မိဖုရားစော(မြောက်ဂူနီဘုရား) ကျောက်စာ

From Wikisource
Jump to navigation Jump to search
မိဖုရားစော(မြောက်ဂူနီဘုရား)ကျောက်စာ  (သက္ကရာဇ် ၆၀၃) 
by ဖွားစော(မိဖုရားစော)

၁၊၂၊၁၀၈၊၁။
“။ ။ နမော ရတနတ္တယဿ။ ။ဂြီတြိဘဝနာဒိတျပဝရ ဓမ္မရာဇာဓိရာဇဒါနပတိ
နရသိင်္ဃဥဇ္ဇနာမည်သော တြျာမင်ဧအ် ပယ်မျာကြီ။ သိင်္ဃပတိနှင် တြျာဖျာဧအ်မိဖွာ
အမိပုရ္ဟာစာဝ်သည်။ သင်သရာဆိုဝ်ငြာယ်မှ ထွက်မ္လောက်လိုဝ်သောငှာ။ နိရဗန်ကိုဝ် မျက်မှောက်ကင္အ်ကာမူရ
လိုဝ်သောငှာ။ ကူပုရ္ဟာပ္လုဧအ်။ ။ သကရစ် ၆၀၃ ခု။ စယ်နှစ်။ ကုဆုန်လပ္လည် ဗုဒ္ဓဟူနိယ္အ်နှိုက် လွှတ်
ဧအ်။”

[[နမော ရတနတ္တယဿ။ ဂြီတြိဘဝနာဒိတျပဝရ ဓမ္မရာဇာဓိရာဇဒါနပတိ နရသိင်္ဃဥစ္စနာ မည်သော တရားမင်း၏ ပယ်မယားကြီး၊ သိင်္ဃပတိနှင့် တရဖျား၏ မိဖွား အမိဖုရားစောသည် သံသရာဆင်းရဲမှ ထွက်မြောက် လိုသောငှာ၊ နေရပန်ကို မျက်မှောက်ကင်္ကာမူရလိုသော ငှာ ဂူဘုရားပြု၏။ သက္ကရာဇ် ၆ဝ၃ ခု ဇေယျနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၌ လွှတ်၏။]

၁၊၂၊၁၀၈၊၂။
၁၃“ပရိက္ခာရာကာ။ ဩက်ပုရ္ဟာသင်ကန်တာဝ် တုယင် ၁။ တန်ကျတ် ၁။ အထက်ပုရ္ဟာသင်ကန်
၁၄ တာဝ်တန်ကျတ်ရိယ်၁။ ရှုယ်သလဝန် ၁။ ဤမ်ရာတာဝ် နက် ပူစင်တံတိုင် ၁။ ခံတင်မွန် ၁။ ခင်နှီ ဥ…အစုံ။ ကွံချပ် ၁
၁၅ ကြိယ်ဆီမီတိုင် ကြိယ်ပြတိုဝ္အ်။ ကြိယ်ကြာကြီ ၁။ ခောင်လောင်ဆွယ်သောဆင်ကြာ ၁။ ရှုယ်သပိတ် ငုယ်သပိတ်
၁၆ ကြိယ်ပွယ် ၂ခု။ လင်ပန် ၂ ခ္လပ် ခွက် ၅ဥပ်။ စာလောင်ကြီ ၁။ စာလောင် နရည်စြာ ၈ခ္လပ်။ နောင်နင် ၉ ခ္လပ်။ ခွက်ခွ
၁၇ င်သုံဆူ ချူ ၃ဆူ။ ။”

[ပရိက္ခရာကား အောက်ဘုရား သင်္ကန်းတော် ဒုယင် ၁၊ တန်ကျစ် ၁၊ အထက်ဘုရား သင်္ကန်းတော် တန်ကျစ် ရေး ၁၊ ရွှေသလွန် ၁၊ အိမ်ရာတော်နက် ပုစင်တံတိုင်း ၁၊ ခုတင်မွန် ၁၊ ခင်းနှီး အုံးအစုံ၊ ကွမ်းချပ် ၁၊ ကြေးဆီမီးတိုင်၊ ကြေးပြတို့၊ ကြေးကရားကြီး၁၊
ခေါင်းလောင်းဆွဲသော ဆင်ကရား ၁၊ ရွှေသပိတ် ငွေသပိတ်၊ ကြေးပွဲ ၂ခု၊ လင်ပန်း ၂ချပ်၊ ခွက် ၅ အုပ်၊ စလောင်းကြီး ၁၊ နရည်းစရာ ၈ချပ်၊ နောင်နင် ၉ချပ်၊ ခွက်ခွင်းသုံးဆူ၊ ချူ ၃ဆူ။]

၁၊၂၊၁၀၈၊၃။
၂၁ ...“ဤယ်ငာလှူ
၂၂ သောကူက္လောင်ဧအ် ကျွန် လယ် နွာ ဥိယန်ခပင်သကာ ထေရ်သ္ခိင်လျှင် ဆင်ခြင်စိယ်သတေ။ ကူ က္လောင် ဓမ္မသာ ပျက်သောလေ
၂၃ ပ္လုစိယ်သတေ။ စာသင် ၁ဝတိုက်သောလေ တစ်လ ၅တင် ပိယ်စိယ်သတေ။ ဝာဆိုဝ် ဝာခောင် ဝာက္လွတ် ကုဆုန်လပ္လ
၂၄ ည် ဤယ်လိယ်ခာသော စုရာင်ကြီ ပုစဝ်စိယ်သတေ။ တစ်ခာသောဆန်တစ်တင်ခွယ်တေ စပါတွက်ကာ ၄တ
၂၅ င်။ သစ်သီကွံဖိုဝ်ခပင်စုံ စပါ ၆တင်။ အပေါင် စပါ ၁ဝပိယ်စိယ်သတေ။ တစ်နှစ်က္လသော စပါ ၄၀။ ဝာတွင်
၂၆ စ်သတင်သော ဆနီ ၃ပြည်။ ဆန်ဖ္လူတစ်တုံ။ သံပုတ်ကြီ တစ်ခု မပြတ်ပ္လုစိယ်သတေ။ စပါတွက်သောကာ တစ်ဝာ သော ရတ
၂၇ င် တစ်စိတ်တေ။ ဝာတွင် သတင်တိုင် တြျာဆုလေ အထက်တစ်တင်။ ဩက်တစ်ခွယ်။ ကွံဖိုဝ် တစ်သတင် တစ်ပြည်။ အပေါ
၂၈ င် ၂၀ တစ္စိတ်တစ်ပြည်။ နိယ်တိုင်ချက်သော သံပုတ်ဝတ် တစ်နိယ် ဆန် ၃ပြည်။ စပါတွက်ကာ ဆန် ၃ပြည်။ ဟင်ဖိုဝ်ကွံ
၂၉ ဖိုဝ်ခပင်စုံ တစ်နိယ်သော စပါ ၁ဝပြည်။ တစ်လသောစပါ ၁၈တင် ၃ စိတ်။ တစ်နှစ်သော ၂၂၅ တင်။ ပုရ္ဟာသ္ခိင် ကွံဝ
၃၀ တ် တစ်နိယ် ကွံသီ ၁၀။ တစ်လ ၃၀၀ တစ်နှစ် ၃၆၀၀။”

[ဤငါလှူသော ဂူကျောင်း၏ ကျွန်၊ လယ်၊ နွား၊ ဥယျာဉ်ခပင်းသည်ကား ထေရ်သခင်လျှင် ဆင်ခြင် သတည်း။ ဂူကျောင်းဓမ္မသာပျက်သောလည်း ပြုစေ သတည်း။ စာသင် ၁ဝတိုက်သောလည်း တစ်လ ၅တင်း ပေးစေသတည်း။ ဝါဆို၊ ဝါခေါင်၊ ဝါကျွတ်၊ ကဆုန်လပြည့် ဤလေးခါသော စုရင်းကြီးပူဇော်စေ သတည်း။ တစ်ခါသော ဆန်တစ်တင်းခွဲတည်း။ စပါး တွက်ကား ၄တင်း၊ သစ်သီးကွမ်းဖိုးခပင်းစုံ စပါး ၆တင်း၊ အပေါင်း စပါး ၁၀ ပေးစေသတည်း။ တစ်နှစ် ကျသော စပါး၄၀၊ ဝါတွင်း တစ်သီတင်းသော ဆန်နီ ၃ပြည်၊ ဆန်ဖြူတစ်တုံ၊ သင်ပုတ်ကြီးတစ်ခု မပြတ်ပြုစေ သတည်း။ စပါးတွက်သောကား တစ်ဝါသော ၇တင်း တစ်စိတ်တည်း။ ဝါတွင်း သီတင်းတိုင်း တရားဆုလည်း အထက်တစ်တင်း၊ အောက် တစ်ခွဲ၊ ကွမ်းဖိုးတစ်သီတင်း တစ်ပြည်၊ အပေါင်း ၂ဝ တစ်စိတ်တစ်ပြည်၊ နေ့တိုင်း ချက်သော သင်ပုတ်ဝတ် တစ်နေ့ ဆန် ၃ပြည်၊ စပါး တွက်ကား ဆန် ၃ပြည်[1] ၊ ဟင်းဖိုး ကွမ်းဖိုး ခပင်းစုံ တစ်နေ့သော စပါး ၁၀ပြည်၊ တစ်လသောစပါး ၁၈တင်း ၃စိတ်၊ တစ်နှစ်သော ၂၂၅တင်း၊ ဘုရားသခင် ကွမ်းဝတ် တစ်နေ့ ကွမ်းသီး ၁ဝ၊ တစ်လ ၃ဝဝ၊ တစ်နှစ် ၃၆ဝဝ။]

၁၊၂၊၁၀၈၊၄။
၃၁“ကူဤပ်သော ပုရ္ဟာကျွန် စည်သည် ပန်တျာ နရည်စရာသည်ခပင်စုံက္လေ
၃၂ သော စပါ ၁၃၅ တင် ဤယ်မျှHသောစပါတွင် သံကောက်သည် ၂တင် နရည်စရာသည် နရာည်စရာစည်သည် တ
၃၃ စ်တင်တစ်တင် နရာည်စရာခွက်ခွင်သည် တစ်ခွယ် ကူ ဤပ် ၄ယောက် တစ်ခွယ်တစ်ခွယ် စည်သည် အသ
၃၄ က်ကြီ ပန်တျာအသက်ကြီ ဤယ် ၂ယောက်သောကာတစ်တင်၂ ထိုဝ်အကြိယ်သော စည်သည်က်ာ ၃စိတ်
၃၅ ပိယ်စိယ်သတေ ထိုဝ်ကြွင်သောစည်သည် ပန်တျာကာ တစ်ခွယ်တစ်စိတ် ဆင်ခြင်ရုယ်ပိယ် ဤယ်စပါ ၁၃၅
၃၆ တင်ကာ နှစ်တိုင်အက္လမူစိယ်သတေ စိုဝ်သောသူဟူလေ မစာပါစိယ်သတေ။ ကူ စပါအက္လ အပေါင်ကြီ ၄၂၇ ခွယ်။ ဝ ။”

[ဂူအိပ်သော ဘုရားကျွန်၊ စည်သည်၊ ပန်တျာ၊ နရည်း စရာသည် ခပင်းစုံကျသော စပါး ၁၃၅တင်း၊ ဤမျှ သော စပါးတွင်သံကောက်သည် ၂တင်း၊ နရည်း စရာသည်၊ နရည်းစရာစည်သည် တစ်တင်း တစ်တင်း၊ နရည်းစရာခွက်ခွင်းသည် တစ်ခွဲ၊ ဂူအိပ် ၄ယောက် တစ်ခွဲတစ်ခွဲ၊ စည်သည်အသက်ကြီး၊ ပန်တျာ အသက် ကြီး ဤနှစ်ယောက်သောကား တစ်တင်းတစ်တင်း၊ ထိုအကြေသော စည်သည်ကား ၃စိတ် ပေးစေသတည်း။ ထိုကြွင်းသော စည်သည်၊ ပန်တျာကား တစ်ခွဲတစ်စိတ် ဆင်ခြင်၍ပေး။ ဤစပါး ၁၃၅တင်းကား နှစ်တိုင်း အကျမူစေသတည်း။ စိုးသောသူဟူလည်း မစားပါစေ သတည်း။ ဂူစပါးအကျ အပေါင်းကြီး ၄၂၇ခွဲ။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse

  1. * စပါး ၈ပြည် (?)