မဲဇာတောင်ခြေ ပတ်ပျိုး

From Wikisource
Jump to navigation Jump to search
မဲဇာတောင်ခြေ ပတ်ပျိုး
by စာရေးကြီး ဦးမောင်ကလေး

မဲဇာတောင်ခြေ။ စီးထွေထွေ။ ။ရစ်သန်းသီတာရေ။ ။
ပန်းမြိုင်ဗွေမှာလေ။ ။
ဆန်းထွေသည်က။ ရွှေပြည်တော်နန်းဆီသို့တ။ ။
ဘိုးတော်ပဝရ။ တော်ဇငဲ့ညွန့်လူ။
တည်ထားအဆူဆူ။ ။
ဇမ္ဗူဆီမီး ခြောက်ရောင်ရှင်။
ကူကြီးလေ ကူကြီးမြတ်ထွဋ်တင်။ ။
ရွှေလင်းပင်ခြင်္သေ့ဖျား။
ထွေထွေ လျှပ်နှယ်သား။ ။
သည်ကားစေတီ။ သည်ဆီရွှေနန်း။ ။ ရည်ရော်စိတ်ကမှန်း။ ။
နန်းရွှေပြည်ကွာဝေးလို့။
ဆွေးဗျာထုနှောင်။ ။
ပွဲခါညောင်ရေစင်သုံး။
မြတ်ဖျားကူတော်တောင်က။
ရီမှောင်လွန်ပိတ်ဖုံး။ ။
နှင်းငွေရည် အံ့မဆုံး။ မိုဃ်းပေါက်ကရှုံး။ ။
တိမ်တိမ်ခြေဖုံးပါလို့။ အုံးခြိမ့်ခြိမ့်မှောင်။ ။
တည့်မွန်းနေခြည်ဖြာမှ နွေးတယ်လေ။
ကွေးလုံတတ်ပေါင်။ ။
သဲသာသောင်မြေဝေးမှာ။ လွမ်းဘော်မဲ့ဆွေး။ ။
မြောက်လေပြေ ဆော်သွေးတယ်။
ချမ်းတုန်လို့ဧ။ ။

(သဖြန်)
လေသွေးရာချီ။ ရွှေဖီကမွှေး။ ။
ဝတ်ပန်းငုံခိုင်နှင့်။
မဲဇာမြိုင်-ဂနိုင်အုပ်မှာ။ ရွှေဘုတ်ကကြွေး။

  • ဂီတဝိသောဓနီမူ

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse