မာရှယ်လော အမိန့်အမှတ် ၂/၈၉

From Wikisource
Jump to navigation Jump to search
မာရှယ်လော အမိန့်အမှတ် ၁/၈၉ အရ စစ်တိုင်းမှူးများအား တရားစီရင်ရေး ဆိုင်ရာအာဏာအပ်နှင်းခြင်း  (1989) 
by နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

(မာရှယ်လော (Martial Law) အမိန့်အမှတ် ၁/ ၈၉ အရ စစ်တိုင်းမှူးများအား တရားစီရင်ရေး ဆိုင်ရာအာဏာအပ်နှင်းခြင်း)

မာရှယ်လော (Martial Law) အမိန့်အမှတ် ၂/ ၈၉

ရန်ကုန်မြို့၊ ၁၃၅၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်

(၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)


၁။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့စွဲပါ မာရှယ် လော (Martial Law) အမိန့်အမှတ် ၁/၈၉ အရ သက်ဆိုင်ရာ စစ်တိုင်းမှူးများသည် တရားစီရင်ရေး ဆိုင်ရာ မာရှယ်လော (Martial Law) အာဏာကိုကျင့်သုံးရာတွင် ပြစ်မှုကျူးလွန်သူများကို တည်ဆဲဥပ ဒေအရ ဖွဲ့စည်းထားသော တရားရုံးဖြင့် ဖြစ်စေ၊ မိမိတို့က ဖွဲ့စည်းထားသော စစ်ခုံရုံးများဖြင့်ဖြစ်စေ ကြားနာ စစ်ဆေးစီရင်စေနိုင်သည်။


၂။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ထုတ်ပြန်ထားသော အမိန့်ကိုဖြစ်စေ၊ အစိုးရအဖွဲ့ က ထုတ်ပြန်ထားသော အမိန့်ကိုဖြစ်စေ၊ သက်ဆိုင်ရာ စစ်တိုင်းမှူးက ထုတ်ပြန်သော အမိန့်ကိုဖြစ်စေ အာဏာဖီဆန်သော အမှုများကို စစ်ခုံရုံးဖြင့်သာ ကြားနာစစ်ဆေးစီရင်စေရမည်။


၃။ တည်ဆဲဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူ စစ်ခုံရုံးကပြစ်မှုထင်ရှား စီရင်ပါက အောက်ပါပြစ် ဒဏ် တစ်မျိုးမျိုးကို ချမှတ်ရမည်-

(က) သေဒဏ်၊
(ခ) တစ်သက်တစ်ကျွန်းဒဏ်၊
(ဂ) သုံးနှစ်အောက်မလျော့သော အလုပ်နှင့် ထောင်ဒဏ်သို့မဟုတ် သုံးနှစ်အောက် မလျော့သော အလုပ် နှင့် ထောင်ဒဏ်အပြင် ငွေဒဏ်။


၄။ စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာ ပြစ်မှုများကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်နိုင်သည်။


၅။ စစ်ခုံရုံးများသည် ပြစ်မှုများကို အကျဉ်းနည်းဖြင့် ကြားနာစစ်ဆေးရာတွင် အောက်ပါလုပ်ပိုင်ခွင့်များ ရှိသည်-

(က) မလိုအပ်သော သက်သေများကို ပယ်ခြင်း၊
(ခ) လိုအပ်သော သက်သေများကို ခေါ်ယူစစ်ဆေးခြင်း၊
(ဂ) ပြစ်မှုကျူးလွန်ကြောင်း အထောက်အထား ပေါ်လွင်ထင်ရှားလျှင် တရားလိုပြသက်သေများကို ဆက်လက်စစ်ဆေးခြင်းမပြုဘဲ စွဲချက်တင်ခြင်း၊
(ဃ) ကြားနာစစ်ဆေးပြီးသော သက်သေများကို ပြန်ခေါ်ယူ၍ ကြားနာစစ်ဆေးရန် ငြင်းပယ်ခြင်း၊
(င) စစ်ခုံရုံးအဖွဲ့ဝင် ပြောင်းလဲမှုကို အကြောင်းပြု၍ စစ်ဆေးဆဲ ပြစ်မှုကို အစမှပြန်စစ်ရန် တောင်းဆို သည်ကို ငြင်းပယ်ခြင်း။


၆။ စစ်ခုံရုံးက ချမှတ်သော ဆုံးဖြတ်ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်။ သို့ရာ တွင် သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်း ထောင်ဒဏ်စီရင်ပါက ထိုသို့စီရင်ခြင်းသည် သက်ဆိုင်ရာ စစ်တိုင်းမှူးက အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။


၇။ စစ်ခုံရုံးက ထောင်ဒဏ်သုံးနှစ် စီရင်ပါက ထိုသို့စီရင်ခြင်းနှင့် စပ်လျဉ်း၍ ရက်ပေါင်း (၃၀)အတွင်း သက်ဆိုင်ရာ စစ်တိုင်းမှူးထံ ပြင်ဆင်မှု တင်သွင်းနိုင်သည်။


၈။ စစ်ခုံရုံးက သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်းဒဏ် သို့မဟုတ် သုံးနှစ်ထက်ကျော်သော ပြစ်ဒဏ် ကိုစီရင်ပါက ထိုသို့စီရင်ခြင်းနှင့်စပ်လျဉ်း၍ ရက်ပေါင်း (၃၀) အတွင်း ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ထံ ပြင်ဆင်မှု တင်သွင်းနိုင်သည်။


၉။ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် စစ်ခုံရုံးက ချမှတ်သော ဆုံးဖြတ်ချက်၊ စီရင်ချက်၊ ပြစ်ဒဏ်တို့ နှင့် စပ်လျဉ်း၍ မိမိသဘောအလျောက် လိုအပ်သလို ပြင်ဆင်နိုင်သည်။


၁၀။ အပိုဒ် ၆ အရ စစ်တိုင်းမှူးသည် စစ်ခုံရုံးကချမှတ်သော ဆုံးဖြတ်ချက်၊ စီရင်ချက်တို့ကို အတည်ပြု ခြင်းနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်များကို ကျင့်သုံးရာတွင်လည်းကောင်း၊ အပိုဒ်မ ၈ အရ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)သည် ပြင်ဆင်မှုနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်များကို ကျင့်သုံးရာတွင်လည်းကောင်း အောက်ပါလုပ်ပိုင်ခွင့်များရှိသည်-

(က) ပြစ်မှုထင်ရှား စီရင်ခြင်းကို အတည်ပြုခြင်း၊
(ခ) ပြစ်မှုထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
(ဂ) ပြစ်ဒဏ်ကို လျှော့ပေါ့စေခြင်း၊
(ဃ) ပြစ်ဒဏ်ကို ပို၍နိမ့်သော ပြစ်ဒဏ် အမျိုးအစားသို့ လျှော့ပေါ့ပြောင်းလဲခြင်း။


၁၁။ အပိုဒ် ၇ အရ စစ်တိုင်းမှူးသည် ပြင်ဆင်မှုနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်များကို ကျင့်သုံးရာတွင် လည်းကောင်း၊ အပိုဒ် ၉ အရ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)သည် ပြင်ဆင်မှုနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်များကို ကျင့်သုံးရာတွင်လည်းကောင်း အောက်ပါလုပ်ပိုင်ခွင့်များရှိသည်-

(က) ပြစ်မှုထင်ရှား စီရင်ခြင်းကို အတည်ပြုခြင်း၊
(ခ) ပြစ်မှုထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
(ဂ) ပြစ်ဒဏ်ကို လျှော့ပေါ့စေခြင်း၊
(ဃ) ပြစ်ဒဏ်ကို ပို၍နိမ့်သော ပြစ်ဒဏ် အမျိုးအစားသို့ လျှော့ပေါ့ပြောင်းလဲခြင်း၊
(င) ပြစ်ဒဏ်ကို တိုးမြှင့်ခြင်း။

(ပုံ)စောမောင်
ဗိုလ်ချုပ်ကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့