မြန်မာတွေ စည်းကမ်းဖောက်

From Wikisource
Jump to navigation Jump to search
မြန်မာတွေ စည်းကမ်းဖောက်
by အချုပ်တန်း ဆရာဖေ

မြန်မာတွေစည်းကမ်းဖောက်လို့၊
ထီးနန်းပျောက်ဖြစ်ပြီ၊
မှီးကွန်းထောက် အသစ်မှီတယ်၊
ညစ်ပလီ လူမျိုး၊
မိပစ်လို့ ဖ ရှောင်သွေသည်၊
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။

မြန်မာများကြွားချင်၊
ဓားပြသွင် လူဆိုး၊
ကုလားမြင် သူ့အမေရိုးတော့မလို၊
ခုမြေလျှိုးပုန်းရှောင်၊
မိုက်ပနော် ပြုမဟေးတို့က၊
သူ့ပထွေးတော့ ခွေးသို့မဟောင်။

ပြောရောဟဲ့ရာဇဝင်ပြောင်အောင်၊
စာဇင်[1] တောင် ဦးချလို့၊
ပလူးရ ပြေးကြို့ခါခါ၊
ခွေးသို့ပမာ၊
တွေးမိတိုင်း အရိုးနာသည်၊
အမျိုးပါ ဆဲချင်ပေါ့လေး။ ။

ခက်ဆစ်[edit]

  1. စာဇင် - ဆာဂျင် [sergeant] တပ်ကြပ်ကြီး
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.