ပြာသိုလဘွဲ့ လေးချိုး
Jump to navigation
Jump to search
အာဒိစ္စရယ်တဲ့ ဖန်သူရိန်
ပြင်လမ်း သူခွာလို့
ဒက္ခိဏာ ယဉ်အစွန်းမှာ
ထွန်းတဲ့ခါချိန်။
ပြာသိုမှာ ဖြာစိုနှင်းရယ်နှင့်
ခါအလို ခွာညိုသင်းပါဘိ
မြင်းခင်းမြတ် တော်သဘင်မှာ
ပျော်ရွှင်ကြပြည်လုံး။
ပုဏ္ဏမာ
ဖုသျှငယ် ယုန်စန္ဒာနှင့်
မှုန်ပြာပြာ ဝဠာတွင်းမှာလ
ငွေပုစွန်တာရာလင်းတယ်
နှင်းမြူပိတ်ဖုံး။
![]() |
This work was published before January 1, 1927, and is in the public domain worldwide because the author died at least 100 years ago. |