မိုးကမ္မဝါစာတမ်း/သတိပြုရန်

From Wikisource
Jump to navigation Jump to search
မိုးကမ္မဝါစာတမ်း by လယ်တီဆရာတော်

သတိပြုရန်

ရောဂါဆိုး, အနာဆိုး, ကပ်ဥပဒ်မျိုးတို့ကို ပျောက်ငြိမ်း စေတတ်သော ပဗ္ဗာဇနီယကမ္မဝါစာကြီးပေတည်း၊ ရောဂါဆိုး, အနာဆိုး သည် ကား- ပုလိပ်ဖျားရောဂါမျိုး, တုပ်ကွေးဖျားရောဂါမျိုး, ကာလဝမ်း ရောဂါမျိုး, ကျောက်ဆိုး, ဝက်သက်ဆိုး ရောဂါမျိုးများပေတည်း၊ မြို့ရွာတို့၌ ထိုရောဂါဆိုးများ ကျရောက်ခဲ့သော် လူသန်လူမြန်တို့ကို အသင်းပေါင်း ၂-သင်း၊ ၃-သင်းဖွဲ့ရမည်။

တစ်သင်းလျှင် လူနှစ်ကျိပ်ထက် မနည်းစေရ၊ မြို့လမ်းမ, ရွာလမ်းမ တို့၌ မတ်တတ်လျှောက်သွား၍ တစ်ယောက်က စာကိုကြည့် လျက် တိုင်ရမည်၊ အများတို့က တညီတညာတည်း ကျယ်စွာသော အသံတို့ဖြင့် လိုက်၍ ဆိုကြရမည်။

ရဟန်းဖြစ်သူ တိုင်လျှင် သာ၍ကောင်း၏၊ နေ့ချင်း, ညချင်း ပျောက်ငြိမ်းလိမ့်မည်၊ နွားခြံ, ကျွဲခြံတို့၌ နွားနာဆိုး, ကျွဲနာဆိုး ကျ ရောက်ခဲ့သော် နွားခြံ, ကျွဲခြံတွင်းသို့ဝင်၍ ဖတ်ရမည်၊ ကျောင်းတို့၌ လည်းကောင်း, အိမ်တို့၌လည်းကောင်း အခြောက်အခြိမ်းရှိနေခဲ့သော် ထိုကျောင်း ထိုအိမ်အတွင်း၌ ဖတ်ရမည်။

ဒုတိယ, တတိယ ကမ္မဝါစာတို့၌ ပေယျာလ၊ ထိုး၍ ရေးလိုက် သည်၊ ပေယျာလကိုတွေ့လျှင် ပဌမ ၁-ဂဏန်းအတိုင်း အကျယ်ထုတ် ဖော်၍ ဖတ်ရမည်။

အန္တရာယ်ကင်း ကမ္မဝါစာ ပြီး၏၊

------------

ဤတွင်ရွေ့ကား မိုးကမ္မဝါစာ စာတမ်း,

အန္တရာယ်ကင်း ကမ္မဝါစာကျမ်း ပြီးပြီ။