ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ

From Wikisource
Jump to navigation Jump to search
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ  (1974) 
ပြည်ထောင်စုတော်လှန်ရေးကောင်စီအဖွဲ့
source: [1]
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ

ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ

၁၃၃၅ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်

(၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်)


နိဒါန်း[edit]

ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြကုန်သော ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူ အပေါင်းတို့သည် သမိုင်းစဉ်တလျှောက် မရှိအတူရှိအတူ၊ အေးအတူပူအမျှ၊ ဥမကွဲ သိုက်မပျက်၊ ကောင်းတူဆိုးဖက်လက်တွဲလျက် နေထိုင်ခဲ့ကြလေသည်။ တိုင်းရင်းသားပြည်သူ အပေါင်းတို့သည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ တလျှောက်လုံးတွင် အနိုင်မခံအရှုံးမပေးသော တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ ဝံသာနုရက္ခိတတရား၊ အချင်းချင်းယိုင်းပင်းကူညီမှု၊ ကိုယ်ကျိုးစွန့်မှုတို့ကို အရင်းတည်ကာ လွတ်လပ်ရေးအတွက် ဇွဲမာန်သတ္တိ ဖြင့်ကြိုးပမ်းခဲ့ကြလျက်ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေးတို့ကို မျှော်မှန်းခဲ့ကြပေသည်။ လွတ်လပ်ရေးရပြီးနောက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟောင်း၏ပျော့ကွက်ဟာကွက်များနှင့် ဓန ရှင်ပါလီမန် ဒီမိုကရေစီစနစ်၏ဆိုးကျိုးများကြောင့် ပဒေသရာဇ်၊ မြေရှင်၊ အရင်းရှင်တို့၏အာဏာ လွှမ်းမိုးမှုသည် တနေ့ထက်တနေ့ ကျယ်ပြန့်ခိုင်မြဲလာပြီးလျှင် ဆိုရှယ်လစ်ရေးမှာဆိတ်သုဉ်း ပျောက် ကွယ် လုနီးပါး အခြေအနေသို့ ဆိုက်ရောက်ခဲ့ရပေသည်။ ဤအခြေအနေမှလွန်မြောက်စေရန်နှင့် ဆိုရှယ်လစ်စနစ်ကို တည်ဆောက်နိုင်ရန်အလို့ငှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေးကောင်စီသည် သမိုင်းပေးတာဝန်အရ ပေါ်ပေါက်လာပြီးလျှင်မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကိုချမှတ်ဆောင်ရွက်ခဲ့ပေသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကိုလည်း ဖွဲ့စည်းတည် ဆောက်ခဲ့ပေသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် တိုင်းရင်းသားလုပ်သားပြည်သူများ မျှော်မှန်းခဲ့ကြသော သာယာ ဝပြောသည့် ဆိုရှယ်လစ်လောက တည်ဆောက်နိုင်ရေးအတွက် ပြည်သူအပေါင်း၏ ဆန္ဒသဘောထားကို ခံယူ၍ အပြန်အလှန်အကျေအလည်ညှိနှိုင်းဆွေးနွေးကာ ဤပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲခဲ့ကြပေသည်။

ကျွန်ုပ်တို့ လုပ်သားပြည်သူ အပေါင်းတို့သည်-

  • မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဦးဆောင်မှုကို အလေးအနက်ခံယူသွားကြမည်ဟု သန္နိဋ္ဌာန်ချမှတ် ၍လည်းကောင်း၊
  • လူလူချင်း၊ လူမျိုးအချင်းချင်း မတရားခေါင်းပုံဖြတ်ချယ်လှယ်သော ဝိသမလောဘစနစ်ဆိုးမှန်သမျှကို ဆန့်ကျင်လျက် တရားမျှတ၍ ဗြဟ္မစိုရ်တရားထွန်းကားမှုကို ရှေ့ရှုမည်၊ လူတို့၏မသိနားမလည်မှု၊ ခေတ်နောက်ကျမှု၊ အခွင့်အလမ်းမဲ့မှုစသော အားနည်းချက်များအပေါ်တွင် သနားငဲ့ညှာစာနာထောက် ထားခြင်းမရှိမှုတို့ကို ကင်းရှင်းစေလျက် သာယာဝပြောစေမည့် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ဖြင့် တည်ဆောက်ကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း၊
  • မိမိတို့၏ဘဝကြမ္မာကို မိမိတို့ကိုယ်တိုင် စီမံဖန်တီးနိုင်စွမ်းသော ဆိုရှယ်လစ်ဒီမိုကရေစီ လူနေမှုစနစ်ကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဖြင့် တည်ဆောက်ကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း၊
  • ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူမှုဖြင့် မရှိအတူရှိအတူ၊ အေးအတူပူအမျှ၊ ဥမကွဲ သိုက်မပျက်၊ ကောင်းတူဆိုးဖက် ထာဝစဉ်စည်းလုံးညီညွတ်စွာ လက်တွဲနေထိုင် ကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း၊
  • ဤနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဒီမိုကရေစီအခွင့်အရေးများ၊ ပုဂ္ဂိုလ်ဆိုင်ရာပိုင်ခွင့်များ နှင့် လွတ်လပ်ခွင့်များကို ခံစားလျက်ဆိုရှယ်လစ်စနစ်နှင့် နိုင်ငံတော်အတွက်ကျရောက်လာသော တာဝန် များကို ကျေပွန်စွာထမ်းဆောင်ကြမည်ဟု သန္နိဋ္ဌာန် ချမှတ်၍လည်းကောင်း၊
  • ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကိုအစဉ်ကြိုးပမ်းကြ မည်ဟု သန္နိဋ္ဌာန်ချမှတ်၍ လည်းကောင်း

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာသက္ကရာဇ် ၁၃၃၅ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ (ခရစ်သက္ကရာဇ် ၁၉၇၄ခုနှစ်၊ ဇန်နဝါရီလ ၃ရက်) ကြာသပတေးနေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌာန်းလိုက်ကြသည်။

အခန်း (၁)[edit]

နိုင်ငံတော်[edit]

၁။ မြန်မာနိုင်ငံတော်သည် လုပ်သားပြည်သူတို့၏အချုပ်အချာအာဏာပိုင် လွတ်လပ်သော ဆိုရှယ်လစ် နိုင်ငံတော် ဖြစ်သည်။ နိုင်ငံတော်ကို ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင် စေရမည်။

၂။ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေ ထိုင်ကြသောနိုင်ငံဖြစ်သည်။

၃။ နိုင်ငံတော်၏မြေထု၊ ရေထု၊ လေထုပါဝင်သောနယ်နိမိတ်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် တည်ရှိသည့်အတိုင်းဖြစ်သည်။

၄။ နိုင်ငံတော်၏အချုပ်အချာအာဏာသည် နိုင်ငံတဝန်းလုံး၌ တည်စေရမည်။


အခန်း (၂)[edit]

အခြေခံမူများ[edit]

၅။ နိုင်ငံတော်၏ ရည်မှန်းချက်ပန်းတိုင်သည် ဆိုရှယ်လစ်လူ့ဘောင်ဖြစ်သည်။

၆။ နိုင်ငံတော်၏စီးပွားရေးစနစ်သည် ဆိုရှယ်လစ်စီးပွားရေးစနစ်ဖြစ်သည်။

၇။ နိုင်ငံတော်၏ဖွဲ့စည်းပုံသည် ဆိုရှယ်လစ်ဒီမိုကရေစီကို အခြေခံသောဖွဲ့စည်းပုံဖြစ်သည်။

၈။ နိုင်ငံတော်တွင် လူလူချင်း၊ လူမျိုးအချင်းချင်း ခေါင်းပုံဖြတ်ခြင်း ကင်းရှင်းစေရမည်။

၉။ နိုင်ငံတော်သည် တောင်သူလယ်သမားများနှင့် အလုပ်သမားများကို အခြေခံသောလုပ်သား ပြည်သူ တို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည်။

၁၀။ နိုင်ငံတော်သည် လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုစုပျိုးထောင် ပေးရမည်။

၁၁။ နိုင်ငံတော်သည် တခုတည်းသောပါတီစနစ်ကိုသာကျင့်သုံးရမည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ သည် နိုင်ငံတော်၏တခုတည်းသော နိုင်ငံရေးပါတီဖြစ်၍ နိုင်ငံတော်ကို ဦးဆောင်သည်။

၁၂။ နိုင်ငံတော်၏ဥပဒေပြုမှုအာဏာ၊ စီမံခန့်ခွဲမှုအာဏာ၊ တရားစီရင်မှုအာဏာ ဟူသော အချုပ်အချာ အာဏာသည် တောင်သူလယ်သမားများနှင့်အလုပ်သမားများကိုအခြေခံသော တိုင်းရင်းသားလူမျိုး ပေါင်းစုံပါဝင်သည့် နိုင်ငံသားများ၌ တည်သည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတို့က ​ရွေးချယ်တင် မြှောက်သည့်ပြည်သူ့ လွှတ်တော်သည် အချုပ်အချာအာဏာကို နိုင်ငံသားများထံမှခံယူ၍ ဤဖွဲ့စည်းပုံ ​အခြေခံဥပဒေနှင့်အညီ သုံးစွဲခြင်း၊ ခွဲဝေအပ်နှင်းခြင်းပြုသည်။

၁၃။ ပြည်သူ့လွှတ်တော်သည် ဥပဒေပြုမှုအာဏာကို မိမိကိုယ်တိုင်သာသုံးစွဲလျက် စီမံခန့်ခွဲမှုအာဏာနှင့် တရားစီရင်မှုအာဏာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသောဗဟိုနှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအား ခွဲဝေအပ်နှင်း၍ သုံးစွဲခွင့်ပြုသည်။

၁၄။ နိုင်ငံတော်၏အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်သည် အချင်းချင်းအပြန်အလှန်အစီရင်ခံခြင်း၊ ဆန္ဒပေးခြင်း၊ ဆန္ဒယူခြင်း၊ ဆန္ဒသဘောထားကိုအလေးဂရုပြုခြင်း၊ စုပေါင်းဦးဆောင်ခြင်း၊ စုပေါင်းဆုံး ဖြတ်ခြင်း၊ စုပေါင်းဆုံးဖြတ်ချက်ကိုအားလုံးက လိုက်နာဆောင်ရွက်ခြင်း၊ အထက်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်နှင့် ညွှန်ကြားချက်များကို အောက်အဖွဲ့အစည်းက လိုက်နာဆောင်ရွက်ခြင်း၊ အောက်အဖွဲ့ အစည်း၏ တင်ပြချက်များ ကိုအထက်အဖွဲ့အစည်းက အလေးဂရုပြုခြင်းတို့ပါဝင်သော ဆိုရှယ်လစ် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆောင်ရွက်ရမည်။

၁၅။ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေများနှင့်အညီ-

(က) နိုင်ငံတော်၏အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်သို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်တင် မြှောက်ခွင့်နှင့် မိမိကိုယ်တိုင် ပြည်သူ့ကိုယ်စားလှယ်အဖြစ်ရွေးချယ် တင်မြှောက်ခံပိုင်ခွင့်ရှိသည်၊

(ခ) မိမိတို့ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည်ရုပ်သိမ်း ခွင့်ရှိသည်။

၁၆။ နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်သို့ ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့ ကိုယ်စားလှယ်တိုင်းသည် မိမိကိုရွေးချယ်တင်မြှောက်ခဲ့ကြသော နိုင်ငံသားများထံသို့ မိမိ၏ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ အစီရင်ခံရမည့်အပြင် ယင်းတို့၏ဆန္ဒကိုလည်း ရယူရမည်။

၁၇။ ဒေသဆိုင်ရာအရေးကိစ္စများကို ဆောင်ရွက်ရာတွင်ဒေသအတွင်းပြီးပြတ်နိုင်သမျှ ပြီးပြတ်စေ ရန်ဒေသရှိ လုပ်သားပြည်သူများကိုယ်တိုင် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဆောင်ရွက်စေရမည်။ ယင်းတို့အား လုပ်ပိုင်ခွင့်နှင့် တာဝန် များကို ခွဲဝေအပ်နှင်းရမည်။

၁၈။ နိုင်ငံတော်သည် -

(က) မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ လေထုအတွင်းရှိသယံဇာတပစ္စည်းအားလုံးနှင့် မြေယာ အားလုံးတို့၏ ပင်ရင်း ပိုင်ရှင်ဖြစ်သည်၊
(ခ) နိုင်ငံသားလုပ်သားပြည်သူများ၏အကျိုးစီးပွားအလို့ငှာ သယံဇာတပစ္စည်းများကို ဖွံ့ဖြိုးတိုးတက် စေရန် ဆောင်ရွက်ခြင်း၊ ထုတ်ဖော်လုပ်ကိုင်သုံးစွဲခြင်း ပြုလုပ်ရမည်။

၁၉။ နိုင်ငံတော်သည် နိုင်ငံအတွင်းရှိကုန်ထုတ်အရင်းအနှီးများကို ပြည်သူပိုင်ပြုလုပ်ရမည်။ သမဝါယမ ပိုင်အဖြစ် ဖွဲ့စည်းလုပ် ကိုင်သင့်သည့်လုပ်ငန်းများကို သမဝါယမပိုင်ပြုလုပ်ရမည်။

၂၀။ နိုင်ငံတော်သည် ဆိုရှယ်လစ်စီးပွားရေးစနစ်ကိုမထိခိုက်သော ပုဂ္ဂလိကပိုင်ဆိုင်လုပ်ကိုင်မှုကို ဥပဒေ အရ ခွင့်ပြုနိုင်သည်။

၂၁။ (က) တိုင်းရင်းသားလူမျိုးများ၏စည်းလုံးညီညွတ်ရေး၊ အချင်းချင်းယိုင်းပင်းကူညီရေးနှင့် ချစ်ကြည် လေးစား ရေးတို့အမြဲ မပြတ်တိုးတက်ဖြစ်ထွန်းနေစေရန် နိုင်ငံတော်က တာဝန်ယူလုပ်ဆောင် ရမည်၊

(ခ) တိုင်းရင်းသားလူမျိုးများသည် မိမိတို့ကိုးကွယ်သည့်ဘာသာနှင့်ချစ်ခင်မြတ်နိုးသည့်စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့ကို ဥပဒေများနှင့်ဖြစ်စေ၊ အများအကျိုးနှင့်ဖြစ်စေ မဆန့်ကျင်လျှင် လွတ်လပ်စွာကိုးကွယ်ခွင့်၊ ပြုစုပျိုးထောင်ခွင့်၊ ပြောဆိုရေးသားကျင့်သုံးခွင့်ရှိသည်။

၂၂။ နိုင်ငံသားတိုင်းသည် -

(က) လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အဆင့်အတန်း၊ အမျိုးသား၊ အမျိုးသမီးမရွေး ဥပဒေအရာတွင် အညီအမျှ ဖြစ်စေရမည်၊
(ခ) ညီမျှသော အခွင့်အလမ်းများရရှိစေရမည်၊
(ဂ) မိမိတို့၏ကာယ၊ ဉာဏ၊ ဝီရိယစွမ်းအားအလိုက် အချိုးကျမျှတညီညွတ်သော ခံစားပိုင်ခွင့်များရရှိ စေရမည်၊
(ဃ) ဥပဒေနှင့်အညီ အမွေခွဲဝေဆက်ခံခွင့် ရှိစေရမည်။

၂၃။ မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှုမရှိစေရ။

၂၄။ လူ့သိက္ခာညှိုးနွမ်းသေးသိမ်စေသောပြစ်ဒဏ်မျိုးမပေးရ။

၂၅။ ဤဖွဲ့စည်းပုံအခြေခံဥပဒေကသတ်မှတ်သော လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ တာဝန်နှင့် တားမြစ်ချက်များ ထိရောက်ခိုင်မာပြည့်စုံစေရန် လိုအပ်သော ဥပဒေများပြဋ္ဌာန်းရမည်။

၂၆။ နိုင်ငံတော်သည်လွတ်လပ်သောနိုင်ငံခြားရေးဝါဒကို အစဉ်တစိုက်ကျင့်သုံး၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေ့ရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းသည်။

၂၇။ ဤအခြေခံမူများသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကိုလည်းကောင်း၊ အခြားဥပဒေ များပါ ပြဋ္ဌာန်းချက်များကိုလည်းကောင်း အနက်အဓိပ္ပာယ်ဖွင့်ဆိုရာ၌ လမ်းညွှန်များ ဖြစ်သည်။


အခန်း (၃)[edit]

နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ[edit]

၂၈။ နိုင်ငံတော်ကိုဖွဲ့စည်းတည်ဆောက်ရာတွင် ဗဟိုကဦးစီးဦးဆောင်ပြု၍ ဒေသအလိုက်ကိုယ်တိုင် စီမံ ဆောင်ရွက်သည့် စနစ်ကိုကျင့်သုံးသည်။

၂၉။ (က) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ကိုဒေသအလိုက် အောက်ပါအတိုင်းစုစည်း သည် -

(၁) ကျေးရွာများကို ကျေးရွာအုပ်စု အဖြစ်စုစည်းသည်၊
(၂) ရပ်ကွက်များကို မြို့အဖြစ် စုစည်းသည်၊
(၃) ကျေးရွာအုပ်စုများနှင့် မြို့များကို မြို့နယ်အဖြစ် စုစည်းသည်၊
(၄) မြို့နယ်များကို ပြည်နယ်၊ သို့မဟုတ် တိုင်းအဖြစ် စုစည်းသည်၊
(၅) ပြည်နယ်များနှင့်တိုင်းများကို နိုင်ငံတော်အဖြစ် စုစည်းသည်။
(ခ) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ စီမံခန့်ခွဲရေးဒေသအဆင့်ဆင့်သည် အောက်ပါ အတိုင်း ဖြစ်သည် -
(၁) ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စုများ၊
(၂) မြို့နယ်များ၊
(၃) ပြည်နယ်၊ သို့မဟုတ် တိုင်းများ၊
(၄) နိုင်ငံတော်။

၃၀။ (က) ကော်သူးလေကို ကရင်ပြည်နယ် ဟုသတ်မှတ်သည်၊

(ခ) ချင်းဝိသေသတိုင်းကို ချင်းပြည်နယ် ဟုသတ်မှတ်သည်၊
(ဂ) တနင်္သာရီတိုင်း (၁)ကို မွန်ပြည်နယ် ဟုသတ်မှတ်သည်၊
(ဃ) တနင်္သာရီတိုင်း (၂)ကို တနင်္သာရီတိုင်း ဟုသတ်မှတ်သည်၊
(င) ရခိုင်တိုင်းကို ရခိုင်ပြည်နယ် ဟုသတ်မှတ်သည်။

၃၁။ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ ပြည်နယ်များနှင့်တိုင်းများသည် အောက်ပါ အတိုင်းဖြစ်သည် -

(က) ကချင်ပြည်နယ်၊
(ခ) ကယားပြည်နယ်၊
(ဂ) ကရင်ပြည်နယ်၊
(ဃ) ချင်းပြည်နယ်၊
(င) စစ်ကိုင်းတိုင်း၊
(စ) တနင်္သာရီတိုင်း၊
(ဆ) ပဲခူးတိုင်း၊
(ဇ) မကွေးတိုင်း၊
(ဈ) မန္တလေးတိုင်း၊
(ည) မွန်ပြည်နယ်၊
(ဋ) ရခိုင်ပြည်နယ်၊
(ဌ) ရန်ကုန်တိုင်း၊
(ဍ) ရှမ်းပြည်နယ်၊
(ဎ) ဧရာဝတီတိုင်း။

၃၂။ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်တွင် ပြည်သူ့လွှတ်တော်တရပ်သာရှိသည်။

၃၃။ ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းသောဥပဒေများ၊ နည်းဥပဒေများ၊ ဆုံးဖြတ်ချက်များနှင့်အညီ ဗဟိုနှင့် ဒေသ ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ဝန်ထမ်းအဖွဲ့အစည်းများအား လမ်းညွှန်ခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းပြုရန် နိုင်ငံတော်ကောင်စီကို ဖွဲ့စည်းထားရှိသည်။

၃၄။ ပြည်သူ့လွှတ်တော်က ချမှတ်သောလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်အတွက် အောက်ပါဗဟို အာဏာပိုင် အဖွဲ့အစည်းများကို ဖွဲ့စည်းထားရှိသည် -

(က) ဝန်ကြီးအဖွဲ့၊
(ခ) ပြည်သူ့တရားသူကြီးအဖွဲ့၊
(ဂ) ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊
(ဃ) ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့။

၃၅။ ပြည်နယ်နှင့်တိုင်း၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအသီးသီးတွင် ပြည်သူ့ကောင်စီတရပ်စီ ဖွဲ့ စည်းထားရှိသည်။

၃၆။ (က) ပြည်နယ်နှင့်တိုင်း ပြည်သူ့ကောင်စီများ၊ မြို့နယ်ပြည်သူ့ကောင်စီများတွင် အလုပ်အမှုဆောင် အဖွဲ့၊ တရားသူကြီးအဖွဲ့ နှင့်လုပ်ငန်းစစ်ဆေးရေးအဖွဲ့တဖွဲ့စီ ဖွဲ့စည်းထားရှိသည်၊

(ခ) ရပ်ကွက်နှင့်ကျေးရွာအုပ်စုပြည်သူ့ကောင်စီများတွင် အလုပ်အမှုဆောင်အဖွဲ့နှင့် တရားသူကြီးအဖွဲ့ တဖွဲ့စီ ဖွဲ့စည်းထားရှိ သည်။

၃၇။ ဗဟိုနှင့်ဒေသအဆင့်ဆင့်တွင် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးဝန်ထမ်းအဖွဲ့အစည်းများ၊ တရားရေး ဝန်ထမ်းအဖွဲ့အစည်းများ၊ ဥပဒေဝန်ထမ်းအဖွဲ့အစည်းများ၊ စာရင်းဝန်ထမ်းအဖွဲ့အစည်းများစသည့် ဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလိုဖွဲ့စည်းထားရှိသည်။

၃၈။ ပြည်သူ့လွှတ်တော်သည် နိုင်ငံတော်၏အကျိုးကို ရှေ့ရှု၍ နိုင်ငံတော်၏နယ်နိမိတ်ကို ပြင်ဆင် သတ်မှတ်ရန်လိုအပ်ပါက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ခုနစ်ဆယ့်ငါးရာခိုင်နှုန်း ဆန္ဒမဲ ဖြင့် ပြင်ဆင်သတ်မှတ်နိုင်သည်။

၃၉။ ပြည်သူ့လွှတ်တော်သည် -

(က) ပြည်နယ်များကိုဖြစ်စေ၊ တိုင်းများကိုဖြစ်စေ ပြင်ဆင်ဖွဲ့စည်းရန်အကြောင်းပေါ်ပေါက်ပါက သက် ဆိုင်ရာပြည်နယ်များ၊ သို့မဟုတ် တိုင်းများအတွင်းနေထိုင်ကြသောနိုင်ငံသားများ၏ ဆန္ဒကိုရယူပြီးလျှင် ဥပဒေပြဋ္ဌာန်း၍ ပြင်ဆင်ဖွဲ့စည်းနိုင်သည်၊
(ခ) ပြည်နယ်တခုခု၊ သို့မဟုတ်တိုင်းတခုခု၏နယ်နိမိတ်ကို ပြောင်းလဲပြင်ဆင်သတ်မှတ်ရန် အ ကြောင်း ပေါ်ပေါက်ပါက ယင်းနယ်နိမိတ်ပြဿနာနှင့် ပတ်သက်သည့် ပြည်နယ်များ၊ သို့မဟုတ် တိုင်းများ အတွင်းနေထိုင်ကြသော နိုင်ငံသားများ၏ဆန္ဒကို ရယူပြီးလျှင် ဥပဒေပြဋ္ဌာန်း၍ ပြောင်းလဲ ပြင်ဆင် သတ်မှတ်နိုင်သည်၊
(ဂ) ပြည်နယ်တခုခု၊သို့မဟုတ် တိုင်းတခုခု၏အမည်ကို ပြောင်းလဲပြင်ဆင်သတ်မှတ်ရန် အ ကြောင်း ပေါ်ပေါက်ပါက သက်ဆိုင်ရာပြည်နယ်၊ သို့မဟုတ် တိုင်းအတွင်း နေထိုင်ကြသော နိုင်ငံသား များ၏ ဆန္ဒ ကိုရယူပြီးလျှင် ဥပဒေပြဋ္ဌာန်း၍ ပြောင်းလဲပြင်ဆင် သတ်မှတ်နိုင်သည်။

၄၀။ ပြည်နယ်နှင့်တိုင်းအတွင်းရှိ ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့နှင့်မြို့နယ်များကိုပြင်ဆင်ခြင်း၊ သို့မဟုတ် ဖွဲ့စည်းခြင်း ပြုလုပ်ရန် အကြောင်းပေါ်ပေါက်ပါက ဝန်ကြီးအဖွဲ့သည် သက်ဆိုင်ရာပြည်သူ့ ကောင်စီများနှင့်ညှိနှိုင်း၍ ဆောင်ရွက်နိုင်သည်။

အခန်း(၄)[edit]

ပြည်သူ့လွှတ်တော်[edit]

၄၁။ ပြည်သူ့လွှတ်တော်သည် နိုင်ငံသားများ၏ကိုယ်စား နိုင်ငံတော်၏ အချုပ်အချာအာဏာကိုခံယူ ကျင့်သုံးသော နိုင်ငံတော် ၏အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဖြစ်သည်။

၄၂။ ပြည်သူ့လွှတ်တော်ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေများ အရဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားများကလျှို့ဝှက်ဆန္ဒမဲဖြင့် တိုက်ရိုက်ရွေးချယ်တင်မြှောက်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။

၄၃။ ပြည်သူ့လွှတ်တော်၏ပုံမှန်သက်တမ်းသည် ယင်း၏ပထမအကြိမ်အစည်းအဝေး ကျင်းပသည့်နေ့မှစ၍ လေးနှစ်ဖြစ်သည်။ သို့ရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ခုနစ်ဆယ့်ငါးရာခိုင် နှုန်းက သဘောတူလျှင် ပြည်သူ့လွှတ်တော်၏ ပုံမှန်သက်တမ်းကို ပြည်သူ့လွှတ်တော်သည် -

(က) လျှော့ပေါ့ သတ်မှတ်နိုင်သည်၊ သို့မဟုတ်
(ခ) ပုဒ်မ ၇၇ နှင့် အညီ တိုးမြှင့်သတ်မှတ်နိုင်သည်။ [

၄၄။ နိုင်ငံတော်၏ဥပဒေပြုမှုအာဏာသည် ပြည်သူ့လွှတ်တော်၌သာ တည်သည်။

၄၅။ ပြည်သူ့လွှတ်တော်သည် နိုင်ငံတော်၏စီမံခန့်ခွဲမှုအာဏာနှင့် တရားစီရင်မှုအာဏာတို့ကို ဗဟိုနှင့် ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများအား ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခွဲဝေအပ်နှင်းနိုင် သည်။

၄၆။ တိုင်းရင်းသားလူမျိုးတမျိုး၏ ယဉ်ကျေးမှုဆိုင်ရာဥပဒေကို ပြဋ္ဌာန်းရန်ရှိလျှင် သက်ဆိုင်ရာ ပြည်နယ်၊ သို့မဟုတ် တိုင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်က သဘော တူမှသာလျှင် ပြည်သူ့လွှတ်တော်က ယင်းဥပဒေကို ဆုံးဖြတ်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

၄၇။ ပြည်သူ့လွှတ်တော်ကသာလျှင် နိုင်ငံတော်၏စီးပွားရေးစီမံကိန်း၊ နှစ်စဉ်ရသုံးခန့်မှန်းခြေငွေစာရင်း နှင့် အခွန်အကောက်နှင့် ပတ်သက်သည့်ဥပဒေများကို ပြဋ္ဌာန်းရမည်။

၄၈။ ပြည်သူ့လွှတ်တော်သည် -

(က) အဓိကကျသောကိစ္စများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ခုနစ်ဆယ့်ငါးရာခိုင်နှုန်း ဆန္ဒမဲဖြင့်သာလျှင် ဆုံးဖြတ်ရမည်၊
(ခ) သာမန်ကိစ္စများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် ဆုံးဖြတ် ရမည်၊
(ဂ) ကိစ္စတရပ်ရပ်ကိုအဓိကကိစ္စ၊ သို့မဟုတ် သာမန်ကိစ္စဟူ၍ အယူအဆကွဲလွဲနေပါက ယင်းပြဿနာ ကို ပြည်သူ့လွှတ်တော် အစည်းအဝေးသို့တက်ရောက်လာသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ထက် ဝက်ကျော်၏ဆန္ဒမဲဖြင့်ဆုံးဖြတ်ရမည်။

၄၉။ ပြည်သူ့လွှတ်တော်သည် စစ်ကြေညာခြင်း၊ စစ်ပြေငြိမ်းခြင်းတို့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ခုနစ်ဆယ့်ငါးရာခိုင်နှုန်း ဆန္ဒမဲဖြင့်သာလျှင်ဆုံးဖြတ်ဆောင်ရွက်နိုင်သည်။ ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပသည့် ကာလမဟုတ်လျှင် ယင်းကိစ္စအတွက် နိုင်ငံတော်ကောင်စီက ပြည်သူ့ လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပပေးရမည်။

၅၀။ ပြည်သူ့လွှတ်တော်သည် ပြည်သူ့ဆန္ဒခံယူပွဲများကို လိုအပ်သည့်အခါပြုလုပ်ဆောင်ရွက်စေရန် ဆုံးဖြတ်နိုင်သည်။

၅၁။ ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးကို တနှစ်လျှင် အနည်းဆုံးနှစ်ကြိမ်မပျက်မကွက် ခေါ်ယူ ကျင်းပရမည်။ ပုံမှန်အစည်းအဝေးတကြိမ်နှင့် တကြိမ်အကြားအရှည်ကြာဆုံးကာလသည် ရှစ်လထက်မ ပိုစေရ။ လိုအပ်လျှင် ပြည်သူ့လွှတ်တော် အထူးအစည်းအဝေးကိုဖြစ်စေ၊ အရေးပေါ်အစည်းအဝေးကို ဖြစ်စေ နိုင်ငံတော်ကောင်စီက ခေါ်ယူကျင်းပနိုင်သည်။

၅၂။ ပြည်သူ့လွှတ်တော်အစည်းအဝေးခေါ်ယူကျင်းပပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး ၏ သုံးဆယ့်လေးရာခိုင်နှုန်းက တောင်းဆိုလျှင် နိုင်ငံတော်ကောင်စီသည် အစည်းအဝေးကိုအမြန်ဆုံး ခေါ်ယူကျင်းပပေးရမည်။

၅၃။ (က) ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးကျင်းပသည့်အခါတိုင်း အစည်းအဝေးကြီးကြပ်ကွပ်ကဲ ရန် သဘာပတိအဖွဲ့ကို ရွေးချယ်တင်မြှောက်ရမည်၊

(ခ) ပြည်နယ်နှင့်တိုင်းတခုစီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့အထဲမှသဘာပတိ အဖွဲ့ ဝင်တဦးကျစီ ရွေးချယ်တင်မြှောက်ရမည်။ ယင်းသဘာပတိအဖွဲ့ဝင်များကို ပြည်သူ့လွှတ်တော်က အတည်ပြုပေးရမည်၊
(ဂ) ပြည်သူ့လွှတ်တော်အစည်းအဝေးများ၌ အလှည့်ကျသဘာပတိတဦးကျစီကို တာဝန်ပေးရမည်၊
(ဃ) နိုင်ငံတော်ကောင်စီ၊သို့မဟုတ် ဗဟိုအာဏာပိုင်အဖွဲ့အစည်းတရပ်ရပ် တွင်အဖွဲ့ဝင်အဖြစ်ပါဝင်နေ သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးသည် သဘာပတိအဖွဲ့ဝင်မဖြစ်စေရ၊ သဘာပတိအဖွဲ့ဝင် တဦးသည် နိုင်ငံတော်ကောင်စီ၊ သို့မဟုတ် ဗဟိုအာဏာပိုင် အဖွဲ့အစည်းတရပ်ရပ်သို့ ရွေးချယ်တင် မြှောက်ခြင်း ခံရလျှင် သဘာပတိအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရမည်၊
(င) သဘာပတိအဖွဲ့သည် နောက်တကြိမ် ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေးကျင်းပ၍ သဘာပတိ အဖွဲ့အသစ် ရွေးချယ်တင်မြှောက်ပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်၊
(စ) ပုဒ်မ၅၂အရ ပြည်သူ့လွှတ်တော်အစည်းအဝေးခေါ်ယူကျင်းပပေးရန်တောင်းဆိုပါလျက် တောင်းဆိုသည့်နေ့မှ ရက်ပေါင်း သုံးဆယ်အတွင်း နိုင်ငံတော်ကောင်စီက အစည်းအဝေးခေါ်ယူရန်ပျက်ကွက်ခဲ့လျှင် ပြည်သူ့လွှတ်တော်သဘာပတိအဖွဲ့က အစည်းအဝေးခေါ်ယူကျင်းပပေးရမည်။

၅၄။ ပြည်သူ့လွှတ်တော်သည် -

(က) စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ ဥပဒေပြုရေး၊ နိုင်ငံခြားရေး၊ တိုင်းရင်းသားလူမျိုးများအရေးတို့အပြင် အခြားရေးရာများနှင့်သက်ဆိုင်သော ပြည်သူ့လွှတ်တော်ရေးရာ ကော်မီတီများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ရွေးချယ်တင်မြှောက်ဖွဲ့စည်းရမည်၊
(ခ) နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးရာကော်မီတီတရပ်ကို နိုင်ငံတော်ကောင်စီဝင်များနှင့်ဝန်ကြီး အဖွဲ့ဝင်များထဲမှ သင့်လျော်သောအရေအတွက်ရှိသည့် ပုဂ္ဂိုလ်များဖြင့် ဥပဒေနှင့်အညီ ဖွဲ့စည်းရမည်။

၅၅။ အောက်ပါအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များနှင့်လုပ်ငန်းများသည် ပြည်သူတို့အတွက် အကျိုးသက်ရောက်မှုရှိသည်၊ မရှိသည်ကို ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့က အဖွဲ့များဖွဲ့စည်း၍ စစ်ဆေးစေနိုင်ရန်အလို့ငှာ ပြည်သူ့လွှတ်တော်ကဥပဒေပြဋ္ဌာန်းရမည် -

(က) ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊
(ခ) ဝန်ကြီးဌာနများ၊
(ဂ) ဝန်ထမ်းအဖွဲ့အစည်းများ၊
(ဃ) စစ်ဆေးရန်ဥပဒေအရ သတ်မှတ်ထားသော အခြားအဖွဲ့အစည်းများ။

၅၆။ ပြည်သူ့လွှတ်တော်သည်ကော်မီရှင်များနှင့် ကော်မီတီများကိုလိုအပ်သလိုဖွဲ့စည်း၍ တာဝန်နှင့် လုပ် ပိုင်ခွင့်များအပ်နှင်းနိုင်သည်။

၅၇။ × × × × [ပြည်သူ့လွှတ်တော်သည် ဥပဒေ၊ နည်းဥပဒေများနှင့် စီရင်ထုံးများကို ၎င်းကိုယ်တိုင်နှင့် ၎င်း၏ရေးရာကော်မတီများအတွက် ပြဋ္ဌာန်းရမည်။ (၂၉.၃.၁၉၈၅ တွင်ဖျက်သိမ်း)]

၅၈။ နိုင်ငံတော်ကောင်စီနှင့် ဗဟိုအာဏာပိုင်အဖွဲ့အစည်းများသည် ပြည်သူ့လွှတ်တော်ကိုတာဝန်ခံရမည်။

၅၉။ (က) ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပချိန်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဦးအား ဖမ်းဆီးရန် လိုအပ်ပါက ခိုင်လုံသောအထောက်အထားကို ပြည်သူ့လွှတ်တော်သဘာပတိအဖွဲ့သို့ တင်ပြရ မည်။ ပြည်သူ့လွှတ်တော်သဘာပတိအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိပဲ ဖမ်းဆီးခြင်းမပြုရ၊

(ခ) ပြည်သူ့လွှတ်တော်အဖွဲ့အစည်းတခုခုအစည်းအဝေးကျင်းပချိန်တွင် ယင်းအဖွဲ့အစည်း၌ပါဝင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဦးအားဖမ်းဆီးရန်လိုအပ်ပါက ခိုင်လုံသောအထောက်အထားကို နိုင်ငံတော်ကောင်စီသို့တင်ပြရမည်။ နိုင်ငံတော်ကောင်စီ၏ ကြိုတင်ခွင့်ပြုချက်မရရှိပဲ ဖမ်းဆီးခြင်း မပြုရ၊
(ဂ) ပြည်သူ့လွှတ်တော်၊ သို့မဟုတ် ပြည်သူ့လွှတ်တော်အဖွဲ့အစည်းတခုခု အစည်းအဝေးကျင်းပချိန် မဟုတ်လျှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဦးအား ဖမ်းဆီးပါက ယင်းသို့ဖမ်းဆီးရခြင်း အတွက် ခိုင်လုံသောအထောက်အထားကို နိုင်ငံတော် ကောင်စီသို့ အမြန်ဆုံးတင်ပြရမည်။

၆၀။ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အဖွဲ့အစည်းများ၏ အစည်းအဝေးတို့တွင် တင်ပြဆွေးနွေး ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဦးကို ပြည်သူ့လွှတ်တော် ဥပဒေ၊ နည်းဥပဒေများနှင့်စည်းကမ်းများမှ တပါး အခြားဥပဒေများအရ တစုံတရာ အရေးယူအပြစ် ပေးခြင်း မရှိစေရ။

၆၁။ ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပသည့်ကာလမဟုတ်လျှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးဦး၏စာဖြင့်မေးမြန်းချက်ကို ဗဟိုအာဏာပိုင်အဖွဲ့အစည်းများက ရက်သတ္တသုံးပတ်အတွင်း ပြန် လည် ဖြေကြားရမည်။

၆၂။ × × × × [ပြည်သူ့လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကဖျက်သိမ်းရန်ဆုံးဖြတ်ပါက ဖျက်သိမ်းနိုင်သည်။ (၁၈.၃.၁၉၈၁ တွင်ဖျက်သိမ်း)]

၆၃။ ပြည်သူ့လွှတ်တော်သည် ပြည်သူ့ကောင်စီတရပ်ရပ်ကို ဖြစ်စေ၊ ပြည်သူ့ကောင်စီများကိုဖြစ်စေ အောက်ပါအကြောင်းတခုခုကြောင့် ဖျက်သိမ်းနိုင်သည် -

(က) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊
(ဂ) နိုင်ငံတော်တည်တံ့ခိုင်မြဲရေးကို အန္တရာယ်ပြုထိပါးခြင်း၊
(ဃ) ပြည်သူ့လွှတ်တော်ကချမှတ်ပြဋ္ဌာန်းထားသော ဆုံးဖြတ်ချက်တရပ်ရပ်ကို ဆန့်ကျင်ချိုးဖောက်ခြင်း၊
(င) တာဝန်များကို ကျေပွန်စွာမထမ်းဆောင်ခြင်း။

အခန်း (၅)[edit]

နိုင်ငံတော်ကောင်စီ[edit]

၆၄။ ပြည်သူ့လွှတ်တော်သည် နိုင်ငံတော်ကောင်စီကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲမှ အောက် ပါ ပုဂ္ဂိုလ်များဖြင့် ရွေးချယ်တင်မြှောက်ဖွဲ့စည်းရမည် -

(က) ပြည်နယ်နှင့်တိုင်းတခုစီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့အထဲမှ တဦးကျစီ ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်များ၊
(ခ) ပုဒ်မခွဲ (က)အရ ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်ဦးရေနှင့်ညီမျှသည့် အရေအတွက်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့အထဲမှရွေးချယ်တင်မြှောက်သောကိုယ်စားလှယ်များ၊
(ဂ) ဝန်ကြီးချုပ်။

၆၅။ ပုဒ်မ ၆၄ ပုဒ်မခွဲ (က)နှင့်(ခ)တို့အရ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်ကောင်စီဝင်များ သည် မိမိတို့အထဲမှ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌတစ်ဦး၊ ဒုတိယဥက္ကဋ္ဌတစ်ဦးနှင့် အတွင်းရေးမှူးတစ်ဦးကို ရွေးချယ်တင်မြှောက် ၍ ပြည်သူ့လွှတ်တော်၏အတည်ပြုချက်ကို ရယူရ မည်။

၆၆။ (က) နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတ ဖြစ်သည်၊

(ခ) နိုင်ငံတော်ကောင်စီ ဒုတိယဥက္ကဋ္ဌသည် နိုင်ငံတော်ဒုတိယသမ္မတ ဖြစ်သည်။

၆၇။ နိုင်ငံတော်သမ္မတ၏သက်တမ်းသည် နိုင်ငံတော်ကောင်စီ၏သက်တမ်းနှင့်အညီ ဖြစ်သည်။

၆၈။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ကိုကိုယ်စားပြုသည်။

၆၉။ (က) နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် မိမိ၏တာဝန်ဝတ်တရားများကို ယာယီအားဖြင့်မထမ်းဆောင် နိုင်လျှင် နိုင်ငံတော်ကောင်စီ ဒုတိယ ဥက္ကဋ္ဌက ဥက္ကဋ္ဌ၏ တာဝန်ဝတ်တရားများကို ပူးတွဲ ထမ်းဆောင် ရမည်၊

(ခ) နိုင်ငံတော်ကောင်စီဒုတိယဥက္ကဋ္ဌသည် မိမိ၏တာဝန်ဝတ်တရားများကို ယာယီအားဖြင့်မထမ်း ဆောင် နိုင်လျှင် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးက ဒုတိယဥက္ကဋ္ဌ၏ တာဝန်ဝတ်တရား များကို ပူးတွဲ ထမ်းဆောင်ရမည်။

၇၀။ ဤဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်မှုရှိစေရန် နိုင်ငံတော်ကောင်စီက တာဝန်ယူဆောင်ရွက်ရမည်။

၇၁။ နိုင်ငံတော်ကောင်စီသည် ပြည်သူ့လွှတ်တော်ကိုတာဝန်ခံရမည်။ မိမိ၏ဆောင်ရွက်ချက်များကို အနီးကပ်ဆုံးပြည်သူ့ လွှတ်တော်အစည်းအဝေးသို့ အစီရင်ခံရမည်။

၇၂။ နိုင်ငံတော်ကောင်စီ၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီ ဖြစ်သည်။ နိုင်ငံတော်ကောင်စီသည် ပြည်သူ့လွှတ်တော်သက်တမ်းကုန်ဆုံးသည့်အခါ နိုင်ငံတော်ကောင်စီအသစ် ရွေးချယ်တင်မြှောက်ဖွဲ့စည်းပြီးသည်အထိ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

၇၃။ နိုင်ငံတော်ကောင်စီသည် အောက်ပါလုပ်ငန်း တာဝန်များကို ထမ်းဆောင်ရမည် -

(က) ပြည်သူ့လွှတ်တော်အစည်းအဝေးကို သဘာပတိအဖွဲ့နှင့် ညှိနှိုင်း၍ခေါ်ယူခြင်း၊
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေမှအပ အခြားဥပဒေများ၏အနက် အဓိပ္ပာယ်ကို တညီတညွတ် တည်းဖြစ် စေရန်ဖွင့်ဆိုခြင်း၊
(ဂ) ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းသောဥပဒေများနှင့် နည်းဥပဒေများကိုထုတ်ပြန်ခြင်း၊
(ဃ) ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့နှင့် ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့များကိုသော်လည်းကောင်း၊ အကြောင်းတစ်ခုခုကြောင့် ထိုအဖွဲ့ဝင်များထဲမှ အဖွဲ့ဝင် တစ်ဦးဦး လစ်လပ်လျှင်သော်လည်းကောင်း ရွေးချယ်တင်မြှောက်နိုင်ရန်နှင့် အစားထိုးရွေးချယ် တင်မြှောက်နိုင်ရန် ပုဒ်မ၆၄ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော် ကောင်စီဝင် များက စုပေါင်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲမှ အမည်စာရင်းတင်သွင်းခြင်း၊
(င) ပြည်သူ့လွှတ်တော်ရေးရာကော်မတီများကို သော်လည်းကောင်း၊ အကြောင်းတစ်ခုခုကြောင့် ထိုကော်မတီဝင်များထဲမှ ကော်မတီဝင်တစ်ဦးဦး လစ်လပ်လျှင်သော်လည်းကောင်း ရွေးချယ် တင် မြှောက်နိုင်ရန် နှင့် အစားထိုးရွေးချယ်တင်မြှောက်နိုင်ရန် ပုဒ်မ ၆၄ ပုဒ်မခွဲ (က)နှင့် (ခ) တို့အရ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်ကောင်စီဝင်များက စုပေါင်း၍ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များထဲမှ အမည်စာရင်းတင်သွင်းခြင်း၊
(စ) နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊ ဖြတ်တောက်ခြင်း၊ သံတမန်များကိုခန့် အပ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်းနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးခြင်း၊
(ဆ) နိုင်ငံခြားသံတမန်များ၏ ခန့်အပ်လွှာများကိုလက်ခံခြင်း၊ နိုင်ငံခြားသံတမန်များ အားပြန်လည် ခေါ်ယူရန်အကြောင်းကြားခြင်းနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးခြင်း၊
(ဇ) ပြည်သူ့လွှတ်တော်၏အတည်ပြုချက်ဖြင့် နိုင်ငံတကာနှင့်စာချုပ်များကိုချုပ်ဆိုခြင်း၊ အတည်ပြု ဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်မှနုတ်ထွက်ခြင်းတို့နှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးခြင်း၊
(ဈ) နိုင်ငံအချင်းချင်းသဘောတူညီချက်များနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးခြင်း၊
(ည) ဒုတိယဝန်ကြီးများကို ရွေးချယ်ခန့်အပ်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊
(ဋ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဦးအား နိုင်ငံတော်ကိုသစ္စာဖောက်မှုဖြင့် အရေးယူရန်အ ကြောင်း ပေါ်ပေါက်လျှင် ယင်းပုဂ္ဂိုလ်အား တာဝန်မှလည်းကောင်း၊ ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်ခြင်းမှလည်းကောင်း ခေတ္တရပ်စဲ၍ အနီးကပ်ဆုံးပြည်သူ့လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း၊
(ဌ) ဝန်ထမ်းအဖွဲ့အစည်းများ၏ အကြီးအကဲများကိုခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း၊
(ဍ) ဗဟိုနှင့်ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များသည် ဥပဒေနှင့် ကိုက်ညီခြင်းမရှိပါက ပယ်ဖျက်ခြင်း၊
(ဎ) ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များကိုပြဋ္ဌာန်းခြင်း၊ အပ်နှင်းခြင်း၊ ရုပ်သိမ်းခြင်း၊
(ဏ) လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊
(တ) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများက အပ်နှင်းသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တာဝန်ယူဆောင်ရွက်ခြင်း။

၇၄။ နိုင်ငံတော်ကောင်စီသည် ပြည်သူ့လွှတ်တော် အစည်းအဝေးတခုနှင့် တခုအကြားတွင် ပုဒ်မ ၄၇ ပါ ကိစ္စများမှအပ အခြားကိစ္စများအတွက်လိုအပ်လျှင် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်များကိုပြဋ္ဌာန်း နိုင်ခွင့်ရှိသည်။ ယင်းအမိန့်များကို ရက်ပေါင်းကိုးဆယ်အတွင်းကျင်းပသော အနီးကပ်ဆုံးပြည်သူ့ လွှတ်တော်အစည်းအဝေးသို့ တင်ပြ၍အတည်ပြုချက်ရယူရမည်။ ယင်းအမိန့်များကို ထုတ်ပြန်ပြီးနောက် ရက်ပေါင်းကိုးဆယ်အတွင်း ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပရန် မရှိလျှင် ပြည်သူ့လွှတ်တော် အရေးပေါ်အစည်းအဝေးကိုခေါ်ယူကျင်းပ၍ အတည်ပြုချက်ရယူရမည်။ ပြည်သူ့လွှတ်တော်၏ အတည် ပြုချက်မရရှိလျှင် ယင်းအမိန့်များသည် အတည်မပြုသည့်နေ့မှစ၍ အာဏာတည်ခြင်းမှ ရပ်စဲရမည်။

၇၅။ နိုင်ငံတော်သည် ကျူးကျော်တိုက်ခိုက်ခြင်းခံရလျှင် နိုင်ငံတော်ကောင်စီက စစ်ရေးအရလိုအပ်သလို ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ ယင်းသို့ဆောင်ရွက်ချက်ကို ပြည်သူ့လွှတ်တော်အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပ၍ တင်ပြရမည်။ ပြည်သူ့လွှတ်တော်အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပရန်လုံးဝ မဖြစ်နိုင်သော အခြေအနေမျိုးတွင် နိုင်ငံတော်ကောင်စီသည် စစ်ရေးအရလိုအပ်သလို ဆက်လက် ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ ယင်းဆောင်ရွက်ချက်ကို အနီးကပ်ဆုံးပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။

၇၆။ နိုင်ငံ၏ဒေသအချို့တွင်သော်လည်းကောင်း၊ နိုင်ငံတဝန်းလုံးတွင်သော်လည်းကောင်း နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် နိုင်ငံတော်ကောင်စီသည် လိုအပ်ပါက အရေးပေါ်အခြေအနေကြေညာ၍ စစ်အုပ်ချုပ်ရေးဥပဒေကို ထုတ်ပြန်နိုင်သည်။ နိုင်ငံ၏ ဒေသအချို့အတွက် သော်လည်းကောင်း၊ နိုင်ငံတဝန်းလုံးအတွက်သော်လည်းကောင်း စစ်စည်းရုံးခြင်းကို ပြုလုပ်နိုင်သည်။ ယင်းဆောင်ရွက်ချက်ကို အနီးကပ်ဆုံး ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်။

၇၇။ စစ်ဘေးအန္တရာယ်များကြောင့်သော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့်သော်လည်း ကောင်း၊ လုံခြုံရေး ပျက်ပြားသည့်အခြေအနေများကြောင့် သော်လည်းကောင်း ရွေးချယ်တင်မြှောက်ပွဲ များကျင်းပရန် မဖြစ်နိုင်သည့်အခါတွင် ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် ပြည်သူ့လွှတ်တော်တို့ ၏ပုံမှန် သက်တမ်းကုန်ဆုံးစေကာမူ ယင်းတို့၏သက်တမ်းကိုတကြိမ်လျှင် ခြောက်လတာဖြင့် သုံးကြိမ်အထိ တိုးမြှင့်ပေးရန် နိုင်ငံတော်ကောင်စီက ပြည်သူ့လွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်။

၇၈။ နိုင်ငံတဝန်းလုံး၌ အရေးပေါ်အခြေအနေပေါ်ပေါက်နေလျှင် နိုင်ငံတော်ကောင်စီသည် အရေးပေါ် အခြေအနေကို ကြေညာ၍ ပြည်သူ့လွှတ်တော်အရေးပေါ် အစည်းအဝေးခေါ်ယူကျင်းပပေးရမည်။ ယင်း အစည်းအဝေးသို့ အစည်းအဝေးထမြောက်ရေးအတွက် သတ်မှတ်ထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရေ မတက်ရောက်နိုင်လျှင် အောက်ပါ အတိုင်းဆောင်ရွက် ခွင့်ရှိသည် -

(က) နိုင်ငံတော်ကောင်စီ၊ ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ၊ ပြည်သူ့လွှတ်တော်အဖွဲ့အစည်းများ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ရောက်နိုင်သမျှသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များစုပေါင်း၍ ပြည်သူ့လွှတ်တော်၏လုပ်ငန်း တာဝန်များကိုဆောင်ရွက်ရမည်၊

(ခ) ပြည်သူ့လွှတ်တော်အစည်းအဝေးခေါ်ယူကျင်းပရန် အခြေအနေပေးလျှင်ပေးချင်း ပြည်သူ့လွှတ် တော် အစည်းအဝေးကို ခေါ်ယူကျင်းပကာ ပြည်သူ့လွှတ်တော် ၏ကိုယ်စားဆောင်ရွက် ချက်များကို တင်ပြ၍ အတည်ပြုချက်ရယူရမည်။

၇၉။ နိုင်ငံတော်ကောင်စီသည် ဗဟိုနှင့်ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ဝန်ထမ်းအဖွဲ့ အစည်းများ၏လုပ်ငန်းများ နှင့်ပတ်သက်၍ လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း တို့ကို ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းသောဥပဒေများ၊ နည်းဥပဒေများ၊ ဆုံးဖြတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။

၈၀။ ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းသောဥပဒေများ၊ နည်းဥပဒေများ၊ ဆုံးဖြတ်ချက်များနှင့်နိုင်ငံတော် ကောင်စီက ထုတ်ပြန်သောအမိန့်များကို နိုင်ငံတော်ကောင်စီဥက္ကဋ္ဌက လက်မှတ်ရေးထိုးရမည်။ ယင်းတို့ ကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။

၈၁။ ဝန်ထမ်းအဖွဲ့အစည်းများဖွဲ့စည်းရေးကို နိုင်ငံတော်ကောင်စီ၏ဆုံးဖြတ်ချက်အရသာလျှင် ဆောင်ရွက်နိုင်သည်။


အခန်း (၆)[edit]

ဝန်ကြီးအဖွဲ့[edit]

၈၂။ ဝန်ကြီးအဖွဲ့ကိုအောက်ပါအတိုင်းဖွဲ့စည်းရမည် -

(က) ပြည်သူ့လွှတ်တော်သည် ပုဒ်မ ၆၄ ပုဒ်မခွဲ (က) နှင့် (ခ)တို့အရ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်ကောင်စီဝင် များကစုပေါင်း၍ တင်သွင်းသည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ထဲမှပုဂ္ဂိုလ်များကို ဝန်ကြီးအဖွဲ့ဝင်များအဖြစ် ရွေးချယ်တင်မြှောက်သည်၊
(ခ) ဝန်ကြီးအဖွဲ့သည် မိမိတို့အထဲမှ ဝန်ကြီးချုပ်တဦးကိုရွေးချယ် တင်မြှောက်သည်၊
(ဂ) ဝန်ကြီးအဖွဲ့သည် ဝန်ကြီးချုပ်ကအမည် စာရင်းတင်သွင်းသော ဝန်ကြီးများထဲမှ ဒုတိယဝန်ကြီးချုပ် များကို ရွေးချယ်တင်မြှောက်သည်။

၈၃။ ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်၏အမြင့်ဆုံး ပြည်သူ့ရေးရာစီမံခန့်ခွဲရေးအဖွဲ့ ဖြစ်သည်။

၈၄။ ဝန်ကြီးအဖွဲ့သည် ပြည်သူ့လွှတ်တော်ကို တာဝန်ခံရမည်။ ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပ သည့်ကာလမဟုတ်လျှင် နိုင်ငံတော်ကောင်စီကို တာဝန်ခံရမည်။

၈၅။ ဝန်ကြီးအဖွဲ့သည် -

(က) ဒုတိယဝန်ကြီးများအဖြစ် တာဝန်ပေးအပ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ထဲမှ အမည်စာရင်းကို နိုင်ငံတော်ကောင်စီသို့တင်သွင်းရမည်၊
(ခ) ဒုတိယဝန်ကြီးတဦးဦးကို တာဝန်မှရပ်စဲရန်လိုအပ်လျှင် နိုင်ငံတော်ကောင်စီသို့ အဆိုပြုနိုင်သည်။

၈၆။ (က) ဝန်ကြီးအဖွဲ့၏သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်သည်။ ဝန်ကြီး အဖွဲ့သည် ပြည်သူ့လွှတ်တော်သက်တမ်း ကုန်ဆုံးသည့်အခါ ဝန်ကြီးအဖွဲ့အသစ် ရွေးချယ်တင်မြှောက်ပြီး သည်အထိ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်၊

(ခ) ဒုတိယဝန်ကြီးများ၏သက်တမ်းသည် ဝန်ကြီးအဖွဲ့၏သက်တမ်းနှင့်အညီ ဖြစ်သည်။

၈၇။ ဝန်ကြီးအဖွဲ့သည် -

(က) ပြည်သူ့လွှတ်တော်ကိုယ်စား နိုင်ငံတော်၏ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံခြားရေးနှင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများကို စုပေါင်းဦးဆောင်မှု စနစ်အရ တာဝန်ယူစီမံခန့်ခွဲသည်၊
(ခ) ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တိုင်းရင်းသားလူမျိုးများအားလုံး၏ စီးပွားရေးစီမံကိန်းများဖြင့် အ ကောင်အထည်ဖော် ဆောင်ရွက်သည်၊
(ဂ) ပြည်သူ့လွှတ်တော်၏ဆုံးဖြတ်ချက်များ၊ နိုင်ငံတော်ကောင်စီ၏အမိန့်များကို အကောင်အထည်ဖော် သည်၊
(ဃ) ဝန်ကြီးဌာနများ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး အဖွဲ့အစည်းများနှင့် ပြည်သူ့ကောင်စီအလုပ်အမှု ဆောင်အဖွဲ့အဆင့်ဆင့်ကို လမ်းညွှန်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ဆက်သွယ်ပေးခြင်းပြုသည်၊
(င) တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်သည်၊
(စ) ပြည်သူ့လွှတ်တော်ကဖြစ်စေ၊ နိုင်ငံတော်ကောင်စီကဖြစ်စေ သတ်မှတ်ပေးသည့်အခြား တာဝန်များ ကိုဆောင်ရွက်သည်။

၈၈။ ဝန်ကြီးအဖွဲ့သည် အောက်ပါလုပ်ငန်းများကိုလိုအပ်သလို ညှိနှိုင်းရေးဆွဲ၍ နိုင်ငံတော်ကောင်စီမှ တဆင့် ပြည်သူ့လွှတ်တော် သို့တင်ပြရမည် -

(က) နှစ်ရှည်၊ နှစ်တိုနှင့်နှစ်စဉ်စီးပွားရေး စီမံကိန်းများ၊
(ခ) နှစ်စဉ်ရသုံးခန့်မှန်းခြေငွေစာရင်း၊
(ဂ) နိုင်ငံတော်၏အခြေအနေနှင့်ပတ်သက်သော နှစ်စဉ်အစီရင်ခံစာများ၊
(ဃ) အခါအားလျော်စွာ လိုအပ်သော အစီရင်ခံစာများ။

၈၉။ အောက်ပါဥပဒေကြမ်းများကို ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းပေးနိုင်ရန် ဝန်ကြီးအဖွဲ့ကသာလျှင် နိုင်ငံတော်ကောင်စီမှတဆင့် ပြည်သူ့လွှတ်တော်သို့တင်ပြရမည် -

(က) စီးပွားရေးစီမံကိန်းနှင့် ပတ်သက်သည့် ဥပဒေကြမ်း၊
(ခ) ရသုံးခန့်မှန်းခြေငွေစာရင်းနှင့်ပတ်သက်သည့် ဥပဒေကြမ်း၊
(ဂ) အခွန်အကောက်နှင့်ပတ်သက်သည့် ဥပဒေကြမ်း။

၉၀။ မိမိနှင့်သက်ဆိုင်သည့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးအဖွဲ့အစည်းအဆင့်ဆင့်၏လုပ်ငန်းများ အောင် မြင်စွာအကောင်အထည် ဖော်ရေးအတွက် ဝန်ကြီးတဦးစီ၌ တာဝန်ရှိသည်။

၉၁။ ဝန်ကြီးသည် ဝန်ကြီးအဖွဲ့ကိုတာဝန်ခံရမည်။ ဒုတိယဝန်ကြီးသည်သက်ဆိုင်ရာဝန်ကြီးကို တာဝန်ခံ ရမည်။

၉၂။ ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်ကောင်စီ၏သဘောတူညီချက်ကိုရယူ၍ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး ဝန်ထမ်း အဖွဲ့အစည်း အဆင့်ဆင့်ကို လိုအပ်သလိုဖွဲ့စည်းနိုင်သည်။ လိုအပ်သောဝန်ထမ်းများကို ဥပဒေ နှင့်အညီခန့်အပ်နိုင်သည်။

၉၃။ ဝန်ကြီးအဖွဲ့သည် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးအဖွဲ့အစည်း အဆင့်ဆင့်၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ ကို သတ်မှတ်ပေးရမည်။

၉၄။ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးအဖွဲ့အစည်း အဆင့်ဆင့်သည် မိမိ၏အထက်အဖွဲ့အစည်းများကိုလည်း ကောင်း၊ သက်ဆိုင်ရာ ပြည်သူ့ကောင်စီများကို လည်းကောင်း တာဝန်ခံ၍ ယင်းတို့၏ကြီးကြပ်ကွပ်ကဲမှု နှင့် စစ်ဆေးမှုကိုခံယူရမည်။


အခန်း (၇)[edit]

ပြည်သူ့တရားသူကြီးအဖွဲ့[edit]

၉၅။ (က) ပြည်သူ့လွှတ်တော်သည် ပုဒ်မ ၆၄ ပုဒ်မခွဲ(က)နှင့်(ခ) တို့အရ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်ကောင်စီဝင်များက စုပေါင်း၍တင်သွင်းသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမည် စာရင်း ထဲမှ ပုဂ္ဂိုလ်များကို ပြည်သူ့တရားသူကြီး အဖွဲ့ဝင်များအဖြစ် ရွေးချယ်တင်မြှောက်သည်၊

(ခ) ပြည်သူ့တရားသူကြီးအဖွဲ့ဝင်များသည် မိမိတို့အထဲမှဥက္ကဋ္ဌတဦးကို ရွေးချယ်တင်မြှောက်ရမည်။

၉၆။ (က) နိုင်ငံတော်တွင် အောက်ပါတရားသူကြီးအဖွဲ့များကို ဖွဲ့စည်းထားရမည် -

(၁) ပြည်သူ့တရားသူကြီးအဖွဲ့၊
(၂) ပြည်နယ်တရားသူကြီးအဖွဲ့၊ တိုင်းတရားသူကြီးအဖွဲ့၊
(၃) မြို့နယ်တရားသူကြီးအဖွဲ့၊
(၄) ရပ်ကွက်တရားသူကြီးအဖွဲ့၊ ကျေးရွာအုပ်စုတရားသူကြီးအဖွဲ့၊
(ခ) တရားသူကြီးအဖွဲ့များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပြည်သူ့လွှတ်တော်က ဥပဒေဖြင့်ပြဋ္ဌာန်းရ မည်။

၉၇။ ပြည်သူ့တရားသူကြီးအဖွဲ့၏သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်သည်။ ပြည်သူ့တရားသူကြီးအဖွဲ့သည် ပြည်သူ့လွှတ်တော်သက်တမ်းကုန်ဆုံးသည့်အခါ ပြည်သူ့တရားသူကြီး အဖွဲ့အသစ်ရွေးချယ်တင်မြှောက်ပြီးသည်အထိ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

၉၈။ တရားစီရင်ရာတွင် အဖွဲ့ဖြင့်သာ စီရင်ရမည်။

၉၉။ ပြည်သူ့တပ်မတော်သားများအတွက် စစ်ဖက်တရားစီရင်ရာတွင်မူအဖွဲ့ဖြင့်ဖြစ်စေ၊ တဦးတည်းဖြင့် ဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်။

၁၀၀။ လုပ်ငန်းဆိုင်ရာတရားစီရင်ရေးအဖွဲ့များကို ဥပဒေနှင့်အညီဖွဲ့စည်းနိုင်သည်။

၁၀၁။ တရားစီရင်ရာတွင် အောက်ပါမူများအပေါ် အခြေခံ၍ တရားစီရင်ရမည် -

(က) ဆိုရှယ်လစ်စနစ်ကို ကာကွယ်စောင့်ရှောက်ခြင်း၊
(ခ) လုပ်သားပြည်သူတို့၏အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ခြင်း၊
(ဂ) ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ခြင်း၊
(ဃ) ဥပဒေကိုပြည်သူအများနားလည်လိုက်နာကျင့်သုံးလာစေရန် ပညာပေးခြင်း၊
(င) ပြည်သူအချင်းချင်းနှင့်ပတ်သက်သောအမှုကိစ္စများကို ဥပဒေခွင့်ပြုချက်ဘောင်အတွင်း၌ ဖြစ်နိုင် သ ရွေ့ကျေအေးပြီးပြတ်စေရန် ဆောင်ရွက်ခြင်း၊
(စ) ဥပဒေအရ တားမြစ်ထားချက်မှအပ ပြည်သူလူထုရှေ့မှောက်တွင်တရားစီရင်ခြင်း၊
(ဆ) အမှုများတွင် ခုခံချေပခွင့်နှင့်ဥပဒေအရ အယူခံပိုင်ခွင့်ပေးခြင်း၊
(ဇ) ပြစ်မှုကျူးလွန်သူကို အရေးယူအပြစ်ပေးရာတွင် အကျင့်စာရိတ္တပြုပြင်မှုကို ဦးတည်ခြင်း။

၁၀၂။ တရားစီရင်ရာတွင် မြန်မာစာကိုအသုံးပြုရမည်။ လိုအပ်ပါက သက်ဆိုင်ရာတိုင်းရင်းသားစာကို အသုံးပြုနိုင်သည်။ လိုအပ်လျှင်စကားပြန်များရရှိစေရန် စီစဉ်ပေးရမည်။

၁၀၃။ ပြည်သူ့တရားသူကြီးအဖွဲ့သည် -

(က) နိုင်ငံတော်တွင် အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့ ဖြစ်သည်၊
(ခ) လိုအပ်သောတရားစီရင်ရေးအဖွဲ့များကို မိမိတို့အဖွဲ့ဝင်များဖြင့်သာ ဖွဲ့စည်း၍တရားစီရင်ရမည်။

၁၀၄။ ပြည်သူ့တရားသူကြီးအဖွဲ့သည် ပြည်သူ့လွှတ်တော်ကို တာဝန်ခံရမည်။ တရားစီရင်ရေးအခြေအနေ ကို ပြည်သူ့လွှတ်တော် သို့အစီရင်ခံရမည်။ ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပသည့် ကာလမဟုတ် လျှင် နိုင်ငံတော်ကောင်စီကို တာဝန်ခံရမည်။

၁၀၅။ ပြည်သူ့တရားသူကြီးအဖွဲ့သည် နိုင်ငံတော်အတွင်းရှိ တရားစီရင်ရေးအဖွဲ့များနှင့် တရားရုံးများကို ကြီးကြပ်ကွပ်ကဲသည်။

၁၀၆။ (က) ပြည်နယ် ပြည်သူ့ကောင်စီများသည် ပြည်နယ်တရားသူကြီးအဖွဲ့များကိုလည်းကောင်း၊ တိုင်းပြည်သူ့ကောင်စီများသည် တိုင်းတရားသူကြီးအဖွဲ့များကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ ကောင်စီ များသည် မြို့နယ်တရားသူကြီးအဖွဲ့များကိုလည်းကောင်း၊ ရပ်ကွက် ပြည်သူ့ကောင်စီများသည် ရပ်ကွက် တရားသူကြီးအဖွဲ့များကို လည်းကောင်း၊ ကျေးရွာအုပ်စုပြည်သူ့ကောင်စီများသည် ကျေးရွာအုပ်စု တရားသူကြီးအဖွဲ့များကိုလည်းကောင်း သက်ဆိုင်ရာ ပြည်သူ့ကောင်စီဝင်များဖြင့် ရွေးချယ်တင်မြှောက် ဖွဲ့စည်းရမည်၊

(ခ) ပုဒ်မခွဲ (က) အရ ပြည်သူ့ကောင်စီအဆင့်ဆင့်တွင် ရွေးချယ်တင်မြှောက်ခြင်းခံရသော တရားသူကြီး အဖွဲ့ဝင်များသည် သက်ဆိုင်ရာတရားသူကြီးအဖွဲ့ဝင်များအထဲမှ ဥက္ကဋ္ဌ တဦးစီကို ရွေးချယ်တင်မြှောက်ရ မည်။

၁၀၇။ (က) ပြည်သူ့ကောင်စီအဆင့်ဆင့်ရှိ တရားသူကြီးအဖွဲ့အဆင့်ဆင့်သည် သက်ဆိုင်ရာတရားစီရင် ရေး အဖွဲ့များကိုမိမိတို့ အဖွဲ့ဝင်များဖြင့် လိုအပ်သလို ဖွဲ့စည်းရမည်၊

(ခ) ပုဒ်မခွဲ(က)အရ သက်ဆိုင်ရာတရားစီရင်ရေးအဖွဲ့များကို ဖွဲ့စည်းရာတွင် တရားသူကြီးအဖွဲ့ဝင်များ ဖြင့် လုံလောက်မှုမရှိမှသာလျှင် သက်ဆိုင်ရာအဆင့်ရှိ တရားသူကြီးအဖွဲ့ဝင်တဦးဦးကို ဦးဆောင်စေ၍ သက်ဆိုင်ရာ ပြည်သူ့ကောင်စီဝင်များဖြင့် ဖွဲ့စည်းနိုင်သည်။ သက်ဆိုင်ရာ ပြည်သူ့ကောင်စီဝင်များဖြင့် လုံလောက်မှုမရှိမှသာလျှင် အခြားသင့်လျော်သည့် နိုင်ငံသားများ ကိုထည့်သွင်း ဖွဲ့စည်းနိုင်သည်။

၁၀၈။ ပြည်နယ်တရားသူကြီးအဖွဲ့၊ တိုင်းတရားသူကြီးအဖွဲ့၊ မြို့နယ်တရားသူကြီးအဖွဲ့၊ ရပ်ကွက်တရား သူကြီးအဖွဲ့နှင့် ကျေးရွာအုပ်စုတရားသူကြီးအဖွဲ့တို့၏သက်တမ်းသည် သက်ဆိုင်ရာ ပြည်သူ့ကောင်စီ အဆင့်ဆင့်၏သက်တမ်းနှင့်အညီဖြစ်သည်။ တရားသူကြီးအဖွဲ့အသီးသီးသည် သက်ဆိုင်ရာပြည်သူ့ ကောင်စီအဆင့်ဆင့်၏သက်တမ်းကုန်ဆုံးသည့်အခါ တရားသူကြီးအဖွဲ့အသစ် ရွေးချယ်တင်မြှောက်ပြီး သည်အထိ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

၁၀၉။ ပြည်သူ့တရားသူကြီးအဖွဲ့သည် နိုင်ငံတော်ကောင်စီ၏သဘောတူညီချက်ကိုရယူ၍ တရားရေး ဝန်ထမ်းအဖွဲ့အစည်း အဆင့်ဆင့်ကို လိုအပ်သလိုဖွဲ့စည်းနိုင်သည်။ လိုအပ်သောတရားရေး ဝန်ထမ်းများ ကို ဥပဒေနှင့်အညီခန့်အပ်နိုင်သည်။

၁၁၀။ ပြည်နယ်တရားသူကြီးအဖွဲ့၊ တိုင်းတရားသူကြီးအဖွဲ့၊ မြို့နယ်တရားသူကြီးအဖွဲ့၊ ရပ်ကွက် တရားသူကြီးအဖွဲ့နှင့် ကျေးရွာအုပ်စုတရားသူကြီးအဖွဲ့အသီးသီးသည် မိမိတို့ကဖွဲ့စည်းပေးသည့် တရား စီရင်ရေးအဖွဲ့များနှင့် တရားရုံးများကို ကြီးကြပ်ကွပ်ကဲရမည်။ ထို့အပြင် တရားသူကြီးအဖွဲ့ အသီးသီး သည် မိမိတို့သက်ဆိုင်ရာပြည်သူ့ကောင်စီကို တာဝန်ခံရမည်။


အခန်း (၈)[edit]

ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့[edit]

၁၁၁။ (က) ပြည်သူ့လွှတ်တော်သည် ပုဒ်မ ၆၄ ပုဒ်မခွဲ (က) နှင့်(ခ) တို့အရရွေးချယ်တင်မြှောက်ထား သောနိုင်ငံတော်ကောင်စီ ဝင်များကစုပေါင်း၍ တင်သွင်းသည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမည် စာရင်းထဲမှ ပုဂ္ဂိုလ်များကို ပြည်သူ့ဥပဒေအကျိုး ဆောင်အဖွဲ့ဝင်များအဖြစ် ရွေးချယ်တင်မြှောက်သည်၊

(ခ) ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ဝင်များသည် မိမိတို့အထဲမှ ဥက္ကဋ္ဌတဦး ကိုရွေးချယ်တင်မြှောက်ရ မည်။

၁၁၂။ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့သည် အောက်ပါတာဝန်များကိုထမ်းဆောင်ရမည် -

(က) ဆိုရှယ်လစ်စနစ်ကို ကာကွယ်စောင့်ရှောက်ခြင်း၊
(ခ) လုပ်သားပြည်သူတို့၏ရပိုင်ခွင့်များနှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊
(ဂ) နိုင်ငံတော်ကောင်စီနှင့် ဝန်ကြီးအဖွဲ့အားဥပဒေနှင့်ပတ်သက်သည့်အကြံဉာဏ်များပေးခြင်း၊
(ဃ) ဗဟိုနှင့်ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့်ဝန်ထမ်းအဖွဲ့အစည်းများ၏လုပ်​ဆောင်ချက် များသည် ဥပဒေနှင့် မညီညွတ်ကြောင်း တွေ့ရှိပါက နိုင်ငံတော်ကောင်စီသို့တင်ပြခြင်း၊
(င) ဥပဒေအရ သတ်မှတ်ပေးသည့်တာဝန်များကို ထမ်းဆောင်ခြင်း။

၁၁၃။ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏သက်တမ်းနှင့် အညီ ဖြစ်သည်။ ပြည်သူ့ ဥပဒေ အကျိုးဆောင်အဖွဲ့သည် ပြည်သူ့လွှတ်တော်သက်တမ်းကုန်ဆုံးသည့်အခါ ပြည် သူ့ဥပဒေအကျိုးဆောင်အဖွဲ့အသစ် ရွေးချယ်တင်မြှောက်ပြီးသည်အထိ လုပ်ငန်းတာဝန်များကို ထမ်း ဆောင်ရမည်။

၁၁၄။ ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့သည် ပြည်သူ့လွှတ်တော်ကိုတာဝန်ခံရမည်။ ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့၏ လုပ်ငန်းအခြေအနေများကို ပြည်သူ့လွှတ်တော်သို့ အစီရင်ခံရမည်။ ပြည်သူ့ လွှတ်တော်အစည်းအဝေးကျင်းပသည့် ကာလ မဟုတ်လျှင် နိုင်ငံတော်ကောင်စီကို တာဝန်ခံရမည်။

၁၁၅။ ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့သည် နိုင်ငံတော်ကောင်စီ၏သဘောတူညီချက်ကိုရယူ၍ ဥပဒေ ဝန်ထမ်းအဖွဲ့အစည်း အဆင့်ဆင့်ကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ လိုအပ်သောဥပဒေဝန်ထမ်း များကို ဥပဒေနှင့်အညီခန့်အပ်နိုင်သည်။

၁၁၆။ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့သည် ဗဟိုဥပဒေဝန်ထမ်းများ၊ ပြည်နယ်နှင့်တိုင်းဥပဒေ ဝန်ထမ်း များ၊ မြို့နယ်ဥပဒေ ဝန်ထမ်းများကို လမ်းညွှန်၍ကြီးကြပ်ကွပ်ကဲရမည်။

၁၁၇။ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ ဗဟို၊ ပြည်နယ်နှင့်တိုင်းဥပဒေဝန်ထမ်းများ၊ မြို့နယ်ဥပဒေ ဝန်ထမ်းများ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည်သူ့လွှတ်တော်က ဥပဒေဖြင့်ပြဋ္ဌာန်းရမည်။


အခန်း (၉)[edit]

ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့[edit]

၁၁၈။ (က) ပြည်သူ့လွှတ်တော်သည် ပုဒ်မ ၆၄ ပုဒ်မခွဲ (က)နှင့်(ခ)တို့အရ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်ကောင်စီ ဝင်များကစုပေါင်း၍တင်သွင်းသည့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အမည်စာရင်း ထဲမှ ပုဂ္ဂိုလ်များကို ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဝင်များအဖြစ် ရွေးချယ်တင်မြှောက်သည်၊

(ခ) ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဝင်များသည် မိမိတို့အထဲမှ ဥက္ကဋ္ဌတဦးကို ရွေးချယ်တင်မြှောက်ရ မည်။

၁၁၉။ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့သည် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးနှင့်ပတ်သက်၍ အမြင့်ဆုံး အဖွဲ့ ဖြစ်သည်။

၁၂၀။ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့သည် ပြည်သူ့လွှတ်တော်ကို တာ​ဝန်ခံရမည်။ ပြည်သူ့လုပ်ငန်းစစ် ဆေးရေးအခြေအနေများကို ပြည်သူ့လွှတ်တော်သို့အစီရင်ခံရမည်။ ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပသည့်ကာလမဟုတ်လျှင် နိုင်ငံတော် ကောင်စီကို တာဝန်ခံရမည်။

၁၂၁။ (က) ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ ဝန်ထမ်းအဖွဲ့အစည်းများနှင့် စစ်ဆေးရန်ဥပဒေအရ သတ်မှတ်ထားသော အခြားအဖွဲ့အစည်းများ၏ဆောင်ရွက်ချက်များသည် ပြည်သူ တို့အတွက်အကျိုးသက်ရောက်မှု ရှိ၊ မရှိကို ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးရမည်၊

(ခ) ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့သည် စစ်ဆေးတွေ့ရှိချက်များနှင့် ဆောင်ရွက်ချက်များကို နိုင်ငံတော်ကောင်စီ မှတဆင့် ပြည်သူ့လွှတ်တော်သို့တင်ပြရမည်။

၁၂၂။ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့၏သက်တမ်းသည် ပြည်သူ့လွှတ်တော်၏သက်တမ်း နှင့်အညီဖြစ် သည်။ ပြည်သူ့ လုပ်ငန်းစစ်ဆေးရေးအဖွဲ့သည် ပြည်သူ့လွှတ်တော်သက်တမ်းကုန်ဆုံးသည့်အခါ ပြည်သူ့ လုပ်ငန်း စစ်ဆေးရေးအဖွဲ့ အသစ်ရွေးချယ်တင်မြှောက်ပြီးသည်အထိ လုပ်ငန်းတာဝန်များ ကိုထမ်း ဆောင်ရမည်။

၁၂၃။ (က) ပြည်နယ် ပြည်သူ့ကောင်စီများသည် ပြည်နယ်လုပ်ငန်းစစ်ဆေးရေးအဖွဲ့များကို လည်း ကောင်း၊ တိုင်းပြည်သူ့ကောင်စီများသည် တိုင်းလုပ်ငန်းစစ်ဆေးရေးအဖွဲ့များ ကိုလည်းကောင်း၊ မြို့နယ် ပြည်သူ့ကောင်စီများသည် မြို့နယ်လုပ်ငန်း စစ်ဆေးရေးအဖွဲ့များကိုလည်းကောင်း သက်ဆိုင်ရာပြည်သူ့ ကောင်စီဝင်များဖြင့် ရွေးချယ်တင်မြှောက်ဖွဲ့စည်းရမည်၊

(ခ) ဒေသဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့အသီးသီး၏ အဖွဲ့ဝင်များသည် မိမိတို့အထဲမှဥက္ကဋ္ဌတဦးကို ရွေးချယ်တင်မြှောက်ရမည်၊
(ဂ) ဒေသဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပြည်သူ့လွှတ်တော်က ဥပဒေဖြင့် ပြဋ္ဌာန်းရမည်။

၁၂၄။ ဒေသဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့ အသီးသီးသည် သက်ဆိုင်ရာပြည်သူ့ကောင်စီကို တာဝန် ခံရမည်။

၁၂၅။ ဒေသဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့များသည် အောက်ပါတာဝန်တို့ကိုဆောင်ရွက်ရမည် -

(က) ပြည်သူ့ကောင်စီအစည်းအဝေးတခုနှင့်တခုအကြား မိမိတို့၏ဆောင်ရွက်ချက်များကို သက်ဆိုင်ရာ ပြည်သူ့ကောင်စီ သို့အစီရင်ခံတင်ပြခြင်း၊
(ခ) သက်ဆိုင်ရာပြည်သူ့ကောင်စီနှင့် မိမိတို့အထက်အဖွဲ့အစည်းများ၏လမ်းညွှန်မှုကိုခံယူ၍ အကောင် အထည်ဖော်ဆောင်ရွက် ခြင်း၊ အစီရင်ခံတင်ပြခြင်း။

၁၂၆။ ဒေသဆိုင်ရာလုပ်ငန်း စစ်ဆေးရေးအဖွဲ့တို့၏ သက်တမ်းသည်ပြည်သူ့ကောင်စီအဆင့်ဆင့်၏ သက်တမ်းနှင့်အညီ ဖြစ်သည်။ ဒေသဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့သည် ပြည်သူ့ကောင်စီ၏ သက် တမ်းကုန်ဆုံးသည့်အခါ ဒေသဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့အသစ် ရွေးချယ်တင်မြှောက်ပြီးသည် အထိ လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရမည်။

၁၂၇။ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့သည် နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ကိုရယူ၍ စာရင်းဝန်ထမ်းအဖွဲ့အစည်း အဆင့်ဆင့်ကိုလိုအပ်သလိုဖွဲ့စည်းနိုင်သည်။ လိုအပ်သောစာရင်း ဝန်ထမ်း များကို ဥပဒေ နှင့်အညီခန့်အပ်နိုင်သည်။

၁၂၈။ ဗဟိုစာရင်းရုံးသည် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ကိုလည်းကောင်း၊ အဆင့်ဆင့်သောစာရင်း ရုံးများသည် သက်ဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့များနှင့် မိမိ၏အထက်အဖွဲ့အစည်း များကိုလည်း ကောင်း တာဝန်ခံ၍ ယင်းတို့၏ ကြီးကြပ်ကွပ်ကဲမှုနှင့် စစ်ဆေးမှုကိုခံယူရမည်။


အခန်း (၁၀)[edit]

ပြည်သူ့ကောင်စီများ[edit]

၁၂၉။ ပြည်သူ့ကောင်စီအဆင့်ဆင့်ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေများအရ သက်ဆိုင်ရာဒေသအတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားများက လျှို့ဝှက်ဆန္ဒမဲ ဖြင့်တိုက်ရိုက်ရွေးချယ်တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။

၁၃၀။ ပြည်သူ့ကောင်စီအဆင့်ဆင့်တွင်လည်းကောင်း၊ ပြည်သူ့ကောင်စီအဖွဲ့အစည်းများတွင် လည်း ကောင်းပါဝင်ရမည့် ပြည်သူ့ကိုယ်စားလှယ်အရေအတွက်ကို ဥပဒေဖြင့်သတ်မှတ်ပေးရမည်။

၁၃၁။ ပြည်သူ့ကောင်စီအဆင့်ဆင့်၏သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ပုံမှန်သက်တမ်း နှင့်အညီဖြစ် သည်။

၁၃၂။ ပြည်သူ့ကောင်စီအဆင့်ဆင့်သည် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများဖြစ်၍ အောက်ပါလုပ် ငန်းရပ်များကို ဥပဒေဘောင်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည် -

(က) စီးပွားရေး၊ လူမှုရေးနှင့်ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး၊
(ခ) တရားစီရင်ရေး၊
(ဂ) ဒေသဆိုင်ရာ လုံခြုံရေး၊ ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ် တည်ငြိမ်ရေး၊
(ဃ) တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်ရေး၊ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရေးနှင့် ပြုစုပျိုးထောင်ရေး၊
(င) သက်ဆိုင်ရာဒေသအတွင်းရှိ လုပ်သားပြည်သူများ၏ ရပိုင်ခွင့်များကိုကာကွယ်စောင့်ရှောက် ပေး ရေး နှင့် လုပ်သားပြည်သူ များကလည်း တာဝန်ဝတ္တရားများကိုကျေပွန်စွာထမ်းဆောင်ကြစေရန် စည်း ရုံးလှုံ့ ဆော်ရေး၊
(စ) စီးပွားရေးစီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး၊
(ဆ) နှစ်စဉ် ရသုံးခန့်မှန်းခြေငွေစာရင်း ပြုစုရေးနှင့်ပေါင်းစပ် ညှိနှိုင်းပေးရေး၊
(ဇ) ဆောက်လုပ်ရေး၊ နေရာချထားရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် မြို့ပြစည်ပင်သာယာရေး၊
(ဈ) လမ်းပန်းဆက်သွယ်ရေး၊
(ည) မိမိနှင့်သက်ဆိုင်သော ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ဝန်ထမ်းအဖွဲ့အစည်းများကို လမ်းညွှန်ရေး၊ ကြီးကြပ်ကွပ်ကဲရေး၊ ပေါင်းစပ်ညှိနှိုင်းပေးရေး၊
(ဋ) ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပြည်သူများနိုးကြား တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်ရေး အတွက် ပြည်သူများ နှင့်နီးကပ်စွာထိတွေ့ ဦးဆောင်မှုပေးရေး၊
(ဌ) သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး၊
(ဍ) ဒေသဆိုင်ရာဝန်ထမ်းရေးရာကိစ္စများကိုညှိနှိုင်းဆောင်ရွက်ရေး၊
(ဎ) ဥပဒေအရ သတ်မှတ်သည့်အခြားလိုအပ်သော ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုဆောင်ရွက်ရေး။

၁၃၃။ (က) ပြည်သူ့ကောင်စီ အဆင့်ဆင့်၏ အစည်းအဝေးများကိုဥပဒေက သတ်မှတ်သည့်အတိုင်း ကျင်းပရမည်၊

(ခ) ပြည်သူ့ကောင်စီအဆင့်ဆင့်၏ ပုံမှန်အစည်းအဝေးကျင်းပသည့်အခါတိုင်း အစည်းအဝေးကို ကြီး ကြပ်ကွပ်ကဲရန် ပြည်သူ့ကောင်စီဝင်များထဲမှ သဘာပတိအဖွဲ့ဝင်များကို ရွေးချယ်တင်မြှောက်ရမည်၊
(ဂ) သဘာပတိအဖွဲ့ဝင်များထဲမှ အလှည့်ကျသဘာပတိတဦးကျစီကို တာဝန်ပေးဆောင်ရွက်စေရမည်၊
(ဃ) ပြည်သူ့ကောင်စီတရပ်ရပ်တွင် အလုပ်အမှုဆောင်အဖွဲ့၊ တရားသူကြီးအဖွဲ့၊ သို့မဟုတ် လုပ်ငန်းစစ် ဆေးရေးအဖွဲ့တခုခု၌ အဖွဲ့ဝင်အဖြစ်ပါဝင်နေသည့် ပြည်သူ့ကောင်စီဝင်တဦးသည် ယင်းပြည်သူ့ ကောင် စီ၏ သဘာပတိအဖွဲ့ဝင်မဖြစ်စေရ။ သဘာပတိအဖွဲ့ဝင်တဦးသည် အလုပ်အမှုဆောင်အဖွဲ့၊ တရား သူကြီးအဖွဲ့၊ သို့မဟုတ် လုပ်ငန်းစစ်ဆေးရေးအဖွဲ့တရပ်ရပ်သို့ ရွေးချယ်တင်မြှောက်ခြင်းခံရလျှင် သဘာ ပတိအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရမည်၊
(င) သဘာပတိအဖွဲ့သည် သက်ဆိုင်ရာပြည်သူ့ကောင်စီ၏နောက်တကြိမ် ပုံမှန်အစည်းအဝေးကျင်းပ၍ သဘာပတိအဖွဲ့အသစ်ကို ရွေးချယ်တင်မြှောက်ပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်၊
(စ) ပြည်သူ့ကောင်စီအစည်းအဝေးခေါ်ယူကျင်းပပေးရန် သက်ဆိုင်ရာပြည်သူ့ကောင်စီဝင်အားလုံး၏ သုံးဆယ့်လေးရာခိုင် နှုန်းကတောင်းဆိုလျှင် သက်ဆိုင်ရာအလုပ် အမှုဆောင်အဖွဲ့ကခေါ်ယူကျင်းပ ပေးရ မည်။ တောင်းဆိုသည့်နေ့မှ ရက်ပေါင်းသုံးဆယ်အတွင်း အစည်းအဝေးခေါ်ယူကျင်းပပေးရန် ပျက်ကွက် ခဲ့လျှင် သက်ဆိုင်ရာသဘာပတိအဖွဲ့က အမြန်ဆုံး အစည်းအဝေး ခေါ်ယူကျင်းပပေးရမည်။

၁၃၄။ ပြည်နယ်ပြည်သူ့ကောင်စီ၊ တိုင်း ပြည်သူ့ကောင်စီနှင့် မြို့နယ်ပြည်သူ့ကောင်စီများသည် ပြည်သူ့ ကောင်စီရေးရာ ကော်မီတီများကို သက်ဆိုင်ရာပြည်သူ့ကောင်စီဝင်များဖြင့် ရွေးချယ်တင်မြှောက်ဖွဲ့စည်း ရမည်။

၁၃၅။ ပြည်သူ့ကောင်စီအဆင့်ဆင့်က ဆုံးဖြတ်ချမှတ်သည့်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ပြည်သူ့ကောင်စီ အဆင့်ဆင့်တွင် အလုပ်အမှုဆောင်အဖွဲ့တဖွဲ့စီကို ပြည်သူ့ကောင်စီဝင်များ ဖြင့်ရွေးချယ် တင်မြှောက်ဖွဲ့စည်းရမည်။ အလုပ်အမှုဆောင် အဖွဲ့ဝင်များသည် မိမိတို့အထဲမှ ဥက္ကဋ္ဌတဦးစီနှင့် အတွင်းရေးမှူး တဦးစီကိုရွေးချယ် တင်မြှောက်ရမည်။ ယင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည် သက်ဆိုင်ရာ ပြည်သူ့ကောင်စီ၏ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့လည်းဖြစ်ကြသည်။

၁၃၆။ ပြည်သူ့ကောင်စီဥက္ကဋ္ဌအသီးသီးသည် သက်ဆိုင်ရာပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေး ရွာအုပ်စုအသီးသီး၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

၁၃၇။ ပြည်သူ့ကောင်စီအဆင့်ဆင့်၏ အလုပ်အမှုဆောင်အဖွဲ့အသီးသီးသည် သက်ဆိုင်ရာပြည်သူ့ ကောင် စီကို တာဝန်ခံရမည်။

၁၃၈။ ပြည်သူ့ကောင်စီအဆင့်ဆင့်၏ အလုပ်အမှုဆောင် အဖွဲ့များသည် အောက်ပါတာဝန်များကို ဆောင် ရွက်ရမည် -

(က) ပြည်သူ့ကောင်စီအစည်းအဝေးကို သဘာပတိအဖွဲ့နှင့်ညှိနှိုင်း၍ ခေါ်ယူကျင်းပခြင်း၊
(ခ) ပြည်သူ့ကောင်စီ၏ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် ညွှန်ကြားချက်များကိုထုတ်ပြန်ခြင်း၊ အကောင် အထည်ဖော်ခြင်း၊
(ဂ) ဝန်ကြီးအဖွဲ့နှင့်သက်ဆိုင်ရာပြည်သူ့ကောင်စီများက လမ်းညွှန်ချမှတ်သည့်လုပ်ငန်းများကိုအကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊
(ဃ) အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့် အပြန်အလှန်ဆက်သွယ်ခြင်း၊ ညှိနှိုင်းခြင်း၊အထက်အဆင့်ရှိ အလုပ်အမှုဆောင်အဖွဲ့က အောက်အဆင့်ရှိအလုပ်အမှုဆောင်အဖွဲ့ကို လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွပ်ကဲ ခြင်း၊
(င) ဒေသဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများကို လမ်းညွှန်ခြင်း၊ တာဝန်ယူကြီးကြပ်ကွပ်ကဲခြင်း၊ ညှိနှိုင်း ပေးခြင်း၊ ဝန်ထမ်းရေးရာကိစ္စများကို ညှိနှိုင်းဆောင်ရွက်ခြင်း၊
(စ) ပြည်သူ့ကောင်စီ အစည်းအဝေးတခုနှင့်တခုအကြား မိမိတို့၏ဆောင်ရွက်ချက်များကို ပြည်သူ့ ကောင် စီသို့ အစီရင်ခံ တင်ပြခြင်း၊
(ဆ) ပြည်သူ့ကောင်စီဝင်တဦးဦးအား နိုင်ငံတော်ကိုသစ္စာဖောက်မှု ဖြင့်အရေးယူရန်အကြောင်း ပေါ် ပေါက်လျှင် ယင်းပုဂ္ဂိုလ်အားတာဝန်မှလည်းကောင်း၊ ပြည်သူ့ကောင်စီအစည်းအဝေး တက်ရောက်ခြင်းမှ လည်းကောင်း ခေတ္တရပ်စဲ၍ သက်ဆိုင်ရာ ပြည်သူ့ကောင်စီ၏ အနီးကပ်ဆုံး အစည်းအဝေးတွင် အတည် ပြုချက်ရယူခြင်း။

၁၃၉။ ပြည်သူ့ကောင်စီအဆင့်ဆင့်ရှိ အလုပ်အမှုဆောင်အဖွဲ့တို့၏သက်တမ်းသည် ပြည်သူ့ကောင်စီ အဆင့်ဆင့်၏သက်တမ်း နှင့်အညီဖြစ်သည်။ အလုပ်အမှုဆောင်အဖွဲ့သည် ပြည်သူ့ကောင်စီသက်တမ်း ကုန်ဆုံးသည့်အခါ အလုပ်အမှုဆောင်အဖွဲ့အသစ် ရွေးချယ်တင်မြှောက်ဖွဲ့စည်းပြီးသည်အထိ လုပ်ငန်း တာဝန်များကို ထမ်းဆောင်ရမည်။

၁၄၀။ (က) ပြည်သူ့ကောင်စီအစည်းအဝေးကျင်းပချိန်တွင် ပြည်သူ့ကောင်စီဝင်တဦးဦးအား ဖမ်းဆီး ရန်လိုအပ်ပါက ခိုင်လုံသောအထောက်အထားကို ပြည်သူ့ကောင်စီသဘာပတိအဖွဲ့သို့ တင်ပြရမည်။ သက်ဆိုင်ရာ ပြည်သူ့ကောင်စီသဘာပတိအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိပဲ ဖမ်းဆီးခြင်းမပြုရ၊

(ခ) ပြည်သူ့ကောင်စီအဖွဲ့အစည်းတခုခု အစည်းအဝေးကျင်းပချိန်တွင် ယင်းအဖွဲ့အစည်း၌ပါဝင်သော ပြည်သူ့ကောင်စီဝင်တဦးဦးအား ဖမ်းဆီးရန်လိုအပ်ပါကခိုင်လုံသောအထောက်အထားကို သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့သို့တင်ပြရမည်။ ယင်းအလုပ်အမှုဆောင်အဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိပဲ ဖမ်းဆီးခြင်း မပြုရ၊
(ဂ) ပြည်သူ့ကောင်စီ၊သို့မဟုတ် ပြည်သူ့ကောင်စီအဖွဲ့အစည်းတခုခု အစည်းအဝေးကျင်းပချိန် မဟုတ် လျှင် ပြည်သူ့ကောင်စီဝင်တဦးဦးအားဖမ်းဆီးပါက ယင်းသို့ဖမ်းဆီးရခြင်းအတွက် ခိုင်လုံသော အထောက်အထားကို သက်ဆိုင်ရာပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့သို့အမြန်ဆုံးတင်ပြရမည်။

၁၄၁။ ပြည်သူ့ကောင်စီနှင့် ပြည်သူ့ကောင်စီအဖွဲ့အစည်းတခုခု၏အစည်းအဝေးများတွင် တင်ပြဆွေးနွေး ဆောင်ရွက်ချက် များနှင့်စပ်လျဉ်း၍ ပြည်သူ့ကောင်စီဥပဒေ၊ နည်းဥပဒေများ နှင့်စည်းကမ်းဥပဒေများ မှအပ အခြားဥပဒေများအရ ပြည်သူ့ကောင်စီဝင်တဦးဦးအား တစုံတရာအရေးယူအပြစ် ပေးခြင်းမရှိစေ ရ။

၁၄၂။ ပြည်သူ့ကောင်စီဝင်များသည် မိမိတို့အားရွေးချယ်တင်မြှောက်လိုက်သည့် ပြည်သူများနှင့် ထိတွေ့ ဆက် သွယ်၍ မိမိတို့၏ ဆောင်ရွက်ချက်များကို ပြန်လည်အစီရင်ခံခြင်းနှင့် ပြည်သူများအား မူဝါဒရေး ရာများ ကိုအခါအားလျော်စွာ အသိပေးခြင်းပြု ရမည်။

၁၄၃။ ပြည်သူ့ကောင်စီဝင်များသည် ပြည်သူတို့၏ဆန္ဒသဘောထားများနှင့်အကြံပြုချက်များကို သက် ဆိုင်ရာပြည်သူ့ကောင်စီများသို့ တင်ပြဆောင်ရွက်ပေးရမည်။

၁၄၄။ ပြည်သူ့ကောင်စီအဆင့်ဆင့်သည် ဒေသဆိုင်ရာ အရေးကြီးသောကိစ္စများ နှင့်ပြည်သူ့အကျိုးပြု အကြံပေးချက်များကို အောက်မှအထက်သို့ အဆင့်ဆင့်အားဖြင့် နိုင်ငံတော်ကောင်စီအထိ တင်ပြနိုင် သည်။


အခန်း(၁၁)[edit]

နိုင်ငံသားများ၏မူလအခွင့်အရေးများနှင့်တာဝန်ဝတ်တရားများ[edit]

၁၄၅။ (က) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ အားလုံးသည် နိုင်ငံသားများဖြစ်သည်၊

(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရနိုင်ငံသား ဖြစ်ပြီးသူများသည် လည်း နိုင်ငံသားများဖြစ် သည်။

၁၄၆။ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဋ္ဌာန်း သည့်အတိုင်း ဖြစ်စေရမည်။

၁၄၇။ နိုင်ငံသားတိုင်း လူမျိုး၊ အဆင့်အတန်း၊ ရာထူးဌာနန္တရ၊ ဆင်းရဲချမ်းသာ၊ ယဉ်ကျေးမှု၊ ဇာတိ၊ ကိုး ကွယ်ရာဘာသာ၊ အမျိုးသား အမျိုးသမီးမရွေး ဥပဒေအရာတွင် ခွဲခြားမှုမရှိစေပဲ တန်းတူညီမျှမှုရှိစေရ မည်။

၁၄၈။ နိုင်ငံသားတိုင်းသည်-

(က) အလုပ်လုပ်ရာတွင် ကာယ၊ ဉာဏ၊ ဝီရိယစွမ်းအားအလိုက် ခံစားပိုင်ခွင့်ရှိသည်၊
(ခ) ဆိုရှယ်လစ်စီးပွားရေးဘောင်အတွင်း နိုင်ငံတော်ကခွင့်ပြုထားသော အသက်မွေးဝမ်းကျောင်း လုပ် ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိသည်၊
(ဂ) နိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်။

၁၄၉။ နိုင်ငံသားတိုင်းသည် မကျန်းမာသည့်အခါတွင် နိုင်ငံတော်ကစီစဉ်ပေးသည့်အတိုင်း ဆေးကုသခံ နိုင်ခွင့်ရှိသည်။

၁၅၀။ အလုပ်လုပ်သောနိုင်ငံသားတိုင်းသည်-

(က) အနားယူပိုင်ခွင့်နှင့် အပန်းဖြေပိုင်ခွင့်ရှိသည်၊
(ခ) ဥပဒေအရ သတ်မှတ်သည့်အတိုင်း အလုပ်လုပ်ချိန်နှင့် အားလပ်ခွင့်များ ရပိုင်ခွင့်ရှိသည်။

၁၅၁။ အလုပ်လုပ်သောနိုင်ငံသားတဦးဦးသည်-

(က) အလုပ်ခွင်တွင် မတော်တဆထိခိုက်ဒဏ်ရာရသည့်အခါတွင် သော်လည်းကောင်း၊ မသန်မစွမ်းဖြစ် သည့်အခါတွင်သော် လည်းကောင်း၊ နာမကျန်းဖြစ်သည့်အခါတွင်သော်လည်းကောင်း၊ အိုမင်းမစွမ်းဖြစ် သည့်အခါတွင်သော်လည်းကောင်း ဥပဒေအရ သတ်မှတ်ထားသည့်အတိုင်း ခံစားပိုင်ခွင့်ရှိသည်၊
(ခ) သေဆုံးသွားသည့်အခါတွင် ယင်းပုဂ္ဂိုလ်၏ဆက်ခံပိုင်ခွင့်ရှိသူများသည် ဥပဒေအရ သတ်မှတ်ထား သည့်အတိုင်းခံစားပိုင်ခွင့် ရှိသည်။

၁၅၂။ (က) နိုင်ငံသားတိုင်း ပညာသင်ကြားပိုင်ခွင့်ရှိသည်၊

(ခ) မြန်မာစာသည် အများသုံးစာဖြစ်သည်၊ ကျန်တိုင်းရင်းသားများ၏စာများကိုလည်း သင်ကြားခွင့်ရှိ သည်၊
(ဂ) နိုင်ငံသားတိုင်းသည် ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရ အခြေခံပညာကိုသင်ကြားရမည်။

၁၅၃။ (က) နိုင်ငံသားတိုင်းသည် သိပ္ပံပညာစူးစမ်းရှာဖွေမှု၊ စာပေနှင့် အနုပညာ ခေတ်မီတိုးတက်အောင် တီထွင်ကြံဆရေးသား မှုနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စများတွင် လွတ်လပ်စွာဖော်ထုတ် ဆောင်ရွက်ခွင့်ရှိ သည်၊

(ခ) နိုင်ငံသားတိုင်းသည် မိမိတို့ချစ်ခင်မြတ်နိုးသည့်စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ နှင့် စောင့်ထိန်းအပ်သော ဓလေ့ထုံးတမ်းများကို သီးခြားလွတ်လပ်စွာဆောင်ရွက်ခွင့်ရှိသည်။ ယင်းသို့ ဆောင်ရွက်ခြင်းသည် ပြည်ထောင်စု တခုလုံးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ဆိုရှယ်လစ်လူနေမှုစနစ်တို့ကို ထိပါးရာရောက်ပါက လုံးဝရှောင်ကြဉ်ရမည်။ မိမိတို့၏ သီးခြားဆောင်ရွက်မှုသည် အခြားတိုင်းရင်းသားလူမျိုးတမျိုး၊ သို့မဟုတ် လူမျိုးများကို ထိခိုက်နစ်နာစေလျှင် သက်ဆိုင်သူများအချင်းချင်းပြန်လည်ညှိနှိုင်း၍ ပြေလည်မှုရရှိပြီးမှသာလျှင် ဆောင် ရွက်ခွင့်ရှိသည်၊
(ဂ) ပုဒ်မခွဲ (က)နှင့် (ခ)အရ ဆောင်ရွက်ခွင့်ရှိသော်လည်း တိုင်းရင်းသားလူမျိုးများ သွေးစည်းညီညွတ် ရေး၊ နိုင်ငံတော်လုံခြုံ ရေး နှင့် ဆိုရှယ်လစ်လူနေမှုစနစ်ထိခိုက်စေမည့် လုပ်ရပ်များကိုမူ တားမြစ်သည်။ ယင်းတားမြစ်ချက်ကို ကျူးလွန်သူများအား ဥပဒေအရအရေးယူ အပြစ်ပေးရမည်။

၁၅၄။ (က) အမျိုးသမီးများသည် အမျိုးသားများနည်းတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေး မှုဆိုင်ရာအခွင့်အရေး တို့တွင် တန်းတူရည်တူခံစားခွင့်ရှိသည်၊

(ခ) မိခင်များ၊ ကလေးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဥပဒေအရ သတ်မှတ်ပေး သည့် အခွင့်အရေးများကို ခံစားခွင့်ရှိသည်၊
(ဂ) နိုင်ငံသားများမှ မွေးဖွားသောကလေးတိုင်း တန်းတူအခွင့်အရေး ခံစားခွင့်ရှိစေရမည်၊
(ဃ) အမျိုးသမီးများသည် ထိမ်းမြားလက်ထပ်ရေး၊ လင်မယားကွာရှင်းရေး၊ ပစ္စည်းခွဲဝေရေး၊ အမွေ ဆက်ခံရေးနှင့် သားသမီး စောင့်ရှောက်ထိန်းသိမ်းရေးတို့နှင့်ပတ်သက်၍ ဥပဒေအရ လွတ်လပ်ခွင့်နှင့် ရပိုင်ခွင့်များခံစားစေရမည်။

၁၅၅။ နိုင်ငံသားတိုင်း၌ -

(က) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ ကောင်စီအဆင့်ဆင့်သို့ ဆန္ဒမဲပေးခွင့်နှင့် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့် တူညီစွာရှိသည်၊
(ခ) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်သို့ ပြည်သူ့ကိုယ်စားလှယ် ရွေးချယ်တင်မြှောက် နိုင်ရေးအတွက် ပြည်သူ့ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဥပဒေအရ တင်သွင်းနိုင်ခွင့်ရှိသည်၊
(ဂ) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်သို့ ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့ ကိုယ်စားလှယ်များကို ဥပဒေနှင့်အညီ တာဝန်မှပြန်လည်ရုပ်သိမ်းပိုင်ခွင့်ရှိသည်။

၁၅၆။ (က) နိုင်ငံသားတိုင်း လွတ်လပ်စွာတွေးတောကြံဆခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့်၊ မည်သည့် ဘာသာကို မဆို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိသည်၊

(ခ) ပုဒ်မခွဲ (က)ပါ လွတ်လပ်မှုအခွင့်အရေးများရှိသော်လည်း လုပ်သားပြည်သူများ၏ အကျိုးစီးပွား အတွက်သော်လည်းကောင်း၊ စည်းကမ်းသေဝပ်တည်ငြိမ်ရေးအတွက် သော်လည်းကောင်း ဥပဒေပြဋ္ဌာန်း နိုင်သည်၊
(ဂ) ဘာသာရေးအဖွဲ့အစည်းများနှင့်ဘာသာရေးကို နိုင်ငံရေးကိစ္စအလို့ငှာ အသုံးမပြုရ။ ယင်းကိစ္စနှင့် ပတ်သက်၍ဥပဒေ ပြဋ္ဌာန်းထားရမည်။

၁၅၇။ နိုင်ငံသားတိုင်း၌ လုပ်သားပြည်သူများ၏ အကျိုးစီးပွားနှင့် ဆိုရှယ်လစ်အကျိုးစီးပွားကို မဆန့် ကျင်လျှင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့်နှင့် လွတ်လပ်စွာထုတ်ဝေခွင့်ရှိသည်။

၁၅၈။ နိုင်ငံသားတိုင်း၌ဥပဒေကခွင့်ပြုထားသော နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများနှင့် လူထုလူတန်း စားအဖွဲ့အစည်းများတွင် လွတ်လပ်စွာပါဝင်ခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်၊ လွတ်လပ်စွာစုဝေးခွင့်နှင့် လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ရှိသည်။ ဤလွတ်လပ်ခွင့်များကို အပြည့်အဝခံစားနိုင်ရေးအတွက် နိုင်ငံတော်က လိုအပ်သောအကူအညီများ ပေးရမည်။

၁၅၉။ (က) နိုင်ငံသားတိုင်း၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုအတွက် အာမခံချက်ရှိစေရမည်၊

(ခ) သက်ဆိုင်ရာတရားစီရင်ရေးအဖွဲ့၏ ခွင့်ပြုချက်မရှိပဲ နိုင်ငံသားတဦးကို နှစ်ဆယ့် လေးနာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခြင်းမပြုရ၊
(ဂ) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ ပြင်ပတွင်ရောက်ရှိနေကြသော နိုင်ငံသားများ ကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတော်၌တာဝန်ရှိသည်။

၁၆၀။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကိုမဆန့်ကျင်လျှင် နိုင်ငံသားများ၏နေအိမ် ဥပစာ လုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုတို့အတွက် ဥပဒေအရ ကာကွယ်ပေးရမည်။

၁၆၁။ နိုင်ငံသားတိုင်း၏ကာယ၊ ဉာဏ၊ ဝီရိယ စွမ်းအားအလိုက်တရားသဖြင့်ရရှိသော ဝင်ငွေများ၊ စု ဆောင်းငွေများ၊ ပစ္စည်းများ၊ နေအိမ်အဆောက်အဦ၊ ဆိုရှယ်လစ်စီးပွားရေး ဘောင်အတွင်းခွင့်ပြုထား သော ကုန်ထုတ်ကိရိယာများနှင့် ဥပဒေအရ ခွင့်ပြုထားသော အခြားပိုင်ဆိုင်မှုများကို ဥပဒေအရ ကာ ကွယ်ပေးရမည်။

၁၆၂။ နိုင်ငံသားတိုင်း၏ အမွေခွဲဝေဆက်ခံမှုကို ဥပဒေအရခွင့်ပြုသည်။

၁၆၃။ (က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အဝရရှိစေရ မည်၊

(ခ) နိုင်ငံသားတဦးဦး၏ အခွင့်အရေးတရပ်ရပ်ထိခိုက်ဆုံးရှုံးမှုမရှိစေရန် အမြန်ဆုံးနှင့်အထိရောက် ဆုံး ကာကွယ်စောင့်ရှောက် ပေးနိုင်သည့်ဥပဒေများကို ပြဋ္ဌာန်းရမည်။

၁၆၄။ (က) နိုင်ငံသားတိုင်းသည် မိမိတို့၏နစ်နာချက်များကိုသက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း သို့ တိုင်တန်းခွင့်ရှိသည်၊

(ခ) နိုင်ငံသားများ၏တိုင်တန်းချက်များကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အမြန်ဆုံးစုံစမ်း စစ် ဆေး၍ လိုအပ်သလို အရေးယူဆောင်ရွက်ပေးရမည်။

၁၆၅။ နိုင်ငံတော်၏အာဏာပိုင်အဖွဲ့အစည်း တရပ်ရပ်တွင်ပါဝင်သော အဖွဲ့ဝင်တဦးဦး၊ သို့မဟုတ် နိုင်ငံတော်၏အာဏာပိုင် အဖွဲ့အစည်းတရပ်ရပ်၊ သို့မဟုတ် ဝန်ထမ်းတဦးဦး၊ သို့မဟုတ် ဝန်ထမ်းအဖွဲ့ အစည်းတရပ်ရပ်က ပြည်သူတို့အပ်နှင်းထား သောအခွင့်အာဏာကို အလွဲသုံးစားပြုသဖြင့် နိုင်ငံသား တဦးဦး၏အခွင့်အရေးတရပ်ရပ်၊ သို့မဟုတ် အကျိုးခံစားခွင့်တရပ်ရပ် ထိခိုက်နစ်နာခဲ့လျှင် ယင်းပုဂ္ဂိုလ်၊ သို့မဟုတ် ယင်းအဖွဲ့အစည်းကို တရားစွဲဆိုပိုင်ခွင့်ရှိသည်။ ထိခိုက်နစ်နာမှုအတွက် လျော်ကြေးတောင်းခံ ခွင့်ရှိသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းထားရမည်။

၁၆၆။ နိုင်ငံသားတိုင်းသည် မိမိ၏လွတ်လပ်ခွင့်နှင့်ရပိုင်ခွင့်များကို ခံစားရာ၌အောက်ပါတရပ်ရပ် ကို ထိပါးခြင်းမပြုမိစေရန် ရှောင်ကြဉ်စောင့်ထိန်းရမည့်တာဝန်ရှိသည် -

(က) နိုင်ငံတော်၏အချုပ်အချာအာဏာနှင့်နိုင်ငံတော်လုံခြုံရေး၊
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေကပြဋ္ဌာန်းထားသော ဆိုရှယ်လစ်စနစ်၏အခြေခံအနှစ်သာရများ၊
(ဂ) တိုင်းရင်းသားလူမျိုးအချင်းချင်းသွေးစည်းညီညွတ်ရေး၊
(ဃ) အများပြည်သူတို့၏အေးချမ်းသာယာရေး၊
(င) အများပြည်သူတို့၏ကိုယ်ကျင့်တရား။

၁၆၇။ (က) နိုင်ငံတော်၏အချုပ်အချာအာဏာနှင့် နိုင်ငံတော်လုံခြုံရေး၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားသော ဆိုရှယ်လစ်စနစ်၏ အခြေခံအနှစ်သာရများ၊ တိုင်းရင်းသားလူမျိုးအချင်းချင်း သွေး စည်းညီညွတ်ရေး၊ အများပြည်သူတို့၏ အေးချမ်းသာယာရေး၊ သို့မဟုတ် အများပြည်သူတို့၏ ကိုယ်ကျင့် တရားတရပ်ရပ်ကို ထိပါးမည့်အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နိုင်ငံသားများ၏လွတ်လပ် ခွင့်နှင့် ရပိုင်ခွင့်များကို လိုအပ်သလိုကန့်သတ်သည့် ဥပဒေပြဋ္ဌာန်းနိုင်သည်၊

(ခ) ယင်းသို့ကန့်သတ်သည့်ဥပဒေတွင်အဖွဲ့ဖြင့်သာ ကန့်သတ်မိန့်ကိုချမှတ်ရမည်ဟုလည်းကောင်း၊ အမိန့်ကို ပုံမှန်ပြန်လည် သုံးသပ်၍ လိုအပ်သလိုပြင်ဆင်ရမည်ဟုလည်းကောင်း၊ နစ်နာသူကအထက်အဖွဲ့ အစည်းသို့ အယူခံဝင်နိုင်ရန်ကိုလည်းကောင်း ထည့်သွင်းပြဋ္ဌာန်းရမည်။

၁၆၈။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် နိုင်ငံသားတိုင်း၌ တာဝန် ရှိသည်။ ထို့ပြင် ဆိုရှယ်လစ်လူ့ဘောင်တည်ဆောက်ရေးအတွက် ချမှတ်ထားသောဥပဒေများ၊ အလုပ်ခွင် စည်းကမ်းများ၊ ဒေသဆိုင်ရာစည်း ကမ်းများကိုလိုက်နာရန်နှင့် နိုင်ငံတော်ကပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်လည်းတာဝန်ရှိသည်။

၁၆၉။ ပြည်သူပိုင်ပစ္စည်းများ၊ သမဝါယမပိုင်ပစ္စည်းများနှင့် အများပိုင်ပစ္စည်းများကို ကာကွယ်စောင့် ရှောက်ရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်။ ဆိုရှယ်လစ်အရင်းအနှီးများ တိုးတက်များပြားလာစေရေး အတွက်လည်းကောင်း၊ နိုင်ငံတော်၏ကာကွယ်ရေးအင်အား တိုးတက်ခိုင်မာလာစေရေးအတွက် လည်း ကောင်း၊ လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးအတွက် လည်းကောင်း မိမိစွမ်းအားအလိုက် လုပ်ဆောင်ရန် တာဝန်ရှိသည်။

၁၇၀။ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အချာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်။ ယင်းသို့ ကာကွယ်စောင့်ရှောက်ခြင်းသည် မွန်မြတ်သော တာဝန်ဖြစ်သည်။

၁၇၁။ နိုင်ငံသားတိုင်းသည် ဥပဒေအရ -

(က) စစ်ပညာသင်ကြားရမည်၊
(ခ) နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရမည်။
၁၇၂။ နိုင်ငံသားတိုင်း၌ ဥပဒေအရ အခွန်အကောက်ပေးဆောင်ရန် တာဝန်ရှိသည်။


အခန်း (၁၂)[edit]

ရွေးချယ်တင်မြှောက်ပုံစနစ်[edit]

၁၇၃။ ရွေးချယ်တင်မြှောက်ပုံစနစ်၏ အခြေခံရည်ရွယ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်-

(က) လုပ်သားပြည်သူတို့ကို စစ်မှန်စွာကိုယ်စားပြုမည့် ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက် ခြင်း၊
(ခ) ရွေးချယ်တင်မြှောက်ရာတွင် နိုင်ငံသားများကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်ခြင်း၊
(ဂ) လုပ်သားပြည်သူတို့ကို စစ်မှန်စွာကိုယ်စားပြုမည့် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့် ဆင့်ရှိ အဖွဲ့အစည်းများ ကိုရွေးချယ်တင်မြှောက်ခြင်း။

၁၇၄။ (က) နိုင်ငံသားများသည် ပြည်သူ့ကိုယ်စားလှယ်များကို လျှို့ဝှက်ဆန္ဒမဲဖြင့် တိုက်ရိုက်ရွေးချယ် တင်မြှောက်ရမည်၊

(ခ) အသက်တဆယ့်ရှစ်နှစ် ပြည့်သောနိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်၊
(ဂ) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း၌ ဆန္ဒမဲပေးခွင့်တူညီစွာရှိသည်။

၁၇၅။ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်သို့ ပြည်သူ့ကိုယ်စားလှယ်များရွေးချယ် တင် မြှောက်ရန် မဲဆန္ဒနယ် များကို အောက်ပါအတိုင်းသတ်မှတ်ရမည် -

(က) ရပ်ကွက်ပြည်သူ့ကောင်စီ မဲဆန္ဒနယ်၊ ကျေးရွာအုပ်စု ပြည်သူ့ကောင်စီ မဲဆန္ဒနယ်၊
(ခ) မြို့နယ်ပြည်သူ့ကောင်စီ မဲဆန္ဒနယ်၊
(ဂ) ပြည်နယ်ပြည်သူ့ကောင်စီ မဲဆန္ဒနယ်၊ တိုင်းပြည်သူ့ကောင်စီ မဲဆန္ဒနယ်၊
(ဃ) ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်။

၁၇၆။ (က) ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များသတ်မှတ်ရာတွင် မြို့နယ်များကိုအခြေခံရမည်၊

(ခ) ပြည်သူ့လွှတ်တော်သို့ မြို့နယ်တခုစီမှ ကိုယ်စားလှယ်တဦးကျစီ ရွေးချယ်တင်မြှောက်ရမည်၊
(ဂ) လူဦးရေများပြားသော မြို့နယ်များသည်ပုဒ်မခွဲ (ခ) အရရရှိသည့်အခွင့်အရေးအပြင် ရွေးချယ်တင် မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ လူဦးရေအချိုးအစားအလိုက် ပိုမိုရရှိသောကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ရမည်၊
(ဃ) မြို့နယ်ဆယ်မြို့နယ်ထက်နည်း၍ လူဦးရေဆယ်သိန်းထက်လည်းနည်းသော ပြည်နယ်၊ သို့မဟုတ် တိုင်းများအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ ထပ်မံရရှိစေရန် ဥပဒေဖြင့်သတ်မှတ်ပေးရ မည်။

၁၇၇။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထဲမှ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများသည် ပြည်သူ့လွှတ် တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်သို့ ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ခံပိုင် ခွင့်ရှိသည်-

(က) နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသော နိုင်ငံသားဖြစ်သူ၊
(ခ) ရပ်ကွက် ပြည်သူ့ကောင်စီ၊ ကျေးရွာအုပ်စုပြည်သူ့ကောင်စီနှင့် မြို့နယ်ပြည်သူ့ကောင်စီ များသို့ရွေး ချယ်တင်မြှောက်ခံရန် အသက်နှစ်ဆယ်ပြည့်သူ၊
(ဂ) ပြည်နယ်ပြည်သူ့ကောင်စီနှင့် တိုင်းပြည်သူ့ကောင်စီများသို့ ရွေးချယ်တင်မြှောက်ခံရန် အသက် နှစ် ဆယ့်လေးနှစ် ပြည့်သူ၊
(ဃ) ပြည်သူ့လွှတ်တော်သို့ ရွေးချယ်တင်မြှောက်ခံရန် အသက်နှစ်ဆယ့်ရှစ်နှစ်ပြည့်သူ။

၁၇၈။အောက်ပါပုဂ္ဂိုလ်များသည် ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်မရှိစေရ -

(က) သာသနာ့ဝန်ထမ်းများ၊
(ခ) ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်းခံရသူများ။

၁၇၉။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် ပါတီ၏ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသောလူထု လူတန်း စား အဖွဲ့အစည်းများ၊ သက်ဆိုင်ရာမဲဆန္ဒနယ်ရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ညှိနှိုင်းပြီးလျှင် ယင်းတို့၏ ဆန္ဒကို အလေးဂရုပြုလျက် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်အတွက် ပြည်သူ့ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကိုတင်သွင်းရမည်။

၁၈၀။ ပြည်သူ့ကိုယ်စားလှယ်လောင်းတဦးသည် ရွေးချယ်တင်မြှောက်ပွဲတခုတွင်-

(က) ပြည်သူ့လွှတ်တော်၊ သို့မဟုတ် ပြည်သူ့ကောင်စီအဆင့် တခုအတွက်သာလျှင် ရွေးချယ်တင်မြှောက် ခံပိုင်ခွင့်ရှိသည်၊
(ခ) မဲဆန္ဒနယ်တခုတွင်သာလျှင် ရွေးချယ်တင်မြှောက်ခံရန် ယှဉ်ပြိုင်ခွင့်ရှိသည်။

၁၈၁။ (က) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်သို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ် တင်မြှောက်ရာတွင် သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးရှိ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်က လာရောက်ဆန္ဒမဲပေးမှသာလျှင် အထမြောက်သော ရွေးချယ်တင်မြှောက်ပွဲများဖြစ်ရမည်၊

(ခ) ပုဒ်မခွဲ (က) အရ အထမြောက်သော ရွေးချယ်တင်မြှောက်ပွဲများတွင် ပြည်သူ့ကိုယ်စားလှယ်လောင်း တဦးသည်လာရောက် ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲရရှိမှသာလျှင် ရွေးချယ်တင် မြှောက်ခြင်း ခံရသည်ဟု အသိအမှတ် ပြုရမည်။

၁၈၂။ (က) ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီအဆင့်ဆင့်၏ သက်တမ်းမကုန်ဆုံးမီ ပြည်သူ့ လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် အသစ်ရွေးချယ်တင်မြှောက်နိုင်ရန် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မီရှင်တရပ်ကို [ပြည်သူ့လွှတ် တော်ကအနည်းဆုံး ခြောက်လကြိုတင်၍] ဖွဲ့စည်းရမည်၊

(ခ) ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မီရှင် ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်ကောင်စီဝင်များနှင့် ဝန်ကြီးအဖွဲ့ဝင်များ မှအပ ဥပဒေအရသတ်မှတ်သော နိုင်ငံသားများပါဝင်သည့် အမည်စာရင်းတခုကို နိုင်ငံတော်ကောင်စီက ပြည်သူ့လွှတ်တော် သို့တင်သွင်းရမည်၊
(ဂ) ပုဒ်မ ၄၃ ပုဒ်မခွဲ (က)အရ ပြည်သူ့လွှတ်တော်၏ ပုံမှန်သက်တမ်းကို လျှော့ပေါ့သတ်မှတ်ရန် ဆုံးဖြတ် လျှင် ယင်းသို့ လျှော့ပေါ့သတ်မှတ်ရန် ဆုံးဖြတ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးက ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင်တရပ်ကို ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့် ဆင့် အသစ်ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ပုဒ်မခွဲ (ခ)နှင့်အညီ တပါတည်း ဖွဲ့စည်းပေးရမည်၊
(ဃ) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်တို့၏ သက်တမ်းကုန်ဆုံးသည့်နေ့ရက်မတိုင်မီ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီများအတွက် ရွေးချယ်တင်မြှောက်ပွဲများကို ဥပဒေအရ သတ်မှတ် သည့်အတိုင်းကျင်းပရမည်၊
(င) ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီ အဆင့်ဆင့်၏သက်တမ်းကုန်ဆုံးသည့်နေ့ရက်တွင် ပြည်သူ့ လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်၏ အစည်းအဝေးများကို အသစ်ရွေးချယ် တင်မြှောက်လိုက် သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ကျင်းပရမည်။

၁၈၃။ (က) ပုဒ်မ ၆၃ အရ ပြည်သူ့ကောင်စီတရပ်ရပ်ကို သက်တမ်းမကုန်ဆုံးမီ ဖျက်သိမ်းခဲ့လျှင် ဥပဒေအရ သတ်မှတ်သည့်အတိုင်း ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပ၍ သက်ဆိုင်ရာ ပြည်သူ့ကောင်စီ ၏ အစည်းအဝေးကို ကျင်းပရမည်၊

(ခ) ပြည်နယ် ပြည်သူ့ကောင်စီကိုသော်လည်းကောင်း၊ တိုင်းပြည်သူ့ကောင်စီ တရပ်ကိုသော်လည်း ကောင်း၊ မြို့နယ်ပြည်သူ့ကောင်စီတရပ် ကိုသော်လည်းကောင်း ဖျက်သိမ်းခဲ့လျှင်သက်ဆိုင်ရာ ပြည်သူ့ ကောင်စီတရပ်အသစ် ရွေးချယ်တင် မြှောက်ပြီးစီးခြင်းမရှိသေးမီ ကာလအတွင်း နိုင်ငံတော်ကောင်စီ သည် သင့်လျော်သောနိုင်ငံသားများဖြင့် အလုပ်အမှုဆောင်အဖွဲ့၊ တရားသူကြီးအဖွဲ့နှင့် လုပ်ငန်းစစ်ဆေး ရေး အဖွဲ့တဖွဲ့စီကို ဖွဲ့စည်း၍ယာယီတာဝန်ပေးရမည်၊
(ဂ) ရပ်ကွက်ပြည်သူ့ကောင်စီတရပ်ကို သော်လည်းကောင်း၊ ကျေးရွာအုပ်စုပြည်သူ့ကောင်စီ တရပ်ကို သော်လည်းကောင်း ဖျက်သိမ်းခဲ့လျှင် သက်ဆိုင်ရာ ပြည်သူ့ကောင်စီတရပ်အသစ် ရွေးချယ်တင်မြှောက် ပြီး စီးခြင်းမရှိသေးမီ ကာလအတွင်း နိုင်ငံတော်ကောင်စီသည် သင့်လျော်သော နိုင်ငံသားများဖြင့် အလုပ်အမှုဆောင်အဖွဲ့နှင့် တရားသူကြီးအဖွဲ့တဖွဲ့စီကိုဖွဲ့စည်း၍ ယာယီတာဝန်ပေးရမည်။

၁၈၄။ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်သို့ ပြည်သူ့ကိုယ်စားလှယ် ရွေးချယ်တင် မြှောက်ပွဲများ၏ကုန်ကျစရိတ်ကို နိုင်ငံတော်ဘဏ္ဍာမှကျခံစေရမည်။

၁၈၅။ (က) ပြည်နယ်ပြည်သူ့ကောင်စီ၊ တိုင်းပြည်သူ့ကောင်စီ၊ မြို့နယ်ပြည်သူ့ကောင်စီတရပ်ရပ်ကို ရွေး ချယ်တင်မြှောက်ရန် အခြေအနေမရှိသေးလျှင် သက်ဆိုင်ရာပြည်သူ့ကောင်စီ၏လုပ်ငန်းများကို ဆောင် ရွက်နိုင်ရန် နိုင်ငံတော်ကောင်စီသည် သင့်လျော်သော နိုင်ငံသားများဖြင့် အလုပ်အမှုဆောင်အဖွဲ့၊ တရားသူကြီးအဖွဲ့နှင့် လုပ်ငန်းစစ်ဆေးရေးအဖွဲ့တဖွဲ့စီကို ဖွဲ့စည်း၍ ယာယီတာဝန်ပေးရမည်၊

(ခ) ရပ်ကွက်ပြည်သူ့ကောင်စီ၊ သို့မဟုတ် ကျေးရွာအုပ်စု ပြည်သူ့ကောင်စီတရပ်ရပ်ကိုရွေးချယ် တင်မြှောက်ရန် အခြေအနေ မရှိသေးလျှင် သက်ဆိုင်ရာပြည်သူ့ကောင်စီ၏ လုပ်ငန်းများကို ဆောင်ရွက် နိုင်ရန် နိုင်ငံတော်ကောင်စီသည် သင့်လျော်သော နိုင်ငံသားများဖြင့် အလုပ်အမှုဆောင်အဖွဲ့နှင့် တရား သူကြီးအဖွဲ့တဖွဲ့စီကို ဖွဲ့စည်း၍ယာယီတာဝန်ပေးရမည်။

၁၈၆။ ပြည်သူ့လွှတ်တော်သည် ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ခြင်းနှင့်စပ်လျဉ်းသည့် လိုအပ်သော ဥပဒေ များကိုပြဋ္ဌာန်းရမည်။


အခန်း (၁၃)[edit]

တာဝန်မှပြန်လည်ရုပ်သိမ်းခြင်း၊နုတ်ထွက်ခြင်း၊အစားထိုးရွေးချယ်တင်မြှောက်ခြင်း[edit]

၁၈၇။ ရွေးချယ်တင်မြှောက်ပြီး တာဝန်ပေးအပ်ထားသော ပြည်သူ့ကိုယ်စားလှယ်တဦးကိုဖြစ်စေ၊ အဖွဲ့ အစည်းတခုကို ဖြစ်စေ ရွေးချယ်တင်မြှောက်လိုက်သည့် ပြည်သူများ၊ သို့မဟုတ် အဖွဲ့အစည်းက အောက်ပါအကြောင်းတရပ်ရပ်ကြောင့် တာဝန်မှပြန်လည်ရုပ်သိမ်းလိုလျှင် သတ်မှတ်ထားသော ဥပဒေ နှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်-

(က) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(ခ) ပေးအပ်သောတာဝန်ဝတ်တရားများကို ကျေပွန်စွာ မထမ်းဆောင်ခြင်း၊
(ဂ) အကျင့်စာရိတ္တပျက်ပြားခြင်း။

၁၈၈။ ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့ကိုယ်စားလှယ်တဦးသည်လည်းကောင်း၊ ပြည်သူ့ လွှတ်တော်၊ သို့မဟုတ် ပြည်သူ့ကောင်စီ အဖွဲ့အစည်းတရပ်ရပ်တွင် တာဝန်ပေးအပ်ခြင်းခံရသော ပြည်သူ့ကိုယ်စားလှယ်တဦးသည်လည်းကောင်း မိမိ၏တာဝန်မှ နုတ်ထွက်လိုလျှင် မိမိနှင့်သက်ဆိုင် သော အဖွဲ့အစည်းသို့ ဥပဒေနှင့်အညီ နုတ်ထွက်လွှာတင်သွင်းနိုင်သည်။

၁၈၉။ ပြည်သူ့လွှတ်တော်တွင်ဖြစ်စေ၊ ပြည်သူ့ကောင်စီအဆင့်တခုခုတွင်ဖြစ်စေ၊ ယင်းတို့၏သက်ဆိုင် ရာအဖွဲ့အစည်းများတွင်ဖြစ်စေ တစုံတရာသောအကြောင်းကြောင့် ပြည်သူ့ကိုယ်စားလှယ်နေရာ လစ်လပ် ခဲ့လျှင် ဥပဒေနှင့်အညီ အစားထိုး ရွေးချယ်တင်မြှောက်ရမည်။


အခန်း (၁၄)[edit]

နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်း နှင့် မြို့တော်[edit]

၁၉၀။ နိုင်ငံတော်၏အလံသည် အောက်တွင် ဖော်ပြထားသည့်အတိုင်းဖြစ်သည် -

framless
framless

၁၉၁။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်သည် အောက်တွင်ဖေါ်ပြထားသည့်အတိုင်းဖြစ်သည် -

၁၉၂။ ပြည်သူ့လွှတ်တော်သည် နိုင်ငံတော်သီချင်းကို သတ်မှတ်ပြဋ္ဌာန်းပေးရမည်။ ပြည်သူ့လွှတ်တော်က နိုင်ငံတော်သီချင်းအသစ်ကို သတ်မှတ်ပြဋ္ဌာန်းခြင်းမပြုမီ လက်ရှိနိုင်ငံတော်သီချင်းအား ဆက်လက် အသုံးပြုရမည်။

၁၉၃။ နိုင်ငံတော်၏မြို့တော်သည် ရန်ကုန်မြို့တော်ဖြစ်သည်။


အခန်း (၁၅)[edit]

ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ခြင်း[edit]

၁၉၄။ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏နိဒါန်း၊ အခန်း (၁) ပုဒ်မ ၁နှင့် ၄။ အခန်း (၂) ပုဒ်မ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၁၊ ၁၂၊ ၁၄၊ ၁၈ နှင့် ၂၁။ အခန်း (၃) ပုဒ်မ ၂၈၊၂၉နှင့် ၃၂။ အခန်း (၄) ပုဒ်မ ၄၁၊၄၄နှင့် ၄၆။ အခန်း (၁၅) ပုဒ်မ ၁၉၄ တို့ကို ပြင်ဆင်ရန်ရှိလျှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ခုနစ်ဆယ့်ငါး ရာခိုင်နှုန်းကပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်း ပ၍ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်၊

(ခ) ပုဒ်မခွဲ (က)တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ခုနစ်ဆယ့်ငါးရာခိုင်နှုန်း ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်၊
(ဂ) ဤဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့ လွှတ်တော်သို့ တင်ပြ နိုင်သည်၊
(ဃ) ဤဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် အဆိုကိုပြည်သူ့ကောင်စီများကတင်ပြသည့်အခါအောက်မှ အထက်သို့အဆင့်ဆင့်တင်ပြ၍ နောက်ဆုံး၌ ပြည်သူ့လွှတ်တော်သို့ တင်ပြရမည်။


အခန်း (၁၆)[edit]

အထွေထွေပြဋ္ဌာန်းချက်များ[edit]

၁၉၅။ ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး ၏ထက်ဝက်ကျော်ဆန္ဒမဲ ဖြင့် အတည်ပြုပြဋ္ဌာန်းပြီးသည့်နေ့မှစ၍ နိုင်ငံတော်တဝန်းလုံး ၌အာဏာတည် သည်။

၁၉၆။ ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာ တည်သည့်နေ့မှစ၍ ပြည်သူ့လွှတ်တော်၏ ပထမအကြိမ် အစည်းအဝေး မကျင်းပမီကာလအတွင်း ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြည်သူ့ လွှတ်တော်က လုပ်ဆောင်ရန်ရှိသည်များကို ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီက နိုင်ငံတော်၏အချုပ်အချာအာဏာကို ဆက်လက်ခံယူကျင့်သုံး၍ လုပ်ဆောင်ရမည်။ ထို့အပြင် ဤဖွဲ့စည်း ပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့ မတိုင်မီကာလတွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင် အထည်ဖော်ရန်အတွက် တော်လှန်ရေးကောင်စီက ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ အရဆောင်ရွက်သည်ဟု မှတ်ယူရမည်။

၁၉၇။ ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏နိဒါန်း၊ ပုဒ်မများ၊ ပုဒ်မခွဲများ၊ စကားလုံးစုများ၊ စကားလုံးတလုံး ချင်းများ၏အနက်အဓိပ္ပာယ်၊ သဘောအယူအဆများ ဖွင့်ဆိုရာ၌မြန်မာစာဖြင့် ရေးသားထားချက်များ အပေါ်တွင်သာ အခြေပြုရမည်။

၁၉၈။ နိုင်ငံတော်၏အဖွဲ့အစည်းများအတွင်း အထက်အောက်အပြန်အလှန် ဆက်သွယ်ရာ၌လည်း ကောင်း၊ အဖွဲ့အစည်းအချင်းချင်း အပြန်အလှန်ဆက်သွယ်ရာ၌လည်းကောင်း တညီတညွတ်တည်း ဖြစ်စေရန်နှင့် အယူအဆမကွဲစေပဲ ရှင်းလင်းလွယ်ကူ​စေရန် ရုံးသုံးစာအဖြစ် မြန်မာစာကို အသုံးပြုရ မည်။ လိုအပ်လျှင် သက်ဆိုင်ရာတိုင်းရင်းသားစာကိုလည်း အသုံးပြုနိုင်သည်။

၁၉၉။ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်သည် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီ၏ မူဝါဒလမ်း ညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ အမိန့်ပြန်တမ်း များ၊ ကြေညာချက်များ၊ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့်ရပိုင်ခွင့်များကို ဆက်ခံသည်။

၂၀၀။ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါစကားရပ်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေး ကောင်စီကပြဋ္ဌာန်းထားခဲ့သော စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေကို ကိုးကားရမည်၊

(ခ) ပုဒ်မခွဲ (က)ပါ ဥပဒေကပြဋ္ဌာန်းထားသော အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ပြင်ဆင်ရန် သော် လည်းကောင်း၊ စကားရပ်များကိုထပ်မံ၍ အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် သော်လည်းကောင်း လိုအပ်ပါက ပြည်သူ့လွှတ်တော်က သာပြုလုပ်နိုင်သည်၊
(ဂ) နိုင်ငံတော်ကောင်စီ၊ ဗဟိုအာဏာပိုင်အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း များ၏လုပ်ဆောင်ချက်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီခြင်း ရှိ၊မရှိဆုံးဖြတ်ရန် လိုအပ် ပါက ပြည်သူ့လွှတ်တော်ကသာ ဆုံးဖြတ် ရမည်။

၂၀၁။ ပြည်သူ့လွှတ်တော်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်များကို လိုအပ် သလိုအခါအားလျော် စွာထုတ်ပြန်နိုင်သည်။

၂၀၂။ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဥပဒေအားလုံး၏အခြေခံဥပဒေ ဖြစ် သည်၊

(ခ) ရှိရင်းစွဲဥပဒေများ၊ နည်းဥပဒေများသည် ပြည်သူ့လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြု သေးမီ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်မဆန့်ကျင်သမျှ အတည်ဖြစ်သည်၊
(ဂ) ရှိရင်းစွဲစည်းမျဉ်းဥပဒေများ၊ စည်းကမ်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြား ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်ကောင်စီက ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်၊
(ဃ) ရှိရင်းစွဲဥပဒေများ၊ နည်းဥပဒေများကို ဤဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်လိုက်လျောညီထွေရှိ လာ စေရန် ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို ပြည်သူ့လွှတ်တော်က ပြုလုပ်ရမည်၊
(င) ရှိရင်းစွဲစည်းမျဉ်းဥပဒေများ၊ စည်းကမ်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြား ချက်များနှင့်လုပ်ထုံး လုပ်နည်းများကို ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လိုက်လျောညီထွေရှိလာ စေရန် ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို နိုင်ငံတော် ကောင်စီက ပြုလုပ်ရမည်၊
(စ) ရှိရင်းစွဲ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ စည်းကမ်းဥပဒေများ၊ အမိန့် ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့်လုပ်ထုံး လုပ်နည်းများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင် ခြင်း မပြုနိုင်မီကာလအတွင်း ဤဖွဲ့စည်းပုံအခြေခံဥပဒေ ပါပြဋ္ဌာန်းချက်များ၏သဘောနှင့် ညီညွတ်စေ ရန် ဗဟိုနှင့်ဒေသ ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများက အနက်အဓိပ္ပာယ်ဖွင့်ဆို၍ လုပ်ဆောင်ရမည်၊
(ဆ) ဝန်ထမ်းအဖွဲ့အစည်းများသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ ဤဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များ၏ သဘောနှင့်ညီညွတ်စေရမည်၊
(ဇ) ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာစတင်တည်သည့်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီလက်အောက်၌ ဖွဲ့စည်းထားရှိသော အဖွဲ့အစည်းများ၊ အမှုထမ်းရွက်ဆဲဖြစ်ကြသော ဝန်ထမ်း များနှင့်အလုပ်သမားအားလုံးသည် နိုင်ငံတော်ကောင်စီက အခြားနည်းလမ်းဖြင့်ပြဋ္ဌာန်းခြင်း မပြုသမျှ ဆက်လက်တည်ရှိစေရမည်။

၂၀၃။ (က) နိုင်ငံတော်ကောင်စီနှင့် ဗဟိုအာဏာပိုင်အဖွဲ့အစည်းများသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေကို လည်းကောင်း၊ ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းသောဥပဒေများ၊ နည်းဥပဒေများ၊ ဆုံးဖြတ်ချက်များ ကိုလည်းကောင်း မဆန့်ကျင်စေပဲ စည်းမျဉ်းများ၊စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို လိုအပ်သလိုထုတ်ပြန်နိုင်သည်၊

(ခ) ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေကို လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကပြဋ္ဌာန်း သောဥပဒေများ၊ နည်းဥပဒေများ၊ ဆုံးဖြတ်ချက်များကိုလည်းကောင်း၊ သက်ဆိုင်ရာ ဗဟိုအာဏာပိုင်အဖွဲ့အစည်းများက ထုတ်ပြန်သောစည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့် များ၊ ညွှန်ကြားချက်များနှင့်လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း မဆန့်ကျင် စေပဲသက်ဆိုင်ရာ ဒေသ အတွက်အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကိုလိုအပ်သလို ထုတ်ပြန်နိုင် သည်။

၂၀၄။ (က) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတော်ကောင်စီ၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည် သူ့ဥပဒေအကျိုးဆောင်အဖွဲ့နှင့် ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့တို့သည် ပုဒ်မ ၈၉ တွင်ဖော်ပြ ထား သော ကိစ္စများမှအပ အခြားကိစ္စများနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် သို့ဥပဒေကြမ်း တင်သွင်းခွင့် ရှိသည်၊

(ခ) ဝန်ကြီးအဖွဲ့သည် ပုဒ်မ ၈၉ တွင်ဖော်ပြထားသောကိစ္စများအပြင် အခြားကိစ္စများနှင့်ပတ်သက်၍ လည်းပြည်သူ့လွှတ်တော်သို့ ဥပဒေကြမ်းတင်သွင်းခွင့်ရှိသည်၊
(ဂ) ပြည်သူ့ကောင်စီအဆင့်ဆင့်သည် ပုဒ်မ ၈၉ တွင်ဖော်ပြသောကိစ္စများမှအပ အခြားကိစ္စများနှင့် ပတ်သက်သည့် ဥပဒေကြမ်းများကို အောက်မှအထက်သို့ အဆင့်ဆင့်တင်ပြ၍နောက်ဆုံး၌ ပြည်သူ့ လွှတ်တော်သို့တင်ပြနိုင်သည်။

၂၀၅။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့်ယင်းက ဦးဆောင်ဖွဲ့စည်းထားသော လူထုလူတန်းစား အဖွဲ့ အစည်းများနှင့်လုပ်သား ပြည်သူများသည် ဥပဒေရေးရာကိစ္စ၊ စီးပွားရေးစီမံကိန်းဆိုင်ရာကိစ္စ၊ နှစ်စဉ်ရ သုံးခန့်မှန်းခြေငွေစာရင်းကိစ္စ၊ အခြားကိစ္စများ နှင့်ပတ်သက်၍ နိုင်ငံတော်၏အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်သို့ အကြံပြုနိုင်သည်။

၂၀၆။ (က) နိုင်ငံတော်ကောင်စီဝင်များနှင့် ဝန်ကြီးအဖွဲ့ဝင်များသည် ပုဒ်မ ၅၄ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မ၆၄ ပုဒ်မခွဲ (ဂ) တို့တွင် ပြဋ္ဌာန်းထားသည့် ခွင့်ပြုချက်များမှအပ မိမိတို့ပါဝင်သော အာဏာပိုင်အဖွဲ့အစည်း များမှတပါး နိုင်ငံတော်၏အခြားအာဏာပိုင် အဖွဲ့အစည်းများတွင် ပါဝင်ခွင့်မရှိစေရ၊

(ခ) ပြည်သူ့တရားသူကြီးအဖွဲ့ဝင်များ၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ဝင်များနှင့် ပြည်သူ့လုပ်ငန်း စစ် ဆေးရေးအဖွဲ့ဝင်များသည် မိမိတို့ပါဝင်သောအာဏာပိုင်အဖွဲ့အစည်းများမှတပါး နိုင်ငံတော်၏အခြား အာဏာပိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့လွှတ်တော်၏အခြားအဖွဲ့အစည်းများတွင် ပါဝင်ခွင့်မရှိစေရ၊
(ဂ) ပြည်နယ်ပြည်သူ့ကောင်စီ၊ တိုင်းပြည်သူ့ကောင်စီနှင့် မြို့နယ်ပြည်သူ့ကောင်စီအဆင့်ဆင့်တွင် ရှိကြသော အလုပ်အမှု ဆောင်အဖွဲ့ဝင်များနှင့် လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဝင်များသည် မိမိတို့ပါဝင်သော ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ မှတပါး ဒေသဆိုင်ရာအခြား အာဏာပိုင်အဖွဲ့အစည်းများနှင့် ရေးရာ ကော်မီတီများတွင် ပါဝင်ခွင့်မရှိစေရ၊
(ဃ) ပြည်သူ့ကောင်စီအဆင့်ဆင့်၏ တရားသူကြီးအဖွဲ့ဝင်များသည် ဒေသဆိုင်ရာအခြားအာဏာပိုင် အဖွဲ့အစည်းများတွင် ပါဝင်ခွင့်မရှိစေရ။ သို့ရာတွင် သက်ဆိုင်ရာပြည်သူ့ကောင်စီများ၏ ရေးရာ ကော်မီတီများတွင်မူ ပါဝင်ခွင့်ရှိသည်။

၂၀၇။ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်တို့၏ အစည်းအဝေးများသည် ပြည်သူ့ ကိုယ်စားလှယ်အားလုံး၏ ခုနစ်ဆယ့်ငါးရာခိုင်နှုန်း တတ်ရောက်မှသာလျှင် အထမြောက်သည်။

၂၀၈။ ဗဟိုအာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်ကို နိုင်ငံတော်ကောင်စီကဖြစ်စေ၊ ပြည်သူ့လွှတ်တော်ရေးရာ ကော်မီတီ တခုခုကဖြစ်စေ မေးမြန်းလို၍ ဖိတ်ခေါ်လျှင် သက်ဆိုင်ရာဗဟိုအာဏာပိုင် အဖွဲ့အစည်းသည် တက်ရောက်ရှင်းလင်းတင်ပြရမည်။

၂၀၉။ (က) ပုဒ်မ၆၃ အရပြည်သူ့ကောင်စီတရပ်ရပ်ကို သက်တမ်းမကုန်ဆုံးမီ ဖျက်သိမ်းခဲ့လျှင် အသစ် ရွေးချယ်တင်မြှောက်လိုက်သော ပြည်သူ့ကောင်စီ၏ သက်တမ်းကာလသည် ဖျက်သိမ်းခဲ့သည့် ပြည်သူ့ ကောင်စီ၏ ကျန်သက်တမ်းကာလအတွက်သာလျှင် ဖြစ်စေရမည်၊

(ခ) ပြည်သူ့ကောင်စီတရပ်ရပ်၊ သို့မဟုတ် ပြည်သူ့ကောင်စီများကို ပြည်သူ့လွှတ်တော်ဖွဲ့စည်းပြီးနောက် ရွေးချယ်တင်မြှောက် ဖွဲ့စည်းခဲ့သော် ယင်းတို့၏သက်တမ်းသည်လည်း ပြည်သူ့လွှတ်တော်၏ပုံမှန် သက်တမ်းအတိုင်းသာလျှင် ဖြစ်စေရမည်။

စာရင်း – ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အကြောင်းရပ်များအညွှန်း[edit]

နိဒါန်း
အကြောင်းအရာ စာမျက်နှာ အပိုဒ် ပုဒ်မခွဲ
နိဒါန်း
၁၊ ၂
တိုင်းရင်းသားပြည်သူအပေါင်းတို့ ဖြတ်သန်းခဲ့ကြသည့် ခေတ်အဆက်ဆက်
ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲခြင်း
သန္နိဋ္ဌာန်ချမှတ်ချက်များ ၁၊ ၂၊ ၃၊ ၄
၁၀ ၁၊ ၂
ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခြင်း ၁၀
အခန်း ၁
အကြောင်းအရာ စာမျက်နှာ အပိုဒ် ပုဒ်မခွဲ
အခန်း ၁ နိုင်ငံတော်
၁၁
ဆိုရှယ်လစ်နိုင်ငံတော်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏အမည် ၁၁
တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်ခြင်း ၁၁
နယ်နိမိတ် ၁၁
အချုပ်အချာ အာဏာအကျယ်အဝန်းနှင့် လွှမ်းခြုံမှု ၁၂
အခန်း ၂
အကြောင်းအရာ စာမျက်နှာ အပိုဒ် ပုဒ်မခွဲ
အခန်း ၂ အခြေခံမူများ
၁၃
နိုင်ငံတော်၏ ရည်မှန်းချက်ပန်းတိုင် ၁၃
နိုင်ငံတော်၏ စီးပွားရေးစနစ် ၁၃
နိုင်ငံတော်၏ ဖွဲ့စည်းပုံ ၁၃
ခေါင်းပုံဖြတ်မှုများ ကင်းရှင်းစေခြင်း ၁၃
လုပ်သားပြည်သူတို့၏ အကျိုးစီးပွားကို နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ခြင်း ၁၃ + ၁၄
လူငယ်များကို ပြုစုပျိုးထောင်ပေးရန်တာဝန် ၁၄ ၁၀
ပါတီစနစ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၁၄ ၁၁
အချုပ်အချာအာဏာတို့၏တည်ရာနှင့် ခွဲဝေအပ်နှင်းသုံးစွဲခြင်း ၁၄ ၁၂
ပြည်သူ့လွှတ်တော်ကသာ သုံးစွဲသည့်အာဏာနှင့် ခွဲဝေအပ်နှင်းနိုင်သောအာဏာများ ၁၄ ၁၃
ဆိုရှယ်လစ်ဒီမိုကရေစီကျင့်စဉ်များ ၁၅ ၁၄
နိုင်ငံသားများက နိုင်ငံတော်၏အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်တွင် ပါဝင်ဆောင်ရွက်ခြင်း၊ ရွေးချယ်တင်မြှောက်ခြင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ၁၅ ၁၅
ပြည်သူ့ကိုယ်စားလှယ်များက နိုင်ငံသားများထံ အစီရင်ခံခြင်း၊ ဆန္ဒယူခြင်း ၁၅ + ၁၆ ၁၆
ဒေသဆိုင်ရာအရေးကိစ္စများကို ပြည်သူများကိုယ်တိုင်ပါဝင် ဆောင်ရွက်ခွင့် ၁၆ ၁၇
သယံဇာတပစ္စည်းများနှင့် မြေယာအားလုံးကို နိုင်ငံတော်က ပိုင်ဆိုင်ခြင်း၊ ထုတ်ဖော်လုပ်ကိုင်သုံးစွဲခြင်း ၁၆ ၁၈
ကုန်ထုတ်အရင်းအနှီးများကို ပြည်သူပိုင်ပြုလုပ်ခြင်း၊ သမဝါယမပိုင်ပြုလုပ်ခြင်း ၁၆ ၁၉
ပုဂ္ဂလိကပိုင်ဆိုင်လုပ်ကိုင်မှု ၁၇ ၂၀
တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်ရေး ၁၇ ၂၁ (က)
တိုင်းရင်းသားလူမျိုးများ၏ ကိုးကွယ်သည့် ဘာသာ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့ကို ဆောင်ရွက်ခွင့် ၁၇ ၂၁ (ခ)
နိုင်ငံသားများ၏ ညီမျှမှုအခွင့်အရေးများနှင့် ခံစားပိုင်ခွင့်များ ၁၇ + ၁၈ ၂၂
ပြစ်မှုဆိုင်ရာဥပဒေများနောက်ကြောင်းပြန်အာဏာ သက်ရောက်မှု မရှိစေခြင်း ၁၈ ၂၃
လူ့သိက္ခာကို ထိခိုက်စေသော ပြစ်ဒဏ်မျိုးကို တားမြစ်ခြင်း ၁၈ ၂၄
ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများနှင့် တာဝန်များကို ခိုင်မာစေရန် ဥပဒေများပြဋ္ဌာန်းခြင်း ၁၈ ၂၅
နိုင်ငံတော်၏ နိုင်ငံခြားရေးဝါဒ ၁၈ ၂၆
ဖွဲ့စည်းပုံအခြေခံဥပဒေအား အနက်အဓိပ္ပာယ်ဖွင့်ဆို ရန်အတွက် အခန်း (၂) ပါ အခြေခံမူများက လမ်းညွှန်ဖြစ်ခြင်း ၁၈ ၂၇
အခန်း ၃
အကြောင်းအရာ စာမျက်နှာ အပိုဒ် ပုဒ်မခွဲ
အခန်း ၃ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ
၁၉
ဒီမိုကရေစီဗဟို ဦးစီးစနစ်ကို ကျင့်သုံးခြင်း ၁၉ ၂၈
ဒေသအလိုက် စုစည်းခြင်း ၁၉ + ၂၀ ၂၉ (က)
စီမံခန့်ခွဲရေး ဒေသများ ဖွဲ့စည်းခြင်း ၂၀ ၂၉ (ခ)
ပြည်နယ်နှင့်တိုင်းအချို့၏ အမည်များကို ပြင်ဆင်သတ်မှတ်ခြင်း ၂၀ + ၂၁ ၃၀
နိုင်ငံတော်ရှိ ပြည်နယ်များနှင့် တိုင်းများ ၂၁ + ၂၂ ၃၁
ပြည်သူ့လွှတ်တော် တရပ်သာရှိခြင်း ၂၂ ၃၂
နိုင်ငံတော်ကောင်စီကို ဖွဲ့စည်းထားရှိရခြင်း၏ အကြောင်းများ ၂၂ ၃၃
ဗဟိုအာဏာပိုင် အဖွဲ့အစည်းများ ၂၂ + ၂၃ ၃၄
အဆင့်ဆင့်သော ပြည်သူ့ကောင်စီများ ဖွဲ့စည်းရေး ၂၃ ၃၅
ပြည်နယ်နှင့်တိုင်း၊ မြို့နယ်ပြည်သူ့ကောင်စီများတွင် ရှိသော အလုပ်အမှုဆောင်အဖွဲ့များ၊ တရားသူကြီးအဖွဲ့များနှင့် လုပ်ငန်း စစ်ဆေးရေးအဖွဲ့များ ၂၃ ၃၆ (က)
ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပြည်သူ့ကောင်စီများတွင်ရှိသော အလုပ်အမှုဆောင်အဖွဲ့များနှင့် တရားသူကြီးအဖွဲ့များ ၂၃ ၃၆ (ခ)
ဝန်ထမ်းအဖွဲ့အစည်းများ ၂၃ ၃၇
နိုင်ငံတော်၏နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ပိုင်ခွင့် ၂၄ ၃၈
ပြည်နယ်များကိုဖြစ်စေ၊ တိုင်းများကိုဖြစ်စေ ပြင်ဆင်ဖွဲ့စည်းခြင်း ၂၄ ၃၉ (က)
ပြည်နယ်၊ သို့မဟုတ် တိုင်းတခုခု၏ နယ်နိမိတ်ကို ပြောင်းလဲပြင်ဆင် သတ်မှတ်ခြင်း ၂၄ ၃၉ (ခ)
ပြည်နယ်၊ သို့မဟုတ် တိုင်းတခုခု၏ အမည်ကို ပြောင်းလဲပြင်ဆင် သတ်မှတ်ခြင်း ၂၄+၂၅ ၃၉ (ဂ)
ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့နှင့် မြို့နယ်များကို ပြင်ဆင်ဖွဲ့စည်းပိုင်ခွင့် ၂၅ ၄၀
အခန်း ၄
အကြောင်းအရာ စာမျက်နှာ အပိုဒ် ပုဒ်မခွဲ
အခန်း ၄ ပြည်သူ့လွှတ်တော်
၂၆
နိုင်ငံတော်၏အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်း ၂၆ ၄၁
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းခြင်း ၂၆ ၄၂
ပုံမှန်သက်တမ်း ၂၆ ၄၃
ဥပဒေပြုမှုအာဏာ ၂၇ ၄၄
ခွဲဝေအပ်နှင်းနိုင်သောအာဏာများ ၂၇ ၄၅
တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဆိုင်ရာဥပဒေ ပြဋ္ဌာန်းခြင်း ၂၇ ၄၆
ပြည်သူ့လွှတ်တော်ကသာ ပြဋ္ဌာန်းနိုင်သော ဥပဒေများ ၂၇ ၄၇
ဆုံးဖြတ်ပုံ၊ ဆုံးဖြတ်နည်း ၂၇ + ၂၈ ၄၈ (က) (ခ) (ဂ)
စစ်ကြေညာခြင်းနှင့် စစ်ပြေငြိမ်းခြင်း ၂၈ ၄၉
ပြည်သူ့ဆန္ဒခံယူပွဲများ ၂၈ ၅၀
အစည်းအဝေးများ ကျင်းပခြင်း ၂၈ + ၂၉ ၅၁
အစည်းအဝေးကျင်းပပေးရန် ကိုယ်စားလှယ်များ၏တောင်းဆိုပိုင်ခွင့် ၂၉ ၅၂
သဘာပတိအဖွဲ့ ၂၉ + ၃၀ ၅၃ (က) (ခ) (ဂ) (ဃ) (င) (စ)
ရေးရာကော်မီတီများ ၃၀ + ၃၁ ၅၄ (က)
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးရာကော်မီတီ ၃၁ ၅၄ (ခ)
ပြည်သူ့လုပ်ငန်း စစ်ဆေးရေး အဖွဲ့ကိုဖွဲ့စည်း တာဝန်ပေးခြင်း ၃၁ ၅၅
ကော်မီရှင်များနှင့် ကော်မီတီများကို ဖွဲ့စည်းတာဝန်ပေးခွင့် ၃၂ ၅၆
ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းပေးခြင်း ၃၂ ၅၇
နိုင်ငံတော်ကောင်စီနှင့် ဗဟိုအာဏာပိုင်အဖွဲ့အစည်းများက တာဝန်ခံခြင်း ၃၂ ၅၈
ကိုယ်စားလှယ်များ၏ အခွင့်အရေးများ ၃၂ + ၃၃ ၅၉၊ ၆၀
ဗဟိုအာဏာပိုင်အဖွဲ့အစည်းများက ပြန်လည်ဖြေကြားရန်တာဝန် ၃၃ ၆၁
ပြည်သူ့လွှတ်တော်ကို ဖျက်သိမ်းခြင်း ၃၃ ၆၂
ပြည်သူ့ကောင်စီများကို ဖျက်သိမ်းခြင်း ၃၃ + ၃၄ ၆၃
ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ၉၂ + ၉၃ ၁၈၇
ကိုယ်စားလှယ်များ နုတ်ထွက်ခြင်း ၉၃ ၁၈၈
အစားထိုး ရွေးချယ်တင်မြှောက်ခြင်း ၉၃ ၁၈၉
အခန်း ၅
အကြောင်းအရာ စာမျက်နှာ အပိုဒ် ပုဒ်မခွဲ
အခန်း ၅ နိုင်ငံတော်ကောင်စီ
၃၅
ပြည်သူ့လွှတ်တော်က ရွေးချယ်တင်မြှောက်ဖွဲ့စည်းခြင်း ၃၅+၃၆ ၆၄ (က) (ခ) (ဂ)
ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ၃၆ ၆၅
နိုင်ငံတော်သမ္မတ ၃၆ ၆၆
နိုင်ငံတော်သမ္မတ၏ သက်တမ်း ၃၆ ၆၇
နိုင်ငံတော်ကို နိုင်ငံတော်သမ္မတက ကိုယ်စားပြုခြင်း ၃၆ ၆၈
အတွင်းရေးမှူး၏ ယာယီပူးတွဲတာဝန် ၃၆ ၆၉
ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို အကျိုးသက်ရောက်စေခြင်း ၃၆ + ၃၇ ၇၀
ပြည်သူ့လွှတ်တော်ကို တာဝန်ခံခြင်းနှင့် အစီရင်ခံခြင်း ၃၇ ၇၁
သက်တမ်း ၃၇ ၇၂
လုပ်ငန်းတာဝန်များ ၃၇ + ၃၈ + ၃၉ + ၄၀ ၇၃ (က) မှ (တ)
၉၀+၉၁ ၁၈၅ (က) (ခ)
၁၀၁ ၂၀၂ (င)
၁၀၂ + ၁၀၃ ၂၀၃ (က)
ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ပြန်တမ်းများ ထုတ်ပြန်ခွင့် ၄၀ ၇၄
စစ်ရေးအရ ဆောင်ရွက်ပိုင်ခွင့် ၄၁ ၇၅
အရေးပေါ်အခြေအနေ ကြေညာခြင်း၊ စစ်အုပ်ချုပ်ရေးဥပဒေကို ထုတ်ပြန်ခြင်းနှင့်စစ်စည်းရုံးခြင်း ၄၁ ၇၆
ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်တို့၏ သက်တမ်းများကို တိုးမြှင့်ပေးခြင်း ၄၁+၄၂ ၇၇
အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ပိုင်ခွင့် ၄၂ ၇၈ (က) (ခ)
ဗဟိုနှင့်ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ဝန်ထမ်းအဖွဲ့အစည်းများကို လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း ၄၃ ၇၉
ဥပဒေများ၊ နည်းဥပဒေများ၊ ဆုံးဖြတ်ချက်များနှင့် အမိန့်ပြန်တမ်းများကို ထုတ်ပြန်ကြေညာခြင်း ၄၃ ၈၀
ဝန်ထမ်းအဖွဲ့အစည်းများ ဖွဲ့စည်းရေး ၄၃ ၈၁
ဥပဒေကြမ်း တင်သွင်းခွင့် ၁၀၃ ၂၀၄ (က)
နိုင်ငံတော်ကောင်စီဝင်များ နိုင်ငံတော်၏ အခြားအဖွဲ့အစည်းများ တွင်ပါဝင်ခွင့်မရှိခြင်း ၁၀၄ ၂၀၆ (က)
တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ၉၂ + ၉၃ ၁၈၇
ကိုယ်စားလှယ်များ နုတ်ထွက်ခြင်း ၉၃ ၁၈၈
အစားထိုး ရွေးချယ်တင်မြှောက်ခြင်း ၉၃ ၁၈၉
အခန်း ၆
အကြောင်းအရာ စာမျက်နှာ အပိုဒ် ပုဒ်မခွဲ
အခန်း ၆ ဝန်ကြီးအဖွဲ့
၄၄
အမည်စာရင်း တင်သွင်းခြင်း ၃၈ ၇၃ (ဃ)
ဖွဲ့စည်းခြင်း ၄၄ ၈၂ (က)
ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ခြင်း ၄၄ ၈၂ (ခ)
ဒုတိယဝန်ကြီးချုပ်များ ရွေးချယ်တင်မြှောက်ခြင်း ၄၅ ၈၂ (ဂ)
အမြင့်ဆုံး ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးအဖွဲ့ ၄၅ ၈၃
တာဝန်ခံခြင်း ၄၅ ၈၄
ဒုတိယဝန်ကြီးများ အမည်စာရင်း တင်သွင်းခြင်း ၄၅ ၈၅ (က)
ဒုတိယဝန်ကြီးများ ခန့်အပ်ခြင်း ၃၉ ၇၃ (ည)
ဒုတိယဝန်ကြီးအား တာဝန်မှရပ်စဲခြင်း ၄၅ ၈၅ (ခ)
သက်တမ်း ၄၅ + ၄၆ ၈၆ (က)
ဒုတိယဝန်ကြီးများ၏ သက်တမ်း ၄၆ ၈၆ (ခ)
တာဝန်နှင့် လုပ်ပိုင်ခွင့်များ ၄၆ + ၄၇ + ၄၈ ၈၇၊ ၈၈၊ ၈၉၊ ၉၂၊ ၉၃
၁၀၆ ၂၀၈
ဝန်ကြီးတဦးချင်း၏ တာဝန် ၄၈ ၉၀
ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ တာဝန်ခံခြင်း ၄၈ ၉၁
နိုင်ငံတော်ကောင်စီတွင်ပါဝင်ခြင်း ၃၆ ၆၄ (ဂ)
နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးရာကော်မီတီတွင် ပါဝင်ခြင်း ၃၁ ၅၄ (ခ)
ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့နှင့်မြို့နယ်များကို ပြင်ဆင်ဖွဲ့စည်းနိုင်ခွင့် ၂၅ ၄၀
တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ၉၂ + ၉၃ ၁၈၇
အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခြင်း ၉၃ ၁၈၈
အစားထိုး ရွေးချယ်တင်မြှောက်ခြင်း ၉၃ ၁၈၉
အဖွဲ့ဝင်များ နိုင်ငံတော်၏ အခြားအဖွဲ့အစည်းများတွင် ပါဝင်ခွင့်မရှိခြင်း ၁၀၄ ၂၀၆ (က)
ဝန်ကြီးအဖွဲ့ကသာလျှင် တင်သွင်းခွင့်ရှိသော ဥပဒေများ ၄၇ + ၄၈ ၈၉
အခြားဥပဒေကြမ်း တင်သွင်းခွင့် ၁၀၄ ၂၀၄ (ခ)
အရေးပေါ်အခြေအနေတွင် ပါဝင်ဆောင်ရွက်နိုင်ခွင့် ၄၂ ၇၈ (က)
ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး အဖွဲ့အစည်းများ၏ တာဝန်ခံမှု ၄၈ ၉၄
အခန်း ၇
အကြောင်းအရာ စာမျက်နှာ အပိုဒ် ပုဒ်မခွဲ
အခန်း ၇ ပြည်သူ့တရားသူကြီးအဖွဲ့
၄၉
တရားစီရင်ရေး အခြေခံမူများ ၅၁ + ၅၂ ၁၀၁
အဖွဲ့ဖြင့်တရားစီရင်ခြင်း ၅၀ ၉၈
စစ်ဖက် တရားစီရင်ရေး ၅၀ ၉၉
လုပ်ငန်းဆိုင်ရာ တရားစီရင်ရေးအဖွဲ့များ ၅၁ ၁၀၀
တရားစီရင်ရာတွင် အသုံးပြုရမည့် စာနှင့်စကား ၅၂ ၁၀၂
တရားသူကြီးအဖွဲ့များ ၄၉ + ၅၀ ၉၆ (က)
ပြည်သူ့တရားသူကြီးအဖွဲ့ဝင်များ အမည်စာရင်းတင်သွင်းခြင်း ၃၈ ၇၃ (ဃ)
ပြည်သူ့ တရားသူကြီးအဖွဲ့ဝင်များ ရွေးချယ်တင်မြှောက်ခြင်း ၄၉ ၉၅ (က)
ပြည်သူ့တရားသူကြီးအဖွဲ့၏ ဥက္ကဋ္ဌ ၄၉ ၉၅ (ခ)
ပြည်သူ့တရားသူကြီးအဖွဲ့၏ သက်တမ်း ၅၀ ၉၇
ပြည်သူ့တရားသူကြီးအဖွဲ့၏ အဆင့် ၅၂ ၁၀၃ (က)
တရားစီရင်ရေး အဖွဲ့ဖွဲ့စည်းခြင်း ၅၂ ၁၀၃ (ခ)
တရားစီရင်ရေးအဖွဲ့များနှင့် တရားရုံးများကို ကြီးကြပ်ကွပ်ကဲခြင်း ၅၂ ၁၀၅
ပြည်သူ့လွှတ်တော်ကို တာဝန်ခံခြင်းနှင့် အစီရင်ခံခြင်း ၅၂ ၁၀၄
ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု တရားသူကြီး အဖွဲ့များဖွဲ့စည်းခြင်း ၅၂ + ၅၃ ၁၀၆ (က)
ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု တရားသူကြီး အဖွဲ့ဝင်များထဲမှ ဥက္ကဋ္ဌရွေးချယ်ခြင်း ၅၃ ၁၀၆ (ခ)
ပြည်နယ်နှင့် တိုင်း၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု တရားစီရင်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း ၅၃ + ၅၄ ၁၀၇ (က) (ခ)
တရားသူကြီးအဖွဲ့ အဆင့်ဆင့်သက်တမ်း ၅၄ ၁၀၈
တရားသူကြီးအဖွဲ့အဆင့်ဆင့်က မိမိလက်အောက် တရားစီရင်ရေး အဖွဲ့များကို ကြီးကြပ်ကွပ်ကဲခြင်း ၅၄ ၁၁၀
သက်ဆိုင်ရာ ပြည်သူ့ကောင်စီသို့ တာဝန်ခံခြင်း ၅၄ ၁၁၀
ဝန်ထမ်းအဖွဲ့အစည်းများဖွဲ့စည်းခြင်းနှင့် ဝန်ထမ်းများကိုခန့်အပ်ခြင်း ၅၄ ၁၀၉
အရေးပေါ် အခြေအနေတွင် ပြည်သူ့တရားသူကြီး အဖွဲ့၏ပါဝင် ဆောင်ရွက်နိုင်ခွင့် ၄၂ ၇၈ (က)
နိုင်ငံတော်၏ အခြားအာဏာပိုင် အဖွဲ့အစည်းများတွင် ပါဝင်ခွင့်မရှိခြင်း ၁၀၅ ၂၀၆ (ခ)
ရှိရင်းစွဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ စည်းကမ်း ဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက် များနှင့် လုပ်ထုံးလုပ်နည်းများကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း ၁၀၂ ၂၀၂ (စ)
စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ပိုင်ခွင့် ၁၀၂ + ၁၀၃ ၂၀၃ (က)
ပြည်သူ့တရားသူကြီးအဖွဲ့၏ ဥပဒေကြမ်း တင်သွင်းခွင့် ၁၀၃ ၂၀၄ (က)
အဆင့်ဆင့်ရှိတရားသူကြီးအဖွဲ့ဝင်များကိုတာဝန်မှပြန်လည် ရုပ်သိမ်းခွင့် ၉၂ + ၉၃ ၁၈၇
ပြည်သူ့တရားသူကြီးအဖွဲ့ဝင်များ နုတ်ထွက်ခြင်း ၉၃ ၁၈၈
အစားထိုး ရွေးချယ်တင်မြှောက်ခြင်း ၉၃ ၁၈၉
ပြည်သူ့တရားသူကြီးအဖွဲ့က ပြန်လည်ဖြေကြားခြင်း ၃၃ ၆၁
နိုင်ငံတော်ကောင်စီကိုဖြစ်စေ၊ ပြည်သူ့လွှတ်တော်ရေးရာ ကော်မီတီကိုဖြစ်စေ ရှင်းလင်းတင်ပြရန်တာဝန် ၁၀၆ ၂၀၈
အခန်း ၈
အကြောင်းအရာ စာမျက်နှာ အပိုဒ် ပုဒ်မခွဲ
အခန်း ၈ ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့
၅၅
ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ဝင်များ အမည်စာရင်းတင်သွင်းခြင်း ၃၈ ၇၃ (ဃ)
ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ဝင်များအား ရွေးချယ်တင်မြှောက်ခြင်း ၅၅ ၁၁၁ (က)
ပြည်သူ့ဥပဒေ အကျိုးဆောင် အဖွဲ့၏ ဥက္ကဋ္ဌ ၅၅ ၁၁၁ (ခ)
ပြည်သူ့ဥပဒေ အကျိုးဆောင် အဖွဲ့၏ တာဝန်များ ၅၅ + ၅၆ ၁၁၂
ပြည်သူ့ဥပဒေ အကျိုးဆောင် အဖွဲ့၏ သက်တမ်း ၅၆ ၁၁၃
ပြည်သူ့ဥပဒေ အကျိုးဆောင် အဖွဲ့ကတာဝန်ခံခြင်းနှင့် အစီရင်ခံခြင်း ၅၆ + ၅၇ ၁၁၄
ဥပဒေဝန်ထမ်းအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနှင့် ဥပဒေဝန်ထမ်းများကို ခန့်အပ်ခြင်း ၅၇ ၁၁၅
လမ်းညွှန်ကွပ်ကဲခြင်း ၅၇ ၁၁၆
ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့နှင့် ဥပဒေဝန်ထမ်းအဆင့်ဆင့်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များပြဋ္ဌာန်းခြင်း ၅၇ ၁၁၇
အရေးပေါ် အခြေအနေတွင် ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့၏ ပါဝင်ဆောင်ရွက်နိုင်ခွင့် ၄၂ ၇၈ (က)
နိုင်ငံတော်၏အခြားအဖွဲ့အစည်းများ တွင်ပါဝင်ခွင့်မရှိခြင်း ၁၀၅ ၂၀၆ (ခ)
ရှိရင်းစွဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ စည်းကမ်း ဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း ၁၀၂ ၂၀၂ (စ)
စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ပိုင်ခွင့် ၁၀၂+၁၀၃ ၂၀၃ (က)
ပြည်သူ့ဥပဒေ အကျိုးဆောင်၊ အဖွဲ့၏ဥပဒေကြမ်း တင်သွင်းခွင့် ၁၀၃ ၂၀၄ (က)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ စာဖြင့်မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်း ၃၃ ၆၁
နိုင်ငံတော်ကောင်စီကိုဖြစ်စေ၊ ပြည်သူ့လွှတ်တော်ရေးရာကော်မီတီကိုဖြစ်စေ ရှင်းလင်းတင်ပြရန်တာဝန် ၁၀၆ ၂၀၈
တာဝန်မှပြန်လည်ရုပ်သိမ်းခွင့် ၉၂ + ၉၃ ၁၈၇
ပြည်သူ့ ဥပဒေအကျိုးဆောင် အဖွဲ့ဝင်များ နုတ်ထွက်ခြင်း ၉၃ ၁၈၈
အစားထိုး ရွေးချယ်တင်မြှောက်ခြင်း ၉၃ ၁၈၉
အခန်း ၉
အကြောင်းအရာ စာမျက်နှာ အပိုဒ် ပုဒ်မခွဲ
အခန်း ၉ ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့
၅၈
ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့ဝင်များ အမည်စာရင်းတင်သွင်းခြင်း ၃၈ ၇၃ (ဃ)
ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဝင်များအား ရွေးချယ်တင်မြှောက်ခြင်း ၅၈ ၁၁၈ (က)
ပြည်သူ့လုပ်ငန်း အဖွဲ့၏ဥက္ကဋ္ဌ ၅၈ ၁၁၈ (ခ)
အမြင့်ဆုံး ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့ ၅၈ ၁၁၉
ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့က တာဝန်ခံခြင်းနှင့် အစီရင်ခံခြင်း ၅၉ ၁၂၀
ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့၏ သက်တမ်း ၅၉ ၁၂၂
လုပ်ငန်းနှင့်တာဝန် ၅၉ ၁၂၁
၆၀ ၁၂၃ (ဂ)
၆၀ + ၆၁ ၁၂၅
၁၀၆ ၂၀၈
ဒေသဆိုင်ရာ လုပ်ငန်းစစ်ဆေးရေးအဖွဲ့များက တာဝန်ခံခြင်း ၆၀ ၁၂၄
ဒေသဆိုင်ရာ လုပ်ငန်းစစ်ဆေးရေးအဖွဲ့များ၏ သက်တမ်း ၆၁ ၁၂၆
ဒေသဆိုင်ရာ လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း ၅၉ + ၆၀ ၁၂၃ (က) (ခ)
ဗဟိုနှင့် အဆင့်ဆင့်သော စာရင်းဝန်ထမ်းအဖွဲ့ အစည်းများဖွဲ့စည်း ခြင်းနှင့် စာရင်းဝန်ထမ်းများကို ခန့်အပ်ခြင်း ၆၁ ၁၂၇
စာရင်းရုံးအဆင့်ဆင့်က သက်ဆိုင်ရာပြည်သူ့ကောင်စီကိုတာဝန်ခံခြင်း ၆၁ ၁၂၈
သက်ဆိုင်ရာပြည်သူ့ကောင်စီက စာရင်းရုံးအဆင့်ဆင့်အား ကြီးကြပ်ကွပ်ကဲခြင်းနှင့် စစ်ဆေးခြင်း ၆၁ ၁၂၈
အရေးပေါ် အခြေအနေတွင် ပြည်သူ့လုပ်ငန်းစစ်ဆေး ရေးအဖွဲ့၏ ပါဝင်ဆောင်ရွက်နိုင်ခွင့် ၄၂ ၇၈ (က)
နိုင်ငံတော်၏ အခြားအဖွဲ့အစည်းများတွင် ပါဝင်ခွင့်မရှိခြင်း ၁၀၅ ၂၀၆ (ခ)
ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့၏ ဥပဒေကြမ်း တင်သွင်းခွင့် ၁၀၃ ၂၀၄ (က)
တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ၉၂ + ၉၃ ၁၈၇
နုတ်ထွက်ခြင်း ၉၃ ၁၈၈
အစားထိုး ရွေးချယ်တင်မြှောက်ခြင်း ၉၃ ၁၈၉
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ စာဖြင့်မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်း ၃၃ ၆၁
နိုင်ငံတော်ကောင်စီကိုဖြစ်စေ၊ ပြည်သူ့လွှတ်တော်ရေးရာ ကော်မီတီကိုဖြစ်စေ ရှင်းလင်းတင်ပြရန်တာဝန် ၁၀၆ ၂၀၈
ရှိရင်းစွဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ စည်းကမ်း ဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက် များနှင့် လုပ်ထုံးလုပ်နည်း များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း ၁၀၂ ၂၀၂ (စ)
စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ပိုင်ခွင့် ၁၀၂ + ၁၀၃ ၂၀၃ (က)
အခန်း ၁၀
အကြောင်းအရာ စာမျက်နှာ အပိုဒ် ပုဒ်မခွဲ
အခန်း ၁၀ ပြည်သူ့ကောင်စီများ
၆၂
ဖွဲ့စည်းခြင်း ၆၂ ၁၂၉
ကိုယ်စားလှယ် အရေအတွက်ကို သတ်မှတ်ခြင်း ၆၂ ၁၃၀
သက်တမ်း ၆၂ ၁၃၁
တာဝန်နှင့် လုပ်ပိုင်ခွင့်များ ၆၃ + ၆၄ + ၆၅ ၁၃၂
အစည်းအဝေးနှင့် သဘာပတိအဖွဲ့ ၆၅ + ၆၆ ၁၃၃
ရေးရာကော်မီတီများ ၆၆ ၁၃၄
အလုပ်အမှုဆောင် အဖွဲ့များ ၆၆ + ၆၇ ၁၃၅
ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ၆၇ ၁၃၆
အလုပ်အမှုဆောင်အဖွဲ့က သက်ဆိုင်ရာ ပြည်သူ့ကောင်စီသို့ တာဝန်ခံခြင်း ၆၇ ၁၃၇
အလုပ်အမှုဆောင်အဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ၆၇ + ၆၈ ၁၃၈
အလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်း ၆၈ + ၆၉ ၁၃၉
ကောင်စီဝင်များ၏ အခွင့်အရေးများ ၆၉ + ၇၀ ၁၄၀၊ ၁၄၁
ပြည်သူသို့ အစီရင်ခံခြင်းနှင့် အသိပေးခြင်း ၇၀ ၁၄၂
ပြည်သူ့ဆန္ဒ သဘောထားများနှင့် အကြံပြုချက်များကို တင်ပြ ဆောင်ရွက်ပေးခြင်း ၇၀ ၁၄၃
ဒေသဆိုင်ရာ အရေးကြီးသော ကိစ္စရပ်များနှင့် ပြည်သူ့အကျိုးပြု အကြံပေးချက်များကို နိုင်ငံတော်ကောင်စီ သို့တင်ပြခြင်း ၇၀ ၁၄၄
ပြည်သူ့လွှတ်တော်က ဖျက်သိမ်းနိုင်ခွင့် ၃၃ + ၃၄ ၆၃
ဥပဒေကြမ်း တင်သွင်းခွင့် ၁၀၄ ၂၀၄ (ဂ)
တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ၉၂ + ၉၃ ၁၈၇
နုတ်ထွက်ခြင်း ၉၃ ၁၈၈
အစားထိုး ရွေးချယ်တင်မြှောက်ခြင်း ၉၃ ၁၈၉
ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ပိုင်ခွင့် ၁၀၃ ၂၀၃ (ခ)
ရှိရင်းစွဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ စည်းကမ်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက် များနှင့် လုပ်ထုံးလုပ်နည်းများကို အဓိပ္ပာယ်ဖွင့်ဆိုခွင့် ၁၈၂ ၂၀၂ (စ)
အခန်း ၁၁
အကြောင်းအရာ စာမျက်နှာ အပိုဒ် ပုဒ်မခွဲ
အခန်း ၁၁ နိုင်ငံသားများ၏ မူလအခွင့်အရေးများ နှင့် တာဝန်ဝတ်တရားများ
၇၁
နိုင်ငံသားဖြစ်ခြင်း ၇၁ ၁၄၅
နိုင်ငံသားဖြစ်ခြင်း၊ ပြုခြင်းနှင့် ရပ်စဲခြင်း ၇၁ ၁၄၆
နိုင်ငံသားတိုင်း တန်းတူညီမျှရှိခြင်း ၇၁ + ၇၂ ၁၄၇
နိုင်ငံသားတိုင်း အလုပ်လုပ်ခွင့်နှင့် ခံစားပိုင်ခွင့် ၇၂ ၁၄၈ (က) (ခ)
မည်သည့် အရပ်ဒေသ၌မဆို အခြေစိုက်နေထိုင်ခွင့် ၁၇ + ၁၈ ၂၂
၇၂ ၁၄၈ (ဂ)
ဆေးကုသခံနိုင်ခွင့် ၇၂ ၁၄၉
အလုပ်လုပ်ချိန်နှင့် အနားယူအားလပ်ခွင့် ၇၂ ၁၅၀
အလုပ်လုပ်နိုင်စွမ်းမရှိသောအခါ ခံစားပိုင်ခွင့်များ ၇၃ ၁၅၁
ပညာသင်ကြားပိုင်ခွင့် ၇၃ ၁၅၂
သိပ္ပံပညာ၊ စာပေနှင့် အနုပညာ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးတမ်းများကို ဆောင်ရွက်ခွင့် ၇၃ + ၇၄ ၁၅၃ (က) (ခ)
၁၇ ၂၁ (ခ)
တားမြစ်ခြင်းနှင့် ဥပဒေအရ အရေးယူအပြစ်ပေးခြင်း ၇၄ ၁၅၃ (ဂ)
အမျိုးသမီးများ၊ မိခင်များနှင့် ကလေးများ၏ ခံစားပိုင်ခွင့်များ ၇၅ ၁၅၄
ဆန္ဒမဲပေးပိုင်ခွင့်၊ ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်နှင့် ကိုယ်စားလှယ်များအား ပြန်လည်ရုပ်သိမ်းပိုင်ခွင့် ၇၅ + ၇၆ ၁၅၅ (က) (ဂ)
ပြည်သူ့ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခွင့် ၇၆ ၁၅၅ (ခ)
လွတ်လပ်စွာ တွေးတောကြံဆခွင့်၊ ယုံကြည်ကိုးကွယ်ခွင့် ဥပဒေပြဋ္ဌာန်းချက် ၇၆ ၁၅၆ (က) (ခ)
ဘာသာရေးနှင့် နိုင်ငံရေး ၇၆ ၁၅၆ (ဂ)
လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်နှင့် ထုတ်ဝေခွင့် ၇၇ ၁၅၇
အဖွဲ့အစည်းများတွင် လွတ်လပ်စွာပါဝင်ခွင့်၊ စည်းရုံးခွင့်၊ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ၇၇ ၁၅၈
ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်လုံခြုံမှု ၇၇ ၁၅၉ (က) (ခ)
ပြည်ပရောက် နိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ခြင်း ၇၇ ၁၅၉ (ဂ)
နေအိမ်ဥပစာ၊ ပစ္စည်းများနှင့် ဆက်သွယ်ရေးဆိုင်ရာလုံခြုံမှု ၇၇ + ၇၈ ၁၆၀
ပုဂ္ဂလိက ပိုင်ဆိုင်မှုများကို ကာကွယ်ပေးခြင်း ၇၈ ၁၆၁
အမွေခွဲဝေဆက်ခံခွင့် ၇၈ ၁၆၂
၁၈ ၂၂ (ဃ)
အခွင့်အရေးများကို ရရှိခံစားစေရေး ၇၈ ၁၆၃
၁၈ ၂၅
နစ်နာချက်များကို ဥပဒေအရကုစားခွင့် ၇၈ + ၇၉ ၁၆၄
၇၉ ၁၆၅
လွတ်လပ်ခွင့်နှင့် ရပိုင်ခွင့်များ ခံစားရာ၌ စောင့်ထိန်းရန်တာဝန် ၇၉ + ၈၀ ၁၆၆
လွတ်လပ်ခွင့်နှင့် ရပိုင်ခွင့်များကို ကန့်သတ်သည့် ဥပဒေပြဋ္ဌာန်းခြင်း ၈၀ ၁၆၇
ဥပဒေများနှင့် စည်းကမ်းများကို နိုင်ငံသားတိုင်း လိုက်နာရန်တာဝန် ၈၁ ၁၆၈
အများပိုင် ပစ္စည်းများကို ကာကွယ်စောင့်ရှောက်ရန်တာဝန်နှင့် လုပ်ဆောင်ရန်တာဝန် ၈၁ ၁၆၉
နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန် ၈၁ ၁၇၀
စစ်ပညာ သင်ကြားခြင်းနှင့် စစ်မှုထမ်းခြင်း ၈၁ ၁၇၁
အခွန်ပေးဆောင်ရန် တာဝန် ၈၂ ၁၇၂
ဒေသဆိုင်ရာ အရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခွင့် ၁၆ ၁၇
အရေးကြီးသော ပြည်သူ့ရေးရာကိစ္စများနှင့် ပတ်သက်၍ အကြံပြုတင်ပြခွင့် ၁၀၄ ၂၀၅
အခန်း ၁၂
အကြောင်းအရာ စာမျက်နှာ အပိုဒ် ပုဒ်မခွဲ
အခန်း ၁၂ ရွေးချယ်တင်မြှောက်ပုံစနစ်
၈၃
အခြေခံရည်ရွယ်ချက်များ ၈၃ ၁၇၃
ပြည်သူ့ကိုယ်စားလှယ်များကို လျှို့ဝှက်ဆန္ဒမဲဖြင့် တိုက်ရိုက်ရွေးချယ်တင်မြှောက်ခွင့် ၈၄ ၁၇၄ (က)
ဆန္ဒမဲပေးပိုင်ခွင့်ရှိသော အသက် ၈၄ ၁၇၄ (ခ)
တူညီစွာ ဆန္ဒမဲပေးပိုင်ခွင့် ၈၄ ၁၇၄ (ဂ)
ရွေးချယ်တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းများ ၈၅ + ၈၆ ၁၇၇
ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့် မရှိသူများ ၈၆ ၁၇၈
ပြည်သူ့ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သွင်းခြင်း ၈၆ ၁၇၉
မဲဆန္ဒနယ်များ သတ်မှတ်ခြင်း ၈၄ ၁၇၅
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ ၈၄ ၁၇၆ (က)
မြို့နယ်မှပြည်သူ့လွှတ်တော်သို့ရွေးချယ်တင်မြှောက်နိုင်သော ကိုယ်စားလှယ်ဦးရေ ၈၅ ၁၇၆ (ခ) (ဂ)
မြို့နယ်နှင့် လူဦးရေကန့်သတ်ချက်ဖြင့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းထပ်မံရရှိခွင့် ၈၅ ၁၇၆ (ဃ)
ရွေးချယ်တင်မြှောက်ပွဲများ၏ ကုန်ကျစရိတ် ၉၀ ၁၈၄
ရွေးချယ်တင်မြှောက်ခြင်းနှင့် စပ်လျဉ်းသည့် ဥပဒေပြဋ္ဌာန်းချက် ၉၁ ၁၈၆
အဆင့်တခုနှင့် မဲဆန္ဒနယ်တခုမှသာ ရွေးချယ်တင် မြှောက်ခံပိုင်ခွင့် ၈၆ + ၈၇ ၁၈၀
အထမြောက်သော ရွေးချယ်တင်မြှောက်ခြင်းနှင့် ရွေးချယ်တင် မြှောက်ခံရခြင်း ၈၇ ၁၈၁
ရွေးချယ်တင်မြှောက်ပွဲအသစ်များ ကျင်းပရေးနှင့် ပတ်သက်သော လုပ်ထုံးလုပ်နည်းများ ၈၇ + ၈၈ + ၈၉ + ၉၀ ၁၈၂၊ ၁၈၃
ရွေးချယ်တင်မြှောက်ရန် အခြေအနေမရှိသေးလျှင် ဆောင်ရွက်ရ မည့်အချက် ၉၀ + ၉၁
အခန်း ၁၃
အကြောင်းအရာ စာမျက်နှာ အပိုဒ် ပုဒ်မခွဲ
အခန်း ၁၃ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း၊ နုတ်ထွက်ခြင်း၊ အစားထိုးရွေးချယ် တင်မြှောက်ခြင်း
၉၂
တာဝန်မှပြန်လည်ရုပ်သိမ်းခွင့် ၉၂ + ၉၃ ၁၈၇
၁၅ ၁၅ (ခ)
ပြည်သူ့လွှတ်တော်က ပြည်သူ့ကောင်စီများကို ဖျက်သိမ်းခြင်း ၃၃ + ၃၄ ၆၃
ပြည်သူ့ကိုယ်စားလှယ်များ နုတ်ထွက်ခြင်း ၉၃ ၁၈၈
ပြည်သူ့လွှတ်တော်၊ ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် ယင်းတို့၏ သက်ဆိုင်ရာအဖွဲ့အစည်းများတွင် အစားထိုး ရွေးချယ်တင်မြှောက်ခြင်း ၉၃ ၁၈၉
အခန်း ၁၄
အကြောင်းအရာ စာမျက်နှာ အပိုဒ် ပုဒ်မခွဲ
အခန်း ၁၄ နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်းနှင့် မြို့တော်
၉၄
နိုင်ငံတော်အလံ ၉၄ ၁၉၀
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ၉၅ ၁၉၁
နိုင်ငံတော်သီချင်းကို သတ်မှတ် ပြဋ္ဌာန်းပေးခြင်း ၉၅ ၁၉၂
နိုင်ငံတော်၏ မြို့တော် ၉၅ ၁၉၃
အခန်း ၁၅
အကြောင်းအရာ စာမျက်နှာ အပိုဒ် ပုဒ်မခွဲ
အခန်း ၁၅ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း
၉၆
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း ၉၆ + ၉၇ ၁၉၄
အခန်း ၁၆
အကြောင်းအရာ စာမျက်နှာ အပိုဒ် ပုဒ်မခွဲ
အခန်း ၁၆ အထွေထွေ ပြဋ္ဌာန်းချက်များ
၉၈
ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ခြင်း ၉၈ ၁၉၅
ပြည်သူ့လွှတ်တော်ပထမအကြိမ်အစည်းအဝေးမတိုင်မီ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီက ဆောင်ရွက်ပိုင်ခွင့် ၉၈ + ၉၉ ၁၉၆
ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း ၉၉ ၁၉၇
၁၀၀ ၂၀၀
၁၀၀ ၂၀၁
မြန်မာစာကို ရုံးသုံးစာအဖြစ် ပြဋ္ဌာန်းခြင်း၊ ဒေသအလိုက် တိုင်းရင်းသားစာကို အသုံးပြုခွင့် ၉၉ ၁၉၈
တော်လှန်ရေးကောင်စီ၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင် ခွင့်များကို လက်ခံခြင်း ၉၉ ၁၉၉
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံကျမှုနှင့် အဓိကကျမှု ၁၀၀ + ၁၀၁ + ၁၀၂ ၂၀၂ (က) (ခ) (ဂ) (ဃ) (င) (စ)
နိုင်ငံတော်ဝန်ထမ်းအားလုံး၏ လုပ်ခွင်ဆက်လက် တည်ရှိခြင်း ၁၀၂ ၂၀၂ (ဇ)
ဥပဒေကြမ်း တင်သွင်းခွင့် ၁၀၃ + ၁၀၄ ၂၀၄
အရေးကြီးသော ပြည်သူ့ရေးရာကိစ္စများနှင့်ပတ်သက်၍ အကြံပြုတင်ပြခွင့် ၁၀၄ ၂၀၅
ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်တို့၏ အစည်းအဝေး အထမြောက်ခြင်း ၁၀၅ ၂၀၇
နိုင်ငံတော်၏အာဏာပိုင် အဖွဲ့အစည်းများတွင် တပြိုင်တည်းပါဝင် ခြင်းနှင့် ပတ်သက်၍ ကန့်သတ်ချက် ၁၀၄ + ၁၀၅ ၂၀၆ (က) (ခ) (ဂ) (ဃ)
နိုင်ငံတော်ကောင်စီနှင့် ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်များ ၁၀၂ + ၁၀၃ ၂၀၃ (က)
ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်များ ၁၀၃ ၂၀၃ (ခ)
ဗဟိုအာဏာပိုင် အဖွဲ့အစည်းများ၏ တာဝန်များ ၁၀၆ ၂၀၈
ပုံမှန်သက်တမ်းမကုန်မီ ဖျက်သိမ်းခဲ့သည့် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ၏ သက်တမ်းကာလ ၁၀၆ ၂၀၉ (က)
ပြည်သူ့လွှတ်တော်ဖွဲ့စည်းပြီးနောက် ရွေးချယ်ဖွဲ့စည်းသည့် ပြည်သူ့ ကောင်စီ၏ သက်တမ်းကာလ ၁၀၆ ၂၀၉ (ခ)