မောင်းမတထောင် တေးထပ်
Jump to navigation
Jump to search
ကိုယ့်လင်ကိုယ်သာ ချစ်စေလို့၊
ထုံးအသစ် မထင်၊
လောဘနှင့်တောထချင်၊
ဒေါသဝင်စိတ်ထား၊
ဧကန္တ လမ်းမှန်ထင်၊
ကျမ်းဂန်တွင် ရှိကြရဲ့လား။
ယောက်ျားကို မျှစားဝေ၊
ကုသိုလ်တွေ အများ၊
သဘောဉာဏ် ယူသင့်သားနှင့်၊
ရန်စကား သူကြွယ်၊
အင်မတန် လင်မာန်ရောက်၊
ဆင်ရန်ပေါက် နင်းပြန်တော့တယ်။
ဝိဓူရ မတ်ဘုန်းကြွယ်ငယ်၊
အသိမ်းဝယ် မဆိုထားပါနှင့်၊
မယားကြီး တထောင်စံ၊
ကျမ်းထွက်အမှန်၊
မောင်လိုနုတဲ့ ပုထုဇန်ကို၊
မယ်ဆိုရန် ရှိဘူးကွဲ့လေး။ ။
![]() |
This work was published before January 1, 1928, and is in the public domain worldwide because the author died at least 100 years ago. |