ဘယ်လိုလူမျိုး ဖြစ်ချင်သလဲ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၆။ ဘယ်လိုလူမျိုး ဖြစ်ချင်သလဲ
326951ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၃၆။ ဘယ်လိုလူမျိုး ဖြစ်ချင်သလဲဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၆)

ဘယ်လိုလူမျိုး ဖြစ်ချင်သလဲ

[edit]

ပျိုးပင်ရေလောင်းသော မျောက်များ

ရှေးအခါက သာယာလှပသော ဘုရင့်ဥယျာဉ်ကြီးတစ်ခု ရှိသည်။ ထိုဥယျာဉ်ကြီးကို ဥယျာဉ်မှူး တစ်ယောက်က ပြုစုစောင့်ရှောက်နေသည်။ ထိုဥယျာဉ်ကြီးထဲတွင် မျောက်အုပ်တစ်အုပ်လည်း နေထိုင်သည်။ တစ်နေ့တွင် ဥယျာဉ်မှူးသည် အလွန်စည်ကားပြီး ပျော်ရွှင်ဖွယ်ကောင်းသော ပွဲတော်သို့ သွားရောက်လည် ပတ်လိုသည်။ သို့သော် သစ်ပင်၊ ပန်းပင်များကို ရေလောင်းပေါင်းသင်ရမည်ဖြစ်၍ ပွဲတော်သွားရန် အခက် ကြုံနေသည်။

ထို့ကြောင့် သူ့ကိုယ်စား သစ်ပင်၊ ပန်းပင်များကို ရေလောင်းပေးပါရန် မျောက်ခေါင်းဆောင်အား အကူအညီတောင်းသည်။ မျောက်ခေါင်းဆောင်ကလည်း ရေလောင်းပေးရန် သဘောတူသဖြင့် ဥယျာဉ် မှူးသည် ပွဲတော်သို့ စိတ်ချလက်ချ သွားခဲ့လေသည်။

မျောက်များသည် သစ်ပင်၊ ပန်းပင်များကို ရေလောင်းကြသည်။ မျောက်ခေါင်းဆောင်က “အို . မျောက်အပေါင်းတို့ ... ရေကို မဖြုန်းကြနဲ့၊ အရင်ဆုံး အပင်ကို နုတ်ပြီး အမြစ်ကို ကြည့်ကြ၊ အမြစ်က သေးသေးဆိုရင် ရေကို နည်းနည်းလောင်း၊ အမြစ်က ကြီးကြီးဆိုရင် ရေကို များများလောင်း”ဟု ညွှန်ကြားသည်။ မျောက်များသည် ခေါင်းဆောင်ခိုင်းသည့်အတိုင်း သစ်ပင်များကို နုတ်ကြည့်ပြီးမှ ရေလောင်းကြရာ ဥယျာဉ် တစ်ခုလုံး ပျက်စီးသွားခဲ့လေသည်။