ဘဝဂ်မျှ ခက်ရသူ

From Wikisource
Jump to navigation Jump to search
ဘဝဂ်မျှ ခက်ရသူ
by စလေ ဦးပုည

ခက်ပွေသူ ခက်ရေးမို့
စက်မှေးလို့မပျော် ။
ခက်မှုကြောင့် ခက်သော်မော်ရယ်
ခက်ငွေဇော်ခိုင်ပန်း ။
ခက်သမျှ ခက်အပွေကို
ခက်နဘေတေးထပ်နှင့်ကမ်း ။
ဘဝဂ်မျှခက်ရသူမှာ
ခက်အပူထွေလျှမ်း ။
မြကြိုးလိမ်ခက်သန်းလို့
လက်ပန်းကျခက်ပုံ ။
ခက်သူမှာသက်ရှူ လွဲတာမို့
ခက်ပူပွဲထွေးလို့ရစ်ဆုံ ။
ခက်သမျှ အကြောင်းပုံကို
တစောင်းချုံ ခင်မကြောင့်
ရွှေရင်ဝခက်ဗျာပါ
စွဲငြိတောက်လာ ။
ခင့်အတွက်ရတက်ဖြာတယ်
အသက်ဟာသေလုပေါ့လေး ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.