ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၈/၂၀၁၂

From Wikisource
Jump to navigation Jump to search
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကော်ပိုရေးရှင်းဥပဒေကိုရုပ်သိမ်းသည့်ဥပဒေ  (2012) 
by သိန်းစိန်

၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကော်ပိုရေးရှင်းဥပဒေကိုရုပ်သိမ်းသည့်ဥပဒေ

(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၈။)

၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်

(၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကော်ပိုရေးရှင်းဥပဒေကို ရုပ်သိမ်းသည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ (၁၉၆၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၂။) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက် သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်