ဖိုးကလုန်ဂူဘုရား ကျောက်စာ

From Wikisource
Jump to navigation Jump to search
ဖိုးကလုန်ဂူဘုရားကျောက်စာ  (သက္ကရာဇ် ၆၀၅) 
by အမိသင်တော်မရှက်သည်

(မျက်နှာဘက်)
“။ ၀ ။ သကရစ် ၆၀၅ ခု စိဿနှစ် မ္လွယ်တာလဆုတ် ၆ ရျာက် တနှင်လါနိယ် သ္ခင်အမိ
သင်တဝ်မရှက်သည် မသိယ်မီက မိန်ခဧအ်။ ငာမိငာဖက လါသောကျွန်။ မ္လိယ်ခပင်
စူတဝ်ရသော ကျွန်မ္လိယ်ခပင်သကာ ငာပ္လုသော ကူနှိုက်သော ပုရှာလျှင် လှူသတေ။ ပစ္စပတိယ်မျာ
အိုဝ္အ်ကိယ်တေ ငာဝနှင်ငာလျောင်ကိုဝ်။ ငာဖမှလါသော ကျွန်တေဟူရုယ် ခတ်ငျှပ်လိယ်ရကာ
။ သ္ခင်မင်မျာပင်ဝှက်သည် နာတဝ်ကြာဧအ်။ ယရည်ရမမ်မျာ အိုကိယ်တေ မရှက်သည် ပုရှာလှူ
ခသကျွန်ကိုဝ် ငာဖမှလါသောကျွန်တိနှင္အ် အသိုဝ္အ်ဟု ပုရှာ လှူရမ္အ်သနှေဟူရုယ် ခတ်ငျှပ်လိယ်ဧအ်။
မိန်တဝ်မူဧအ်။ မရှက်သည်မသိယ်မီက အယင်မမိန်တယ္အ် မဟိပြိမှ အသိုဝ်ဟုမိန်သနှေ။ ယနှိ
ယ္အ်ကစကာ မရှက်သည် ပုရှာလှူခသောကျွန်နှင္အ် မ္လိယ်ကိုဝ် သူအနိုင်အထက်မူဟူမူကာ။ တစ္ဆ်‌ေ
သော ၃ဆ ၃ဆ တောင်စိယ်သတေဟူရုယ် အမိသင်တဝ် မဥတ်အာသင်ကိုဝ် ထုယ်တာဝ်တင်ဧအ်
၁၀ ။ ကြာပါသကာ သ္ခင်စာတဝ်ခီ အိုခီရှာသင်၁။ သ္ခင် စခီပိုလ်၁။ ထံတာဝ်ဟိသော အမိသင်တ
၁၁ ဝ်ခပင် ကြာကုန်ဧအ်။”

[သက္ကရာဇ် ၆ဝ၅ ခု ဇေဋ္ဌနှစ်၊ နွယ်တာလဆုတ် ၆ရက်၊ တနင်္လာနေ့ သခင်အမိသင်တော် မရှက်သည် မသေမီက မိန့်ခ၏။ “ငါ့မိ၊ ငါ့ဖကလာသော ကျွန်မြေခပင်း၊ ကျေးဇူးတော်ရသော ကျွန်မြေခပင်းသကား ငါပြုသော ဂူ၌သော ဘုရားလျှင် လှူသတည်း။” ပစ္စပတေ့မယား အဲ့ကေတည်း ငဝနှင့်ငလျောင်ကို “ငါ့ဖမှလာသော ကျွန် တည်း”ဟူ၍ ခတ်ညှပ်လေရကား သခင်မင်းမယား ပင်ဝှက်သည် နားတော်ကြား၏။ “ယရည်းရမံ မယား အိုကေတည်း မရှက်သည် ဘုရားလှူခသောကျွန်ကို ငါ့ဖမှလာသော ကျွန်တိနှင့် အသို့ဟု ဘုရားလှူရံသနည်း ဟူ၍ ခတ်ညှပ်လေ၏။” မိန့်တော်မူ၏။ “မရှက်သည် မသေမီက ယင်းမမိန့်တဲ့ မရှိပြီးမှ အသို့ဟုမိန့်သနည်း။ ယနေ့ကစကာ မရှက်သည် ဘုရားလှူခသော ကျွန်နှင့် မြေကို သူအနိုင်အထက်မူဟူမူကား တစ်ဆသော ၃ဆ ၃ဆ တောင်းစေသတည်း” ဟူ၍ အမိသင်တော် မအုတ် အာသင်ကို ထွေတော်တင်၏။ ကြားပါသကား သခင် စာတော်ချီ အိုခီရှာသင်၁၊ သခင်စာချီဗိုလ်၁ ထံတော် ရှိသော အမိသင်တော်ခပင်းကြားကုန်၏။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse