ဘုန်းကြီးကျောင်း သွားကြမယ် -ဒု

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၇) ဘုန်းကြီးကျောင်း သွားကြမယ်
326621ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၁၇) ဘုန်းကြီးကျောင်း သွားကြမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၇)

ဘုန်းကြီးကျောင်း သွားကြမယ်

[edit]

ဘုန်းဘုန်းကျောင်းကို ဘွားဘွားသွားတော့၊
သားသားမီးမီး လိုက်ကြမယ်။
ပြောဆိုနေထိုင် လွန်ယဉ်ကျေးလို့၊
သန့်ရှင်းရေးလည်း လုပ်ပါ့မယ်။
ဘုန်းဘုရားကို ဦးနှိမ်ချလို့၊
လှူစရာများ လှူပါ့မယ်။
အလှူဒါန လှူပြီးက၊ အမျှ ပေးဝေမယ်။
ကျောင်းကိုသွားက ကုသိုလ်ရ၊
သွားကြ သွားကြမယ်။ ။

ဘုန်းကြီးကျောင်းသို့ တစ်ခေါက်

[edit]

မောင်မောင်သည် ဘွားဘွားနှင့်အတူ ဘုန်းကြီးကျောင်းကို လိုက်သွားခဲ့သည်။ ကျောင်းပေါ် ရောက်သောအခါ ဆရာတော်ကို ဘွားဘွားနှင့်အတူ ကန်တော့သည်။

အိုးစည်၊ ဒိုးပတ်သံတညံညံဖြင့် ကျောင်းဝင်းထဲ ရောက်လာသည့် ရှင်လောင်းလှည့်ပွဲကို မောင်မောင်သည် ပြတင်းပေါက်မှ အံ့သြစွာ လှမ်းကြည့်နေမိသည်။

ဘွားဘွားက ရှင်ပြုပွဲနှင့် သီလရှင်ဝတ်ပွဲအကြောင်း ရှင်းပြသည်။ မောင်မောင်လည်း ရှင်ပြုချင်လာ၏။ ကိုရင်ဝတ်ချင်လာ၏။

လိမ္မာသော မောင်မောင်ကို အားလုံးက ချစ်ခင်ကြသည်။ မုန့်များလည်း ကျွေးကြသည်။ မောင်မောင်သည် ဘုန်းကြီးကျောင်း သွားရသည်ကို သဘောကျနေတော့၏။

ရှင်လောင်းပွဲ

[edit]

အရှေ့ရွာက မောင်းဗုံသံ၊
ဗေ့ ဗေ့ ထုံဗေ့ ညံ။
နွေဦးယံ အလှူပွဲ၊
နွှဲကြရသည်ပဲ။
မောင်ရှင်လောင်းပွဲ လှည့်လာရင်၊
မြင်းက စီးတော်ယာဉ်။
ရွာလုံးကျွတ်ပင် စီစီတန်း၊
ပျော်ကြပါးကြစမ်း။ ။