ပေစ္စဝေက္ခဏာ ဆင်ခြင်ပုံ

From Wikisource
Jump to navigation Jump to search
ပစ္စည်းလေးပါး၌ ဆင်ခြင်ပုံ
by ဝိသုဒ္ဓါရုံ ပစ္စဝေက္ခဏာ လင်္ကာ

သင်္ကန်း၌ ဆင်ခြင်ပုံ[edit]

ချမ်း-ပူကိုဖျက်၊ ခြင်-မှက်-လေ-နေ၊ ကင်း-မြွေလွှဲသုန်၊ ဟိရီဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကို စံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း သုံးဆောင်ပါသတည်း။

ဆွမ်း၌ ဆင်ခြင်ပုံ[edit]

ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပ ရေဆင်း၊ ပြည့်ဖြိုး ခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ် ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုထ်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊သုံးဆောင်မှီဝဲပါသတည်း။

အိပ်ရာ-နေရာ ကျောင်း၌ ဆင်ခြင်ပုံ[edit]

ချမ်း-ပူကိုဖျက်၊ ခြင်-မှက်-လေ-နေ၊ ကင်း-မြွေ ဝေးမှု၊ ဥတုဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊ နေရာ ကျောင်းကို၊ ကိန်းအောင်း မှီခိုပါသတည်း။

ဆေးအကပ်ခံရာ ဆေးဘုဉ်းပေးရာ ရေသောက်ရာ၌ ဆင်ခြင်ပုံ[edit]

ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွာ ပယ်လျှင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာ ရွှင်လန်း၊ ဖြည့်ကျင့်စွမ်းနိုင်ဖို့၊ ရည်မှန်းသုံးဆောင်ပါသတည်း။

ကြွင်းပစ္စည်းများ ဆင်ခြင်ပုံ[edit]

ဖိနပ်ဆီမီး၊ ထီးတောင်ဝှေးစ၊ ဟူသမျှကိုအေးမြချမ်းပူ၊ မြေငူသစ်ငုတ် ခလုတ်ဆူးငြောင့်၊ မနှောင့်ဘေးကျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်၍၊ အားအင်ပြည့်မာ၊ သာသနာကို၊ ကောင်းစွာကျင့်ဆောင်၊ ဖြည့်နိုင်အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။ [[Category:လင်္ကာ]