မင်္ဂလထေရ်ဘုရား ကျောက်စာ

From Wikisource
Jump to navigation Jump to search
မင်္ဂလထေရ်ဘုရားကျောက်စာ  (သက္ကရာဇ် ၅၉၂) 
by မင်းဘွားအို့ရောက်လွယ်သင်

၁၊၂၊၇၄၊၁။
“။။ သောတ္ထိ သကရစ် ၅၉၂ ခု ပိသျက်နှစ် သန္တူလ္ဆ
န် ၁၂ရျက် ၄နိယ် မင်ဖွာအိုဝ္အ်ရောက်လွယ်သင် သ္ခိင်
မင်ကလထေ ပုရှာကိုဝ် ဥယန် ၁ဝပယ် ကျွန် ၅၀ ကိ
ပ်လှူဧ။ ။ တုရင်သက်စိုဝ်နှိုက်လေ သီကူ စင်ကြံ
ရှည် ဣယ်သုံပါသောကိုဝ်လေ ဥယန် ၁ဝပယ် ကျွန် ၅၀
ကိပ်လှု၏။ ။”

[သောတ္ထိ။ သက္ကရာဇ် ၅၉၂ခု ဝိသာခါနှစ်၊ သန်တူ လဆန်း ၁၂ရက်၊ ၄နေ့ မင်းဘွားဘို့ရောက်လွယ်သင် သခင်မင်္ဂလထေရ် ဘုရားကို ဥယျာဉ် ၁ဝပယ်၊ ကျွန် ၅၀ကျိပ် လှူ၏။ တုရင်သက်စိုး၌လည်း သိမ်၊ ဂူ၊ စင်္ကြံရှည် ဤသုံးပါးသောကိုလည်း ဥယျာဉ် ၁ဝပယ်၊ ကျွန် ၅၀ကျိပ် လှူ၏။]

၁၊၂၊၇၄၊၂။
“လါလတ်အံသော မ္လိယ်ပုံလုံမျှကြုံ မက
သောပုရှာ ပုရှာ၏တပေသာတိုဝ်နှိုက်လျှင်လေ
၁၀ မဖူရ မမြင်ရစိယ်သတေ။ ။”

[လာလတ်အံ့သော မြေပုံလုံးမျှကျုံးမကသောဘုရား၊ ဘုရား၏တပည့်သားတို့၌လျှင်လည်း မဖူးရ မမြင် ရစေသတည်း။]

၁၊၂၊၇၄၊၃။
၁၀ ...“အကြင်သုတဝ်သာ ရ
၁၁ ဟန်ပုံဏာ ယောက်ယာမိယ်မ ခီပင်ရအံ ထိုဝ်သုတဝ်
၁၂ သာတိုဝ်လေ ငာနှင်ထပ်တူ အလှူအက္လိုဝ်ကိုဝ် ရစိယ်ကု
၁၃ န်သတေ။ ။ လုနတ္တ်ကာ သတဝာအလုံ ဣအက္လိုဝ် ကိုဝ် ရ
၁၄ ပါစိယ်ဧ။”

[အကြင်သူတော်သား ရဟန်းပုဏ္ဏား၊ ယောက်ျားမိန်းမ ချီးပင့်ရအံ့၊ ထိုသူတော်သားတို့လည်း ငါနှင့်ထပ်တူ အလှူအကျိုးကို ရစေကုန်သတည်း။ လူနတ်တကာ သတ္တဝါအလုံး ဤအကျိုးကို ရပါစေ၏။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse