မျှော်တော်ယောင် ပတ်ပျိုးကလေး
Jump to navigation
Jump to search
ညဉ့်သုံးယာမ်ခါ၊ လေပြေလာ၊ ဧ ရွှေရင်မှာ။
လာနိုးမျှော်မိ၊ ဖြေမပျော်နိုင်ဘူး၊ ဘုန်းမယ့်ကိုယ်ထူး။
မဖူးသာ၊ လွမ်းတာက ပွား၊ ရှင်နတ်များ၊ အို-အို မ,ဘဲကို၊ ဆိုငို မှိုင်ရက်ကယ် ငေး။
သေလုပါပြီ၊ ကြွေလုပါပြီ၊ အို ... ဘာပြုမလာသေး၊ ဘုန်း သူနှင့်ဝေး။
လေးမယ့်ငယ်ကံ၊ ရေးမဘွယ် ဘန်သလေး။
အို ... ကြံကာ ပမ်းပါဘိ၊ လမ်း ဘယ်မမြင်။
ရွှေပင်လယ် ဆီးသည်သို့၊ နီး မယ် ... မထင်။
သုံးရွှေကြော့ရှင် ဘုန်း လာမမြင် သလေး။
(သဖြန်)
နှမလေး မယ့်သခင်၊ တင်ရန်က များ၊
လှိုင်းကြီးတဲ့ ရေ၊
မြကြောအဏ္ဏဝေသို့၊
မစုံရွှေ စကြာကွန့်တယ်၊ နန်းနေညွန့်ဘွား။
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago. |