မေတ္တာဘာဝနာ စီးဖြန်းခြင်း

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၉။ မေတ္တာဘာဝနာ စီးဖြန်းခြင်း
326922ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၉။ မေတ္တာဘာဝနာ စီးဖြန်းခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၉)

မေတ္တာဘာဝနာ စီးဖြန်းခြင်း

[edit]

ကျောင်းသူ လေး နိုနို

ကျောင်းသူလေး နိုနိုသည် ကျောင်းစာများကို ကောင်းစွာ မကျက်မှတ်နိုင်ပါ။ မကြာခဏလည်း မေ့နေတတ်သည်။ ထို့ကြောင့် သူ့အမေက သူ့ကို ဘုန်းကြီးကျောင်းသို့ ခေါ်သွားပြီး ဆရာ တော်ထံမှ အကြံဉာဏ် တောင်းပါသည်။

ဆရာတော်က အောက်ပါအတိုင်း အကြံပေးလိုက်သည်။ ဘုရားခန်းကို သန့်ရှင်းရေး လုပ်ပါ။ ပန်း၊ ဆီမီး၊ အမွှေးတိုင်များ ကပ်လှူပါ။ ငါးပါးသီလ ဆောက် တည်ပါ။ ဆယ်မိနစ်ခန့် တရားထိုင်ပါ။ တရားထိုင်ပြီးလျှင် “ငါသည် ကျန်းမာပါစေ။ ချမ်းသာပါစေ။ ငါ သည် အနာရောဂါကင်းပြီး ကျန်းမာချမ်းသာပါစေ။ ငါသည် ဘေးရန်ကင်းပြီး ကျန်းမာချမ်းသာပါစေ။ ငါသည် ကျန်းမာချမ်းသာစွာဖြင့် မိမိအကျိုး၊ သူတစ်ပါးအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ပါစေ”ဟု မိမိ ကိုယ်ကို မေတ္တာပွားများပါ။ ပြီးရင် မိဘ၊ ဆရာ၊ မိတ်ဆွေနဲ့ လူသားအားလုံးကို တစ်ဆင့်ပြီးတစ်ဆင့် မေတ္တာပွားများပါ။

ဆရာတော်သည် အထက်ပါအတိုင်း အကြံဉာဏ်များ ပေးလိုက်သည်။ ထို့အပြင် တရားထိုင်ပုံထိုင် နည်းများ၊ တရားထိုင်ခြင်း၏ အကျိုးတရားများကိုလည်း ရှင်းပြလိုက်သည်။ ယနေ့ခေတ်၌ အနောက် တိုင်းသားများပင် ဗုဒ္ဓမြတ်စွာ ညွှန်ပြခဲ့သည့်အတိုင်း တရားအားထုတ်နေကြကြောင်းကိုလည်း ပြောပြခဲ့ လေသည်။ နိုနိုလေးသည် ဆရာတော် အကြံပေးလိုက်သည့်အတိုင်း လိုက်နာအားထုတ်ရာ စိတ်တည် ငြိမ်လာပြီး ကျောင်းစာများကို အလွယ်တကူ လေ့လာမှတ်သားလာနိုင်သည်။ မိဘများနှင့် သူငယ်ချင်း များကလည်း နိုနိုလေးကို ပိုမိုချစ်ခင်လာကြလေသည်။

ဗြဟ္မစိုရ်တရားလေးပါး

[edit]

(၁) မေတ္တာ (ချစ်ခင်ကြင်နာစိတ်ရှိခြင်း)
(၂) ကရုဏာ (စာနာသနားခြင်း)
(၃) မုဒိတာ (သူတစ်ပါး၏ ပျော်ရွှင်မှုအပေါ် ဝမ်းသာကြည်နူးခြင်း)
(၄) ဥပေက္ခာ (မချစ်၊ မမုန်းဘဲ အသင့်အတင့် သဘောထားခြင်း)။