မင်းရာဇသူသမီးဇေယျသူဌေးမယား ကျောက်စာ

From Wikisource
Jump to navigation Jump to search
မင်းရာဇသူသမီးဇေယျသူဌေးမယားကျောက်စာ  (သက္ကရာဇ် ၅၉၈) 
by မင်းရာဇသူသမီးဇေယျသူဌေးမယား

၁၊၂၊၉၁၊၁။
“။ ။ သကရစ် ၅၉၈ ခြု ကြတိုက်နှစ် တန်ေ
ဆာင်မှုန်လဆန် ၁၄ရျက် တနှင်လာနိယ်အာ။ မင်
ရာဇာသူသမီ စေယျသထိယ်မိယာ ပုရ္ဟာ တြျာ သင်္ဃာ
ရတနာ သုံပါသော အထောက်အပင္အ် ဖ္လစ်စိမ္အ်သောကြောင္အ် လှူသော
ပုရ္ဟာကျွန်။”

[သက္ကရာဇ် ၅၉၈ ခု ကြတ္တိကာနှစ်၊ တန်ဆောင်မုန်း လဆန်း ၁၄ရက်၊ တနင်္လာနေ့အား မင်းရာဇသူသမီး ဇေယျသူဌေးမယား ဘုရား တရား သံဃာ ရတနာ သုံးပါးသော အထောက်အပင့် ဖြစ်စိမ့်သောကြောင့် လှူသော ဘုရားကျွန်။]

၁၊၂၊၉၁၊၂။
၂၁ ...“လှူသော လှူခြင်ကျင်
၂၂ လေည္ကာင် ငာကိန်သော ကိန်ခြင်ကျင်လေေည္ကာင် မ္လိယ်ကြီ လျှင် သ
၂၃ က်သိယ်မုသတေ။”

[လှူသော လှူခြင်းကျင်လည်းကောင်း၊ ငါကျိန်သော ကျိန်ခြင်းကျင်လည်းကောင်း မြေကြီးလျှင် သက်သေမူ သတည်း။]
၁၊၂၊၉၁၊၃။
၂၄“ငာပိယ်ရသော အလှူအက္လိုဝ်ဖ္လင်ကာ ငာဖ္လစ်လိယ်ရရာ အရပ်နှိုက္ကာ
၂၅ ခပ်သိမ်သော ဥစ္စာရတနာအပုံထက် ငာဖ္လစ်ရလိုဝ်သတေ။ မဟိယ်ဟုသော
၂၆ မိန်ခြင် ငာမသိလိုဝ်သတေ။”

[ငါပေးရသော အလှူအကျိုးဖြင့်ကား ငါဖြစ်လေရာရာ အရပ်၌ကား ခပ်သိမ်းသော ဥစ္စာရတနာ အပုံထက် ငါဖြစ်ရလိုသတည်း။ မရှိဟူသောမိန့်ခြင်း ငါမသိလို သတည်း။]

၁၊၂၊၉၁၊၄။
၂၇“ကောင်သောလူအဖ္လစ် ဖ္လစ်ရုယ် ပုရ္ဟာသ္ခိင်သာသနာ
၂၈ ကိုဝ် ထောက်ပင်္အမူသော ဖ္လစ်ရလိုဝ်၏။ ကိုဝ် နှုတ် နှစ်လုံဖ္လင်္အ မကောင်သော
၂၉ ကျင်ခြင်ကိုဝ် မကျင်ဖူသောဖ္လစ်ရုယ် ကောင်သော သာဝကာနှင် နိယ်ရပန်ရအံ
၃၀ သောအကျင်ကိုဝ်ကျင်လတ်လိုဝ်၏။ အဆုံကာ သင်သရာ ပင်လယ်အခံတ
၃၁ ဖက်သော နိရပန်ကိုဝ် ပတိသမ္ဘိဒ ပတိသမ္ဘိဒရဟန်နှင္အ်အကွ မျက်မှောက်ကင်္ကာလျာ
၃၂ င်ကာ နိယ်ရပန်လိုဝ်သတေ။ သတ္တဝာတကာလေ ရပါစိယ်သတေ။”

[ကောင်းသောလူအဖြစ် ဖြစ်၍ ဘုရားသခင်သာသနာကို ထောက်ပင့်မူသော ဖြစ်ရလို၏။ ကိုယ်နှုတ်နှလုံးဖြင့် မကောင်းသောကျင့်ခြင်းကို မကျင့်ဖူးသောဖြစ်၍ ကောင်းသောသာဝကနှင့် နေရပန်ရအံ့သော အကျင့် ကို ကျင့်လတ်လို၏။ အဆုံးကား သံသရာပင်လယ် အကမ်းတစ်ဖက်သော နေရပန်ကို ပဋိသမ္ဘိဒါရဟန်း နှင့်အကွ မျက်မှောက်ကင်္ကာလျှင်ကား နေရပန်လို သတည်း။ သတ္တဝါတကာလည်း ရပါစေသတည်း။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse