မဲဇာတောင်ခြေ ဘောလယ်

From Wikisource
Jump to navigation Jump to search
မဲဇာတောင်ခြေ ဘောလယ်
by အမည်မသိ ရှေးစာဆို

မဲဇာတောင်ခြေ၊ စီးထွေထွေမြစ်ကယ်က၊
ငြီးငွေ့အောင်ဖြစ်စေဖို့၊ ခွေပတ်ရစ်လည်၊
စံတော်မြို့ ဘယ်သို့ဘယ်ဆီ၊
စံတော်မြို့ ဘယ်သို့ဘယ်ဆီ၊
မျော်ရီ ရမ်းတယ်လေး၊ မှန်းသိတတ်ပြီ။ ။

ကျက်သရေတက်နေ မဆုံးနိုင်ဘု၊ ကုန်းမော့မော့ဆီ၊
မြတ်ဘိုးတော်ထောင်တည်တဲ့၊ ရွှေစေတီကြီး၊
ဇမ္ဗူဆီမီးနဲ့ ကူကြီးသခင်၊
ရွှေလင်းပင်နှင့် ရွှေခြင်္သေ့ကိုလေး၊ တွေးဆလို့ရည်။ ။

သည်ဆီရွှေမြို့ကိုတဲ့ သည်သို့စေတီ၊
စိတ်ကသာရည်လို့၊ သည်ဆီရွှေနန်း၊
တယောင်ရမ်းပါလို့၊ မှန်းဆရောင်၊
မဲဇာဆိုရွှေလီချောင်က၊
မိုးဖြူရောင်ဝိုင်းတယ်လေး၊ သိုင်းအုံဖွဲ့နှောင်။
သဲသာသောင်မြေ၊ မြစ်ကမ်းခြေစွန်းဆီက၊
ရေယဉ်ပတ်ဝန်းပါလို့၊ တကျွန်းလောက်ထင်၊
တွေးဆဝေးလှလိုအင်၊
တမျော်ရမ်းတယ်လေး၊ မှန်းသိတတ်ပြီ။ ။

မဲဇာရပ်သူ၊ ဆုယူညွှန်းပါလို့၊
ညောင်ရေတော်သွန်းချိန်မို့၊ လွမ်းမျော်မိပြန်၊
ဆီးနှင်းပေါက်မိုးလောက်ပြင်းထန်၊
ရွာမယ်ဟန်တင်းတယ်လေး၊ ညင်းလေ ကပြန်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.