Jump to content

မဟာကာလဥပါသကဝတ္ထုဂါထာ

From Wikisource

၁၂-အတ္တဝဂ်

၅-မဟာကာလဥပါသကဝတ္ထုပါဠိဂါထာ

၃၃၆။ အတ္တနာ ဟိ ကတံ ပါပံ, အတ္တဇံ အတ္တသမ္ဘဝံ၊
အဘိမတ္ထတိ ဒုမ္မေဓံ, ဝဇိရံဝ’သ္မမယံ မဏိံ။

အသ္မမယံ၊ ကျောက်မှဖြစ်သော။ ဝဇိရံ၊ စိန်သည်။ မဏိံ၊ မိမိတည်ရာကျောက် ကို။ အဘိမတ္ထတိ ဣဝ၊ မွှေနှောက်ဖျက်ဆီးသကဲ့သို့။ (ဧဝမေဝ၊ ဤအတူသာလျှင်) အတ္တနာ ဟိ၊ မိမိသည်သာ။ ဝါ၊ ကိုယ်တိုင်သာ။ [အတ္တနာ ဟိ သယမေဝ။ နေတ္တိဝိ၊၃၄၀။] ကတံ၊ ပြုအပ်သော။ အတ္တဇံ၊ မိမိ၌ ဖြစ်သော။ အတ္တသမ္ဘဝံ၊ မိမိ၌ ထင်ရှားဖြစ်သော။ ပါပံ၊ မကောင်းမှုသည်။ ဒုမ္မေဓံ၊ ပညာမရှိသူကို။ အဘိမတ္ထတိ၊ မွှေနှောက်ဖျက်ဆီး၏။ (ပါ-၁၆၁)

၁။ အတ္တဇံ အတ္တသမ္ဘဝံ။ ။ ဓမ္မ.ဋ္ဌ၌ “အတ္တနိ+ဇာတံ အတ္တဇံ”ဟု ပြု၍ ရူ-၃၆၂၌ “အတ္တတော+ဇာတံ အတ္တဇံ”ဟု ပြု၏၊ အတ္တသမ္ဘဝံကိုကား မည်သို့မျှ မဖွင့်သဖြင့် “အတ္တသမ္ဘဝန္တိ အတ္တနိ သဉ္ဇာတံ(ဒီ၊ဋ္ဌ၊၂၊၁၄၉၊ အံ၊ဋ္ဌ၊၃၊၂၅၀)”ဟူသော အဖွင့်အရ “အတ္တနိ ဇာတံ(ဓမ္မ.ဋ္ဌ)” ဟူသော အဖွင့်ကို အတ္တဇံ, အတ္တသမ္ဘဝံ ၂ပုဒ်လုံး၏ အဖွင့်ဟု ယူ၍ “အတ္တနိ+သမ္ဘဝံ အတ္တသမ္ဘဝံ” ဟု ပြု၊ အတ္တဇံနှင့် အသုံးအနှုန်းကွဲအောင် “ဘူ သတ္တာယံ”နှင့်အညီ ပေးခဲ့သည်၊ နီတိသုတ္တ.သျ- ၁, ၇၉၌ကား “အတ္တဇံ-မိမိမှ ဖြစ်သော၊ အတ္တသမ္ဘဝံ-မိမိသည် ဖြစ်စေအပ်သော”ဟု ပေး၏။

မဟာကာလဥပါသကဝတ္ထုဂါထာနိဿယပြီးပြီ။