မုဒုလက္ခဏပျို့/အခန်း-၆

From Wikisource
Jump to navigation Jump to search
မုဒုလက္ခဏအတွက် ကိလေသာငန်းဖမ်းပုံအကြောင်း ပြောဆိုခန်း  (1751) 
by ရှင်လင်္ကာသာရ
ရှင်လင်္ကာသာရမှာ နောင် တွင်းသင်းမင်းကြီး ငထွန်းညို ဖြစ်လာသည်

မဟာရာဇ အညံ မေ အဖာသုကံ နတ္ထိ၊ ကိလေသဝသေန ပနမှိ ပဋိဗဒ္ဓစိတ္တော ဇာတောတိ၊ “ကဟံ ပဋိဗဒ္ဓံ တေ အယျ စိတ္တ” န္တိ၊ “မုဒုလက္ခဏာယ မဟာရာဇာ” တိ။

ရာဇုတ္တမ ကျော်ပေါက်ပြလျက် သင်္ဂဟခေါ်တွင် ဝတ်လေးအင်လည်း စုံလင်မြဲမြံ ကဲကဲလွန်ချက် တုတ်ခွန်အနက် မျိုးထွက်ထောက်လှမ်း မှုထမ်းရွက်ဆောင် လူမြားမြောင်ကို သိအောင်တပ်တပ် ကိုယ်တိုင်ကြပ်၍ နှိပ်အပ်သသူ မြှောက်ထိုက်လူအား အမူတန်ရာ ကျင့်တတ်စွာလျက် မုဒ္ဓါဘိသိတ္တ ဗာဟုစဟု တရာ့တစင်း ထိုထိုမင်း၏ ဦးကင်းထိပ်၌ တံခွန်စိုက်သည် ပြိုင်ထိုက်နှိုင်းရှား စောတရားကား ရွှေနားထောင်ယူ နာတော်မူလော့ ရှင်ဖြူနွဲ့နှောင်း ငါ့အကြောင်းမူ မင်းကောင်းမင်းထီး ရှင်မင်းကြီး၏ မငြီးရှုရှု ကြေးမုံပြုသည် မုဒုလက္ခဏ ရှင်မကျေးဇူး ပြတ်မိန်းမူးမျှ တလူးလည်းလည်း တညည်းတွားတွား ရူးရှစ်ပါးတွင် တပါးဝင်၍ စိတ်ပင်ကိုယ်ပန်း ညှိုးလျော်မြန်းလျက် ရဟန်းတို့နှင့် ခပ်မသင့်သည် ထောက်ချင့်မြှော်ဆ မဒ္ဒဝလျှင် ဗြဟ္မဗန္ဓု မောင်ရွယ်နုအား မိဖုရားလျှင် သနားကြည်ဖြူ ပေးသောဟူသို့ လှိုင်ကြူသီလ မာဒိသအား ရွှင်ပျနှလုံး ပြုံးခြင်းကားရှေး ငြိမ့်လေးနှုတ်ချို ဆိုခြင်းကားနှောင်း စကားကောင်းနှင့် စုံပေါင်းထွေကာ ကုမာရီက မီးနီရွန်းရွန်း ပြောင်မျှထွန်းသား တောင်နန်းစံသီး ရှုမငြီးကို မင်းကြီးလှူတော် မူတို့လော့ ။

တောင်းသူပေးသူ လူနှစ်ဦးတို့ မူးမူးလည်လည် ငိုသည်မည်ဟု တာရှည်တန့်ရပ် ထီးဖိနပ်ကြောင့် အာစပ်လှစ်ပြ ဝိဓူရတို့ မဟတို့ဖြစ် ဆယ့်နှစ်နှစ်စင် ကြာမောကျင်လည်း နန်းခွင်ရိပ်စက် မင်းခေါင်သက်တို့ ငဲ့ကွက်စေ့စေ့ မြော်မိ၍လျှင် ရစ်ဝေ့လေချောက် စေတီမှောက်တွင် စိုက်ဆောက်ထောင်လွှား တံခွန်လားသို့ တည်ကြားအံ့ငှါ မတတ်စွာ၍ ကလျာပြင်ထံ ကေရွှင်ဆံလည်း ညွန့်ကံကွေးကွေး ဆီမွှေးပျံပျူး ညံနူးနူးလျက် ဖြူးဖြူးသွယ်ပတ် လေပြေခတ်က တိမ်လတ်မိုးဝယ် လျှပ်စစ်နွယ်သို့ မျှရွယ်တူစင် နဖူးပြင်လည်း ရှင်ရှင်လျှံပြောင် မျက်မှောင်ညိုစိမ်း ပျို့ပျို့ရှိမ်းလျက် ခပ်သိမ်းအတိ ကျေးဇူးရှိသား ခဒိရင်္ဂါ ကုဏ္ဍလာတုံ မျက်နှာရွှင်စေ ကျက်သရေထူးခြား နှစ်ဖက်နားမှ ယိုစီးကျလျက် အလှမြေ့မြေ့ တနေ့သုံးဘန် ရှိတိုင်းလွန်မျှ နှိုင်းရန်မတူ တောင်နန်းသူကို လှူတော်မူပြီး မြတ်စောထီးသည် ဆုကြီးယူတော် မူတို့လော့ ။

မာတာပီတ စသည်များစွာ မပြောရာ၌ ကြောင်းခြာမြော်သိ ပညာရှိတို့ သတိမြဲချုပ် စိတ်တော်ရုပ်လျက် တိမ်မြုပ်ပေးနိုင် အပြီးတိုင်မှ စပ်ဆိုင်ဖွင့်လှစ် ပြောရဖြစ်သည် သစ်သစ်တံလေး မင်းကြီးမေးသော် အရေးတကွဲ မလွှဲစသာ ငါ့ခြင်းရာကား ဝိသာလက္ခ အဉ္ဇနနှင့် နှိုင်းဆတူတမ်း နှုတ်ခမ်းထွားမွတ် ကွမ်းမစွတ်လည်း တွတ်တွတ်လျှံမောင်း လက်ဆယ်ချောင်းတုံ ညွတ်ညောင်းသွယ်ဖြာ ချိန်ရည်ဝါသို့ နစ္စာဂီတ ဝါဒိစသည် ရပ်မတိုင်းသီး ပြည်ကြီးသူလေ့ ပျော်မွေ့သာရွှင် သဘင်ညီလာ စံယှဉ်ရာ၌ လိမ္မာတို့ဘိ သီရိစံတုန်း အင်နတ်နှုန်းကြောင့် ရှုန်းရှုန်းဝိညာဉ် ဖိတ်စဉ်ယွင်းကွက် သက်ကားမယ့်မှာ ငါကားသည်က အာသီသဖြင့် ဝမ်းကကြင်မိ မျိုးဘုန်းရှိကို မင်ကြီ့နှလုံး ညွတ်ပြုံးကြည်ဖြူ လှူတော်မူမှ ဆုယူကြံစည် ပညာရည်၍ နတ်ပြည်ချူတော် မူတို့လော့ ။