မည်းမျှပတ်သည်-ချီ ရတု

From Wikisource
Jump to navigation Jump to search
မည်းမျှပတ်သည်-ချီ ရတု
by နတ်သျှင်နောင်

၁။ မည်းမျှပတ်သည်၊ တိမ်ဝတ်သွယ်ခက်၊ စီ၍ယှက်သို့၊ ‎ဘဝဂ်မြညို၊ လိုမဲ့လိုလျှင်၊ မယ့်ကိုလွမ်းရာ၊ ‎လွမ်းသို့ရှာ၍၊ ထစ်ရွာလှချင်၊ တပေါင်းစင်က၊ ‎မင်းလွင်ပီပီ၊ မရာသီခဲ့၊ စစ်ဆီကသာ၊ ‎လျှပ်ဝါညွန့်ရှည်[1]၊ မယ်နေသည်ကို၊ ကျူးမြည်သံချို၊ ‎ညညကိုမူ၊ မြင်းမိုရ်မိုးသား၊ ဝမ်းပါးနွဲ့လျ၊ ‎ခြိမ်းလှာပြသည်။ ။ နောက်ကပင်လည်းစေသည်လော။

၂။ ကျည်းကသတ်သည်၊ ပွင့်ဝတ်ရနံ့၊ မွှေးပျံ့ထုံသင်း၊ ‎သလင်းပိတ်လှပ်၊ စက်တိုင်းထပ်လည်း၊ ‎ရင်လပ်ချမ်းအေး၊ လုံမည်ဝေးခဲ့၊ စိန်ရေးကြာနွယ်၊ ‎ရွှေခြယ်ပြောက်သန်း၊ သလွန်ဆန်းထက်၊ ‎ခွေမြန်းညွတ်သွယ်၊ ရှိလေဘွယ်ဟု၊ ‎သွတ်လှယ်ယုံကျွန်၊ ရောက်လာတန်လျက်၊ ‎ပျော်ရန်သာရွှင်၊ မယ့်စိတ်တွင်မူ[2]၊ သို့စဉ်မေ့မည်၊ ‎တဆံခြည်မျှ၊ မှတ်ရည် ဆက်ဆက်၊ မယုံရက်တည့်၊ ‎ချိုးလက်ခန့်ရေ၊ လွှတ်လိုက်စေလျက်၊ ‎မြင့်ပေလှည့်ကာ၊ မရောက်လှာသည်။ ။ ‎ကျွန်သာနွှဲဖင့် နေသည်လော။

၃။ ချည်းလျညွတ်သည်၊ ပြာလတ်နွဲ့ရှင်း၊ လှမှန်ကင်းမူ၊ ‎ချစ်တင်းကြားချင်၊ လင့်လျက်ပင်တည့်၊ ‎ရည်းထည်ငြိမ်းဝါ၊ လမြော်ကြာသို့၊ ပမာသဏ္ဌာန်[3]၊ ‎ရှိလိမ့်ဟန်ကို၊ မပြန်ဝံ့ရက်၊ တင့်ထက်ပိုက်ဖြား၊ ‎ဆည်ဖြေတား၍၊ ရက်များမရှည်၊ ပြန်လျင် မည်ဟု[4]၊ ‎မြရည်သက်ရှည့်၊ မှာခဲ့သည့်ကြောင့်၊ ‎ပျောင်းချည့်သမ်းညှိုး၊ ရောက်နိုးလွမ်းရာ၊ ‎နေစဉ်ခါဝယ်၊ သာယာ ပျံ့ဖြည်း၊ တခွန်းတည်းဖြင့်၊ ‎ဖြုတ်ချည်းလန့်ထိတ်၊ စိတ်နှင့်ညီမော၊ ဖြူမရောသည်[5]။ ‎။ ဥသြလွန်သာပေသည်လော။

မူကွဲ[edit]

  1. လျှပ်ဝါညွှန်းရည် [မ]
  2. နောင့်စိတ်တွင်မူ [ရ]
  3. ရှင်သာမေ့ကျန် [ရ]‎
  4. ဖူးလွယ်မည်ဟု [ရ]
  5. ပြူမရောသည် [မ]


မှတ်ချက်

  • [ရ] = ရန်ကုန်မြို့ ဆူးလေဘုရားလမ်း မြန်မာ့ကြက်သရေ စာပုံနှိပ်တိုက်တွင် ၁၉၂၁ - ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ
  • [မ] = မန္တလေးမြို့ ဟံသာဝတီ ပိဋကတ်စာပုံနှိပ်တိုက်တွင် ၁၉၂၀ - ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse