မဂ်လမ်းကြီး-ချီ သံဝေဂ လေးချိုး

From Wikisource
Jump to navigation Jump to search
မဂ်လမ်းကြီး-ချီ သံဝေဂ လေးချိုး
by ဦးခိုင်

မဂ်လမ်းကြီး ဆုရည်ရွယ်။

မြှေးရစ်ကယ် တဏှာနှင့်၊
အဝိဇ္ဇာ အာသဝ၊
ကင်းပါရမယ်။

သည်သန္ဓေ သေစုတိငယ်က၊
များပါဘိအသွယ်သွယ်၊
ဘယ်ဝယ်မှ မရှင်း။

ဖော်မဆောင်၊
ဓမ္မိလှိုင်ဂူချောင်သို့၊
ခွာရှောင် လူ့ဓလေ့ကို၊
ငြီးငွေ့လေခြင်း။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.