မကောင်းမှုဒဏ် ကိုယ့်ထံပြန်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၇။ မကောင်းမှုဒဏ် ကိုယ့်ထံပြန်
344872ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၃၇။ မကောင်းမှုဒဏ် ကိုယ့်ထံပြန်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၇)

[edit]

မကောင်းမှုဒဏ် ကိုယ့်ထံပြန်

[edit]

မြတ်စွာဘုရားရှင်လက်ထက်က “ကောက” အမည်ရှိ မုဆိုးတစ်ယောက် ရှိလေသည်။ တောလိုက် သွားသည့်အခါတိုင်း သူအားကိုးရသော ခွေးများကို ခေါ်သွားလေ့ရှိသောကြောင့် သူ့ကို “ကောက ခွေးမုဆိုး”ဟု ခေါ်ကြသည်။ သူသည် ဘုရား၊ တရားနှင့် ရဟန်းသံဃာတော်များကို ရိုသေလေးစားခြင်း မရှိချေ။

တစ်နေ့သ၌ ကောကမုဆိုးသည် တောလိုက်သွားရန် ထွက်လာစဉ် ဆွမ်းခံကြွလာသော ရဟန်း တစ်ပါးကို တွေ့မြင်ရာ မုဆိုးက “ငါတော့ သူယုတ်မာကို မြင်လိုက်ရတယ်၊ ဒီနေ့ သားကောင်ရတော့မှာ မဟုတ်ဘူး”ဟု တွေးကာ စိတ်မကြည်မသာဖြင့် ဆက်၍ သွားလေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် နေမြင့်သည်အထိ သားကောင်တစ်ကောင်မျှ မရပေ။ မုဆိုးလည်း ဒေါသတကြီးဖြင့် အိမ်ပြန်လာရာ နံနက်က တွေ့ခဲ့သော ရဟန်းကိုပင် တွေ့ပြန်သည်။ ထိုအခါ မုဆိုးသည် ဒေါသကို မထိန်းနိုင်တော့ဘဲ “ဟေ့ ... သူယုတ်၊ သင့်ကို အမဲလိုက်ခွေးစာ ကျွေးပစ်မယ်”ဟု ပြောဆိုလေသည်။

ရဟန်းက မုဆိုးကို တောင်းပန်သော်လည်း မုဆိုးက လက်မခံဘဲ ခွေးများနှင့် ရှူးတိုက်လေသည်။ ရဟန်းသည် အနီးအနားရှိ သစ်ပင်ပေါ်သို့ အလျင်အမြန် တက်ပြေးရာ ခွေးများ မလိုက်နိုင်တော့ပေ။ ထိုအခါ မုဆိုးက “သင် သစ်ပင်ပေါ် ရောက်နေပေမယ့် ငါ့လက်က လွတ်မှာ မဟုတ်ဘူး” ဟု ကြိမ်းဝါးပြောဆိုကာ ရဟန်း၏ ခြေဖဝါးကို မြားချွန်ဖြင့် ထိုးလေသည်။ ခြေထောက် တစ်ဖက် ရုတ်သွားလျှင် နောက်တစ်ဖက်ကို ထိုးပြန်၏။ ရဟန်းက မည်သို့ပင် တောင်းပန်သော်လည်း မုဆိုးသည် ဂရုမစိုက်ဘဲ မြားချွန်ဖြင့် ဆက်၍သာ ထိုးနေတော့သည်။

ထိုအချိန်တွင် ရဟန်းမှာ တစ်ကိုယ်လုံး မီးလောင်ထားသကဲ့သို ့ ပြင်းထန်သောဝေဒနာကို ခံစားရသဖြင့် မိမိကိုယ်ကို သတိမထားနိုင်တော့ဘဲ အပေါ်ရုံသင်္ကန်းသည် ကိုယ်ပေါ်မှ လျှောကျ သွားလေသည်။ ထိုသင်္ကန်းသည် ကောကမုဆိုးပေါ်သို့ ကျသွားကာ တစ်ကိုယ်လုံး လွှမ်းခြုံမိသွား သည်။ ထိုအခါ ခွေးများက ရဟန်းပြုတ်ကျလာသည်ဟု ထင်မှတ်ကာ မုဆိုးကို ဝိုင်း၍ ကိုက်စား ပစ်လိုက်ကြလေသည်။ ဤသို့ဖြင့် ကောကမုဆိုးသည် ရဟန်းသံဃာကို ပြစ်မှား စော်ကားခဲ့သည့်အတွက် မကောင်းကျိုး ကို ချက်ချင်းလက်ငင်း ခံစားသွားရသည်။ မကောင်းမှုဒဏ်သည် သူ့ထံသို့ ပြန်လည် ကျရောက်ခဲ့လေသည်။

သူ့ထိုက်သူ့ကံ

[edit]

ပြုသူရဲ့ကံ အဆိုးအကောင်းဟာ သူ့ထိုက်သူ့ကံပါ
ခံစား၊ စံစား အမှန်တရား ဗုဒ္ဓဟောကြားထား
မကောင်းသော အတွေးအကြံ သူစီမံ ကောကမုဆိုးဟာ
ပြုသမျှသူ့ကံ သူ့ထံလာ ဇာတ်သိမ်းမကောင်းရှာပါ
တို့သူငယ်ချင်းတွေ ... စိတ်ကောင်းထားကြလေ။
ကောကမုဆိုးအကြံစည်မျိုး အတုယူမမှတ်နဲ့လေ။