မိန်တြင်းပေမို့-ချီ တပေါင်းလဘွဲ့ လေးချိုး

From Wikisource
Jump to navigation Jump to search
မိန်တြင်းပေမို့-ချီ တပေါင်းလဘွဲ့ လေးချိုး
by စာဆိုတော် ဦးမင်း

မိန်တြင်းပေမို့၊ တိမ်နှင်းပြန့်ဘုံဝယ်၊
ရဂုံမှာ အရွှေဖက်လို့၊
လေရွက်ကျင် ခွေလျက်ပေတဲ့၊
နွေရက်ဝယ် ငှက်ကျေးငယ် သိုက်ဝင်၊
စရိုက်ကယ်ရွှင်သည်၊ ပင်စည် ပုရစ်၊
ကျန်ရွက်ရော် သစ်ရင်လ၊
မြမြစ်ကယ်ရင်ဘောင်၊
ကြူငွေသောင်မှာ၊ ယခေါင်စဉ်ရှည်၊
သဲစေတီတည်မြဲမို့၊
ရှစ်မည်က မြူချီလျှင်၊
သရဖီ ရွှေလိုဝင်းလို့၊
အင်ကြင်းသန္တာညွန့်တို့
ဖူးညွန့်ကိုက်လှယ်။ ။

ကိန္နရီငယ် သိင်္ဂီလှော်ခုတ်၊
တောင်လက်ယာချုပ်ပေတဲ့၊
နတ်ရုပ် ကယ်ဆင်းအင်၊
ကြငှန်းရှင်လဲ၊ နောင်တွင်စိတ်ဖန်၊
ဖြေပရန်ကို၊ ရွှေဉာဏ်ခွဲဝက်၊
ခြေရေးတော်ခက်ကယ်နှင့်၊
ကျောက်စက်ကယ် တမ်းခွန်၊
စိမ့်စမ်းသွန်လို့၊ အဝှန်ရောင်ညီး၊
ပလောင်မီးလဲ၊ တောင်ကြီးငယ်သုတ်သင်၊
လုပ်ငန်းယာပြင်ကြတယ်၊ သဘင်ကျယ်ကို၊ လွမ်းနယ်ပုံပိုင်းလို့တာမကျုံး။ ။

သံချိုငယ်မြည်ပြော၊ ကျော်ဥဩလည်း၊
ဖော်နှောငယ်မယ်မောင်၊ ငှက်ဖိုးခေါင်လဲ၊
နောင်တခြည်ခြည်၊ ဗျာတော်စည်အောင်၊
သံရှည်ရင့်ရူ၊ မြိုင်မြင့်ငူက၊
လွမ်းကြူငြိမ့်ကြေ၊ လိမ့်ပစေသားနှင့်၊
ထွေတလာလာ တြင်းသံသာတော့တယ်၊
နွေအာဒိဂိမှာန်ကို၊
နိဗ္ဗာန်ပိုင် ရှင်တော်စောတွင်မှ၊
ဟောခဲ့သာဆုံး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse