မင်းအနန္တသူ (လေးမျက်နှာဘုရား) ကျောက်စာ

From Wikisource
Jump to navigation Jump to search
မင်းအနန္တသူ(လေးမျက်နှာဘုရား)ကျောက်စာ  (သက္ကရာဇ် ၅၈၅) 
by မဟာသေနာပတိအနန္တသူရမောင်နှံ

(အရှေ့ဘက်)
(ပုံ ၇၃)
၁၊၂၊၆၃၊၁။
၁၊၂၊၁၄၄။
“။ ။ သကရစ် ၅၈၅ခု။ အာသိတ်သံဝစ္ဆိုရ?။ နတ္တောဝ် လဆုတ် ရရျာက် သုက္ကြာနိယ္အ်အာ။ မ္လတ်စွာသောမင်ကြီ အမတ္တျာ။ မဟာသေနာပတိ
အနန္တသူရ?မောင်နှံနှစ်ယောက် ဤယ်လူတွင်နှိုက် အတိုင်မသိ သဒ္ဓာရုယ္အ်ပ္လုသော ကောင်မှုအက္လိုဝ်ဖ္လင္အ်ကာ။ ရိယ် မ္လိယ်ခပ်သိမ်သော အသ္ခိင်ဖ္လစ်သော
မ္လတ်စွာသောမင်ကြီစသော။ မင္အ်ငီ။ မင္အ်သာ။ မင္အ်သမီ။ မင္အ်နှမခပ်သိမ်။ အမိပုရှာစသော မောင်မတာဝ်ခပ်သိမ်။ အမတ္တျာစသော ဗိုလ်ဗာ
ခပ်သိမ်။ ဩက်အဝစိယ်စသော အထက်ဖဝက်တိုင်ဩင်။ အတို ဝ္အ်စœက္ကဝဠာစသော အတိုင်မသိသောစœက္ကဝဠာနှိုက်
နိယ်သော လူနတ်သတ္တွာ
ခပ်သိမ်သတိုဝ္အ်ကိုဝ် အကြွင်မယ္အ်သဖ္လင္အ်။ သင်္သရာဆိုဝ်ငြယ်မှ ထွက်မ္လောက်ခရုယ္အ် ဆိုဝ်ငြယ်မယ္အ်သော နိရဗန်ပြည် နိရဗန်
သို ဝ္အ် ရောက်စိယ်ခ္လျာင်သောေ
ကြောင္အ်။ ငာလေ သိစပ်မြင်န ှမ္အ်သော သရ္ဗ္ဗညုတညာန် သရ္ဗ္ဗညုတညာန် ပုရှာဆုကိုဝ်လိုဝ်ခ္လျာင်သောကြောင္အ်။”

[သက္ကရာဇ် ၅၈၅ခု အဿယုဇသံဝစ္ဆိုရ်၊ နတ်တော် လဆုတ် ၇ရက်၊ သောကြာနေ့အား မြတ်စွာသောမင်းကြီး အမတ်ရာ မဟာသေနာပတိအနန္တသူရမောင်နှံနှစ်ယောက် ဤလူတွင်၌ အတိုင်းမသိ သဒ္ဓါ၍ပြုသော ကောင်းမှ အကျိုးဖြင့်ကား ရေမြေခပ်သိမ်းသော အသခင်ဖြစ်သော၊ မြတ်စွာသောမင်းကြီးစသော မင့်းညီ၊ မင့်းသား၊ မင့်းသမီး၊ မင့်းနှမခပ်သိမ်း၊ အမိဖုရားစသော မောင်းမတော် ခပ်သိမ်း၊ အမတ်ရာစသော ဗိုလ်ပါခပ်သိမ်း၊ အောက်အဝီစိ စသော အထက်ဘဝဂ်တိုင်အောင် အတို့စကြဝဠာစသော အတိုင်းမသိသော စကြဝဠာ၌နေသော လူ နတ် သတ္တဝါခပ်သိမ်းသောတို့ကို အကြွင်းမဲ့သဖြင့် သံသရာ ဆင်းရဲမှ ထွက်မြောက်ခ၍ ဆင်းရဲခဲ့သောနေရပန်ပြည် သို့ ရောက်စေချင်သောကြောင့် ငါလည်း သိစပ်မြင်နှံ့ သော သဗ္ဗညုတဉာဏ် ဘုရားဆုကို လိုချင်သော ကြောင့်။]

၁၊၂၊၆၃၊၂။
“ဤယ်အာမနာမည်သောကာန်အရပ်နှိုက္ကာ။ မျာစွာေ
သော ထန်ပင်တိလျှာင် က္လောင်အရံစိုက်လတ်ရုယ္အ်။ ဥတ္တိပ္လုသော တန်တိုင်လေ နှစ်ထပ်ရံလတ်ရုယ္အ်။ တန်တိုင်တွင် နှိုက္ကာ ကလာသာအိုဝ်အယောင်နှင္အ်
တူသော တင္အ်တယ်စွာသော စင်ကြံထက် ကူလေတည် ဧအ်။”

[ဤအာမနာမည်သောကန်အရပ်၌ကား များစွာသော ထန်းပင်တိလျှင် ကျောင်းအရံစိုက်လတ်၍ အုတ်တိ ပြုသော တံတိုင်းလည်း နှစ်ထပ်ရံလတ်၍ တံတိုင်းတွင်း ၌ကား ကလသာအိုးအယောင်နှင့်တူသော တင့်တယ် စွာသောစင်္ကြံထက် ဂူလည်းတည်၏။]

၁၊၂၊၆၃၊၃။
“ကူဓာမနာသောအခာနှိုက္ကာ။ သရီရဓတ္တာဝ်ထည္အ်သော တန်စိကူကြွစ်။ ထိုဝ်အပကာ
ဖန်ပ္လုသောကြွစ်။ ထိုဝ်အပကာ တန်စိကူနီပ္လုသောကြွစ်။ ထိုဝ်အပကာ ရှုယ်ပ္လုသော။ ထိုဝ်အပကာ ငုယ်ပ္လုသော။ ထိုဝ်အပကာ ရှုယ်မုရုယ္အ် ရတနာတိအမျ
၁၀ က်ခတ်သော။ ထိုဝ်အပကာ ဆင်စွယ်ပ္လုသော။ ထိုဝ်အပကာ ကြိယ်နီပ္လုသော။ ထိုဝ်အပကာ က္လောက်ပ္လုသော ပုထိုဝ်။ ထိုဝ်တွင်ထည္အ်ပါသော။ ရှုယ်စမ
၁၁ ခန်။ ငုယ်စမခန်။ ရှုယ်ပေါက်၂။ ငုယ်ပေါက်၂။ ရှုယ်တန်ဆောင်။ ငုယ်တန်ဆောင်တိုဝ္အ်ဖ္လင္အ် ပုဇာဝ်ရုယ္အ် ထည္အ် လိုက်ဧအ်။ က္လောက်ပုထိုဝ်ကိုဝ်ကာ
၁၂ ဆေိယ်ရိယ်ရုယ္အ် ကြိယ်ခြည်နှင္အ်ခက်ဧအ်။ အထွတ်ကာ ရှုယ်ထွတ်ပ္လုဧအ်။ အထွတ်ထက္ကာ ရှုယ်ထီဆောက်၏။ ရှုယ်ထီကိုဝ်ကာ ပုလယ်သန္တာဆွယ်ဧအ်။
၁၃ အထွတ်ဩက်ရှုယ္အ်ကာ ပုဆိုဝ် ရထပ်လွှံဧအ်။ ပုဆိုဝ် ထက္ကာ ရှုယ်ကျက်တငိုယ်ခတ်ဧအ်။ ရှုယ် ၃ဝသွန်သော ရှုယ်ပုရှာ ၁ခု။ ငုယ် ၅ဝသွန်သော ငုယ်ပုရှာ
၁၄ ၁ခု။ က္လောက်ဖ္လူပ္လုရုယ္အ် ရှုယ်ရာည်ရိယ်သောပုရှာ ၁ခု။ ရှုယ်ထီငုယ်ထီတိုဝ္အ်လေ ဆောင်ဧအ်။ ထိုဝ်သိုဝ္အ်သော အထုထူသဖ္လင္အ်ပ္လုရုယ္အ် ဓာမနာဧအ်။ ကူတွင်ကာ
၁၅ ပုရှာသ္ခိင်ဆင်ပု လိယ်မျက်နှာပ္လုရုယ္အ် ရတနာတိ တောက်ပ ဆန်ကြယ်စိယ်ဧအ်။ ကူအရံတွင်နှိုက္ကာ မျာစွာသော ပုရှာဆင်ပုလေပ္လုဧအ်။ ဇာတ်ငာရျာလေ
၁၆ အတင္အ်အတယ်ရိယ်ဧအ်။ ကူထွတ်တန်ဆာ ပန်ထျန် လက်တွင် ခိန်ပိယ်ရုယ္အ် ခုတ်သောကြိယ်ကာ ၄၇ ဗိသာ ၈ဗိုဟ် ၄က္လျပ်။ ခုတ်သော ယုတ်သောကြိယ်
၁၇ ကာ ရဗိသာ ၉က္လျပ်။ အပြိခံသောကြိယ်ကာ ဗိသာ ၄၀။ ရဗိုလ် ၅က္လျပ်။ ရှုယ်သာဝင်သော ၃၉ က္လျပ် ၃ မတ်။ ပြတာရည်ကာ ၁၅၉က္လျပ်ဝင်ဧအ်။ ဤယ်သို ဝ္အ်
၁၈ သောရတနာဖ္လ င္အ် ကူထွတ်ကိုဝ် တောက်ပစိယ်ဧအ်။”

[ဂူဌာပနာသောအခါ၌ကား သရီရဓာတ်တော်ထည့်သော စန္ဒကူးကြုတ်၊ ထိုအပကား ဖန်ပြုသောကြုတ်၊ ထိုအပ ကား စန္ဒကူးနီပြုသောကြုတ်၊ ထိုအပကား ရွှေပြုသော၊ ထိုအပကား ငွေပြုသော၊ ထိုအပကား ရွှေမူ၍ ရတနာ တိ အမျက်ခတ်သော၊ ထိုအပကား ဆင်စွယ်ပြုသော၊ ထိုအပကား ကြေးနီပြုသော၊ ထိုအပကား ကျောက်ပြု သော ပုထိုး။ ထိုတွင်ထည့်ပါသော ရွှေစမ္မခဏ်၊ ငွေ စမ္မခဏ်၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်၊ ရွှေ တန်ဆောင်၊ ငွေတန်ဆောင်တို့ဖြင့် ပူဇော်၍ ထည့်လိုက် ၏။ ကျောက်ပုထိုးကိုကား ဆေးရေး၍ ကြေးချည်နှင့် ခက်၏။ အထွတ်ကား ရွှေထွတ်ပြု၏။ အထွတ်ထက် ကား ရွှေထီးဆောက်၏။ ရွှေထီးကိုကား ပုလဲသန္တာ ဆွဲ၏။ အထွတ်အောက်ရွေ့ကား ပုဆိုး ၇ထပ် လွှမ်း၏ ပုဆိုးထက်ကား ရွှေကျက်တငိုခတ်၏။ ရွှေ ၃၀ သွန်းသော ရွှေဘုရား ၁ခု၊ ငွေ ၅၀သွန်းသော ငွေဘုရား ၁ခု၊ ကျောက်ဖြူ ပြု၍ ရွှေရည်ရေးသော ဘုရား ၁ခု၊ ရွှေထီး ငွေထီးတို့လည်း ဆောင်း၏။ ထိုသို့သော အထူးထူးသဖြင့်ပြု၍ ဌာပနာ၏။ ဂူတွင်းကား ဘုရား သခင် ဆင်းပု လေးမျက်နှာပြု၍ ရတနာတိ တောက်ပ ဆန်းကြယ်စေ၏။ ဂူအရံတွင်း၌ကား များစွာသော ဘုရား ဆင်းပုလည်းပြု၏။ ဇာတ်ငါးရာလည်း အတင့် အတယ် ရေး၏။ ဂူထွတ်တန်ဆာ ပန်းတဉ်း[1] လက်တွင် ချိန်ပေး၍ ခုတ်သောကြေးကား ၄၇ ပိဿာ ၈ပိုလ် ၄ကျပ်၊ ခုတ်သော ယုတ်သော ကြေးကား ၇ပိဿာ ၉ကျပ်၊ အပြီးခံသော ကြေး ကား ပိဿာ ၄ဝ ၇ပိုလ် ၅ကျပ်၊ ရွှေသားဝင်သော ၃၉ကျပ် ၃မတ်၊ ပြဒါးရည်ကား ၁၅၉ကျပ်ဝင်၏။ ဤသို့သောရတနာဖြင့် ဂူထွတ်ကို တောက်ပစေ၏။]

၁၊၂၊၆၃၊၄။
၁၈ “တြျာနာအမ္အ်သော ပရိသတ်တကာ စည်ဝည်စိမ္အ်သောငှာ
၁၉ က္လောက်ဥတ်တိဖွယ္အ်သော သာယာစွာသော ဓမ္မသာလေပ္လု ဧအ်။ တြျာဟဝ်ရာ ရှုယ်ပန်လင်လေပ္လုဧအ်။ ပန်လင် ထက္ကာ ရှုယ်ထီလေဆောက်ဧအ်။ အထက်
၂၀ ဖ္လင္အ်ကာ ပိတာန်လေဆင်ဧအ်။”

[[တရားနာအံ့သော ပရိသတ်တကာ စည်းဝေးစိမ့်သော ငှာ ကျောက်အုတ်တိဖွဲ့သော၊ သာယာစွာသော ဓမ္မသာလည်းပြု၏။ တရားဟောရာ ရွှေပလ္လင်လည်း ပြု၏။ ပလ္လင်ထက်ကား ရွှေထီးလည်းဆောက်၏။ အထက်ဖြင့်ကား ပိတာန်လည်းဆင်၏။]

၁၊၂၊၆၃၊၅။
၂၀ “နိရဗန်ကိုဝ်လိုဝ်သော သုတာဝ်တကာတိုဝ္အ် ဆုမှခံစိမ္အ် သောငှာ သ္ခိင်ထေရ?နိယ်ရာ သာယာစွာသော က္လောင်ကြီလေပ္လုဧအ်။
၂၁ တန်တိုင်တစ်ထပ်သော အပဝန်ကျင်ကာ သာသနာကိုဝ် ချတ်ရုယ္အ် သ္တင်ကျ င္အ်သော သ္ခိင်အရိယာတို ဝ္အ် နိယ်စိမ္အ် သောငှာ မျာစွာသောက္လောင်လေ အစန်ပ္လု၏
၂၂ ။သ္ခိင်အရိယာတိုဝ္အ် ရိယ်ချံသာစိမ္အ်သောငှာ ဥတ္တိဖွယ္အ်သော ရိယ်တွင်လေတူဧအ်။ ဥတ္တိဖွယ္အ်သော ၄ထောင္အ်ကာန်လေ တူဧအ်။ အရှိယ္အ်ဖ္လင်ကာ ကန်
၂၃ ကြီလေ ၂ဆင္အ်တူဧအ်။ ရိယ်ဝင်စိမ္အ်သောငှာ ပ္လွန်နှင္အ် တလာလေ အတင္အ်အတယ်ပ္လုဧအ်။ ရိယ်ကာန်အပါ ဝန်ကျင်ကာ ဥယာန်လေစိုက်ဧအ်။ ထိုဝ်က္လော
၂၄ င်အပကာ လိယ်မျက်နှာလာလာသော သုတဝ်တကာ။ နိယ်သော။ ဤပ်သော။ ရျပ်သော။ အလိုဝ်ရစိမ္အ်သောငှာ။ တင္အ်တယ်စွာသော တန်တိုင်တွင် ရုပ်အထုထူ
၂၅ သဖ္လင္အ် ဆန်ကြယ်ထလျက်သော သာယာစွာသော တန်ဆောင်ကြီလေပ္လုဧအ်။ ထိုဝ်အနောက်ဖ္လင္အ်ကာ အလှူ ပိယ်လိုဝ်သောသုတဝ်တိ ုဝ္အ် အလှူပိယ်စိမ္အ်
၂၆သောငှာ မြယ်မြံစွာသော ဥတ်စရပ်လေပ္လု၏။ ဤယ် ငာက္လောင်နှိုက်ဟိယ္အ်သော။ ပုရှာ တရျာ သင်္ဃာတိုဝ္အ် ချံသာစိမ္အ်သောငှာ။ ပြည်အစနှိုက်
၂၇ကာ။ ဥတ်နှင္အ်မြယ်မြံစွာဖွယ္အ်သော ကပ္ပိယကုဋီယ်လေပ္လု ကုဋီယ် ဧအ်။ အလုပ်အက္လွည်လေ မျာစွာထာပိယ်ဧအ်။ လိယ်မျက်နှာ လာလာသောသူတို
၂၈ဝ္အ် ရိယ်အလိုဝ်ရစိမ္အ်သောငှာ။ ဥတ်နှင္အ်မြယ်မြံစွာဖွယ္အ်သော ရိယ်တွင်လေတူဧအ်။ ဤယ်မျှသော အနှစ်မောင်နှမ်ပ္လုသော ကောင်မှုခပ်သိမ်သကာ။
၂၉သာသနာအနှစ် ၅၀၀၀ မ္လောက်ဩင် တည်ရစ်စိမ္အ်သောငှာ။ အစီအရျာင်မျာစွာ ပ္လုသတေ။=။ ဤယ်အနှစ်မောင်နှမ် ပ္လုသော ကောင်မှုခပ်သိမ်သောကို
၃၀ဝ်။ အနှစ်ကိုဝ်စာ အခာမ္လင္အ်မ္လယ် ပ္လုဖာရစ်စိမ္အ်သောငှာ။ တန်လင်လှည်စိမ္အ်သောငှာ။ ပုရှာ တြျာနှိုက် သံပုတ်။ ဆိမီ။ ကွံပန်။ မပြတ် တင်ရစ်စိမ္အ်သောငှာ။ သည်
၃၁ခံသောသ္ခိင်အရိယာတိုဝ္အ်ကိုဝ် ဆွံပန်လုပ်က္လွည်ရစ်စိမ္အ်သောငှာ။ အနှစ်မောင်နှံလှူသော။ =။ ပုကံကျွန်။”

[နေရပန်ကိုလိုသော သူတော်တကာတို့ ဆုံးမခံစိမ့်သောငှာ သခင်ထေရ်နေရာ သာယာစွာသောကျောင်းကြီးလည်း ပြု၏။ တံတိုင်းတစ်ထပ်သော အပဝန်းကျင်ကား သာသနာကိုချစ်၍ သီတင်းကျင့်သော သခင်အရိယာတို့ နေစိမ့်သောငှာ များစွာသောကျောင်းလည်း အစဉ်ပြု၏။ သခင်အရိယာတို့ ရေချမ်းသာစိမ့်သောငှာ အုတ်တိ ဖွဲ့သော ရေတွင်းလည်း တူး၏။ အုတ်တိဖွဲ့သော ၄ထောင့်ကန်လည်း တူး၏။ အရှေ့ဖြင့်ကား ကန်ကြီးလည်း ၂ဆင့်တူး၏။ ရေဝင်စိမ့်သောငှာ ပြွန်နှင့် တလားလည်း အတင့်အတယ်ပြု၏။ ရေကန်အပါး ဝန်းကျင်ကား ဥယျာဉ်လည်း စိုက်၏။ ထိုကျောင်းအပကား လေးမျက်နှာ လာလာသော သူတော်တကာ နေသော၊ အိပ်သော၊ ရပ်သော အလိုရစိမ့်သောငှာ တင့်တယ်စွာသော တံတိုင်းတွင် ရုပ်အထူးထူးသော ဖြင့် ဆန်းကြယ်ထလျက်သော၊ သာယာစွာသော တန်ဆောင်းကြီးလည်း ပြု၏။ ထိုအနောက်ဖြင့်ကား အလှူပေးလိုသောသူတော်တို့ အလှူပေးစိမ့်သောငှာ မြဲမြံ စွာသော အုတ်ဇရပ်လည်း ပြု၏။ ဤငါ့ကျောင်း၌ ရှိသော ဘုရား တရား သံဃာတို့ ချမ်းသာစိမ့်သောငှာ ပြည်အစ၌ကား အုတ်နှင့် မြဲမြံစွာဖွဲ့သော ကပ္ပိယကုဋီလည်း ပြု၏။ အလုပ်အကျွေးလည်း များစွာထားပေး၏။ လေးမျက်နှာ လာလာသောသူတို့ ရေအလိုရစိမ့်သောငှာ အုတ်နှင့် မြဲမြံစွာဖွဲ့သော ရေတွင်းလည်း တူး၏။ ဤမျှသော အနှစ်မောင်နှံပြုသော ကောင်းမှုခပ်သိမ်းသောကား သာသနာအနှစ် ၅၀၀၀ မြောက်အောင် တည်ရစ်စိမ့်သောငှာ အစီအရင် များစွာ ပြုသတည်း။ ဤအနှစ်မောင်နှံပြုသော ကောင်းမှုခပ်သိမ်းသောကို အနှစ်ကိုယ်စား အခါမြင့်မြဲ ပြုဖာရစ်စိမ့်သောငှာ၊ တန်လင်းလှည်းစိမ့်သောငှာ၊ ဘုရား တရား၌ သင်ပုတ်၊ ဆီမီး၊ ကွမ်းပန်းမပြတ် တင်ရစ်စိမ့်သောငှာ၊ သည်းခံသော သခင်အရိယာ တို့ကို ဆွမ်းပန်း လုပ်ကျွေးရစ်စိမ့်သောငှာ အနှစ် မောင်နှံလှူသောပုဂံကျွန်။]

[သက္ကရာဇ် ၅၈၉]
(အရှေ့ဘက်)
(ပုံ ၈၀)
၁၊၂၊၇၀၊၁။
“ရတနာသုံပါသောကိုဝ်။ နိယ်(နိယ်)တိုင် လုပ်က္လွည် ထလျက်လျှင်တေ။”
[ရတနာသုံးပါးသောကို နေ့နေ့တိုင်း လုပ်ကျွေးထ လျက်လျှင်တည်း။]

၁၊၂၊၇၀၊၂။
...“ခင်ပွန်
(အတည်မဟိ) မယ်ခရကာ။”
[ခင်ပွန်းအတည်မရှိ မဲ့ခရကား။]

[သက္ကရာဇ် ၅၈၉]
 (တောင်ဘက်)
(ပုံ ၈၂ က)
၁၊၂၊၇၁၊၁။
၁၄“။ ။ ဤယ်အနှစ်မောင်နှံလှူသော။ လယ်။ ဥယန်။
၁၅ ကျွန်။ နွာ။ က္လွယ်။ ဆင်။ ဆိတ်။ ဤမ်နက်
၁၆ (ဥ)တ်စာ နိဖွယ္အ်မကြွင်။ ဤယ်အလှူခပ်သိမ်
၁၇ (သ)ကာ စင်သောတိတေ။ (နောင်အခြင်)မျာအံသော
၁၈ ဥတ္စာကာ က္လောက်စာ(ထုခတိတေ။)”

[ဤအနှစ်မောင်နှံလှူသောလယ်၊ ဥယျာဉ်၊ ကျွန်၊ နွား၊ ကျွဲ၊ ဆင်၊ ဆိတ်၊ အိမ်နက်ဥစ္စာ နေဖွယ်မကြွင်း ဤအလှူခပ်သိမ်းသောကား စင်သောတိတည်း။ နောင်အချင်းများအံ့သောဥစ္စာကား ကျောက်စာ ထုခတိတည်း။]

၁၊၂၊၇၁၊၂။
၁၉“ဖျက်ဆီ(သော။) လုယက်
၂၀ စသောသူကာ။ လူတွင်လျှင်လေ အနာမျာသော
၂၁ ဆိုဝ်ငြယ်ကြီသော အသက်တိုဝ်သကစသော အန္တရာ
၂၂ ယ်ရောက်စိယ်သတေ။ သိယ်သောလေ။ သရိယ်ပစ္စ
၂၃ ရာက။ ညောင်ဥိတိုင်ဩင်ဟိသော မ္လိပုံအလုံအတိုင်။
၂၄ အကံဘဘာလျှင် ပုရှာပ္လစ်သော ဒေဝဒတ်ခံခြင်ထက်
၂၅ အဆတစ်ရျာ အဆ(င်)[2] တစ်ထောင် အဆတစ်သောင်။
၂၆ ကိုဝ်မစောင်မပ္လန်ရမုရုယ္အ် အဝစိယ်ငြယ်လျှင် ကျ
၂၇ က်စိယ်သတေ။”

[ဖျက်ဆီးသော၊ လုယက်စားသောသူကား လူတွင်လျှင် လည်း အနာများသော၊ ဆင်းရဲကြီးသော၊ အသက်တို သောကစသော အန္တရာယ်ရောက်စေသတည်း။ သေသော လည်း သီရိပစ္စရာက ညောင်ဦးတိုင်အောင်ရှိသော မြေပုံ အလုံးအတိုင်း၊ အကမ္ဘာဘာလျှင် ဘုရားပြစ်သော ဒေဝဒတ်ခံခြင်းထက် အဆတစ်ရာ အဆတစ်ထောင် အဆတစ်သောင်း ကိုယ်မစောင်းမပြန်ရမူ၍ အဝီစိငရဲ လျှင် ကျက်စေသတည်း။]

၁၊၂၊၇၁၊၃။
၂၇“ဤယ်အနှစ်မောင်နှံလှူသောအလှူကာ
၂၈ စင်သော ချတ်သော မ္လတ်သောဥတ္စာ နှင်နှင်တေ။”

[ဤအနှစ်မောင်နှံလှူသောအလှူကား စင်သော၊ ချစ် သော၊ မြတ်သောဥစ္စာ နှင်နှင်တည်း။]

 [သက္ကရာဇ် ၅၈၉]
(မြောက်ဘက်) (ပုံ ၈၂ ခ)
၁၊၂၊၇၂၊၁။
“။ ။ ဤယ်ငာလှူသောကောင်မှုကိုဝ်အာ မိုဝ်နှောင်
သံဓင် ဖုန်တန်ခိုဝ် သ(ဒ္ဓါ)အန်အာနှင် ပ္လည်စုံသော
သုတာဝ်သုမ္လတ်တိုဝ် အရိယ်အရံ ယူရစ်ပိယ်သောသူ
တိုဝ်ကာ ဤယ်လူတွင်လေ အနာမဟိသောဖ္လစ်ရု
ယ် အသက်ရှည်စွာ နိယ်ရစိယ်ဧအ်။ နှစ်လုံဆိုဝ်
ငြယ် ကိုဝ်ဆိုဝ်ငြယ် ခပ်သိမ်ပျောက်ရုယ်”

[ဤငါလှူသောကောင်းမှုကိုအား မိုးနှောင်းသံထင် ဘုန်း တန်ခိုး သဒ္ဓါအန်အားနှင့်ပြည့်စုံသော သူတော်သူမြတ် တို့ အရေးအရံ ယူရစ်ပေသောသူတို့ကား ဤလူတွင် လည်း အနာမရှိသောဖြစ်၍ အသက်ရှည်စွာ နေရစေ၏။ နှလုံးဆင်းရဲ ကိုယ်ဆင်းရဲ ခပ်သိမ်းပျောက်၍။]

၁၊၂၊၇၂၊၂။
...“အတ
၁၀ (ည်မယ်)သောတရျာ ဖ္လစ်ခသရှဝ်လေ သင်သရာ
၁၁ ကျင်လည်ရာရာကာ ဆိုဝ်ငြယ်မှန်မသိမူရုယ်
၁၂ (လု)စည်စ˜ နတ်စည်စ˜ ခံစပြိရုယ် အဆုံကာ လုဝ်
၁၃ ..ကိုဝ် ရလတ်ရုယ် နိရဗန်ချံသာအာ ရောက်
၁၄ (စိယ်ကုန်)သတေ။ ။ ၀ ။ ။”

[အတည်မဲ့သောတရား ဖြစ်ခသရောလည်း သံသရာ ကျင်လည်ရာရာကား ဆင်းရဲမှန်းမသိမူ၍ လူစည်းစိမ်၊ နတ်စည်းစိမ်ခံစားပြီး၍ အဆုံးကား လို.. ကို ရလတ်၍ နေရပန်ချမ်းသာအား ရောက်စေကုန်သတည်း။]

 [သက္ကရာဇ် ၅၉၄]
 (တောင်ဘက်) (ပုံ ၇၈ ခ)
၁၊၂၊၈၂၊၁။
“ဤယ်စာကိုဝ် အခြိယ်အလက်
( ပ္လုပြျင်)စဟုမူကာ (ဟုရုယ္အ်)* ငာဖုန်မှုမူသော အက္လိုဝ် မရစိ
ယ် (ဟု မိန္အ်) ဧအ်။”
[ဤစာကို အခြေအလက်ပြုပြင်စဟုမူကား ငါဖုန်းမှု မူသော အကျိုးမရစေ”ဟုမိန့်၏။]
၁၊၂၊၈၂၊၂။
“အတိုဝ္အ် စာခြိယ်စာလက် မပ္လုမပြျင်စ
ဖူဟုရုယ္အ်။ ဓတ်အဘိဓမ္မာခီပိယ်ဧအ်။”
[“အတို့ စာခြေစာလက် မပြုမပြင်စဖူး” ဟူ၍ဓာတ် အဘိဓမ္မာချီပေ၏။]

  • (ဟုရုယ္အ်)ပိုသွားဟန်တူသည်။


[သက္ကရာဇ် ၅၉၅]
(အနောက်ဘက်) (ပုံ ၇၉ ခ)
၂၆ ...“ဤမျှသော
၂၇ သူတိုဝ်မှောက် တံကြသတေ အတံတရျာဆင်သော သင်ဖ္မတိုဝ် ဗိုလ်တရျာကိုဝ်
၂၈ မိယ်ဧအ်”

[ဤမျှသော သူတို့မှောက် တံကြသတည်း။ အတံတရား ဆင်သော သင်ဖမတို့ ဗိုလ်တရားကို မေး၏။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse

  1. *ဦးဖိုးလတ်၏“မြန်မာစကားအဖွင့်ကျမ်း၊ ဒုတိယတွဲ” တွင် ပန်းထိမ်ဟုဆိုသည်။
  2. * (င်)ပိုသွားဟန်တူသည်။