ဘုရားကိုဝါသူ
Jump to navigation
Jump to search
စည်းစိမ်တော်ယစ်မူးလို့
မဖြစ်ဘူး ဣန္ဒာ
ကသစ်ဦးသိင်္ဂါမှာ
အလိမ္မာလွန်အား
ရွေငါးသန်းနှစ်ကုဋေမှာ
အဖျော်ဖြေ ကြူးရော့သလား ။
ဘသူ့ကမှ မမှုလာတယ်
ကရုဏာတရား
လူ့ရွာကိုရှုပါငြားမယ်လို့
ဘုရားကို သူဝါ
အင်ကြင်းမြို င်ကုသိန်နန်းမှာ
ရွှေစာတမ်း ထိုးလျှက်ရှိပါ
ကောဝိလ သာမိံပါ
အို-အိန္ဒာသိကြားငဲ့
ဘုရားကိုးကွယ်မှန်
ဆင်းခဲ့မြန်မြန်
ထောင်မျက်စိမှိန်ပြန်လျှင်
စိန်မျက်မှန် ဆက်အုံးမယ်ပလေး။ ။
![]() |
This work was published before January 1, 1928, and is in the public domain worldwide because the author died at least 100 years ago. |