ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅/၂၀၁၇

From Wikisource
Jump to navigation Jump to search
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ  (2017) 
by ထင်ကျော်

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ

(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅။)

၁၃၇၈ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်

(၂၀၁၇ ခုနှစ်၊ မတ်လ ၈ ရက်)

နိဒါန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုများကို ကာကွယ်ပေးနိုင်ရန်အလို့ငှာ ပြည်ထောင်စုလွှတ်တော် သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်[edit]

၁။ ဤဥပဒေကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေး ရေးဥပဒေ ဟုခေါ် တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေ ရ မည်-

(က) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုသည်။
(ခ) နိုင်ငံသား ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ​သော်လည်းကောင်း နိုင်ငံသားဖြစ်သူကို ဆိုသည်။
(ဂ) ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု ဆိုသည်မှာ နိုင်ငံသားတစ်ဦး၏ ဥပဒေနှင့်အညီ လွတ်လပ်စွာသွားလာ ဆောင်ရွက်ခွင့်၊ လွတ်လပ်စွာနေထိုင်နိုင်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်ကို ဆိုသည်။
(ဃ) ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ဆိုသည်မှာ နိုင်ငံသားတစ်ဦး၏ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်များ လုံခြုံမှုကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသားတစ်ဦး၏ နေအိမ်အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံ လုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့်အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှု တို့ပါဝင်သည်။
(င) သက်ဆိုင်ရာဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထဲရေးဝန်ကြီးဌာနကို ဆိုသည်။
(စ) တာဝန်ရှိသူ ဆိုသည်မှာ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာ ဝန်ရှိသူများကို ဆိုသည်။

အခန်း (၂) နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးခြင်း[edit]

၃။ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါနိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ် ဆိုင်ရာလုံခြုံမှု အပြည့်အဝ ရရှိခံစားခွင့်ရှိသည်။

၄။ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်တာဝန်ရှိသူများသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုနစ်နာဆုံးရှုံးခြင်းမရှိစေရန် ကာကွယ်ပေးရမည်။

အခန်း (၃) သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တာဝန်ရှိသူများ၏တာဝန်များ[edit]

၅။ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်တာဝန်ရှိသူများသည်-

(က) တည်ဆဲဥပဒေနှင့် အညီမှတစ်ပါး ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရန် မည်သူ့ကိုမဆို ကာကွယ်ပေးရမည်။
(ခ) ပုဂ္ဂိုလ်တစ်ဦးဦး၏ နေအိမ်နှင့် နေအိမ်အဖြစ်အသုံးပြုသော အခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံများအတွင်းသို့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရဝင် ရောက် ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအားရှာဖွေခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်လိုလျှင် သက် ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိအုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာ အိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တစ်ဦးဦးအပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနှင့်အတူ ဆောင် ရွက်ရမည်။

၆။ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တာဝန်ရှိသူများသည် ဤဥပဒေအရ အရေးယူဆောင်ရွက်ပေးရန်တိုင် ကြားချက်ကို လက်ခံရရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရမည်။ မိမိဌာနက အရေးယူဆောင် ရွက်ရမည့် ကိစ္စမဟုတ်ကြောင်း ​ပေါ်ပေါက်ပါက အကျိုးအကြောင်းဖော်ပြ၍ တိုင်ကြားသူထံ ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားရမည့်အပြင် ယင်းပြန်ကြားစာတွင် မည်သည့်ဌာနအဖွဲ့အစည်းသို့ တိုင်ကြားသင့် ကြောင်းအကြံပြုချက်ပါရှိရမည်။

အခန်း (၄) တားမြစ်ချက်များ[edit]

၇။ မည်သူမျှ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ မည် သူ့ကိုမျှ ၂၄ နာရီထက်ကျော်လွန်၍ ချုပ်နှောင်ထားခြင်းမပြုရ။


၈။ တာဝန်နှင့်လုပ်ပိုင်ခွင့်ရှိသူမည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်း တစ်စုံတစ်ရာမရှိဘဲဖြစ်စေ၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ဖြစ်စေ-

(က) နိုင်ငံသားတစ်ဦး၏နေအိမ်၊ နေအိမ်အဖြစ်အသုံးပြုသောအခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံအတွင်း ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအားဖမ်းဆီးခြင်းမပြုရ။
(ခ) နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အနှောင့်အယှက် ဖြစ်စေ သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း နှင့်စုံစမ်းခြင်းမပြုရ။
(ဂ) ပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦးအကြား ဆက်သွယ်ရေးပစ္စည်းကိရိယာတစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြော ကြားခြင်းကို ကြားဖြတ်ဖမ်းယူနားထောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အနှောင့်အယှက် ပေးခြင်း မပြုရ။
(ဃ) ဆက်သွယ်ရေး အော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်းနှင့် အီလက်ထရောနစ်ဆက် သွယ်ရေး သတင်းအချက်အလက်များအား တောင်းယူခြင်း၊ ထုတ်ပေးခြင်းမပြုရ။
(င) အခြားသူ၏ ပုဂ္ဂိုလ်ဆိုင်ရာကိစ္စအလို့ငှာ ဆက်သွယ်​ပေးပို့သည့်စာပေးစာယူ၊ စာအိတ်၊ ချောထုပ်၊ ပါဆယ်ထုပ်တစ်ခုခုကို ဖွင့်ဖောက်ခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းမပြုရ။
(စ) နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာကိစ္စများတွင် အဓမ္မဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရ။
(ဆ) နိုင်ငံသားတစ်ဦး၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုသော်လည်း ကောင်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုသော်လည်းကောင်း မတရားသိမ်းယူခြင်း သို့မဟုတ် တိုက် ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တမင်ပျက်စီးစေခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်းမပြုရ။

၉။ မည်သည့် ရဲတပ်ဖွဲ့စခန်းမှူးမဆို ဤဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် တိုင်တန်းချက်ကိုလက် ခံရရှိလျှင်ဖြစ်စေ၊ သတင်းပေးချက်ကို လက်ခံရရှိလျှင်ဖြစ်စေ ရာဇဝတ်ကျင့်ထုံးဥပ​ဒေ ပုဒ်မ ၁၅၄ နှင့် အညီ အရေးယူဆောင်ရွက်ရမည်။

အခန်း (၅) ပြစ်ဒဏ်များ[edit]

၁၀။ တာဝန်နှင့်လုပ်ပိုင်ခွင့်ရှိသူ မည်သူမဆို ပုဒ်မ ၇ ပါ တားမြစ်ချက်ကိုသော်လည်းကောင်း၊ ပုဒ်မ ၈ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုသော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့် အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်။<ပြင်ဆင် 28.08.2020>

၁၁။ မည်သူမဆို ပုဒ်မ ၉ ပါတာဝန်ကိုဆောင်ရွက်ရန် အကြောင်းမဲ့ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး ငါးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ် ၂၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်။

၁၂။ မည်သူမဆိုဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် အားထုတ်ခြင်း၊ တာဝန်ပေးခြင်း၊ ခိုင်းစေ ခြင်း၊ ပြစ်မှုတစ်ခုခုကျူးလွန်ရာတွင် ပူးပေါင်းကြံစည်ခြင်း၊ အားပေးကူညီခြင်းပြုလျှင် ထိုသူအား ယင်း ပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်။

အခန်း (၆) အထွေထွေ[edit]

၁၃။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမှု ဤဥပ​ဒေပါပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သမျှ ဤဥပဒေအရသာလျှင် အရေးယူရမည်။


၁၄။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်