင့် ကာလ သို့မဟုတ် မြေ သို့မဟုတ် အဆောက်အအုံ အသုံးပြုခွင့်ကာလထက် ပိုမို ခံစားခွင့်ပြုရာတွင် အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူရမည်။
(f) The Commission shall, for the purpose of the development of the entire Union with the approval of the Pyidaungsu Hluttaw submitted through the Government, grant a longer period for the right to lease land or building and the right to use land under this Law, to investors who invest in least developed and remote region.
၅၁။ ရင်းနှီးမြှုပ်နှံသူသည်-
51. The investor:
(က) နိုင်ငံတော်အတွင်း ၎င်း၏ ရင်းနှီးမြှုပ်နှံမှုတွင် သတ်မှတ်အရည်အချင်း ကိုက်ညီသည့် မည်သည့် နိုင်ငံသားကိုမဆို အကြီးတန်းစီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူနှင့် အကြံပေးအဖြစ် ဥပဒေများနှင့်အညီ ခန့်အပ်နိုင်သည်။
(a) may appoint of any citizen who is a qualified person as senior manager, technical and operational expert, or advisor in his investment within the Union in accordance with the laws;
(ခ) အဆင့်ဆင့်သော စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူ နေရာတို့တွင် နိုင်ငံသားများအား ခန့်အပ်နိုင်ရန် အလို့ငှာ စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်၍ အစားထိုးခန့်ထားရမည်။
(b) shall appoint them to replace, after providing for capacity building programs in order to be able to appoint citizens to positions of management, technical and operational experts, and advisors;
(ဂ) ကျွမ်းကျင်မှုမလိုသော လုပ်ငန်းများတွင် နိုင်ငံသားများကိုသာ ခန့်ထားရမည်။
(c) shall appoint only citizens for works which does not require skill;
(ဃ) နိုင်ငံခြားသားနှင့် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမားများ၊ အတက်ပညာရှင်များနှင့် ဝန်ထမ်းများ ခန့်ထားရာတွင် အလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ကို အလုပ်ရှင်နှင့် အလုပ်သမားတို့ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုး၍ ခန့်ထားရမည်။
(d) shall appoint skilled citizen and foreign workers, technicians, and staff by signing an employment contract between employer and employee in accordance with the labor laws and rules;
(င) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ပါ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အခွင့်အရေးနှင့် တာဝန်များကို လည်းကောင်း၊ အလုပ်အကိုင်ဆိုင်ရာ စည်းကမ်းချက်များကို လည်းကောင်း သတ်မှတ်ရာ၌ အနည်းဆုံး လုပ်ခလစာ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ အချိန်ပိုလုပ်ခ၊ နစ်နာကြေး၊ အလုပ်သမားလျော်ကြေး၊ လူမှုဖူလုံရေးနှင့် အလုပ်သမားများနှင့် သက်ဆိုင်သည့် အခြားအာမခံထားရှိခြင်းတို့ အပါအဝင် အလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ အခွင့်အရေးများ ရရှိရေးအတွက် ဆောင်ရွက်ပေးရမည်။
(e) shall ensure to obtain the entitlements and rights in the labor laws and rules, including minimum wages and salaries, leave, holidays, overtime fees, damages, compensation of the workman, social welfare, and other insurance related to workers in stipulating the rights and duties of employers and employees and occupational terms and conditions in the employment contract;
(စ) ရင်းနှီးမြှုပ်နှံမှုတွင် အလုပ်ရှင်အချင်းချင်း၊ အလုပ်သမား အချင်းချင်း၊ အလုပ်ရှင်နှင့် အလုပ်သမား၊ အလုပ်သမားနှင့် အတတ်ပညာရှင် သို့မဟုတ် ဝန်ထမ်းတို့အကြား ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို တည်ဆဲဥပဒေများနှင့် အညီ ဖြေရှင်းရမည်။
(f) shall settle disputes arising among employers, among workers, between employers and workers, and technicians or staff in the investment in accordance with the applicable laws.
၅၂။ အစိုးရအဖွဲ့သည် ဥပဒေနှင့်အညီ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံပိုင်ပြုလုပ်ခြင်း မပြုဟု အာမခံသည်။ အောက်ပါအခြေအနေများနှင့်အညီ ဆောင်ရွက်ခြင်းမှအပ ရင်းနှီးမြှုပ်နှံမှုကို သိမ်းယူခြင်းကိုဖြစ်စေ၊ သွယ်ဝိုက် သိမ်းယူခြင်းကိုဖြစ်စေ၊ ရပ်ဆိုင်းစေခြင်း သဘောသက်ရောက်သော ဆောင်ရွက်မှုများကိုဖြစ်စေ မပြုလုပ်ဟု အာမခံသည်-
52. The Government guarantees not to nationalize any investment carrying out in accordance with the law. Except under the following conditions, the Government guarantees not to take any measures which expropriate or indirectly expropriate or is likely to effect a result in the termination of an investment :
(က) နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် အမှန်တကယ်လိုအပ်ခြင်း၊
(a) necessary for the public interest;
(ခ) ခွဲခြားမှုမရှိဘဲ ဆောင်ရွက်ခြင်း၊
(b) in a non-discriminatory manner;
(ဂ) တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊
(c) in accordance with due process of law;
(ဃ) သိမ်းယူသည့် ရင်းနှီးမြှုပ်နှံမှုအား မျှတ၍ ပြည့်စုံလုံလောက်သော လျော်ကြေးကို မြန်ဆန်စွာ ပေးချေခြင်း။
(d) on payment of prompt, fair and adequate compensation;
၅၃။ မျှတ၍ ပြည့်စုံလုံလောက်မှုရှိသော လျော်ကြေးသတ်မှတ်ရာတွင် လျော်ကြေးပမာဏသည် သိမ်းဆည်းသည့် ရင်းနှီးမြှုပ်နှံမှု၏ ဈေးကွက်တန်ဖိုးနှင့် ညီမျှရမည်ဖြစ်ပြီး သိမ်းဆည်းသည့် ကာလ၌ ဖြစ်ပေါ်နေသည့် ဈေးကွက်တန်ဖိုးဖြင့် သတ်မှတ်ရမည်။ သို့ရာတွင် ၎င်းလျော်ကြေး ပမာဏအား သတ်မှတ်ရာတွင် အများပြည်သူ အကျိုးနှင့် ရင်းနှီးမြှုပ်နှံသူ၏ အကျိုးစီးပွားအကြား မျှတသော အခြေအနေအပေါ် အခြေခံရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု၏ လက်ရှိနှင့် ယခင်အနေအထား၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သို့မဟုတ် ပစ္စည်းသိမ်းယူရခြင်း၏ အကြောင်းအရင်း၊ ရင်းနှီးမြှုပ်နှံမှု၏ မျှတသော ဈေးကွက်တန်ဖိုး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သို့မဟုတ် ပစ္စည်းသိမ်းယူရခြင်း၏ ရည်ရွယ်ချက်၊ ရင်းနှီးမြှုပ်နှံသူမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် ကာလတစ်လျှောက် ရရှိခဲ့သည့် အမြတ်ငွေများနှင့် ရင်းနှီးမြှုပ်နှံမှု သက်တမ်းတို့ကိုပါ ထည့်သွင်းစဉ်းစားရမည်။
53. A fair and adequate compensation shall be designated as an equivalent to the market value prevailing at the time of expropriation of the investment. However, that designation shall be based on a fair consideration of public interest as well as the interests of the private investor, and shall take into account the present and past conditions of investment, the reason for expropriation of the investment or assets, the fair market value of the investment, the purpose of expropriating the investment or assets, the profits 19 Official Translation acquired by the investor during the term of investment, and also the duration of the investment.
၅၄။ ဤဥပဒေ၏ အခန်း (၂၁) နှင့် အခန်း (၂၂) ပါ ပြဋ္ဌာန်းချက်များ အပါအဝင် အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်အရ ဆောင်ရွက်သည့် စီးပွားရေးဆိုင်ရာ ထိန်းညှိရန် ရည်ရွယ်ချက်အတွက် သို့မဟုတ် လူမှုအကျိုးစီးပွား အထောက်အကူ ပြုစေရေး ရည်ရွယ်ချက်များအတွက် လုပ်ဆောင်သည့် ခွဲခြားမှု မရှိသည့် ဆောင်ရွက်ချက်များသည် ဤအခန်း၏ ပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်သက်ဆိုင်ခြင်း မရှိစေရ။
54. Non-discriminatory manner, including in Chapter XXI and Chapter XXII of this Law, which the Government performs in their authority for the purposes of regulating economic or supporting social interest shall not apply to the provisions in this Chapter.
၅၅။ ပုဒ်မ ၅၂ ကို လိုက်နာကျင့်သုံးရာတွင် လုပ်ကိုင်ဆောင်ရွက်မှုများသည် အဆိုပါ ပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု မရှိကြောင်းနှင့် သွယ်ဝိုက်၍ ရင်းနှီးမြှုပ်နှံမှု သိမ်းယူခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူက တင်ပြလာလျှင် အစိုးရအဖွဲ့သည် အောက်ဖော်ပြပါ အချက်အလက်များကို ထည့်သွင်းစဉ်းစား၍ ကိစ္စရပ်တစ်ခုချင်း အလိုက် စုံစမ်းစစ်ဆေးမှုပြုခြင်း၊ အချက်အလက်ကို စိစစ်ခြင်းတို့ကို ဆောင်ရွက်ရမည်-
55. If an investor asserts that a measure or series of measures undertaken under section 52 are inconsistent with the provisions of such section and amount to an indirect expropriation, the Government shall conduct a case-by-case and fact-based inquiry that takes into consideration the following factors:
(က) ရင်းနှီးမြှုပ်နှံမှု၏ စီးပွားရေးတန်ဖိုးကို ကြီးမားပြင်းထန်စွာ ထိခိုက်နစ်နာစေရန် တမင်ဖန်တီး ရည်ရွယ်ဆောင်ရွက်ခြင်း ရှိမရှိ၊
(a) whether the measures create an intentional adverse effect on the economic value of an investment or not ;
(ခ) အစိုးရမှ ရင်းနှီးမြှုပ်နှံသူသို့ ယခင်စာဖြင့် ရေးသားထားသည့် ကတိကဝတ်များ၊ သဘောတူစာချုပ်၊ လိုင်စင် သို့မဟုတ် အခြားတရားဝင် စာရွက်စာတမ်းများကို ချိုးဖောက်မှု ရှိမရှိ၊
(b) whether the measures breach the prior binding written commitment of the Government, contract, license, or other legal documents issued in favor of the investor or not;
(ဂ) ပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် အစိုးရအဖွဲ့၏ ရည်ရွယ်ချက် အပါအဝင် ၎င်း၏ လုပ်ဆောင်ချက်များသည် အများပြည်သူ အကျိုးစီးပွားနှင့် ကိုက်ညီမှု ရှိမရှိ။
(c) whether the measures of the Government, including the objective contained in section 52 (a), are consistent with the public interest or not.
၅၆။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများသည် ဤဥပဒေအရ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်နွှယ်လျက်ရှိသည့် အောက်ပါဘဏ္ဍာငွေများကို ပြည်ပသို့ လွှဲပြောင်းနိုင်သည်-
56. Foreign investors may transfer the following funds abroad relating to the investments made under this Law:
(က) မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသည့် မတည်ရင်းနှီးငွေ စာရင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ထားသည့် မတည်ရင်းနှီးငွေများ၊
(a) capital designated under the provisions relating to capital account rules stipulated by the Central Bank of Myanmar;
(ခ) ဤဥပဒေအရ ရင်းနှီးမြှုပ်နှံမှုမှ ထွက်ပေါ်လာသော အကျိုးအမြတ်များ၊ အခြေပစ္စည်းမှ အမြတ်အစွန်းများ၊ အစုပေါ်အမြတ်များ၊ ခိုင်ကြေးများ၊ မူပိုင်ခများ၊ လိုင်စင်ကြေးများ၊ နည်းပညာအကူအညီ ထောက်ပံ့မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အခကြေးငွေများ၊ အစုရှယ်ယာနှင့် အခြားလက်ရှိ ဝင်ငွေများ။
(b) proceeds, profits from the asset, dividends, royalties, patent fees, license fees, technical assistance and management fees, shares and other current income resulting from any investment under this Law;
(ဂ) ရင်းနှီးမြှုပ်နှံမှု တစ်ခု၏ စုစုပေါင်းရောင်းချမှု သို့မဟုတ် တစ်စိတ်တစ်ပိုင်း ရောင်းချမှု သို့မဟုတ် လုပ်ငန်းတစ်ခုခု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သည့် ပိုင်ဆိုင်မှု စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းတို့မှ ထွက်ပေါ်လာသည့် အမြတ်အစွန်းများ၊
(c) proceeds from the total or partial sale or liquidation of an investment;
(ဃ) ချေးငွေသဘောတူစာချုပ် အပါအဝင် ပဋိညာဉ်စာချုပ်အရ ပေးချေရမည့်ငွေများ။
(d) payments made under a contract, including a loan agreement;
(င) ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှု ဖြေရှင်းခြင်းမှ ထွက်ပေါ်လာသည့် ပေးချေငွေများ၊
(e) payments resulting from any settlement of investment disputes;
(စ) ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ပစ္စည်းသိမ်းယူခြင်းတို့မှ လျော်ကြေးအဖြစ် ရရှိသည့် ငွေကြေးများ၊ အခြားလျော်ကြေးငွေများ၊
(f) other compensation or money as compensation under the investment or expropriation;
(ဆ) နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ ခန့်အပ်ထားသည့် နိုင်ငံခြားသား ကျွမ်းကျင်သူ ဝန်ထမ်းများ၏ လုပ်ခလစာနှင့် ဝင်ငွေ။
(g) remuneration, salary and earning of foreign experts legally employed in the Union.
၅၇။ ချေးငွေလွှဲပြောင်းခြင်း သို့မဟုတ် ချေးငွေရယူခြင်းတို့နှင့် စပ်လျဉ်း၍ သတ်မှတ်စည်းမျဉ်းများ နှင့်အညီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် လွှဲပြောင်း သို့မဟုတ် ရယူရမည်။
57. With respect to transferring a loan or taking a loan, it shall be transferred and taken with the approval of the Central Bank of Myanmar, in accordance with the stipulated regulations.
၅၈။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် ဤဥပဒေအရ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်နွှယ်လျက်ရှိသည့် အောက်ပါကိစ္စရပ်များတွင် နိုင်ငံတော်အတွင်းမှ ပြည်ပသို့ လွတ်လပ်စွာဖြင့် နှောင့်နှေးကြန့်ကြာမှု မရှိဘဲ လွှဲပြောင်းနိုင်သည်-
58. Myanmar citizen investors may freely and without delay transfer abroad the following funds relating to the investments made under this Law:
(က) ခိုင်ကြေးများ၊ လိုင်စင်ကြေးများ၊ နည်းပညာအကူအညီ ထောက်ပံ့မှု၊ စီမံခန့်ခွဲမှုဆိုင်ရာ အခကြေးငွေများနှင့် မည်သည့်ပြင်ပ အဖွဲ့အစည်းကိုမဆို ပေးရန်ရှိသည့် အတိုးငွေများ၊
(a) royalties, license fees, technical assistance, management fees, and interests to be paid any outside organization;
(ခ) ချေးငွေသဘောတူ စာချုပ်အပါအဝင် ပဋိညာဉ်စာချုပ်အရ ပေးချေရမည့် ငွေများနှင့် အာမခံလျော်ကြေးငွေများ၊
(b) payments made under a contract, including a loan agreement and insurance claims;
(ဂ) စီရင်ချက်အမိန့်၊ အနုညာတ စီရင်ဆုံးဖြတ်ခြင်း သို့မဟုတ် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူမှ ပေးရန်ရှိသည့် သဘောတူညီချက် အပါအဝင် အငြင်းပွားမှု ဖြေရှင်းခြင်းမှ ထွက်ပေါ်လာသည့် ပေးချေငွေများ။
(c) payments resulting from an award, arbitration or settlement of any dispute, including any agreement to be paid by Myanmar citizen investor.
၅၉။ ဘဏ္ဍာငွေ လွှဲပြောင်းမှုများ အားလုံးသည် လွှဲပြောင်းမည့် ပမာဏအပေါ်မူတည်၍ သတ်မှတ်ထားသည့် အခွန်ဆိုင်ရာ ဥပဒေများနှင့်အညီ အခွန်ထမ်းဆောင်ပြီးမှသာ လွှဲပြောင်းရမည်။
59. Any transfer of funds shall be allowed only after paying all tax obligations imposed on the amount to be transferred in accordance with the stipulated tax laws.
၆၀။ တရားဝင်ခွင့်ပြုမိန့်ဖြင့် အလုပ်လုပ်ကိုင်သော နိုင်ငံခြားသား ကျွမ်းကျင်သူ ဝန်ထမ်းများသည် ဝင်ငွေခွန် ဥပဒေအရ ပြဋ္ဌာန်းထားသည့် အခွန်ထမ်းဆောင်မှုဆိုင်ရာ ဝတ္တရားများအရ လွှဲပြောင်းမည့် ငွေကြေးပမာဏ အပေါ်မူတည်၍ အခွန်အခများ ပေးဆောင်ပြီးသော ငွေကို မည်သည့်နုတ်ယူခြင်းမျှ မရှိဘဲ နိုင်ငံတော်အတွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသော ဘဏ်များမှတစ်ဆင့် ငွေလွှဲနိုင်သည်။
60. Foreign experts with legal work permits may make remittance abroad without any further deduction from the amount of money paid after the tax obligations under the Income Tax Law, through banks authorized with a foreign exchange dealer license and established in the Union.
၆၁။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများသည် ပုဒ်မ ၅၆ တွင် ဖော်ပြထားသည့် ဘဏ္ဍာငွေများ လွှဲပြောင်းခြင်း ပြုလုပ်ရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ၏ ငွေလုံးငွေရင်းစာရင်း သို့မဟုတ် သာမန်စာရင်းတွင် အကျုံးဝင်သည့် ငွေများကို နိုင်ငံတော်အတွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသော ဘဏ်များမှ တစ်ဆင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ လွတ်လပ်စွာ သုံးစွဲနိုင်သည့် ငွေကြေးဖြင့် လွှဲပြောင်းနိုင်သည်။
61. In respect of transfers of funds made by Foreign investors under section 56, such funds, including capital accounts or current accounts under the Foreign Exchange Management Law, may be transferred through banks authorized with a foreign exchange dealer license and legally established in the Union with freely usable currencies.
၆၂။ အစိုးရအဖွဲ့သည် အောက်ပါအခြေအနေ တစ်ရပ်ရပ်နှင့် ဆက်စပ်သော နိုင်ငံခြားငွေ လွှဲပြောင်းမှုကို ဟန့်တားခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း ပြုနိုင်သည်-
62. The Government may prevent or delay a transfer of funds relating to any of the following circumstances:
(က) လူမွဲစာရင်းခံခြင်း သို့မဟုတ် မြီရှင်များ၏ အခွင့်အရေးများကို ကာကွယ်ရန် လိုအပ်သည့် အခြေအနေ၊
(a) insolvency, or the protection of the rights of creditors;
(ခ) ပြစ်မှု သို့မဟုတ် ပြစ်မှုမကင်းသည့် နည်းလမ်းဖြင့် ရရှိသည့် ငွေများအား တရားဝင်ငွေအဖြစ် လွှဲပြောင်းသည့် အခြေအနေ၊
(b) criminal or penal offences and the recovery of proceeds of crime;
(ဂ) ငွေကြေးဆိုင်ရာ အစီရင်ခံခြင်း သို့မဟုတ် လွှဲပြောင်းမှု ဆိုင်ရာ မှတ်တမ်းများအား ဥပဒေကြောင်းအရ အတည်ပြုရန် သို့မဟုတ် ငွေကြေးအာဏာပိုင် အဖွဲ့အစည်းများကို ပံ့ပိုးကူညီရန် လိုအပ်သည့် အခြေအနေ၊
(c) financial reporting or record keeping of transfers when necessary to assist law enforcement or financial regulatory authorities;
(ဃ) တရားစီရင်ရေး သို့မဟုတ် စီမံခန့်ခွဲရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် အမိန့်များ သို့မဟုတ် စီရင်ချက်များနှင့်အညီ ဆောင်ရွက်ရမည့် အခြေအနေ၊
(d) ensuring compliance with orders or judgments in judicial or administrative proceedings;
(င) အခွန်ကိစ္စရပ်များ၊
(e) taxation;
(စ) လူမှုဖူလုံရေး ဝန်ထမ်းများ၏ အငြိမ်းစားယူမှု သို့မဟုတ် မဖြစ်မနေ ငွေစုဆောင်းရေး အစီအစဉ်များ၊
(f) social security, public retirement, or compulsory saving schemes;
(ဆ) အလုပ်သမားများ၏ ရပိုင်ခွင့်များ နစ်နာဆုံးရှုံးရသည့် အခြေအနေ။
(g) severance entitlements of employees.
၆၃။ အစိုးရအဖွဲ့သည် နိုင်ငံတော်အတွင်း၌ ရင်းနှီးမြှုပ်နှံသူနှင့် ယင်း၏ ရင်းနှီးမြှုပ်နှံမှု အတွက် အသုံးပြုရန် လိုအပ်သည့် မတည်ငွေရင်း သို့မဟုတ် အသုံးစရိတ်များနှင့် နိုင်ငံခြားချေးငွေများကို တည်ဆဲဥပဒေနှင်အညီ ပြည်ပမှ ငွေလွှဲပြောင်း ရယူခွင့်ပြုသည်။
63. The Government shall allow the transfer of capital or expenditures and foreign loans from abroad, which are required to be used for an investor and its investment within the Union in accordance with applicable laws.
၆၄။ ပြည်ပငွေပေးငွေယူခြင်းဆိုင်ရာ သို့မဟုတ် ပြည်ပငွေကြေး အခက်အခဲများ ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် အခြေအနေတွင် အစိုးရအဖွဲ့သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် နိုင်ငံတော်၏ အခြားနိုင်ငံတကာ ကတိကဝတ်များနှင့်အညီ ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသည့် ငွေပေးချေမှု သို့မဟုတ် လွှဲပြောင်းပေးမှုဆိုင်ရာ ကန့်သတ်ချက်များကို ချမှတ်နိုင်သည် သို့မဟုတ် ထိန်းသိမ်းနိုင်သည်။
64. In the event of serious balance-of-payments or external financial difficulties, the Government may adopt or maintain restrictions on payments or transfers related to investments in accordance with the Foreign Exchange Management Law and other international commitments.
၆၅။ ရင်းနှီးမြှုပ်နှံသူသည်-
65. The Investor:
(က) နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသား လူမျိုးတို့၏ ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ ရိုးရာ ယဉ်ကျေးမှုတို့ကို လေးစားလိုက်နာရမည်။
(a) shall respect and comply with the customs, traditions and traditional culture of the ethnic groups in the Union;
(ခ) ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရန်အတွက် ကုမ္ပဏီ သို့မဟုတ် တစ်ဦးတည်းပိုင် သို့မဟုတ် တရားဝင်စီးပွားရေး အဖွဲ့အစည်းများ သို့မဟုတ် အဆိုပါတရားဝင် စီးပွားရေး အဖွဲ့အစည်း၏ ရုံးခွဲများကို ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင်၍ မှတ်ပုံတင်ရမည်။
(b) shall establish and register a company or sole proprietorship or legal entities or branches of such entities under the laws in order to invest;
(ဂ) တည်ဆဲဥပဒေများနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ သဘောတူစာချုပ်ပါ စည်းကမ်းချက်များနှင့် အခွန်ဆိုင်ရာ တာဝန်ရှိမှု အပါအဝင် ၎င်းတို့အား ထုတ်ပေးထားသော အထူးပြုလိုင်စင်၊ ခွင့်ပြုမိန့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် လက်မှတ်များတွင် ပါဝင်သည့် စည်းကမ်းချက်များ၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
(c) shall abide by the terms and conditions, stipulations of special licenses, permits, and business operation certificates issued to them, including the rules, notifications, orders, and directives and procedures issued by this Law and the applicable laws, terms and conditions of contract and tax obligations;
(ဃ) လုပ်ငန်းသဘာဝအရဖြစ်စေ၊ အခြားလိုအပ်ချက်အရဖြစ်စေ သက်ဆိုင်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အစိုးရဌာနနှင့် အဖွဲ့အစည်းများမှ လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့် ရယူရန် လိုအပ်လျှင် ဖြစ်စေ၊ မှတ်ပုံတင်ရန် လိုအပ်လျှင်ဖြစ်စေ သက်ဆိုင်ရာဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။
(d) shall carry out in accordance with the stipulations of the relevant department if it is, by the nature of business or by other need, required to obtain any license or permit from the relevant Union Ministries, government departments and governmental organizations, or to carry out registration;
(င) မိမိငှားရမ်းခွင့် ရရှိထားသော သို့မဟုတ် အသုံးပြုခွင့် ရရှိထားသော မြေ၏ မြေပေါ်မြေအောက်တွင် ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်မှုမရှိသော၊ မူလသဘောတူစာချုပ်တွင် မပါဝင်သော သဘာဝတွင်းထွက်ပစ္စည်းများ သို့မဟုတ် ရှေးဟောင်းပစ္စည်းများနှင့် ရတနာသိုက် အစရှိသည်တို့ကို တွေ့ရှိပါက ကော်မရှင်ထံသို့ ချက်ချင်း သတင်းပေး အကြောင်းကြားရမည်။ ကော်မရှင်ကခွင့်ပြုလျှင် ယင်းမြေပေါ်၌ ဆက်လက်လုပ်ကိုင်နိုင်ပြီး ခွင့်မပြုလျှင် ရင်းနှီးမြှုပ်နှံသူက ရွေးချယ်တင်ပြသည့် နေရာတစ်ခုအား အစားထိုးခွင့်ပြုချက်ရယူ၍ ပြောင်းရွှေ့ဆောင်ရွက်ရမည်။
(e) shall immediately inform the Commission if it is found that natural mineral resources or antique objects and treasure trove not related to the investment permitted above and under the land on which the investor is entitled to lease or use and not included in the original contracts. If the Commission allows, the investor shall continue to carry out the investment in such land, and if not allowed, the investor shall transfer and carry out, by obtaining the permission, at the substituted place which is selected and submitted by him;
(စ) မိမိငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသော မြေ၏ သဘာဝမြေ မျက်နှာသွင်ပြင် သို့မဟုတ် မြေအနိမ့်အမြင့် အနေအထားအား သိသာထင်ရှားစွာ ပြောင်းလဲမှုကို ကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ မပြုလုပ်ရ။
(f) shall not make any significant alteration of topography or elevation of the land on which he is entitled to lease or to use, without the approval of the Commission;
(ဆ) မိမိ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာတွင် ကျင့်သုံးသည့် အကောင်းဆုံး စံချိန်စံညွှန်းများနှင့်အညီ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ညစ်ညမ်းမှု၊ နစ်နာမှုမဖြစ်စေရန်နှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရန် လိုက်နာဆောင်ရွက်ရမည်။
(g) shall abide by the applicable laws, rules, procedures and best standards practiced internationally for this investment so as not to cause damage, pollution, and loss to the natural and social environment and not to cause damage to cultural heritage;
(ဇ) ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ဖြင့် ဆောင်ရွက်သော ရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင်သည့် လုပ်ငန်းဆိုင်ရာ စာရင်းဇယားများ၊ နှစ်ပတ်လည် ငွေစာရင်းများနှင့် လိုအပ်သည့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတကာနှင့် ပြည်တွင်းအသိအမှတ်ပြု စာရင်းကိုင် စံနှုန်းများနှင့်အညီ ကောင်းမွန်စွာ ပြုစုမှတ်တမ်းတင် ထားရှိရမည်။
(h) shall list and keep proper records in books of accounting and annual financial statements, and necessary financial matters relating to the investments performed by a Permit or an Endorsement in accordance with internationally and locally recognized accounting standards;
(ဈ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ဖောက်ဖျက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု အပြီး ပိတ်သိမ်းခြင်း၊ လွှဲပြောင်းရောင်းချခြင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရပ်ဆိုင်းခြင်း၊ လုပ်သား အင်အားလျှော့ချခြင်းတို့အတွက် အလုပ်သမားများအား တည်ဆဲဥပဒေများနှင့်အညီ နစ်နာကြေးပေးပြီးမှသာ ရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်းပိတ်သိမ်းရမည်။
(i) shall close and discontinue the investment only after payment of compensation to employees in accordance with applicable laws for any breach of employment contracts, closure of investment, sale and transfer of investment, discontinuation of investment, or reduction of workforce;
(ည) ခိုင်လုံသော အကြောင်းပြချက်ဖြင့် ရင်းနှီးမြှုပ်နှံမှု ယာယီပိတ်သိမ်းရပါက ပိတ်သိမ်းထားရသည့် ကာလအတွင်း အလုပ်သမားများအား တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ စသည်တို့နှင့်အညီ လုပ်ခ၊ လစာပေးရမည်။
(j) shall pay wages and salaries to employees in accordance with applicable laws, rules, procedures, directives and so forth during the period of suspension of investment for a credible reason;
(ဋ) အလုပ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့ယွင်းဆုံးရှုံးမှု၊ ရောဂါ ရရှိမှု၊ သေဆုံးမှုတို့ ဖြစ်ပွားသော အလုပ်သမားများအတွက် သက်ဆိုင်ရာ အလုပ်သမား သို့မဟုတ် အမွေဆက်ခံခွင့်ရှိသူအား တည်ဆဲဥပဒေနှင့်အညီ ရထိုက်သည့် နစ်နာကြေးနှင့် လျော်ကြေးကို ပေးရမည်။
(k) shall pay compensation and indemnification in accordance with applicable laws to the relevant employee or his successor for injury, disability, disease and death due to the work;
(ဌ) မိမိ၏ ရင်းနှီးမြှုပ်နှံမှုတွင် လာရောက်အလုပ် လုပ်ကိုင်နေသည့် နိုင်ငံခြားသား ကျွမ်းကျင် ပညာရှင်များနှင့် ကြီးကြပ်သူများ၊ မိသားစုဝင်များသည် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို လေးစားလိုက်နာရန် ကြပ်မတ်ရမည်။ မိ
(l) shall supervise foreign experts, supervisors and their families, who employ in its investment, to abide by the applicable laws, rules, orders and directives, and the culture and traditions of Myanmar;
(ဍ) အလုပ်သမားရေးရာ၏ ဥပဒေများကို လေးစားလိုက်နာရမည်။
(m) shall respect and comply with the labor laws;
(ဎ) ဥပဒေနှင့်အညီ တရားစွဲဆိုခွင့်နှင့် တရားစွဲဆို ခံနိုင်ခွင့်ရှိရမည်။ ဥ
(n) shall have the right to sue and to be sued in accordance with the laws;
(ဏ) ခွင့်ပြုမိန့်် သို့မဟုတ် အတည်ပြုမိန့်ပါ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နိုင်ရန် အတွက် လိုအပ်ချက်အရ ဆောင်ရွက်ခြင်းမှတစ်ပါး ရင်းနှီးမြှုပ်နှံမှုနှင့် မသက်ဆိုင်သော သစ်တောများ ခုတ်ထွင်ခြင်း၊ သဘာဝသယံဇာတများ တူးဖော်ခြင်းစသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး စေခြင်းနှင့် လူမှုစီးပွားအပေါ် ဆုံးရှုံးမှုများဖြစ်ပေါ်စေပါက အဆိုပါ ဆုံးရှုံးနစ်နာမှုအတွက် ထိရောက်သည့် လျော်ကြေးကို နစ်နာသူထံသို့ ပေးလျော်ရမည်။
(o) shall pay effective compensation for loss incurred to the victim, if there is damage to the natural environment and socioeconomic losses caused by logging or extraction of natural resources which are not related to the scope of the permissible investment, except from carrying out the activities required to conduct investment in a Permit or an Endorsement.
(တ) ကော်မရှင်က ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား စစ်ဆေးကြည့်ရှုရန် ကြိုတင်အကြောင်း ကြားလာပါက မည်သည့်နေရာကိုမဆို ဝင်ရောက်စစ်ဆေးရန် ခွင့်ပြုပေးရမည်။
(p) shall allow the Commission to inspect in any places, when the Commission informs the prior notice to inspect the investment;
(ထ) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကြိုတင်ခွင့်ပြုချက်ရယူရန် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများသည် ဆန်းစစ်ခြင်းများ မလုပ်ဆောင်မီ ကော်မရှင်၏ ခွင့်ပြုမိန့်် သို့မဟုတ် အတည်ပြုမိန့်ကို ဦးစွာရယူရမည်။ ဤသို့ ကော်မရှင်၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရယူထားသည့် ရင်းနှီးမြှုပ်နှံမှုများသည် ၎င်းတို့ လုပ်ငန်းဆောင်ရွက် နေသည့် ကာလတစ်လျှောက်လုံး လိုအပ်သည့် ပတ်ဝန်းကျင်ထိခိုက်မှုနှင့် ထိခိုက်မှု ဆန်းစစ်ချက်များ ဆောင်ရွက်မှု အခြေအနေများကို ကော်မရှင်သို့ တင်ပြရမည်။
(q) shall take in advance a Permit or an Endorsement of the Commission for the investments which need to obtain prior approval under the Environmental Conservation Law and the procedures of environmental impact assessment, before undertaking the assessment. Such investments shall be submitted the situation of environmental and social impact assessment to the Commission during the permitted investment period.
၆၆။ ကော်မရှင်သည် ပုဒ်မ ၆၅၊ ပုဒ်မခွဲ (ထ) ပါ ဆန်းစစ်ချက်အပေါ် မူတည်၍ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများအား ဆက်လက် ဆောင်ရွက်စေခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း အပါအဝင် လိုအပ်သည်များ စီမံဆောင်ရွက်ရန် ညွှန်ကြားနိုင်သည်။
66. Subject to the assessment under section 65 (q), the Commission may administer the investments to carry out as necessary, including to conduct or suspend.
၆၇။ ရင်းနှီးမြှုပ်နှံသူများသည် ပုဒ်မ ၆၅ တွင် ပြဋ္ဌာန်း သတ်မှတ်ထားသည့် တာဝန်ရှိမှု အားလုံးကို ဤဥပဒေအာဏာ သက်ဝင်သည့် နေ့မှစ၍ လိုက်နာဆောင်ရွက်ရမည်။
67. The investors shall comply with all responsibilities stipulated under section 65 from the date, this Law comes into effect.
၆၈။ ရင်းနှီးမြှုပ်နှံသူသည် ခွင့်ပြုကာလ မကုန်ဆုံးမီ ရင်းနှီးမြှုပ်နှံမှု ရပ်စဲပါက ၎င်း၏ ရင်းနှီး မြှုပ်နှံမှုအတွက် အကောက်ခွန်နှင့် အခြားပြည်တွင်း အခွန်အကောက် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် သို့မဟုတ် နှစ်မျိုးစလုံးတို့ဖြင့် ပြည်ပမှ တင်သွင်းခဲ့သော စက်ယန္တရားများ၊ ပစ္စည်းကိရိယာများ၊ မော်တော်ယာဉ်များနှင့် ပြည်ပမှ တင်သွင်းခဲ့သည့် ပစ္စည်းများအားလုံး ရောင်းချခြင်း၊ ပြန်လည်တင်ပို့ခြင်း၊ စီမံခန့်ခွဲခြင်းတို့ ဆောင်ရွက်ရာတွင် ကော်မရှင်၏ ခွင့်ပြုချက်နှင့်အညီ တင်သွင်းစဉ်က ခံစားခဲ့သော အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် သို့မဟုတ် နှစ်မျိုးစလုံးကို ပြန်လည်ပေးဆောင်ပြီးမှသာ ဆောင်ရွက်ရမည်။
68. If the investor discontinues the investment before the expiry of the permitted period, after paying the tax exemptions or reliefs or both enjoyed during importation in accordance with the approval of the Commission, the investor 24 Official Translation is to sell, export and dispose all machineries, equipment, motor vehicles and all other articles imported from abroad with the customs duty, other internal taxes and tax exemption or relief or both for his investment.
၆၉။ ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်မှ ခွင့်ပြုမိန့် သို့မဟုတ် အတြည်ပုမိန့် ရရှိပြီးမှသာ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခု သို့မဟုတ် အဖွဲ့အစည်းများနှင့် လိုအပ်သည့် ပဋိညာဉ်စာချုပ်များအား ချုပ်ဆိုခြင်း၊ လက်မှတ်ရေးထိုးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများအား ဆောင်ရွက်ခွင့်ရှိသည်။
69. After obtaining a Permit or an Endorsement from the Commission, the investor shall execute and sign necessary contracts with the relevant government department or a governmental organization or governmental organizations, and conduct its investments.
၇၀။ ပုဒ်မ ၆၉ တွင် ဖော်ပြထားသည့် ပဋိညာဉ်စာချုပ်များ သက်တမ်းတိုးမြှင့်ခြင်း၊ ပြင်ဆင်ခြင်းတို့အတွက် ကော်မရှင်၏ ခွင့်ပြုချက်ရယူရမည်။
70. The permission of the Commission shall be obtained for any extension and amendment of the contracts mentioned in section 69.
၇၁။ ရင်းနှီးမြှုပ်နှံသူသည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရာတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးအစားအလိုက် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျန်းမာရေးဆိုင်ရာ ဆန်းစစ်ချက်၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်မှု ဆန်းစစ်ချက်၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက်တို့ကို ဆောင်ရွက်ရမည်။
71. In conducting their investment activities, the investor shall carry out health assessments, cultural heritage impact assessments, environmental impact assessments and social impact assessments according to the type of investment activities in accordance with the relevant laws, rules, regulations and procedures.
၇၂။ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရယူထားသော ရင်းနှီးမြှုပ်နှံမှုအား လုပ်ငန်းသက်တမ်း ကာလအတွင်း အခြားပုဂ္ဂိုလ် တစ်ဦးဦးသို့ တစ်ဆင့်ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ အစုရှယ်ယာ လွှဲပြောင်းခြင်း၊ လုပ်ငန်း လွှဲပြောင်းခြင်းတို့ကို ကော်မရှင်သို့ အသိပေးတင်ပြရမည်။
72. Investments that obtained a Permit or an Endorsement, shall submit to the Commission of any sublease, mortgage transfer of shares or transfer of business to any person during the permitted investment period.
၇၃။ ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်အတွင်း အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့် အာမခံလုပ်ငန်း တစ်ခုခုတွင် နည်းဥပဒေ၌ ဖော်ပြသတ်မှတ်ထားသော အာမခံ အမျိုးအစားများကို အာမခံထားရှိရမည်။
73. The investor shall insure the types of insurance stipulated in the provision of the rules at any insurance enterprise which is entitled to carry out insurance businesses within the Union.
၇၄။ ကော်မရှင်သည် နိုင်ငံတော်အတွင်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်စေခြင်းအားဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေး အတွက်လည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက် လာစေရေး အတွက်လည်းကောင်း အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ရပ်ထက် ပို၍ ဖြစ်စေ ခံစားခွင့်ပြုရန် ရင်းနှီမြှုပ်နှံသူက လျှောက်ထားလာလျှင် စိစစ်၍ ခွင့်ပြုပေးနိုင်သည်။
74. The Commission shall, for the purpose of supporting the development of the Union by allowing investment in sectors which need to be developed and for the proportionate development of Regions and States, scrutinize and may grant one or more tax exemptions or reliefs if the investor applies for such exemptions or reliefs.
၇၅။ 75.
(က) ဝင်ငွေခွန် ကင်းလွတ်ခွင့်နှင့် ပတ်သက်၍ ဖွံ့ဖြိုးမှု နည်းပါးသော ဒေသများအား ဇုန် (၁) အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသော ဒေသများအား ဇုန်( ၂) အဖြစ် လည်းကောင်း၊ ဖွံ့ဖြိုးမှုရှိသော ဒေသများအား ဇုန်(၃) အဖြစ်လည်းကောင်း၊ အစိုးရ အဖွဲ့၏ အတည်ပြုချက်ဖြင့် ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန် သတ်မှတ်ကာ ဇုန် (၁) အတွင်း ရင်းနှီးမြှုပ်နှံ သူများအား စီးပွားဖြစ် စတင်သောနှစ်အပါအဝင် တစ်ဆက်တည်း ၇ နှစ်အထိလည်းကောင်း၊ ဇုန် (၂) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သောနှစ် အပါအဝင် တစ်ဆက်တည်း ၅ နှစ်အထိလည်းကောင်း၊ ဇုန် (၃) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သောနှစ် အပါအဝင် တစ်ဆက်တည်း ၃ နှစ် အထိလည်းကောင်း ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုနိုင်သည်။
(a) With respect to the income tax exemptions, designated the less developed regions as Zone (1) , the moderate developed regions as Zone (2), and the developed regions as Zone (3), the Commission shall, with the approval of the Government, issue a notification and may grant income tax exemptions to investment activities in Zone (1) for a period of 7 consecutive years including the year of commencement of commercial operation, investment activities in Zone (2) for a period of 5 consecutive years including the year of commencement of commercial operation, and investment activities in Zone (3) for a period of 3 consecutive years including the year of commencement of commercial operation.
(ခ) အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကော်မရှင်သည် ဇုန်သတ်မှတ်ခြင်းကို သက်ဆိုင်ရာ ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်၍ အခါအားလျော်စွာ လိုအပ်သလို ပြောင်းလဲ သတ်မှတ်နိုင်သည်။
(b) With the approval of the Government, the Commission may change the designation of the zones from time to time depending on the development of the respective regions.
(ဂ) ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဆောင်ရွက်ရန် ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့် ကဏ္ဍများ အတွက်သာ ခွင့်ပြုရမည်။
(c) Income tax exemptions shall be granted only for the sectors specified by the Commission in the notification as promoted sectors.
၇၆။ အခန်း (၁၁) ပါ ရင်းနှီးမြှုပ်နှံသူများအား ဆက်ဆံဆောင်ရွက်ခြင်း ပြဋ္ဌာန်းချက်များအပြင် အစိုးရအဖွဲ့သည် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် နိုင်ငံသားပိုင် အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများအား အထောက်အပံ့များ၊ ငွေကြေးဆိုင်ရာ ပံ့ပိုးမှုများ၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ထို့အပြင် မြန်မာနိုင်ငံသားပိုင် စီးပွားရေး လုပ်ငန်းများမှ လုပ်ငန်းဆောင်ရွက်နေသည့် နေရာ သို့မဟုတ် စီးပွားရေး လုပ်ငန်း အမျိုးအစားများနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များတွင် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ခွင့်ပြုပေးနိုင်သည်။
76. In addition to the provisions under Chapter XI of Treatment of Investors, the Government may undertake subsidies, funding, capacity building and training to Myanmar citizen investors and citizen-owned small and mediumsized enterprises. The Government may also allow exemptions and reliefs for the locations where Myanmar citizen-owned businesses are operated or other economic activities.
၇၇။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက တင်ပြလျှောက်ထားလာလျှင် အောက်ပါအကောက်ခွန်နှင့် အခြားပြည်တွင်း အခွန်အကောက်များ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ကို စိစစ်ခွင့်ပြု ပေးနိုင်သည်-
77. The Commission may scrutinize and grant the following exemptions or reliefs from customs duty and other internal taxes to the investor if applied:
(က) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ဆောက်မှုကာလ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပြင်ဆင်မှု ကာလအတွင်း အမှတ်တကယ်လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ အသုံးအဆောင် တန်ဆာပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော တည်ဆောင်ရေး ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များ ဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ၊ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊
(a) exemptions or reliefs from customs duty or other internal taxes or both on machineries, equipments, instruments, machinery components, spare parts, construction materials unavailable locally, and materials used in the business, which are imported as they are actually required, during the construction period or during the preparatory period of the investment;
(ခ) ပြည်ပသို့ ရာနှုန်းပြည့် တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများက ပို့ကုန်ထုတ်လုပ်ရန် အတွက် တင်သွင်းသော ကုန်ကြမ်းပစ္စည်းများ၊ တစ်ပိုင်းတစ်စ ထုတ်လုပ်ပြီးသော ကုန်ပစ္စည်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များ ဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သု့ိမဟုတ် သက်သာခွင့်၊
(b) exemptions or reliefs from the customs duty or other internal taxes or both on the importation of the raw materials and partially manufactured goods conducted by an export-oriented business for the purposes of the manufacture of products for export;
(ဂ) ပြည်ပမှ ကုန်ကြမ်းပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်း ထုတ်လုပ်ပြီးသော ပစ္စည်းများ တင်သွင်းပြီး ပြည်တွင်း၌ ကုန်ပစ္စည်း ထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့ခဲ့လျှင် တင်ပို့သည့် ကုန်ပစ္စည်း ပမာဏအတွက် ပြည်ပမှ တင်သွင်းခဲ့သော ကုန်ကြမ်းပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်း ထုတ်လုပ်ပြီးသော ပစ္စည်းများအပေါ်တွင် ကောက်ခံခဲ့သော အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကို ဖြစ်စေ၊ ပြန်လည်း ထုတ်ပေးခွင့်။
(c) reimbursement of customs duty or other internal taxes or both on imported raw materials and partially manufactured goods which are used to manufacture products for export;
(ဃ) ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပမာဏ တိုးမြှင့်ပြီး မူလရင်းနှီးမြှုပ်နှံသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအား ခွင့်ပြုထားသည့် သက်တမ်းကာလအတွင်း တိုးချဲ့လုပ်ကိုင်ပါက ယင်းသို့ တိုးချုဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအတွက် အမှန်တကယ် အသုံးပြုရန် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ အသုံး အဆောင် တန်ဆာပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူ ရရှိနိုင်ခြင်းမရှိသော တည်ဆောက်ရေး ပစ္စည်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များ ဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ၊ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်။
(d) if the volume of investment is increased with the approval of the Commission and the original investment is expanded during the permitted period of investment, exemptions or reliefs from the customs duty or other internal taxes or both on machineries, equipments, instruments, machinery components, spare parts, materials used in the business, and construction materials unavailable locally, which are imported as they are actually required for use in the business which is being expanded as such increases may be granted.
၇၈။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာလျှင် အောက်ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ကို လိုအပ်သလို စိစစ်ခွင့်ပြုနိုင်သည်-
78. The Commission may scrutinize and grant the following exemptions and reliefs, as required, to the investor if applied:
(က) ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှ ရရှိသည့် အမြတ်ငွေကို အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွင်ဖြစ်စေ၊ ၎င်း၏ အခြားအမျိုးအစားတူ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွင်ဖြစ်စေ တစ်နှစ်အတွင်း၌ ပြန်လည်ရင်းနှီးမြှုပ်နှံလျှင် ထိုအမြတ်ငွေအပေါ်တွင် ဝင်ငွေခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊
(a) exemptions or reliefs from income tax if the profit obtained from the investment that has obtained a Permit or an Endorsement is reinvested in such investment or in any similar type of investment activities within one year;
(ခ) ဝင်ငွေခွန် စည်းကြပ်ရန် အလို့ငှာ စက်ပစ္စည်း၊ စက်ကိရိယာ၊ အဆောက်အအုံ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံး အခြားမတည်ပစ္စည်းများ အပေါ်တွင် သတ်မှတ်အချိန် ကာလထက် လျော့နည်းသော ပစ္စည်းတန်ဖိုး လျော့တွက်နှုန်းထားဖြင့် စီးပွားဖြစ် စတင်သော နှစ်မှ စတင်၍ တွက်ချက်ခံစားခွင့်၊
(b) right to depreciation for the purpose of income tax assessment, after computing such depreciation from the year of commencement of commercial operation based on a depreciation rate which is less than the stipulated lifetime of the machinery, equipment, building or capital assets used in the investment;
(ဂ) နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အမှတ်တကယ် လိုအပ်၍ နိုင်ငံတော်အတွင်း ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း များအတွက် ကုန်ကျစရိတ်ကို အခွန်စည်းကြပ်ထိုက်သော ဝန်ငွေမှ နုတ်ပယ်ခွင့်။
(c) right to deduct expenses which are incurred for the research and development relating to the investment activities carried out within the Union and actually required for the economic development of the Union from the assessable income.
၇၉။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ဝင်ငွေအပေါ်တွင် ပြည်တွင်းနေ နိုင်ငံသားများ ပေးဆောင်သည့် ဝင်ငွေခွန် နှုန်းထားများအတိုင်း ဝင်ငွေခွန် ပေးဆောင်ရမည်။
79. The Foreign investors have to pay income tax on their income at the rates applicable to the citizens residing within the Union.
၈၀။ ပုဒ်မ ၇၅၊ ၇၇ နှင့် ၇၈ တွင် ပြဋ္ဌာန်းထားသည့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များမှအပ အခြားအခွန်ဆိုင်ရာ ကိစ္စရပ်များအား သက်ဆိုင်ရာ အခွန်ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။
80. Except the exemptions and reliefs under section 75, 77 and 78, other taxes shall be carried out in accordance with relevant tax laws.
၈၁။ ပုဒ်မ ၇၅၊ ၇၇ ၊ ၇၈ နှင့် ၈၀ တို့ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များသည် အထူးစီးပွားရေး ဇုန်တွင် လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများနှင့် သက်ဆိုင်ခြင်း မရှိစေရ။
81. The exemptions and reliefs under sections 75, 77, 78 and 80 shall not apply to businesses operating in special economic zones.
၈၂။ ဤဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ရာတွင် ကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပြဿနာရပ်များအား တရားဝင် အငြင်းပွားမှုအဆင့်သို့ မရောက်ရှိမီ ဖြေရှင်းနိုင်ရန်၊ အငြင်းပွားမှု ဖြစ်ပွားခြင်းမှ ကာကွယ်ရန်နှင့် သက်ဆိုင်သည့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် နစ်နာမှုဖြေရှင်းသည့် နည်းလမ်းတစ်ရပ်ကို စီမံချမှတ်ရမည်။
82. In effective implementation of this Law, the Commission shall establish and manage a grievance mechanism to resolve and prevent the occurrence of disputes, and carry out the relevant inquiries for the investment issues before reaching the stage of a legal dispute.
၈၃။ ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံတော်အကြား သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ အချင်းချင်းအကြား ဖြစ်ပွားသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများကို တရားရုံး သို့မဟုတ် အနုညာတခုံရုံးတို့တွင် တရားမစွဲဆိုမီ အငြင်းပွားသူများသည် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် ထိုက်သင့်သည့် ကြိုးပမ်းမှုများကို အသုံးပြုရမည်။
83. Before any investment dispute between the investor and the Union or between the investors is brought to any court or arbitral tribunal, all disputing parties shall use due attempts to settle the disputes amicably.
၈၄။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်း၍ ပြေလည်မှု မရရှိပါက-
84. If investment disputes are not able to be settled amicably:
(က) သက်ဆိုင်ရာ စာချုပ်တွင် အငြင်းပွားမှု ဖြေရှင်းနည်း သတ်မှတ်ထားခြင်း မရှိလျှင် စီရင်ပိုင်ခွင့်ရှိသော တရားရုံး သို့မဟုတ် အနုညာတခုံရုံး၌ တည်ဆဲဥပဒေများ နှင့်အညီ ဆောင်ရွက်ရမည်။
(a) if the dispute settlement mechanism is not stipulated in the relevant agreement, it shall be settled in the competent court or the arbitral tribunal in accord with the applicable laws;
(ခ) သက်ဆိုင်ရာ စာချုပ်တွင် အငြင်းပွားမှု ဖြေရှင်းနည်း သတ်မှတ်ထားခြင်း ရှိလျှင် ယင်း သတ်မှတ်ထားသည့် ဖြေရှင်းနည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
(b) if the dispute settlement mechanism is stipulated in the relevant agreement, it shall be complied with and carried out in accord with the mechanism.
၈၅။ ကော်မရှင်သည်-
85. The Commission:
(က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ သို့မဟုတ် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်သည့် သို့မဟုတ် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည့် ရင်းနှီးမြှုပ်နှံသူအပေါ်တွင် အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ကိုဖြစ်စေ သို့မဟုတ် တစ်ရပ်ထက်ပိုသော ပြစ်ဒဏ်များကိုဖြစ်စေ ချမှတ်နိုင်သည်-
(a) may impose one or more of the following administrative penalties against an investor who violates or fails to comply with any provision of this Law and its rules, regulations, notifications, orders, directive, procedures or terms and conditions contained in a Permit or an Endorsement issued by the Commission:
(၁) သတိပေးခြင်း၊
(i) censure;
(၂) လုပ်ငန်းကို ယာယီရပ်ဆိုင်းခြင်း၊
(ii) temporary suspension of business;
(၃) အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ယာယီရပ်ဆိုင်းခြင်း၊
(iii) temporary suspension of tax exemptions and reliefs;
(၄) ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ကို ပြန်လည်ရုပ်သိမ်းခြင်း၊
(iv) revocation of a Permit or an Edorsement;
(၅) နောင်တွင် မည်သည့်ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်မျှ ထုတ်ပေးမည် မဟုတ်သော နာမည်ပျက်စီးပွားရေး လုပ်ငန်းစာရင်း၌ ထည့်သွင်းခြင်း။
(v) add the business to a blacklist for which no Permit or Endorsement shall be issued in the future;
(ခ) ပုဒ်မခွဲ (က) အရ စီမံခန့်ခွဲမှုပြစ်ဒဏ် မချမှတ်မီ စီမံခန့်ခွဲမှုပြစ်ဒဏ်နှင့် စပ်လျဉ်းသည့် ကြိုတင် အကြောင်းကြားစာကို ရင်းနှီးမြှုပ်နှံသူထံသို့ အကြောင်းကြားရမည်။ ရင်းနှီးမြှုပ်နှံသူသည် ၎င်းအပေါ် ချမှတ်မည့် စီမံခန့်ခွဲမှု ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ စာဖြင့် ရေးသား မေးမြန်းဖြေရှင်းနိုင်ခွင့် ရှိရမည်။
(b) shall inform a prior notice in respect of the administrative penalties to the investor before imposing the administrative penalties according to subsection (a), and the investor has the right to submit questions in writing upon the administrative penalties;
(ဂ) ပုဒ်မခွဲ (က) အရ စီမံခန့်ခွဲမှုပြစ်ဒဏ် ချမှတ်ရာတွင် ထိုသို့ ချမှတ်ရသည့် အကြောင်းအရင်းကို ယင်းချမှတ်သည့် ဆုံးဖြတ်ချက်နှင့်အတူ ဖော်ပြပေးရမည်။
(c) shall describe the reason for imposing an administrative penalty together with the decision, imposing the administrative penalty under subsection (a).
၈၆။ 86.
(က) ကော်မရှင်က ပုဒ်မ ၈၅ အရ ချမှတ်သည့် ဆုံးဖြတ်ချက် တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ကျေနပ်မှုမရှိသည့် ရင်းနှီးမြှုပ်နှံသူသည် အစိုးရအဖွဲ့သို့ သတ်မှတ်ချက်များနှင့် အညီ ဆုံးဖြတ်ချက် ချမှတ်သည့် နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း အယူခံလျှောက်ထား နိုင်သည်။
(a) The investor dissatisfied with any decision made by the Commission under section 85 shall have the right to appeal to the Government within 60 days from the date of the decision in accordance with the stipulations.
(ခ) အစိုးရဖွဲ့သည် ကော်မရှင်က ချမှတ်သည့် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အတည်ပြုခြင်း ပြုနိုင်သည်။
(b) The Government may amend, revoke or approve any decision made by the Commission.
(ဂ) အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။
(c) The decision of the Government shall be final and conclusive.
၈၇။ ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်၊ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့ ပြုစုတင်ပြသော အဆိုပြုချက်၊ စာရင်းဇယားများ၊ စာချုပ်စာတမ်း အထောက်အထားများ၊ ငွေရေးကြေးရေး၊ အလုပ်သမား ခန့်ထားရေးဆိုင်ရာ အထောက်အထားများ စသည်တို့ကို မရိုးမဖြောင့်သော သဘောဖြင့် မမှန်ဖော်ပြကြောင်း သို့မဟုတ် ထိမ်ချန်ကြောင်း ခိုင်လုံသော သက်သေခံ အထောက်အထားများ ပေါ်ပေါက်လျှင် ပြစ်မှုကြောင်းအရ အရေးယူခြင်းခံရမည်။
87. An investor shall be prosecuted if there is credible evidence that he describes dishonestly, falsely, or any concealment of information when submitting any proposal, accounts, evidence of contracts, financial information or evidence of employment and so forth to the Commission, or any relevant government department or governmental organization.
၈၈။ ရင်းနှီးမြှုပ်နှံသူသည် ပုဒ်မ ၄၁ ပါ တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း အပါအဝင် ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် သို့မဟုတ် ဖောက်ဖျက်လျှင် ဤဥပဒေအရ အရေးယူမည့်အပြင် လိုအပ်ပါက တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူခြင်းခံရမည်။
88. If an investor fails to comply with or violate any provisions of this Law, including the performance of the prohibited investment activities under section 41, he shall be prosecuted under this Law and, if required, any applicable laws.
၈၉။ ဤဥပဒေပါ မည်သည့် ပြဋ္ဌာန်းချက်ကမျှ အစိုးရအဖွဲ့၏ ဆင်ခြင်တုံတရားဖြင့် ချမှတ်ထားသော သို့မဟုတ် ထိန်းသိမ်းထားသော မျှတမှုရှိသည့် အောက်ပါ ဆောင်ရွက်ချက်များကို တားမြစ်သည်ဟု မှတ်ယူခြင်း မပြုရ-
89. Nothing in this Law shall be construed to prohibit the following fair measures adopted or maintained prudently by the Government:
(က) ပြည်သူ့ကိုယ်ကျင့်တရား ကာကွယ်ရန် သို့မဟုတ် အများပြည်သူအကျိုးငှာ ထိန်းသိမ်းရန် လိုအပ်ချက်၊
(a) necessary to protect public morals or to maintain public order;
(ခ) လူသား၊ တိရစ္ဆာန် သို့မဟုတ် အပင်များ၏ သက်တမ်း သို့မဟုတ် ကျန်းမာရေး ကာကွယ်ရန် လိုအပ်ချက်၊
(b) necessary to protect life or health of human, animals, or plants;
(ဂ) ရင်းနှီးမြှုပ်နှံသူများ၊ ဘဏ်တွင် ငွေကြေးအပ်နှံသူများ၊ ငွေကြေးဈေးကွက်တွင် ပါဝင်ဆောင်ရွက်သူများ၊ အာမခံထားရှိသူများ၊ အာမခံတောင်းသူများ သို့မဟုတ် ယုံမှတ် အပ်နှံမှုတာဝန်ရှိသည့် ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခုက ၎င်းမှ တာဝန်ရှိသည့် လူပုဂ္ဂိုလ်များကို ကာကွယ်ခြင်း၊
(c) the protection of investors, depositors, financial market participants, policyholders, policy-claimants, or persons to whom a fiduciary duty is owed by a financial institution;
(ဃ) ဘဏ္ဍာရေး အဖွဲ့အစည်းများ၏ လုံခြုံမှု ရပ်တည်နိုင်မှု၊ တည်မြဲမှုနှင့် တည်ငြိမ်မှုကို အာမခံခြင်း၊
(d) ensuring the safety, standing, soundness and stability of financial institutions;
(င) နိုင်ငံတော်၏ ဘဏ္ဍာရေးစနစ် တည်တံ့ခိုင်မြဲမှုနှင့် တည်ငြိမ်မှုကို အာမခံခြင်း၊
(e) ensuring the integrity and stability of the financial system of the Union;
(စ) ရင်းနှီးမြှုပ်နှံသူနှင့် ပတ်သက်၍ မျှတ၍ ထိရောက်မှုရှိသော စည်းကြပ်ခြင်း သို့မဟုတ် တိုက်ရိုက်အခွန်များ ကောက်ခံခြင်းအား သေချာစေရန် ရည်ရွယ်ခြင်း၊
(f) aiming to ensure fair and effective assessment of tax or direct taxation relating to investors;
(ဆ) အနုပညာဆိုင်ရာ၊ သမိုင်းဆိုင်ရာ သို့မဟုတ် ရှေးဟောင်းတန်ဖိုးရှိသော အမျိုးသား အမွေအနှစ် ရတနာများ ကာကွယ်ရေးအတွက် ဆောင်ရွက်ခြင်း၊
(g) carrying out the protection of artistic, historical or archaeological valued national treasures and heritage;
(ဇ) ပြည်တွင်း၌ ထုတ်လုပ်မှု သို့မဟုတ် သုံးစွဲမှုများကြောင့် ထိခိုက်မှုဖြစ်စေပါက ယင်းသို့ မဖြစ်စေရန် သဘာဝသယံဇာတများအား ထိန်းသိမ်းရန် ဆောင်ရွက်ခြင်း။
(h) preservation of natural resources, and not to be damaged to such, where the effect is caused by domestic production or consumption.
၉၀။ 90.
(က) ဤဥပဒေပါ မည်သည့် ပြဋ္ဌာန်းချက်ကမျှ အစိုးရအဖွဲ့က လုံခြုံရေးအလို့ငှာ လိုအပ်သော ဆောင်ရွက်ချက်များ ပြုလုပ်ခြင်းကို တားမြစ်သည်ဟု မမှတ်ယူရ။
(a) Nothing in this Law shall be construed to prohibit the Government from adopting or enforcing necessary measures for the protection of its essential security interests.
(ခ) ဤဥပဒေပါ ပြဋ္ဌာန်းသတ်မှတ်ချက်များသည် အစိုးရအဖွဲ့က နိုင်ငံတော်၏ အရေးပါသော လုံခြုံရေးကိစ္စကို ကာကွယ်ရန်အတွက် လိုအပ်သည်ဟု ယူဆရသည့် အောက်ဖော်ပြပါ ဆောင်ရွက်ချက် တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းကို တားဆီးခြင်း မရှိစေရ-
(b) The provisions under this Law shall not prevent any of the following actions necessary for the Government to protect essential security interests, including but not limited to:
(၁) တပ်မတော် သို့မဟုတ် အခြားလုံခြုံရေး အဖွဲ့အား လက်နက်၊ ခဲယမ်းမီးကျောက်နှင့် စစ်လက်နက်ကိရိယာ၊ တန်ဆာပလာများ ထောက်ပံ့ရန်အတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဆောင်ရွက်သော ဆောင်ရွက်ချက်များ။
i. action relating to the traffic in arms, ammunition and to such traffic in other goods and materials as is carried on directly or indirectly for the purpose of supplying military or other security forces;
(၂) နိုင်ငံတကာ ဆက်ဆံရေးတွင် စစ်ဖြစ်ပွားခြင်းနှင့် အခြားအရေးပေါ် အခြေအနေများအရ လိုအပ်သလိုဆောင်ရွက်ခြင်း။
ii. action taken, as required, in time of war or other emergency in international relations.
၉၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်သည် နိုင်ငံတော်က အတည်ပြု လက်ခံထားသော အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် သဘောတူညီချက်ပါ အချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်ကွဲလွဲပါက ထိုဆန့်ကျင်သည့် ပြဋ္ဌာန်းချက်အတွက် အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် သဘောတူညီချက်ပါ အချက်များကို လိုက်နာရမည်။
91. If there is any provision of this Law contrary to any matter provided for in the international treaties and agreements adopted by the Union, the provisions contained in the international treaties and agreement shall be abided by for such contradictory provision.
၉၂။ ဤဥပဒေ ပြဋ္ဌာန်းပြီးနောက် လိုအပ်သော နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းခြင်း မပြုနိုင်သေးမီ ကာလအတွင်း ဤဥပဒေနှင့် မဆန့်ကျင်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ (ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၂၁/ ၂၀၁၂) အရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများကို ဆက်လက်ကျင့်သုံးနိုင်သည်။
92. Within the period after the enactment of this Law and before promulgating the necessary rules and procedures, the rules issued under the Foreign Investment Law (the Pyidaungsu Hluttaw Law No. 21/2012) may continue to be complied so far as it is not contrary to this Law.
၉၃။ ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ( နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၀/ ၁၉၈၈) သို့မဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၂၁) သို့မဟုတ် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၈ ) တို့ကို အခြေခံ၍ ကော်မရှင်က ပေးအပ်ထားသည့် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်သည် အဆိုပါခွင့်ပြုမိန့်၏ သတ်မှတ်သက်တမ်း ကုန်ဆုံးသည့် အချိန်အထိ ဆက်လက် အကျိုးသက်ရောက်စေရမည်။
93. Any Permit for investment granted by the Commission subject to the Union of Myanmar Foreign Investment Law (The State Law and Order Restoration Council Law No. 10/1988) or the Foreign Investment Law (the Pyidaungsu Hluttaw Law No. 21/2012) or the Myanmar Citizens Investment Law (the Pyidaungsu Hluttaw Law No.18/2013) shall continue to be effective till the term of such Permit is expired.
၉၄။ အခြားဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်။
94. Notwithstanding anything contained in any other law, matters relating to any provision in this Law shall be carried out in accordance with this Law. 95. If there is credible evidence for performing in good faith within the powers conferred under this Law, no criminal or civil actions shall be taken against any member of the Commission, any member of a committee or body, or any civil servant for such act.
၉၅။ ဤဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များနှင့်အညီ သဘောရိုးဖြင့် ဆောင်ရွက်ကြောင်း သက်သေ အထောက်အထား ခိုင်လုံသည့် ကိစ္စတစ်ရပ်ရပ်အတွက် ကော်မရှင်အဖွဲ့ဝင် တစ်ဦးဦးကို ဖြစ်စေ၊ ကော်မတီ သို့မဟုတ် အဖွဲ့ငယ်၏ အဖွဲ့ဝင် တစ်ဦးဦးကိုဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း တစ်ဦးဦးကို ဖြစ်စေ တရားမကြောင်းဖြင့် သော်လည်းကောင်း၊ ပြစ်မှုကြောင်းဖြင့် သော်လည်းကောင်း တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ။
95. If there is credible evidence for performing in good faith within the powers conferred under this Law, no criminal or civil actions shall be taken against any member of the Commission, any member of a committee or body, or any civil servant for such act.
၉၆။ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဝန်ထမ်းများသည် ဤဥပဒေအရ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် ဆောင်ရွက်ရမည်။
96. In performing duties under this Law, the members of the Commission and the officers of the Commission Office shall impartially carry out such duties in accordance with the Anti-Corruption Law.
၉၇။ ကော်မရှင် အဖွဲ့ဝင်များသည် မိမိရရှိထားသည့် သတင်းအချက်အလက်များကို ဤဥပဒေပါ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရန် ကိစ္စများမှတစ်ပါး အခြားကိစ္စရပ်များတွင် အသုံးမပြုရ။
97. The members of the Commission shall not use the acquired information for any other purposes, except implementation of the objectives under this Law.
၉၈။ ပုဒ်မ ၈၅ အရ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ အယူခံခြင်းမှတစ်ပါး ဤဥပဒေအရ အပ်နှင်းသော လုပ်ပိုင်ခွင့်နှင့်အညီ ကော်မရှင်က ချမှတ်သော အဆုံးအဖြတ်သည် အပြီးအပြတ် အတည်ဖြစ်သည်။
98. Any decision made by the Commission under the powers conferred by this Law shall be final and conclusive except any appeal in relation to the imposition of administrative penalties under section 85.
၉၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်စေရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသည်-
99. In carrying out the provisions under this Law, the Ministry of Planning and Finance shall;
(က) ကော်မရှင်၏ ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရမည်။
(a) undertake the office-work of the Commission;
(ခ) ကော်မရှင်၏ ကုန်ကျစရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျခံရမည်။
(b) bear the expenditures of the Commission in accordance with financial rules and regulations.
၁၀၀။ ဤဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-
100. In implementing this Law:
(က) ဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
(a) the Ministry may, with the approval of the Government, issue necessary rules, regulations, notifications, directives, orders and procedures;
(ခ) ကော်မရှင်သည် အမိန့််ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
(b) the Commission may issue orders, notifications, directives and procedures.
၁၀၁။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၂၁ ) နှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၃ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၈) တို့ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ရုပ်သိမ်းလိုက်သော်လည်း ယင်းဥပဒေအရ တည်ထောင်ထားရှိသည့် ကော်မရှင်သည် ဤဥပဒေအရ ဆက်ခံမည့် ကော်မရှင်အား တာဝန်ဝတ္တရားများ လွှဲအပ်ပေးသည့် နေ့အထိ လုပ်ငန်းများကို ဆောင်ရွက်ခွင့် ရှိစေရမည်။
101. The Foreign Investment Law (The Pyidaungsu Hluttaw Law No. 21/2012) and the Myanmar Citizens Investment Law (The Pyidaungsu Hluttaw Law No. 18/2013) are hereby repealed by this Law. Although the Foreign Investment Law is repealed, the Myanmar Investment Commission formed by that law shall have the power to perform its duties until the date that its duties and powers have been delegated to the Commission that will succeed under this Law.