မင်းမယားစာချီဗိုလ် ကျောက်စာ

From Wikisource
Jump to navigation Jump to search
မင်းမယားစာချီဗိုလ်ကျောက်စာ  (သက္ကရာဇ် ၆၃၃) 
by မင်းမယားစာချီဗိုလ်

၁၊၂၊၁၅၉၊၁။
“။ ။ နမော သဗ္ဗဗုဒ္ဓါနံ။ ။ သကရစ် ၆၃၃ ခု။ အာသိန်နှစ် ကုဆုန်လဆန် ရရျက် ကြသပတိယ်နိယ် သဒ္ဓါပြညာနှင်ဟျန်‌ေ
သာ မင်မျာစခီပိုရ် ပုရှာ တြျာ သင်္ဃာရတနာသုံပါသောကိုဝ် သဒ္ဓါယုံကြည်စွာဖ္လစ်ရုယ်။ ရတနာသုံပါ ထ=အံသောငှာ ဥတ်အတိ
သော အရံတန်တိုင်လေ ပ္လုဧအ်။ ထိုဝ်တန်တိုင်တွင် လူနတ်တကာ ဆိရျာဖ္လစ်သော မ္လတ်စွာပုရှာပွင်၎္တမူသော မဟာပေါဓိ
ညောင်၎္တအစိယ် ရှုယ်ခွက်ဖ္လင် လက်၎္တပ္လျိုဝ်ရုယ် ဖ္လစ်ထကျင်သော ထိုဝ်ညောင်ပင်လေ စိုက်လေဟူရုယ် ပိယ်၎္တမူရကာ
ရှုယ်ခွက်နှင်စိုက်ဧအ်။ ရတနာစင်ကြံထက် ဖန်အဆင်နှင်လှခြင်တူသော ကူလေပ္လုဧအ်။ ထိုဝ်ကူတွင် ရတနာအမျ
က်ခတ်ထလျက်သော ဖုရှာကြီလေပ္လု၏။ ဤသိုဝ်သောပုရှာ တြျာ သင်္ဃာ ရတနာသုံပါအာရည်ရုယ်
လှူသော သင်တောင်ခွင်သယောင် ပ္လေါင်ရွာမ္လိယ် ၈၀။”

[နမော သဗ္ဗဗုဒ္ဓါနံ။ သက္ကရာဇ် ၆၃၃ ခု အဿယုဇနှစ်၊ ကဆုန်လဆန်း ၇ရက်၊ ကြာသပတေးနေ့ သဒ္ဓါပညာနှင့် ယှဉ်သော မင်းမယားစာချီဗိုလ် ဘုရား တရား သံဃာ ရတနာသုံးပါးသောကို သဒ္ဓါယုံကြည်စွာဖြစ်၍ ရတနာ သုံးပါးထားအံ့သောငှာ အုတ်အတိသော အရံတံတိုင်း လည်းပြု၏။ ထိုတံတိုင်းတွင်း လူနတ်တကာ ဆရာ ဖြစ်သော မြတ်စွာဘုရားပွင့်တော်မူသော မဟာဗောဓိ ညောင်တော်အစေ့ ရွှေခွက်ဖြင့် လက်တော်ပျိုး၍ ဖြစ်ထကျင်သော ထိုညောင်ပင်လည်း စိုက်လေဟူ၍ ပေးတော်မူရကား ရွှေခွက်နှင့်စိုက်၏။ ရတနာစင်္ကြံ ထက် - ဖန်အဆင်းနှင့်လှခြင်းတူသော ဂူလည်းပြု၏။ ထိုဂူတွင် ရတနာအမျက်ခတ်ထလျက်သော ဘုရားကြီး လည်းပြု၏။ ဤသို့သော ဘုရား တရား သံဃာ ရတနာသုံးပါးအားရည်၍လှူသော သင်တောင်ခွင် သယောင် ပြောင်ရွာမြေ ၈ဝ။]

၁၊၂၊၁၅၉၊၂။
၂၀“ဤယ်ငာလှူသော မ္လိယ်ကျွန်တိုဝ်ကိုဝ် အရိယ်အရံယူသော မင်ကြီစသော ကလန် သံပျင် သူတဝ် ခပ်သိမ်သကာ ငာနှင်ထပ်တူလျှင်
၂၁ အက္လိုဝ်ရပါစိယ်၏။ အန္တရယ်မူသောသူကာ မိမိလိုဝ်သောဆု မရစိယ်သတေ။ ပုရှာ တြျာ သင်္ဃာ ရတနာသုံပါ မဘူစိယ်သတေ လူ
၂၂ ပြိတ္တာ တိရိစ္ဆန်လျှင် ဖ္လစ္စိယ်သတေ။ ဤသိုဝ် ရတနာသုံပါအာ လှူသောအက္လိုဝ်ကာ ပြည်ကြီသ္ခိင်မင်ကြီ စသော အမတျာခပ်သိမ်။
၂၃ အမိဖုရှာစသော မောင်မခပ်သိမ်။ ဩက္ကာ အဝိစိတိုင်ဩင်။ အထက္ကာ ဘဝက်တိုင်ဩင်၊ ဖီလာကာ အနန္တစကြာဝလာ
တွင်ဟိသော
၂၄ လူသတွာခပ်သိမ်လျှင် ရပါစိယ်သတေ။”

[ဤငါလှူ သော မြေ၊ ကျွန်တို့ကို အရေးအရံယူသော မင်းကြီးစသော ကလန် သံပျင် သူတော်ခပ်သိမ်းသော ကား ငါနှင့်ထပ်တူလျှင် အကျိုးရပါစေ၏။ အန္တရာယ် မူသောသူကား မိမိလိုသောဆုမရစေသတည်း။ ဘုရား တရား သံဃာ ရတနာသုံးပါး မဖူးစေသတည်း။ လူ ပြိတ္တာ၊ တိရစ္ဆာန်လျှင် ဖြစ်စေသတည်း။ ဤသို့ ရတနာ သုံးပါးအားလှူသောအကျိုးကား ပြည်ကြီးသခင်မင်းကြီး စသော အမတ်ရာခပ်သိမ်း၊ အမိဖုရားစသော မောင်းမ ခပ်သိမ်း၊ အောက်ကား အဝီစိတိုင်အောင်၊ အထက် ကား ဘဝဂ်တိုင်အောင်၊ ဖီလာကား အနန္တစကြဝဠာ တွင်ရှိသော လူသတ္တဝါခပ်သိမ်းလျှင် ရပါစေသတည်း။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse