ပွဲတွေ့အမှား လေးချိုး

From Wikisource
Jump to navigation Jump to search
ပွဲတွေ့အမှား
by စလေ ဦးပုည
(အကွပ်မျက်မခံရမီ နောက်ဆုံးရေးသားသွားသော လေးချိုး)‎

ဟုတ်ပလေ နှုတ်ချွေဟရမှာဖြင့်၊‎
ပုဗ္ဗေစ ထင်ရဲ့လေ။‎

ကောသလ (သာဓက) ငယ်တို့၊
ဘဝအသရေလျှမ်းပါတဲ့၊‎
ရွှေနန်းစံရာ နရိန်မှ (တို့တောင်)‎၊
ခါချိန်တန် ပျက်စမြဲဟာမို့၊‎
စွဲမိသံဝေ။‎

အကုသိုလ် ဃာတကတ်ကယ်က၊‎
‎ယခုလို လာလို့ဖြတ်တာကြောင့်၊
ဇရပ်သို့ ပြေးရ (ရာ) လေ၊‎
ခွေးသေသို့ (လို့) သေရငြား။‎

သိလျက်နှင့်ပင်၊‎
‎ဝိပါက် တကယ်ထင်လို့ (ကြမ္မာငင်တော့၊‎)
ရွှေဉာဏ်ရင်(ရှင်) မဝေခွဲနိုင်ဘု၊‎
ပွဲတွေ့အမှား။‎


မှတ်ချက်

  • မြန်မာ့စွယ်စုံကျမ်း အတွဲ ၆ (နီ - ပစ်)။ ပုည၊ ဦး၊ စလေ စာ - ၃၄ဝ-၃၄၃ မှ လေးချိုးကို မူရင်းအဖြစ် မှတ်သား၍ () အတွင်းမှ စာသားများမှာ ဦးတင်မြင့် (ဝိဇ္ဇာ-ဂုဏ်ထူး) တည်းဖြတ်သည့် "ဦးပုည လက်ရွေးစင်စာများ" မှ မူကွဲ ဖြစ်ပါသည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse