မိဖုရားဖွားစော ကျောက်စာ

From Wikisource
Jump to navigation Jump to search
မိဖုရားဖွားစောကျောက်စာ  (1272) 
by မိဖုရားဖွားစော

သက္ကရာစ် ၆၃၃ ခု အာသိန်နှစ် တန်ဆောင်မုန်းလပြည့် စနေနေ့။ သခင်ဖွားစော ကထိန်ပေးတော်မူသော တကြိုက် လှူတော်မူတုံသော ကျွန်မ လိုက်ကတျင် ဥယျာဉ်သည် နှစ်ကျိပ်ကိုးယောက်။ လယ်မြေသုံးရာ၊ ဥယျာဉ်တစ်ခု လှူတော်မူတုံ၏။ ကျောင်းတော်နှိုက် အခမ်းအနား ဖြစ်စိမ့်သောငှါ လှည်းလှေစေ လှည်းနားထက် အပ်တွာတစ်စင်း လှူတော်မူတုံ၏။ နွာလည်းလှူ၏။ ဆိတ်လည်းလှူ၏။ သက္ကရာစ် ၆၁၄ ခု ဖလကိုန်နှစ် တပေါင်းလဆုတ်ရှစ်ရက် ကြာသပတေးနေ့။ ပေးတော်မူသော ကျွန်မ လိုက်ကတျင် ဥယျာဉ်သည် နှစ်ကျိပ်ကိုးယောက်၊ လယ်မြေသုံးရာ၊ ဥယျာဉ်တစ်ခု၊ အင်စရကျွန် တစ်ရာ့နှစ်ကျိပ် ခုနှစ်ယောက်။ ဥယျာဉ် ကူလာကျွန် တစ်ရာ့သုံးကျိပ်ယောက်။ မဟာသမန်ကို မှူးလာ၍ ပေးတော်မူစေလသတည်း။ သားဥစ္စနာမင်ကြီး ပေးသတည်း။ သခင်ဖွားစော ဘုရား၊ တရား၊ သင်္ဃာ ရတနာသုံပါးကို လှူသောအလှူတည်း။

ဤသို့အတုမဲ့လျှင် ငါပြုသောကျောင်းတော်၌ ငါမူသောကောင်းမှု ခပ်သိမ်းသောကို အခါမြင့်မြဲ ပြုသောဖာသောမူစိမ့်သောငှာ၊ တန်လင်းလှည်းစိမ့် သောငှာ၊ ဘုရား၊ တရား၊ သင်ပုတ်၊ ကွမ်း၊ ပန်းမပြတ် ဝတ်လုပ်ကျွေးတင်စိမ့်သောငှာ၊ ဆီမီးမပြတ် ညှိစိမ့်သောငှာ၊ သည်းခံသောသခင်တို့ကို ဆွမ်းပစ္စည်းဖြင့် လုပ်ကျွေးစိမ့်သောငှာ ကျွန်လည်း ငါလှူ၏။ နို့သစ်၊ နို့ထမ်း၊ ရက်တက်၊ ထောပေး၊ ထောပတ်အရသာ ငါးပါးစားစိမ့်သောငှာ နွားလည်းငါလှူ၏။ ဤသို့လျှင် ငါပြုသောကောင်းမှုအကျိုးကား ရေမြေခပ်သိမ်းသောသခင်ဖြစ်ထသော မြတ်စွာသော ငါ့လင်သခင်မင်းကြီး၊ ငါ့သားမင်းကြီး၊ ငါ့မြေးမင်းကြီး၊ ဤမင်းကြီးသုံးယောက်စသော နောင်လာလတ်အံ့သော မင်းခပ်သိမ်းလည်း ငါ့အတူရစေသတည်း။ မင်းသား၊ မင်းသမီး၊ မိဖုရားစသော မောင်းမခပ်သိမ်း၊ အမတ်စသော ဗိုလ်ပါခပ်သိမ်း၊ အောက်အဝီစိစသော အထက်ဘဝဂ်တိုင်အောင် အတို့ စကြဝဠာ၌နေသော သိကြား၊ ဗြဟ္မာ၊ စတုလောကပါလနတ်မင်း စသော နတ်ခပ်သိမ်း၊ တတော ယမမင်း၊ လူစသော သတ္တဝါခပ်သိမ်းလည်းငါ့ကောင်းမှုအဖို့ ရစေကုန်၏။ သံသရာဆင်းရဲမှ ထွက်မြောက်၍ ဆင်းရဲမဲ့သော နိဗ္ဗာန်ပြည်သို့ ရောက်စေကုန်၏။ ဤသို့ကြီးစွာလျှင် ငါမူသော ကောင်းမှုအကျိုးဖြင့် နိဗ္ဗာန်မရောက်သောကြား လူဖြစ်သော်ကား လူတကာထက် မြတ်သော စည်းစိမ်ချမ်းသာ ငါရလို၏။ နတ်ဖြစ်သော်လည်း နတ်တကာထက်မြတ်သော၊ နိုင်ငံသောအဆင်း၊ အရောင်အဝါနှင့် ပြည့်စုံ၍ အထူးသဖြင့်လျှင် အသက်ရှည်သော၊ အနာမဲ့သော၊ အဆင်းလှသော၊ အသံသာသော၊ အလုံးအရပ်လှသော၊ လူနတ်ခပ်သိမ်း၊ ချစ်ခင်ရိုသေသော၊ မြတ်နိုးသော ငါဖြစ်လို၏။ ရွှေ၊ ငွေ၊ ပတ္တမြား၊ ပုလဲ၊ သန္တာကစသော အသက်မဲ့သောဥစ္စာ၊ အသက်ရှိသော ဆင်၊ မြင်းကစသော ဥစ္စာရတနာများစွာသော ငါဖြစ်လို၏။ ဘုန်းတန်ခိုးဖြင့် အနိုင်အငံအခြံအရံ အကျော်အစောကြီးစွာသော ငါဖြစ်လို၏။ ဖြစ်လေရာရာအရပ်၌ အလှူသီတင်း၊ သဒ္ဓါ၊ ပညာကစသော မြတ်သောကျေးဇူးနှင့် ပြည့်စုံလျက် ဆင်းရဲအမှတ်မသိလို။ လူစည်းစိမ်၊ နတ်စည်းစိမ်ခံစားပြီး၍ အဆုံး၌ကား အရဟတ္တဖိုလ်မည်သော မြတ်သောအကျွတ်တရားပွင့်လတ်၍ ငြိမ်သိမ်စွာသော နိဗ္ဗာန်ချမ်းသာ ငါရလို၏။

ဤငါလှူသော လယ်မြေ၊ ဥယျာဉ်။ ကျွန်၊ နွား၊ ဥစ္စာခပ်သိမ်းကား စင်သောတည်း။ နောင်အခါနှိုက် အချင်းများအံ့သော မစင်သော ဥစ္စာကား မပါ။ ဤငါ့အလှူခပ်သိမ်းကို ဖျက်ဆီးသော၊ လုယက်စားသော သူတို့ကား ဤလူ့တွင်လျှင်၊ ခုနစ်ရက်တွင်လျှင် ခုနစ်ရက်လွတ်မူကား၊ ခုနစ်လတွင်လျှင် ခုနစ်လတည်းလွတ်မူကား၊ ခုနစ်နှစ်တွင်လျှင် အနာများသောဖြစ်စေ။ ဆင်းရဲကြီးစွာဖြစ်စေ။ အသတ်တိုသောဖြစ်စေ။ လူတွင်လည်း လူပြိတ္တာဖြစ်စေ။ ချစ်သောမယား၊ ချစ်သောလင်နှင့် ကွေကင်းသောဖြစ်စေ။ ဥစ္စာစည်းစိမ်ချမ်းသာခပင်း အကြွင်းမဲ့လျှင် ပျက်စီးပြုန်းတီးစေသတည်း။ မင်းကြီးဘေးသင့်စေ။ အိမ်မိုးကြိုးပုဆိန်ကျစေ။ ရေဘေး၊ မီးဘေးကစသော ဘေးကြီးသင့်စေ။ သေသော်လည်း ညောင်ဦးစသော အောက်ပစ္စယ တိုင်အောင်သော မြေပုံအားလုံးတိုင်လျှင် မြေအထဲ အဝီစိငရဲလျှင် ကျက်လေစေသတည်း။ အဝီစိမှကား ငရဲကြီးရှစ်ထပ် ငရဲငယ်တဆယ့်ခြောက်ထပ်သို့ ကျက်လေစေသတည်း။ ငရဲမှကားပြိတ္တာသို့ ပြိတ္တာမှကားငရဲသို့ လူ့ရွာနှစ်ဆက်မပြန် အတိုင်းမသိ ဆင်းရဲကြီးလျှင် ခံစေသတည်း။

ဤငါလှူသော အလှူကိုဝ် နောင်အခါနှိုက် ဖုန်းတန်ခိုးကြီးသော သဒ္ဓါအားနှင့်ပြည့်စုံ၍ အရွေအရံ ယူရစ်ပေးသော သူတို့ကား ဤငါပြုသော ကောင်းမှုအကျိုး ငါနှင့်ထပ်တူ ရစေသတည်း။ ဤလူ့တွင်လည်း အနာမရှည်သောဖြစ်၍ အသက်ရှည်စွာ နေရစေ၏။ ဆင်းရဲခပ်သိမ်းပျောက်သော ဖြစ်၍ ခပ်သိမ်းသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသော ဖြစ်စေ၏။ ဘေးအန္တရာယ်ကစသော သတ္တုခပ်သိမ်း ပျောက်သောဖြစ်၍ နှစ်လုံးချမ်းသာ၊ ကိုယ်ချမ်းသာရသော ဖြစ်စေ၏။ အတည်မဲ့သောတရားဖြစ်သောရှိလည်း သံသရာဆင်းရဲအမှတ် နှစ်ဆက်မသိမူ၍ လူ့စည်းစိမ်၊ နတ်စည်းစိမ် ခံရစေ၏။ ချမ်းသာခပ်သိမ်း ခံစားပြီး၍အဆုံးကား မိမိလိုရာတောင်းသောဆုကို ရသောဖြစ်၍ ဘုရား၊ ပစ္စေကဗုဒ္ဓါ တပည့်သားတို့၏ ဝင်ရာဖြစ်သောနိဗ္ဗာန်သို့ ဝင်ရစေကုန်သတည်း။

သက္ကရာစ် ၆၃၃ ခု အာသိန်နှစ် တန်ခူးလဆန်း ဆယ်ရက် သောကြာနေ့၊ မြတ်စွာသော သခင်ဖွားစော အလှူစာရင်း။ ကွန်းပြောက်ကြီး ထွက်တော်မူသော မင်းကြီးပြု၍ အမူကွန်းတင်၏။ သံဗျောင်ကြီး စတုရင်ကသူ ထွေးတော် သရေ အိန္ဒဗိုလ်၊ သရေ အိန္ဒြပတေ့၊ အဂ္ဂပစ္စည်း သားတို့ကို ချ၏။ သစ်တလားတွင် ထည့်၏။ ရွှေပေ ရှစ်ချပ်၊ ရွှေခြည်ဖွဲ့၏။ သစ်ကျွမ်းဆေးရေတည်း။ သက္ကရာဇ် ၆၃၄ ခု ကြာတိုက်နှစ် ကဆုန်လဆန်း တစ်ဆယ့်နှစ်ရက် သောကြာနေ့။ တက်နေ့သုံးဖျာ အခါနှိုက်လျှင် မြတ်စွာသော သခင်ဖွားစော မိန့်တော်မူ၏။ ငါလှူသောစာရင်းတိုင်းအလုံးကား မြတ်ကြီးစွာကိုလျှင်ငါနှင့်၏ မြတ်ကြီးစွာလျှင် စိုးစေသတည်း။ ကျီကြအလုံးလည်း မြတ်ကြီးစွာလျှင် စိုးစေသတည်းဟု တံဆိပ်သံကောက် မြတ်ကြီးစွာလက်တွင်လျှင်နှင်၍ တကြိုက်ရေစင်တော်ချ၍ လှူတော်မူလေသတည်း။ သက္ကရာဇ် ၆၃၄ ခု ကြာတိုက်နှစ် နံယုန်လဆုတ်း နှစ်ရက် ကြာသပတေးနေ့။ ကွန်းသယာ ထွက်တော်မူသော မဟာသမန်ကို မဟာသက်ထိတ် ထွေးတော်ချလတ်သော သခင်ဖွားစောကြားစေ၍ သခင်ဖွားစောချင်းဝတ္ထုပစ္စည်း ညီအစ်ကိုနှစ်ယောက် မှောက်တော်ကြား၏။ မြတ်စွာသော သခင်ဖွားစော ဘုရား၊ တရား၊ သင်္ဃာ ရတနာသုံပါးကို လှူသော ကျွန်၊ လယ်၊ ဥယျာဉ်တို့ကို တိုင်းကာထိ၏ ဆင်ခြင်တော်မမူရကား နောက်ပျက်ခံသောဟု မှောက်တော်ကြားရကား စားမြောင်ကာ လုပ်ပါစေ။ တိုင်းကာခပ်သိမ်းအားလွတ်စေဟု မိန့်တော်မူ၏။

မူလအရေးအသား[edit]

၁ ။ ။ သကရစ် ၆၃၃ ခု အာသိန်နှစ် တန်ဆောင်မှုန်လပ္လည် . . ယ်
  1. ။ ။ သကရစ် ၆၃၃ ခု အာသိန်နှစ် တန်ဆောင်မှုန်လပ္လည် စနိယ်နိယ်အာ။ သ္ခိင်ဖွါဇဝ် ကထိန်ပိယ်တာဝ်မူသော။ တကြိုက် လှူတာဝ်မူတုံသော။ ကျွန်မ လိုက်ကတျင် ဥ
  2. ယန်သည် နှစ်ကိပ်ကိုဝ်ယောက်။ လယ်မ္လိယ် သုံရျာ။ ဥယန်တခု။ လှူတာဝ်မူတုံဧအ်။ က္လောင်တာဝ်နှိုက် အခံအနာ ဖ္လစ်စိမ်သောငှါ လှိယ်စိယ် လှိယ်နာထက်အပ်တွာ တ
  3. စင် လှူတာဝ်မူတုံဧအ်။ နွာလေ လှူဧအ်။ ဆိတ်လေ လှူဧအ်။ ။ သကရစ် ၆၁၄ ခု ဖ္လဂိုန်နှစ် တပေါင်လဆုတ် ယှတ်ရျက် ကြာသပတိယ်နိယ်အာ။ ပိယ်
  4. တာဝ်မူသော။ ကျွန်မလိုက်ကတျင် ဥယန်သည် နှစ်ကိပ်ကိုဝ်ယောက်။ လယ်မ္လိယ် သုံရျာ။ ဥယန် တခု။ အင်စရကျွန် တရျာနှစ်ကိပ် ခုနှစ်ယောက်။ ဥန်ရ
  5. င် ကူလာကျွန် တရျာသုံကိပ်သုံယောက်။ မဟာသမန်ကိုဝ် မှူလာရုယ် ပိယ်တာဝ်မူစိယ်လှာသတေ။ သာ ဥတ်စနာမင်ကြီ ပိယ်သတေ။ သ္ခိင်ဖွါဇဝ် ပုရှာ
  6. တျြာ သင်္ဃာ ရတနာသုံပါကိုဝ် လှူသော အလှူတေ။ ။ ဤသိုဝ် အတုမယ်လျှင် ငါပ္လုသောက္လောင်တာဝ်နှိုက်။ ငါမူသော ကောင်မှုခပ်သိမ်သောကိုဝ်။ အ
  7. ခါမ္လင်မ္လင် တည်စိမ်သောငှါ။ မ္လိယ် မဟာဒါန် ဥယန်။ ငါလှူဧအ်။ ငါပ္လုသော ကောင်မှုခပ်သိမ်သောကိုဝ် အခါမ္လင်မ္လယ်။ ပ္လုသော။ ဖါသော။ မူစိမ်
  8. သောငှါ။ တန်လင် လှည်စိမ်သောငှါ။ ပုရှာတျြာနှိုက် သံပုတ် ကွံ ပန် မပြတ်ဝတ် လှပ်က္လွည်တင်စိမ်သောငှါ။ ဆီမီ မပြတ်ငှိစိမ်သောငှါ။ သည်ခံ
  9. သော သ္ခိင်တိုဝ်ကိုဝ်။ ဆွံပစ္စည်ဖ္လင် လုပ်က္လွည်စိမ်သောငှါ။ ကျွန်လေ ငါလှူဧအ်။ နိုဝ်သစ် နိုဝ်ထံမ် ရျက်တက် ထဝ်ပိယ် ထဝ်ပတ် အရသာ ငါပါ စာစိ
  10. မ်သောငှါ။ နွာလေ ငါလှူဧအ်။ ဤသိုဝ်လျှင် ငါပ္လုသော ကောင်မှု အက္လိုဝ်ကာ။ ရိယ်မ္လိယ်ခပ်သိမ်သော အသ္ခိင်ဖ္လစ်ထသော မ္လတ်စွာသော ငါလင်သ္ခိင်
  11. မင်ကြီ။ ငါသာ မင်ကြီ။ ငါမ္လိယ် မင်ကြီ။ ဤမင်ကြီ သုံယောက်စသော နောင်လာလတ်အံသော မင်ခပ်သိမ်လေ ငါအူရစိယ်သတေ။ မင်
  12. သာ မင်သမီ။ အမိပုရှာ စသော မောင်မခပ်သိမ်။ အမတျာ စသော ဗိုလ်ပါခပ်သိမ်။ ဩက်အဝစိယ် စသော အထက်ဖဝက်တိုင်ဩင်။ အတိုဝ်
  13. စကြဝလာ စသော စက္ကြဝလာနှိုက် နိယ်သော သကြာ ဗြုဟ္မာ စတုလောကပါလာနတ်မင် စသော နတ်ခပ်သိမ်။ တတဝ်ယမမင်။ လူစသော
  14. သတွာ ခပ်သိမ်လေ ငါကောင်မှုအဖိုဝ် ရစိယ်ကုန်ဧအ်။ သင်သရာဆိုဝ်ငြယ်မှ ထွက်မ္လောက်ရုယ် ဆိုဝ်ငြယ်မယ်သော နိယ်ရဗန်ပြည်သိုဝ်
  15. ရောက်စိယ်ကုန်ဧအ်။ ဤသိုဝ်ကြီစွာလျှင် ငါမူသော ကောင်မှု အက္လိုဝ်ဖ္လင်။ နိယ်ရဗန် မရောက်သောကြာ။ လူဖ္လစ်သောကာ လူတကာထက်
  16. မ္လတ်သော စည်စိမ်ချံသာ ငါရလိုဝ်ဧအ်။ နတ်ဖ္လစ်သောလေ နတ်တကာထက် မ္လတ်သော နိုင်ငံသော အဆင်အရောင်အဝါနှင် ပ္လည်စုမ်ရုယ် အထူသဖ္လင်
  17. လျှင် အသက်ရှည်သော အနာမယ်သော အဆင်လှသော အသံသာသော အလုံအရျပ်လှသော လူ နတ်ခပ်သိမ် ချတ်ခင်ရိုဝ်သိယ်သော မ္လတ်နိုဝ်သော ငါ
  18. ဖ္လစ်လိုဝ်ဧအ်။ ရှုယ် ငုယ် ပတ်တမြာ ပုလယ် သန္တာက စသော အသက်မယ်သော ဥတ်စာ။ အသက်ဟိယ်သော ဆင်မြင်က စသော ဥတ်စာ ရ
  19. တနာ မျာစွာသော ငါဖ္လစ်လိုဝ်ဧအ်။ ဖုန်တန်ခိုဝ်ဖ္လင် အနိုင်အငံ အခြံအရံအက္လဝ်အစဝ် ကြီစွာသော ငါဖ္လစ်လိုဝ်ဧအ်။ ဖ္လစ်လိယ်ရရာ အရပ်နှိုက်
  20. အလှူသတင် သဒ္ဓါ ပညာက စသော မ္လတ်သော က္လည်စူနှင် ပ္လည်စုံလျက် ဆိုင်ငြယ်အမှတ် မသိလိုဝ်။ လူစည်စိမ် နတ်စည်စိမ် ခံစပြီရုယ် အဆုံ
  21. နှိုက်ကာ အရဟတ္တဖိုလ်မည်သော မ္လတ်သော အက္လွတ်တျြာ ပွင်လတ်ရုယ် ငြိမ်သိမ်စွာသော နိယ်ရဗန်ခံသာ ငါရလိုဝ်ဧအ်။ ဤငါလှူသော။ လယ်မ္လိ
  22. ယ်။ ဥယန်။ ကျွန်။ နွာ။ ဥတ်စာခပ်သိမ်သကာ စင်သောတိတေ။ နောင်အခါနှိုက် အခြင်မျာအံသော မစင်သော ဥတ်စာကာ မပါ။ ။ ဤ
  23. ငါအလှူခပ်သိမ်သောကိုဝ် ဖျက်ဆီသော။ လုယက်စာသော။ သူတိုဝ်ကာ။ ဤလူတွင်လျှင်။ ခုနှစ်ရျက်တွင်လျှင်။ ခုနှစ်ရျက် လွတ်မူကာ
  24. ခုနှစ်လတွင်လျှင်။ ခုနစ်လတေ လွတ်မူကာ။ ခုနှစ်နှစ်တွင်လျှင် အနာမျာသော ဖ္လစ်စိယ်။ ဆင်ငြယ်ကြီစွာ ဖ္လစ်စိယ်။ အသက်တို
  25. ဝ်သော ဖ္လစ်စိယ်။ လူတွင်လျှင် လူပြိတ်တာ ဖ္လစ်စိယ်။ ချတ်သော မယာ ချတ်တေသာ ချတ်သောလင်နှင် ကွယ်ကင်သော ဖ္လစ်စိယ်။
  26. ဥတ်စာ စည်စိမ် ချံသာခပင် အကြွင်မယ်လျှင် ပျက်စီပြုန်တီစိယ်သတေ။ မင်ကြီဖိုယ် သင်စိယ်။ ဤမ် မိုဝ်ကြိုဝ်ပုဆိန် က္လစိယ်
  27. ။ ရိယ်ဖိုယ် မိဖိုယ်က စသော ဖိုယ်ကြီ သင်စိယ်။ သိယ်သောလေ။ ညောင်ဥိ စသော ဩိယ်ပစ်စရာ တိုင်ဩင်သော မ္လိယ်ပုံအလုံ တိုင်လျှင်
  28. ။ မ္လိယ်အထယ် အဝိစိယ်ငြယ်လျှင် ကျက်လိယ်စိယ်သတေ။ အဝိစိယ်မှကာ ငြယ်ကြီယှတ်ထပ် ငြယ်ငယ်တဆယ်ခြောက်ထပ်သိုဝ်
  29. ကျက်လိယ်စိယ်သတေ။ ငြယ်မှကာ ပြိတ်တာသိုဝ် ပြိတ်တာမှကာ ငြယ်သိုဝ်လူရွာ နှစ်ဆတ်မပ္လန် အတိုင်မသီ ဆိုဝ်ငြယ်ကြီလျှင် ခံ
  30. စိယ်သတေ။ ။ ဤငါလှူသော အလှူကိုဝ် နောင်အခါနှိုက် ဖုန်တန်ခိုဝ်ကြီသော သဒ္ဓါအာနှင်ပ္လည်စုံရုယ် အရိယ်အရံ ယူရစ်ပိယ်သော သူတိုဝ်
  31. ကာ ဤယ်ငါပ္လုသော ကောင်မှုအက္လိုဝ် ငါနှင်ထပ်တူ ရစစိယ်သတေ။ ဤလူတွင်လေ အနာမဟိယ်သော ဖ္လစ်ရုယ် အသက်ရှည်စွာ နိ
  32. ယ် ရစိယ်ဧအ်။ ဆိုငြယ်ခပ်သိမ်ပျောက်သော ဖ္လစ်ရုယ်။ ခပ်သိမ်သော စည်စိမ်ချံသာနှင် ပ္လည်စုံသော ဖ္လစ်စိယ်ဧအ်။ ဖိုယ်အ
  33. န်တရယ်က စသော သတြုခပ်သိမ် ပျောက်သောဖ္လစ်ရုယ်။ နှစ်လုံချံသာ။ ကိုဝ်ချံသာ ရသော ဖ္လစ်စိယ်ဧအ်။ အတည်မယ်သော တျြာဖ္လစ်
  34. သော ရှဝ်လေ သင်သရာဆိုဝ်ငြယ်အမှတ် နှစ်ဆတ်မသိမူရုယ် လူစည်စိမ် နတ်စည်စိမ်ခံရစိယ်ဧအ်။ ချံသာခပ်သိမ် ခံစပြီရုယ်။ အ
  35. ဆုံကာ မီမီလိုဝ်ရရာ တောင်သောဆုကိုဝ် ရသောဖ္လစ်ရုယ်။ ပုရှာ ပစ်စေကဗုဒ္ဓါ တပေအ်သာတိုဝ်ဧအ် ဝင်ရာဖ္လစ်သော နိယ်ရဗန်သိုဝ် ဝင်
  36. ရစိယ်ကုန်သတေ။ ။ သကရစ် ၆၃၃ ခု။ အာသိန်နှစ်။ တန်ခူလဆန် ဆယ်ရျက် သုကြာနိယ်အာ ။ မ္လတ်စွာသော အသ္ခိင်ဖွါစဝ်။ အ
  37. လှူစရင်။ ကွန်ပြောက်ကြီ ထွက်တဝ်မူသော။ မင်ကြီ ပ္လရုယ်။ အမူကွန်တင်ဧအ်။ သံဗျေင်ကြီ စတုရင်ကသူ ထုယ်တဝ်။ သရိ
  38. ယ်ဤန္ဒ်ဗိုလ်။ သရိယ် ဤန္ဒြပတိယ်။ အဂ္ဂပိစည် သာတိုဝ်ကိုဝ် ခ္လဧအ်။ သစ်တလာတွင် ထည်ဧအ်။ ရှုယ်ပိယ် ယှတ်ခ္လပ်။ ရှုယ်ခြည်
  39. ဖွယ်ဧအ်။ သစ်က္လျမ် ဆိယ်ရိယ်တေ။ ။ သကရစ် ၆၃၄ ခု ကြတိုက်နှစ်။ ကုဆုန်လဆန် တဆယ်နှစ်ရျက် သုကြာနိယ် တက်နိယ်
  40. သုံဖ္လွါ အခါနှိုက်လျှင်။ မ္လတ်စွာသော အသ္ခိင်ဖွါဇဝ် မိန်တဝ်မူဧအ်။ ငါလှူသော စရင်တိုင် အလုံကာ။ မ္လတ်ကြီစွာကိုဝ်လျှင် ငါနှင်
  41. ဧအ်။ မ္လတ်ကြီစွာလျှင် စိုဝ်စိယ်သတေ။ ကီကြအလုံလေ မ္လတ်ကြီစွာလျှင် စိုဝ်စိယ်သတေဟု တန်ဆိပ် သံကောက် မ္လတ်ကြီစွာ လက်တွ
  42. င်လျှင် နှင်ရုယ်။ တကြိုက် ရိယ်စင်တာဝ် ခ္လရုယ် လှူတာဝ်မူတုံသတေ။ ။ သကရစ် ၆၃၄ ခု ကြတိုက်နှစ်။ နံယုန်လဆုတ် နှစ်ရျက် ကြ
  43. သပတိယ်နိယ်။ ကွန်သယာ ထွက်တဝ်မူသော။ မဟာသမန်ကိုဝ် မဟာသက်ထိတ် ထုယ်တဝ်ခ္လလတ်သော။ သ္ခိင်ဖွါဇဝ် ကြာစိယ်ရုယ်။ သ္ခိ
  44. င်ဖွါဇဝ် ခ္လျင်ဝတ္ထုပိစည် ငိအစ်ကိုဝ်နှစ်ယောက်။ မှောက်တဝ်ကြာဧအ်။ မ္လတ်စွာသ္ခိင်ဖွါဇဝ် ပုရှာတျြာ သင်္ဃာ ရတနာသုံပါကိုဝ် လှူ
  45. သော။ ကျွန်လယ် ဥယန်တိုဝ်ကိုဝ်။ တိုင်ကာထိဧအ် ဆင်ခြင်တဝ် မမူရျာကာ။ နောက်ပျက်ခံသောဟု မှောက်တဝ်ကြာရကာ။ စာမြော
  46. င်ကာ လုပ်ပါစိယ်။ တိုင်ကာ ခပ်သိမ်ကာ လွတ်စိယ်ဟု မိန်တဝ်မူဧအ်။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse