မဲဇာတောင်ခြေ ခွန်းထောက်

From Wikisource
Jump to navigation Jump to search
မဲဇာတောင်ခြေ ခွန်းထောက်
by ဦးအောင်ကြီး (အဝေးရောက်မင်း)

မဲဇာချောင် တောင်ခြေက လွမ်းပါရ
ပွဲခါညောင် ရေစင်သွန်းချိန်မို့
သဲသာသောင်မြေကျွန်းရယ်က ခွေပတ်လည် ။

ရော်လို့သာ ရမ်းပါရ
တမ်းတကာ တဖိုဖိုနှင့်
ပြည်ရွှေဘို အောင်ဌာနဆီသို့
မြတ်ဘိုးတော် စေတီယတို့ကို
ဦးချစိတ်ရည် ။

လေပြည်လာ တုန်ကာအေးတာမို့
နေခြည်ဖြာ ချုံလွှာနှင့်ထွေးပါရ
ဆွေးသပ ဖြေမတည်
ရေကြည်ကြည်ကျ သွင်သွင်မစဲ ။

ဆီးနှင်းငယ်ထန်
မိုးလောက်ပင် ပုံသဏ္ဌာန်မို့
မှုန်ပြာလျှံ တောင်ယံထဲမှာ
မှိုင်းရီလို့မဲ ။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.