Jump to content

ဗန္ဓနာဂါရဝတ္ထုဂါထာ

From Wikisource

၂၄-တဏှာဝဂ်

၄-ဗန္ဓနာဂါရဝတ္ထုပါဠိဂါထာ

၆၁ဝ ။ န တံ ဒဠှံ ဗန္ဓနမာဟု ဓီရာ, ယဒါယသံ ဒါရုဇ ပဗ္ဗဇဉ္ဇ၊
သာရတ္တရတ္တာ မဏိကုဏ္ဍလေသု, ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ။

အာယသံ၊ သံဖြင့်ဖြစ်စေအပ်, ပြုလုပ်အပ်သော။ [အယသာ+နိဗ္ဗတ္တံ, ကတံ ဝါ အယသော ဝိကာရော ဝါ အာယသံ၊ အယ+ဏ။ သ-လာ။ မောဂ်-၄, ၆၆။] ယံ ဗန္ဓနံ၊ အကြင် သံခြေချင်းဟူသော အနှောင်အဖွဲ့သည်လည်းကောင်း။ ဒါရုဇံ၊ သစ်သားဖြင့် ဖြစ်စေ အပ်, ပြုလုပ်အပ်သော။ [ဆန်းကြောင့် နိဂ္ဂဟိတ်ချေ၍ ဂါထာ၌ “ဒါရုဇ”ဟု ရှိသည်။] ယံ ဗန္ဓနံ၊ အကြင်ထိတ်တုံးဟူသော အနှောင်အဖွဲ့သည်လည်းကောင်း။ ပဗ္ဗဇံ၊ ဗြိတ်မြက် တို့ဖြင့် ပြုအပ်သော။ ယံ ဗန္ဓနံ စ၊ အကြင်ကြိုးဟူသော အနှောင်အဖွဲ့သည်လည်းကောင်း။ (အတ္ထိ၊ ရှိ၏။) ဓီရာ၊ ဘုရားစသား, ပညာရှိများတို့သည်။ တံ ဗန္ဓနံ၊ ထိုသံခြေချင်း စသော အနှောင်အဖွဲ့ကို။ ဒဠှံ၊ ခိုင်မြဲသော အနှောင်အဖွဲ့ဟူ၍။ န အာဟု (န ဝဒန္တိ)၊ မိန့်တော်မမူကုန်။ (ယေ၊ အကြင်သူတို့သည်။) မဏိကုဏ္ဍလေသု၊ ပတ္တမြား နားတောင်း တို့၌။ ဝါ၊ ပတ္တမြားတို့ဖြင့် ဆန်းကြယ်သော နားတောင်းတို့၌။ သာရတ္တရတ္တာ၊ အလွန် တပ်မက်ကုန်သည်ဖြစ်၍ တပ်မက်ကုန်၏။ (အလွန့်အလွန်တပ်မက်ကုန်၏။ (တေသံထိုသူတို့၏။ ယော ရာဂေါ စ၊ အကြင်ရာဂသည်လည်းကောင်း။) ပုတ္တေသု၊ သားသမီးတို့ ၌လည်းကောင်း။ ဒါရေသု စ၊ မယားတို့၌လည်းကောင်း။ ယာ အပေက္ခာ၊ ငဲ့ကွက်တွယ် တာ, အကြင်တဏှာသည်လည်းကောင်း။ (အတ္ထိ၊ ရှိ၏။) (ပါ-၃၄၅)

၁။မဏိကုဏ္ဍလေသု။ ။ “မဏီ စ+ကုဏ္ဍလာနိ စ မဏိကုဏ္ဍလာနိ၊ (တစ်နည်း) မဏီဟိ '+ဝိစိတ္တာနိ+ကုဏ္ဍလာနိ မဏိကုဏ္ဍလာနိ(ဓမ္မ.ဋ္ဌ)၊ (တစ်နည်း) မဏီဟိ+စိတာနိ+ကုဏ္ဍလာနိ မဏိကုဏ္ဍလာနိ-ပတ္တမြားတို့ဖြင့် စီခြယ်ထားအပ်သော နားတောင်းတို့(ထေရ၊ဋ္ဌ၊၁၊၄၀၀)၊ (တစ်နည်း) မဏီဟိ+ယုတ္တာနိ+ကုဏ္ဍလာနိ မဏိကုဏ္ဍလာနိ-ပတ္တမြားတို့နှင့် ယှဉ်သော နား တောင်းတို့(ဇာ၊ဋ္ဌ၊၂၊၁၂၈)။

၂။သာရတ္တရတ္တာ။ ။ ဓမ္မ.ဋ္ဌအလို “သုဋ္ဌု+ရတ္တာ သာရတ္တာ၊ သာရတ္တာ+ဟုတွာ+ရတ္တာ သာရတ္တရတ္တာ”ဟု ပြု၊ သံ၊ဋ္ဌ၊၁၊၁၃၅၌ “ရတ္တာ+ဟုတွာ+ရတ္တာ ရတ္တရတ္တာ၊ သုဋ္ဌု+ရတ္တရတ္တာ သာရတ္တရတ္တာ”ဟု ပြု၏၊ ထိုသံ.ဋ္ဌ၌ “သာရတ္တေန ဝါ ရတ္တာ သာရတ္တရတ္တာ၊ သာရံ ဣဒန္တိ မညနာယ ရတ္တာတိ အတ္ထော”ဟု တစ်နည်းဖွင့်၏၊ ဤအလို “သာရဿ+ဘာဝေါ သာရတ္တံ၊ သာရတ္တေန+ရတ္တာ သာရတ္တရတ္တာ(အနှစ်၏အဖြစ်အားဖြင့် တပ်မက်ကုန်၏)”ဟု ပြုပါ။ [ဓမ္မ.ဋ္ဌ ၌ “တေသံ သော ရာဂေါ”နေရာဝယ် ဇာ၊ဋ္ဌ၊၂၊၁၂၉၊ နေတ္တိ၊ဋ္ဌ၊၂၄၃အတိုင်း “တေသံ ယော ရာဂေါ”ဟု ရှိသင့်သည်။]

နေတ္တိဝိ-၃၀၈။ ။ ထို၌ အပေက္ခာ၏ ဝိသေသနကြံ၍ “မဏိကုဏ္ဍလေသု-တို့၌လည်း ကောင်း၊ ပုတ္တေသု-ကောင်း၊ ဒါရေသု စ-ကောင်း၊ သာရတ္တရတ္တာ-အလွန်တပ်မက်သည်ဖြစ်၍ တပ်မက်သော၊ ယာ အပေက္ခာ-သည်၊ (လောကေ-၌၊ ဝိဇ္ဇတိ-ရှိ၏)”ဟု ပေး၏။

အဖွင့်မှ တစ်မျိုးပေးပုံ။ ။ သာရတ္တရတ္တာကို အနိယမဝါကျယူ၍ “မဏိကုဏ္ဍလေသုတို့၌၊ ယာ သာရတ္တရတ္တာ-အကြင်အလွန်တပ်မက်မောခြင်းသည်လည်းကောင်း၊ ပုတ္တေသု-တို့၌ ကောင်း၊ ဒါရေသု စ-ကောင်း၊ ယာ အပေက္ခာ-အကြင်ငဲ့ကွက်တွယ်တာခြင်းသည်လည်းကောင်း၊ (အတ္ထိ)”ဟုလည်း အဖွင့်မှ တစ်မျိုးပေးကြ၏။

၆၁၁။ ဧတံ ဒဠှံ ဗန္ဓနမာဟု ဓီရာ, ဩဟာရိနံ သိထိလံ ဒုပ္ပမုဉ္စံ၊
ဧတမ္ပိ ဆေတွာန ပရိဗ္ဗဇန္တိ, အနပေက္ခိနော ကာမသုခံ ပဟာယ။

ဓီရာ၊ ဘုရားစသား ပညာရှိများတို့သည်။ ဧတံ ဗန္ဓနံ၊ ဤကိလေသာအနှောင် အဖွဲ့ကို။ ဒဠှံ၊ ခိုင်မြဲသော အနှောင်အဖွဲ့ဟူ၍။ အာဟု၊ မိန့်ဆိုတော်မူကုန်၏။ ဩဟာရိနံ၊ အောက်အပါယ်လေးပါးသို့ ပို့ဆောင်တတ်သော။ (ပို့ဆောင်လေ့ရှိသော)။ သိထိလံ၊ လျော့သောအခြင်းအရာရှိသော။ ဒုပ္ပမုဉ္စံ၊ ခဲယဉ်းသဖြင့် ဖြေလွှတ်အပ်သော။ ဝါ၊ အဖြေ ရခက်သော။ ဧတမ္ပိ၊ ဤကိလေသာအနှောင်အဖွဲ့ကိုလည်း။ ဆေတွာန၊ ဉာဏ်သန် လျက်ဖြင့် ဖြတ်တောက်ပြီး၍။ အနပေက္ခိနော၊ ငဲ့ကွက်ခြင်းမရှိကုန်သည်။ (ဟုတွာ၊ ၍။) ကာမသုခံ၊ ကာမဂုဏ်တို့၌ ဖြစ်သောချမ်းသာကို။ ပဟာယ၊ ပယ်စွန့်၍။ ပရိဗ္ဗဇန္တိ၊ သွားကုန်၏။ ဝါ၊ ရဟန်းပြုကုန်၏။ (ပါ-၃၄၆)

၁။ သိထိလံ။ ။ သဟိတုံ+အလန္တိ သိထိလံ၊ [သဟ+ကိလ၊ သဟကို သိထပြု၊-မောဂ်- ၇, ၁၉၁။] သိထိလံ+အဿ အတ္ထီတိ သိထိလံ၊ သိထိလပုဒ်သည် လျော့ခြင်းအနက်ကို ဟော၏၊ ဤ၌ ကိလေသာအနှောင်အဖွဲ့ကို ရ၏၊ အမှန်အားဖြင့် ကိလေသာအနှောင်အဖွဲ့သည် လျော့သည် မဟုတ်၊ လျော့သောအခြင်းအရာရှိခြင်းကို “သိထိလံ”ဟု ဆိုလိုသည်။ [သိထိလန္တိ သိထိလာကာရံ၊ န ပန သိထိလံ၊-သံ၊ဋီ၊၁၊၁၈၁။]

၂။ ကာမသုခံ။ ။ ကာမေသု + ပဝတ္တံ + သုခံ ကာမသုခံ(နီယော-၁၁၀)၊ ကာမေသု ကာမေဟိ ဝါ သမ္ပယုတ္တံ သုခံ ကာမသုခံ-ကိလေသာကာမတို့၌ ယှဉ်သောချမ်းသာ၊ ဝါ-ကိလေ သာကာမတို့နှင့် ယှဉ်သောချမ်းသာ(ပါရာယော-၅၅)။

ဗန္ဓနာဂါရဝတ္ထုဂါထာနိဿယပြီးပြီ။