ဖမ်းပါ့ဖေ တောဖွဲ့
Jump to navigation
Jump to search
ခိုင်အနန်းငယ်နှင့်၊ ကြိုင်လန်းငယ်ဝတ်ရည်၊
မြိုင်ခန်းငယ်စည်သည်၊ ခါတော်မှီ တာသင်္ကြန်မှာ၊
ရွှေလျှံညှာရင့်ပြောင်းတယ်လေး။
ရှုတိုင်းသာ၊ လင်းပြာသန့်စင်၊ သိုက်မြုံတင်လို့၊
ကျူးရင့်ကြော်ငြာ၊ ရွှေဥသြတို့၊ ဖေါ်နှောကာနှင့်၊
ခရာတဲ့ကျေးငယ်ကို၊ ရွှေချိုင့်ဝယ် သည်မယ်မွေးချင်လှ၊
ဖမ်းပါ့ဖေ ဟန်မနှေးပါနှင့်၊ ပြေးရော့မယ်လေး။
![]() |
This work was published before January 1, 1928, and is in the public domain worldwide because the author died at least 100 years ago. |