မင်းမတ်ဉာဏပိစည် ကျောက်စာ

From Wikisource
Jump to navigation Jump to search
မင်းမတ်ဉာဏပိစည်ကျောက်စာ  (သက္ကရာဇ် ၅၉၉) 
by မင်းမတ်ဉာဏပိစည်

(ပုံ ၁၀၅ က)
၁၊၂၊၉၇၊၁။
“။ ။ သကရာစ် ၅၉၈ ခု ကြတိုက်နှစ်။ ပ္လသိုဝ်လဆုတ် ၃ ရျက်။ တန်နှ
င်လါနိယ္အ်တက် ၉ ဖ္လွာခွယ် ပုထိုဝ်ကူထာပနာဧအ်။ ၂၈ ရျက်လျှင်ပြိ
ဧအ်။ ကူထာပနာသောနိယ္အ်လျှင် ရိယ်တွင် တူဧအ်။ တပိုဝ်ထွယ်လ
ဆုတ် ၁၃ရျက် သောကြာနိယ်လျှင် တန်တိုင်တည်ဧအ်။ တပေါင်္လပ္လ
ည် တန်တိုင်ပြိဧအ်။ ကူရ္ဟုယ်ထွတ်ကာ တပေါင်လဆုတ် ၇ ရျက် တ
န်နှင်လါနိယ်တက် ၉ ဖ္လွာခွယ်တင်ဧအ်။ ကူဆိယ်ရိယ် သကာ တန်ခူလ
ဆန် ၁ဝရျက် သုကြာနိယ် ကူပုရ္ဟာ ၁၄၆၁၉ယောက်။ ဇာတ် ၅၅၀။
၁၂ ရျက် တန်နှင်လါနိယ်ပြိဧအ်။ က္လောင်လေပြိဧအ်။ ဓမ္မသာပြိ
ဧအ်။ တြျာပန်လင်ပြိဧအ်။ ခောင်လေါင်ကြိယ်အပိသာ ၁၀၆ ပိသာ
၁၀ ခွယ်ဧအ် သွန်ဧအ်။ ကူထွတ်ကာ ကြီယ် ၅၅ပိသာခွယ် ကူထွတ်လိန်
၁၁ သော ရှုယ် ၄၆က္လျပ်ဟိယ်ဧအ်။ ပုရှာလိယ်မျက်နှာသော လိန်သော ရှု
၁၂ ယ် ၂၀။ စာသင်က္လောင် ၅ ခု ပ္လုဧအ်။ မ္လစ်ဩက် မ္လစ်ဩက်ကူငယ်
၁၃ လေ ဆိယ်ရိယ်ဧအ် က္လောင်တွင် ပုထိုဝ်ပုရှာဆိုဝ်ပ္လုဧအ်။ ေ
၁၄ ညာင် ၃ပင် စိုက်ဧအ်။ ရိယ်ဤမ် ၃ပါပ္လုဧအ်။ သမရိုဝ်လေ
၁၅ ဆောက်ဧအ် ပိတကတ်လေပြိဧအ်။”

[သက္ကရာဇ် ၅၉၈ ခု ကြတ္တိကာနှစ်၊ ပြာသိုလဆုတ် ၃ ရက်၊ တနင်္လာနေတက် ၉ဖဝါးခွဲ ပုထိုးဂူဌာပနာ၏။ ၂၈ရက်လျှင်ပြီး၏။ ဂူဌာပနာသောနေ့လျှင် ရေတွင်းတူး ၏။ တပို့တွဲလဆုတ် ၁၃ရက်၊ သောကြာနေ့လျှင် တံတိုင်းတည်၏။ တပေါင်းလပြည့် တံတိုင်းပြီး၏။ ဂူရွှေထွတ်ကား တပေါင်းလဆုတ် ၇ရက်၊ တနင်္လာ နေတက် ၉ဖဝါးခွဲတင်၏။ ဂူဆေးရေးသည်ကား တန်ခူး လဆန်း ၁ဝရက်၊ သောကြာနေ့ ဂူဘုရား ၁၄၆၁၉ ယောက်၊ ဇာတ် ၅၅ဝ၊ ၁၂ရက် တနင်္လာနေ့ပြီး၏။ ကျောင်းလည်းပြီး၏။ ဓမ္မသာပြီး၏။ တရားပလ္လင် ပြီး၏။ ခေါင်းလောင်း ကြေးအပိဿာ ၁ဝ၆ပိဿာခွဲ၏ သွန်း၏။ ဂူထွတ်ကား ကြေး ၅၅ပိဿာခွဲ ဂူထွတ် လိမ်းသော ရွှေ ၄၆ကျပ် ရှိ၏။ ဘုရားလေးမျက်နှာသော လိမ်းသော ရွှေ ၂ဝ၊ စာသင်ကျောင်း ၅ခုပြု၏။ မြောက်ဂူငယ်လည်း ဆေးရေး၏။ ကျောင်းတွင် ပုထိုး ဘုရားဆိုးပြု၏။ ညောင် ၃ပင်စိုက်၏။ ရေအိမ် ၃ပါး ပြု၏။ သမရိုး*လည်း ဆောက်၏။ ပိဋကတ်လည်း ပြီး၏။]

၁၊၂၊၉၇၊၂။
၃၆ ...“ဤလဲကိုဝ် ထိ
၃၇ ပါယူသသူကား အကံဘါဘါ အဝိစိအထယ် ငြယ် နစ်စိယ်သတေ။ အမ္လျိုဝ် ရဆက် ပျက်စိပြုန္တိ
၃၈ စိယ်သတေ။”

[ဤလယ်ကို ထိပါးယူသသူကား အကမ္ဘာဘာ အဝီစိ အထဲ ငရဲနစ်စေသတည်း။ အမျိုး ၇ဆက် ပျက်စီး ပြုန်းတီးစေသတည်း။]

  • အနက်မသိသာ။


၁၊၂၊၉၇၊၃။
၄၀“။ စစ်ထောင္အ်ထာသော နွာ ၃ဝကာ ပုရှာလှူသတေ။ ကူပုရန်
၄၁ သ္မာ ဗုဒ္ဓလင်္ကာကိုဝ်ပိယ်သော ဆင်ပြေါင် ၁စီ ခဆီ
၄၂ ပွယ်ဖျင် ၄စုံ။ ပန်ခီသ္မာ စိတ္တရာဗိစည်လေ ဆင်ဟို
၄၃ င် ၁စီ မြင် ၁စိ ခဆီဖျင်ပွယ် ၂စုံ ပန်ခီ ၄မျက်နှာေ
၄၄ သာ ၄စီ တာမောအ် ၄မျက်နှာ မြင် ၄စီ ပွင်ကြိလေ
၄၅ မြင် ၁စိ ကူထွတ်သ္မာ မြင် ၁စိ ပုရှာသ္မာ နွာ ၄ခု ပုရန်လေ
၄၆ နွာပိုက် ၄ခု။ ကူပ္လုသဥတ်အဖိုဝ် ၃၀။ အင်္ကာတိယ် ၁၀၉၀
၄၇ ။ ပျာ ၁၁၂ တနက် နွာနိုဝ်။ ၄၄၈လုံ တန်တိုင္အ်ဥတ် ၁၅ဖိုဝ်”

[စစ်ထောင့်ထားသော နွား ၃၀ကား ဘုရားလှူသတည်း။ ဂူပန်းရန်သမား ဗုဒ္ဓလင်္ကာကိုပေးသော ဆင်ပြောင် ၁စီး၊ ခါးဆီး ပွဲဖျင် ၄စုံ၊ ပန်းချီသမား စိတ္တရာဗိစည် လည်း ဆင်ဟိုင်း ၁စီး၊ မြင်း ၁စီး၊ ခါးဆီး ဖျင်ပွဲ ၂စုံ၊ ပန်းချီ ၄မျက်နှာသော ၄စီး၊ တမော့ ၄မျက်နှာ မြင်း၄စီး၊ ပွင့်ကြီးလည်း မြင်း၁စီး၊ ဂူထွတ်သမား မြင်း ၁စီး၊ ဘုရားသမား နွား ၄ခု၊ ပန်းရန်လည်း နွားပိုက် ၄ခု၊ ဂူပြုသော အုတ်အဖိုး ၃ဝ၊ အင်္ဂတေ ၁၀၉၀၊ ပျား ၁၁၂ တနက်၊ နွားနို့ ၄၄၈လုံး၊ တံတိုင်းအုတ် ၁၅ဖို။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse