မယ်သီတာကို လေယာဉ်ပျံနှင့် ဆောင်ခန်း

From Wikisource
Jump to navigation Jump to search
မယ်သီတာကို လေယာဉ်ပျံနှင့် ဆောင်ခန်း
by ဦးတိုး
ဂီတဝိသောဓနီ မူ

ခုနစ်ဆောင်ဝေယန်။ လေနန်းပျံနှင့်။ မယ်မန္ဒော။ ချောမငဲ့မောင်။ မှော်ရုံတောင်နယ်ညွန့်မှာ။
မင်းသီတာညိုဖွန့်ကို။ စွန်အင်္ဂါယုတ်၊ ကြက်သငယ်ကိုသုတ်သည်နှယ်။ ကုတ်ခါချီ၍။ တိမ်နီတိုက်က။ လေလိုက်ကယ်ဆောင်၍လာသော်။ ။ ကြူးမည်သာယာ။ မနဲကွာကဘက်။ တျာသံများနှောတဲ့၍။ တျောထံတျာတေး။ လုံမလေး၊ ကွေးအောင်လှတယ်။ ကြာနန်းသူငယ်။ ဖြူဖြူတုတ်ကို။ ဥမှန်နန်းမှာ။ ကံစမ်းခိုးလို့။ ရွှေရိုးရတယ်။ ရထားထီးဖျား။ ဆွဲလဲများက။ သနားက မည်သံကို။ မျောက်မင်းသုကျိပ်။ လေပြေတိတ်တွင်။ ကြို့ညိုရိပ်နန်း။ ပင်စခန်းက။ နားလွန်းတုံ့ခွေ။ ကြားမိလေသော်။ ။


မှတ်ချက်

  • ဤရကန်ပိုဒ်မှာ မူအတိုင်းဖြစ်သည်၊ ဂီတပညာသည်တို့ ယခုသီဆိုကြသည်မှာကား။ (ကြူးမည်သာယာ) ဟု မဆိုဘဲ။ (ချူသံစာစာ။ မနဲကွာကဘက်။ တျောထံ့တျာတေ) ဟု ဆိုကြ၍ - အဆုံး၌လည်း (မျောက်မင်းသုကျိပ်။ လေပြေသိမ်တွင်။ တိတ်တဆိတ်ကြားလေသော်) ဟု ဆိုကြလေသည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse