မဲဇာတောင်ခြေ တေးထပ်

From Wikisource
Jump to navigation Jump to search
မဲဇာတောင်ခြေ တေးထပ်
by အမည်မသိ ရှေးစာဆို

မဲဇာချောင်၊ နည်းဓလေ့ငယ်သို့၊
ဆီးထွေ့ထွေ့ရေယဉ်၊
ညီးငွေ့ငွေ့ နေမရွှင်တယ်၊
ရွှေဘဝင်မအေး၊
မှိုင်းညို့ညို့ နေရီညိုနေ၊
ရွှေပြည်ကိုတမ်းတ၍ဆွေး။ ။

ဘိုးတော်မြတ် တောင်းဆုမျော်သည်၊
ကောင်းမှုတော်ပကဲ၊
ကြောင်းဆုသော်အတွေးနဲ့၊
ဟိုရှေးကမြင်တယ်၊
သည်မှာနော် သိမ်ဘုရားရယ်လို့၊
ချိန်ဆ၍ ဖူးရတော့တယ်။
သို့ကလောက် ဝေးနယ်ခွင်မှာ၊
ဆွေးဘွယ်အင် ဗျာပါခတာမို့၊
ဌာနကိုပြန်ပို့စေ၊
စောလျက်သူနေ့အရေး၊
အမိနဲ့ကလေးတွေရယ်၊
မွေးဖေကိုမြင်စမ်းလှည့်လေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.