မုခ်ဂူဘုရား ကျောက်စာ

From Wikisource
Jump to navigation Jump to search
မုခ်ဂူဘုရားကျောက်စာ  (သက္ကရာဇ် ၆၁၁) 
by ဇေယျပိကြံ

(မျက်နှာဘက်)
“။ ၀ ။ သကရာစ် ၅၉၀။ ဖ္လဂိုန်နှာစ် ကုဆုန်လဆုတ် ၅ရျာက် ပုတ္တဟူနိယ်အာ ဖိယောင်သာငာင(ယ်) မင်ကြာ ဧအ် အတိုဝ်
ကျွန်(ဖ)ကြီကာ အတိုဝ်ကျွန်ဖကိုဝ်ပိယ်၏ အတိုဝ်ကျွန် ကိုဝ်ကာ အတိုဝ်ကျွန်ဖပိယ်တုံ၏ အတိုဝ်ကျွန် ထုယ်တာဝ် လိုဝ်ခ္လျင်၏ဟူရာ
ကာ ကံဖာမိ ထုယ်တာဝ်ခ္လလတ်၏ ကွန်သယာ အရှိယ်နှိုက်အာဆင်၏ သာင်ဖုံမပိတရစ် ၁ယောက်။ ကွရာစ် ၁ယောက်။ အနန္ဒပတိယ်
။ ဤယ်သင်ဖုံမ ၃ယောက်မိယ်၏ မိယ်သော သင်ဖိယောင် မိရီဆိုဝ်၏ ငာအသက်၂ဝမ္လတ်က ငာလင် သိယ်သောသည္ကကာ ငာလင်
ကျွန်တေ ငာစိယ်စာ၏ ငာလင်လယ်တေ ငာစာ၏ အနူရာထာဟူလတ်တုံ၏ ငာဖကိုဝ် ငာဖကြီပိယ်သော သည်လေ ငာအရီသိ
၏ နာဂါရစ်မိယာကိုဝ် သက်သိယ်မူလိယ်၏ သက်သိယ်ကိုဝ် သင်ဖုံမ၄ယောက် ချင်သုကောင်မိယ်လိယ်ရာကာ သင်ဖိယောင်နှာမ
ဟူလတ်၏ ငာမောင်လတ်လေ ငာတင်ထက်လျှင်တေ အသက်ပြတ်၏ ငာမောင်လတ်ကိုဝ်လေ ငာတေ မိယာ ပိယ်စာ၏ ငာ။
မောင်ထုယ်သိယ်ခံမူလေ ငာကိုဝ်မိယ်ခရကာ ငာမောင် လတ် နင်ကိုဝ်ပိယ်သကာ ငာမကြာ မပိယ်ခတုကာ။ ငာမိရိ ငာတူကို
ဝ် ဇေယျသင်ကြံသ္မိကိုဝ် ပိယ်စသော ငာတူကိုဝ် ငာမိရီပိယ် သကာ ငာကြာဧအ်။ ငာတူသိယ်ခပြိ၏ ဇေယျပိကြံ လါင်မိ
၁၀ယျာကိုဝ် ရာဇာသင်ကြံမှောက်အာ မိရီပိယ်ခတုံသကာ ငာကြာတုံ၏ ထိုဝ်သိုဝ်ဟူသောစကာကိုဝ် ကြာရာကာ ပိတရစ် ၁
၁၁ကွရာစ် ၁။ အနန္ဒပတိယ် ၁။ ကံဖာမီ ၁။ ဤယ်သင်ဖုံမ ၄ယောက် မင်လျှင်ကြာပ္လန်လိယ်၏ ကြာပ္လန်လိယ်ရာ
၁၂ကာ ဖိယောင်သာငာငယ်နှင် ရာဇာသင်ကြံငီ ဆင်ကြသော တြျာ ရာဇာသင်ကြံငီကိုဝ်ကာ ပိယ်သောကျွန် သိခင်
၁၃ဖိယောင်မိရိဟိယ်၏ ဖိယောင်သာ ငာငယ်ကိုဝ်ကာ အရီ သက်သိယ်ဟီယ်၏ကာဟူ၏ အရီကာ အယင်ငာငယ်
၁၄ကိုဝ် ပိယ်သကာ မကြာဟူမိန်၏ ပုရှာရှင်ဟူ၏ ထိုဝ်သိုဝ် ဟူမူကာ နာင်တိုဝ်ဓမ္မသာတ်ရှုယ်ရူယ်ဆင် သင်
၁၅ဖုမ၄ယောက် ဆင်ပိရကာ ရာဇာသင်ကြံငီ ဇေယျပိကြံကာ တြျာဩင်၏ ဖီယောင်သာငာငယ်နှင် သင်ပုတ်သည်
၁၆အတ်မ ငိမခပင်ကာ တြျာယှုံခ၏ အမတ်တကာ တန်ဆိပ်ပါတည်သာနှိုက်တောင်ရုယ် တန်ဆိပ်တပ်ပိယ် ၏ ရာဇာ
၁၇သင်ကြံငီ ဇေယျပိကြံလင်(မိ)ယာကာ တြျာကျွန်ခပင် လယ်ခပင် နိုင်သောဟုတ္တာ ဖိယောင်သာငာငယ်နှင် သံပုတ်
၁၈သည် အစ်မငီမခပင်ကာ တြျာယှုံကြသောဟုတ္တာ။”

[သက္ကရာဇ် ၅၉ဝ ဖလဂုနီနှစ်၊ ကဆုန်လဆုတ် ၅ရက်၊ ဗုဒ္ဓဟူးနေ့အား ဖိယောင်သားငငယ် မင်းကြား၏။ “အတို့ ကျွန်ဘကြီးကား အတို့ကျွန်ဖကိုပေး၏။ အတို့ကျွန်ကို ကား အတို့ကျွန်ဖ ပေးတုံ၏။ အတို့ကျွန်တွေတော် လိုချင်၏” ဟူရကား ကံဖာမိ ထွေတော်ချလတ်၏။ ကွန်းသာယာအရှေ့၌အား ဆင်၏။ သင်ဖမပိတရစ် ၁ ယောက်၊ ကဝရာဇ် ၁ယောက်၊ အနန္တပတေ့ ဤ သင်ဖမ ၃ယောက်မေး၏။ မေးသော် သင်ဖိယောင် မရီးဆို၏။ “ငါအသက်၂ဝမြတ်က ငါ့လင်သေသော သည်ကား ငါ့လင်ကျွန်တည်း ငါစေစား၏။ ငါ့လင် လယ်တည်း ငါစား၏။” အနော်ရထာ ဟူလတ်တုံ၏ “ငါ့ဖကို ငါ့ဘကြီးပေးသောသည်လည်း ငါ့အရီးသိ၏။” နာဂရာဇ်မယားကို သက်သေမူလေ၏။ သက်သေကို သင်ဖမ ၄ယောက် ချင်းသူကောင်းမေးလေရကား သင် ဖိယောင်နှမဟူလတ်၏။ “ငါ့ မောင်လတ်လည်း ငါ့တင် ထက်လျှင်တည်း အသက်ပြတ်၏။ ငါ့မောင်လတ်ကို လည်း ငါတည်း မယားပေးစား၏။ ငါ့မောင်ထွေး သေခံ့မူးလည်း ငါ့ကိုမေးခရကား ငါ့မောင်လတ် နင့်ကို ပေးသကား ငါမကြား၊ မပေးခတုံကား။ ငါ့မရီး ငါ့တူကို ဇေယျသင်္ကြံသမီးကို ပေးစားသော် ငါ့တူကို ငါ့မရီး ပေးသကား ငါကြား၏။ ငါ့တူသေခပြီး၏။ ဇေယျပ်ကြံ လင်မယားကို ရာဇသင်္ကြံမှောက်အား မရီးပေးခတုံ သကား ငါကြားတုံ၏။” ထိုသို့ဟူသော စကားကို ကြားရာကား ပိတရာဇ် ၁၊ ကဝရာဇ် ၁၊ အနန္တပတေ့ ၁၊ ကံဖာမိ ၁ ဤသင်ဖမ ၄ယောက် မင်းလျှင် ကြား ပြန်လေ၏။ ကြားပြန်လေရကား “ဖိယောင်သား ငငယ် နှင့် ရာဇသင်္ကြံညီ ဆင်ကြသောတရား ရာဇသင်္ကြံညီကို ကား ပေးသောကျွန် သခင်ဖိယောင် မရီးရှိ၏။ ဖိယောင် သားငငယ်ကိုကား အရီးသက်သေရှိ၏ကား ဟူ၏။ အရီးကား ယင်းငငယ်ကိုပေးသကား မကြားဟု မိန့်၏။” ဘုရားရှင်ဟူ၏ “ထိုသို့ဟူမူကား နင်တို့ဓမ္မသတ်ရှု၍ ဆင်”။ သင်ဖမ ၄ယောက် ဆင်ပေရကား ရာဇသင်္ကြံညီ ဇေယျပ်ကြံကား တရားအောင်၏။ ဖိယောင်သား ငငယ်နှင့် သင်ပုတ်သည် အစ်မညီမခပင်းကား တရား ရှုံးခ၏။ အမတ်တကာ တံဆိပ်ပဒေသာ၌တောင်း၍ တံဆိပ်တပ်ပေး၏။ ရာဇသင်္ကြံညီ ဇေယျပ်ကြံလင်မယား ကား တရားကျွန်ခပင်း၊ လယ်ခပင်းနိုင်သော ဟုတ်တာ။ ဖိယောင်သားငငယ်နှင့် သင်ပုတ်သည် အစ်မညီမခပင်း ကား တရားရှုံးကြသော ဟုတ်တာ။]

 (ကျောဘက်)
၁၊၂၊၁၂၇၊၁။
၁၉...“မိယာကာ
၂၀ဖိယောင်သာနှင်တူမ ပိယ်စသော ပိယ်တုံ၏။ ဖိယောင်သာ သိယ်ခတုံရကာ။
၂၁ဇေယျပိကြံနှင် ဇေယျမိယာ မ္လိယ်မိယ္မ်ကိုဝ် ပိယ်တုံ၏။ ဇေယျပိကြံလင်မိယာ
၂၂ကာ ကျွန် လယ် ကန် ရျာခပင် ပုရှာလှူခတုံ၏။ ။ ဤယ်ပုရှာကျွန် ပုရှာလဲ ပုရှာဥိယန် ပုရှာကွံ
၂၃ဥိမ်ကာ ပုရှာ တြျာ သင်္ဃာ ရတဏာသုံပါ အလိုဝ်ရစိယ် တေ။ သူတဗုဒ္ဓိပဏ္ဍိုဍ်လက်ထက်လျှင် က္လောက်
၂၄ငာဆောက်သတေ။”

[မယားကား ဖိယောင်သားနှင့်တူမ ပေးစားသော ပေးတုံ ၏။ ဖိယောင်သား သေခတုံရကား ဇေယျပ်ကြံနှင့် ဇေယျမယား မြေးမိန်းမကိုပေးတုံ၏။ ဇေယျပ်ကြံ လင်မယားကား ကျွန်၊ လယ်၊ ကန်၊ ယာ ခပင်း ဘုရားလှူခတုံ၏။ ဤဘုရားကျွန်၊ ဘုရားလယ်၊ ဘုရားဥယျာဉ်၊ ဘုရားကွမ်းအုံကား ဘုရား တရား သံဃာ ရတနာသုံးပါး အလိုရစေတည်း။ သုတဗုဒ္ဓိပဏ္ဍိတ် လက်ထက်လျှင် ကျောက်ငါဆောက်သတည်း။]

၁၊၂၊၁၂၇၊၂။
၂၆“အနှစ်လင်မိယာကာ လူဖ္လစ်ကာ လူစည်စိ
၂၇မ် နတ်ဖ္လစ်ကာ နတ်စည်စိမ်လျှင် ရလိုဝ်သတေ။ အဆုံကာ ရံမက်၁၅ဝဝမှကင်ရုယ် သစ္စာတြျာ
၂၈၄ပါပွင်သော သဗ္ဗညုတည်ညန်ပြညာရရုယ် ပုရှာလျှင် ဖ္လစ်လိုဝ်သတေ။”

[အနှစ်လင်မယားကား လူဖြစ်ကား လူစည်းစိမ်၊ နတ် ဖြစ်ကား နတ်စည်းစိမ်လျှင် ရလိုသတည်း။ အဆုံးကား ရမ္မက် ၁၅ဝဝမှကင်း၍ သစ္စာတရား၄ပါး ပွင့်သော သဗ္ဗညုတဉာဏ်ပညာရ၍ ဘုရားလျှင် ဖြစ်လိုသတည်း။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse