မလာဖြစ်အမတ် ကျောက်စာ

From Wikisource
Jump to navigation Jump to search
မလာဖြစ်အမတ်ကျောက်စာ  (သက္ကရာဇ် ၆၃၆) 
by မလာဖြစ်အမတ်

၁၊၂၊၁၆၅၊၁။
၁၊၂၊၁၅၆၊၁။
“သကရစ် ၆၃၆ ခု ပုဿနှစ်။ နတ်တာŸလ္ဆုတ်၁ဝရျက် ကြဿပတိ
ယ်နိယ်အာ။ ကျက်သရိယ်ဟိသော ပုရှာ တြျာ သင်္ဃာရတနာသုံပါနှိုက် ရိုယ်သိယ်မ္လတ်ထသော သူတ
ကာဧအ်။ ကိုဝ်ကွယ်ရာဖ္လစ်ထသော အလွှံသောမင်တကာနှင် ညီညွတ်ထသော ဆင်ဖ္လူစသော ရတနာ
အပေါင်အဖဝ်အသ္ခိင်ဖ္လစ်ထသော ဇမ္ဗုဒိတ်က္လွန်နှိုက် နိယ်ကယ်သိုဝ် အရောင်တောက်ထသော။ သြိတြိျဘဝ
နာဒိစ္စပဝရဓမ္မရာဇာမည်သော မင်အမတ်တျာသည်သာသနာနှိုက် ကောင်တိယ် ယုံကြည်စွာရုယ် သတ္ထာ
ကြည်ညိုဝ်သဖ္လင် ဆိုင်ငြယ်ခပ်သိမ် ငြိမ်ရာဖ္လစ်သောနိယ်ရဗန်ချံသာကိုဝ်လိုဝ်သောကြောင် ရှုယ်ငု
ယ်စသော ဥတ်စာရတနာမျာစွာစွန်ရုယ်။ ဤယ်အမနာ မ္လိယ်အရပ်နှိုက် ရခယ်စွာသော ရတနာသုံပါထာအံသော
ငှာ တင်တယ်စွာသော ဥတ်အတိသော တန်တိုင်ပ္လုဧအ်။ ထိုဝ်တန်တိုင်တွင် ကလသအိုဝ်နှင်တူသော စင်ကြံ
နှင် ကူလေ ပ္လုဧအ်။ ထိုဝ်ကူတွင် အမျက်ခက်* သော တန်ခယ်ပစ်စရာနှင်အကွ ပုရှါကြီလေ ပ္လုဧအ်။
၁၀ ပုရှာဟဝ်သော နိကယ်၅ပါ ယှတ်သောင်လိယ်ထောင် ထာအံသောငှာ ကုလါက္လောင်လေ ပ္လု၏။ ရှုယ်တ
၁၁ လါနှင် ပိဋကတ်လေ ထာဧအ်။ က္လောင်ကြီလေ ပ္လုဧအ်။ တန်ဆောင်လေ ပ္လုဧအ်။ အလှူပစ်စည်ထာအံ
၁၂ သောငှာ ကပ်ပိယကုတိယ်လေ ပ္လုဧအ်။”

[သက္ကရာဇ် ၆၃၆ ခု ဖုသျှနှစ်၊ နတ်တော်လဆုတ်၁ဝရက်၊ ကြာသပတေးနေ့အား ကျက်သရေရှိသော၊ ဘုရား တရား သံဃာ ရတနာသုံးပါး၌ ရိုသေမြတ်ထသော၊ သူတကာ ၏ ကိုးကွယ်ရာဖြစ်ထသော၊ အကျွံသော မင်းတကာ နှင့် ညီညွတ်ထသော၊ ဆင်ဖြူ စသော ရတနာ အပေါင်းအဖော် အသခင်ဖြစ်ထသော၊ ဇမ္ဗူဒိပ်ကျွန်း၌ နေကဲ့သို့ အရောင်တောက်ထသော၊ သီတြိဘဝနာဒိစ္စပဝရ ဓမ္မရာဇာမည်သောမင်း အမတ်ရာသည် သာသနာ၌ ကောင်းတေ ယုံကြည်စွာ၍ သဒ္ဓါကြည်ညိုသဖြင့် ဆင်းရဲ ခပ်သိမ်းငြိမ်းရာဖြစ်သော နေရပန်ချမ်းသာကို လိုသော ကြောင့် ရွှေငွေစသော ဥစ္စာရတနာများစွာ စွန့်၍ ဤအာမနာမြေအရပ်၌ ရခဲစွာသော ရတနာသုံးပါး ထားအံ့ သောငှာ တင့်တယ်စွာသော၊ အုတ်အတိသော တံတိုင်း ပြု၏။ ထိုတံတိုင်းတွင်း ကလသာအိုးနှင့်တူသောစင်္ကြံ နှင့်ဂူလည်းပြု၏။ ထိုဂူတွင် အမျက်ခတ်သော တံကဲ ပစ္စယာနှင့်အကွ ဘုရားကြီးလည်းပြု၏။ ဘုရားဟောသော နိကာယ်၅ပါး ရှစ်သောင်းလေးထောင် ထားအံ့ သောငှာ ကုလားကျောင်းလည်းပြု၏။ ရွှေတလားနှင့် ပိဋကတ်လည်းထား၏။ ကျောင်းကြီးလည်း ပြု၏။ တန်ဆောင်းလည်းပြု၏။ အလှူပစ္စည်းထားအံ့သောငှာ ကပ္ပိယကုဋီလည်း ပြု၏။]

၁၊၂၊၁၆၅၊၂။
၁၃“တကာကြီမ္လဖြစ် ခွက်အရင် ၁၅၀။ ဥတ္တမသုသာ ငိအစ်ကိုဝ် ယူဧအ်။
၁၄ အစီ ၃ဝဝခြင်ပြီသောကာ ၄၄ပိသာ။ ကင်ကာဖြစ်လင်မျာယူသော ခွက်အရင် ၁၀၀ အစီ၂၀၀
၁၅ ။ ရငုန်လယ် ၁ဝဝခြင်ဧအ်။ ဥတ္တမသူသာ ငိအစ်ကိုဝ်ကာ။ ကင်ကာဖြစ်မျာကိုဝ် လယ်ဖိုဝ်
၁၆ ခြင်ရ၏။”

[တကာကြီးမလာဖြစ် ခွက်အရင်း၁၅ဝ ဥတ္တမသူသား ညီအစ်ကိုယူ၏။ အစီး ၃၀ဝခြင်ပြီးသောကား ၄၄ပိဿာ၊ ကင်္ကာဖြစ်လင်မယားယူသော ခွက်အရင်း ၁၀၀၊ အစီး ၂၀၀၊ ရငုန်လယ် ၁၀၀ခြင်၏။ ဥတ္တမသူသားညီအစ်ကို ကား ကင်္ကာဖြစ်မယားကို လယ်ဖိုးခြင်ရ၏။]

၁၊၂၊၁၆၅၊၃။
၂၄ ...“ဤငာမူသ ကောင်မှုအ
၂၅ က္လိုဝ်ဖ္လင် နိယ်ရဗန်မရောက်သကြာ လူဖ္လစ်ကာ လူတကာ ထက်မ္လတ်သောချံသာ နတ်ဖ္လစ်ကာ နတ္တ်ကာထက်မ္လတ်
၂၆ သောချံသာကိုဝ် လိုဝ်၏။ အဆုမ်စွန်ကာ အရဟတ္တဖိုရ်မည်သော အက္လွတ်တြျာ ပွင်လတ်ရုယ် ငြိမ်သီစွာသော
၂၇ နိယ်ရဗန်ချံသာ ငာလိုဝ်၏။ ဤငာလှူသောကောင်မှုကိုဝ် ဖုန်တန်ခိုဝ်ကြီသော သဒ္ဓါအန်အာနှင်ပ္လည်စုံရုယ် အ
၂၈ ရိယ်အရံယူသောသူကာ ဤလူတွင် ဖ္လစ်လိယ်ရရာအရပ်နှိုက် အသက်ရှည် အနာနည် အသံသာသော အဆင်လှသောဖ္လ
၂၉ စ်ရုယ် အဆုံဂါ မိ၂လိုဝ်ဟူ တောင်သောဆု ရသော ဖ္လစ်ရုယ် ပုရှာပစ်စေကဗုဒ္ဓါ တပေအ်သာ ဝင်ရာဖ္လစ်သော
၃၀ နိယ်ရဗန် ဝင်စိယ်ကုန်သတေ။ ၀ ။”

ဤငါမူသော ကောင်းမှုအကျိုးဖြင့် နေရပန်မရောက်သော ကြား လူဖြစ်ကား လူတကာထက် မြတ်သောချမ်းသာ၊ နတ်ဖြစ်ကား နတ်တကာထက် မြတ်သောချမ်းသာကို လို၏။ အဆုံးစွန်ကား အရဟတ္တဖိုလ်မည်သော အကျွတ်တရားပွင့်လတ်၍ ငြိမ်သိမ်စွာသော နေရပန် ချမ်းသာ ငါလို၏။ ဤငါလှူသောကောင်းမှုကို ဘုန်း တန်ခိုးကြီးသော၊ သဒ္ဓါအန်အားနှင့်ပြည့်စုံ၍ အရေးအရံ ယူသောသူကား ဤလူတွင် ဖြစ်လေရာရာအရပ်၌ အသက်ရှည်၊ အနာနည်း၊ အသံသာသော၊ အဆင်းလှ သောဖြစ်၍ အဆုံးကား မိမိလိုဟူ တောင်းသောဆု ရသောဖြစ်၍ ဘုရားပစ္စေကဗုဒ္ဓါ တပည့်သား ဝင်ရာ ဖြစ်သော နေရပန် ဝင်စေကုန်သတည်း။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse