Jump to content

ပုဂံမြို့ မင်းနန်သူရွာမြောက်ဘက်အနီး တရုတ်ပြေးဘုရားမှ နံရံဆေးရေးစာများ

From Wikisource
ပုဂံမြို့ မင်းနန်သူရွာမြောက်ဘက်အနီး တရုတ်ပြေးဘုရားမှ နံရံဆေးရေးစာများ (သက္ကရာဇ်)
366171ပုဂံမြို့ မင်းနန်သူရွာမြောက်ဘက်အနီး တရုတ်ပြေးဘုရားမှ နံရံဆေးရေးစာများသက္ကရာဇ်

ပုဂံမြို့မင်းနန်သူရွာမြောက်ဘက်အနီး တရုတ်ပြေးဘုရားမှ နံရံဆေးရေးစာများ [1]

[edit]

တရုတ်ပြေးဘုရား ဂန္ဓကုဋီတိုက်အတွင်း အရှေ့တောင်ထောင့် စင်္ကြံ၏ အရှေ့ဘက်နံရံမှစာ

[edit]
  • “ထိုဝ်ပုရှာသ္ခိင်သည်။ လူနတ်တိုဝ်ကိုဝ် ခ္လိယ်ခ္လတ်လျက်။ အရိဋ္ဌပူရမည်သောပြည်သိုဝ် ရောက်လတ္တေအ်။”

[ထိုဘုရားသခင်သည် လူနတ်တို့ကို ချေချွတ်လျက် အရိဋ္ဌပူရမည်သောပြည်သို့ ရောက်လတ်တည်း။]

အရှေ့တောင်ထောင့်စင်္ကြံ၏တောင်ဘက်နံရံမှစာ

[edit]
  • “အတိုဝ်ပုရှာလောင် သုမေထာရသိယ်။ နှလုမ်ဖ္လင် ဆုတောင်ခြင် နှုတ်မွက်သဖ္လင်ဆုတောင်ခြင် ပ္လည်ပြီရုယ်။ က္လည်စူယှတ်ပါနှင့် ဖ္လည်စုံလျက် ညွန်ပ္လျောင်တွင် မှောက်ခုံ ဝိုက်ရုယ် ကိုဝ်တန်တာခံ၏။ မ္လတ်စွာသပုရှာ၊ ညွန်တွင်၊ ဆင်ခရုယ် အရဟန္တာလိယ်သိန်နှင့်တကွ အတိုဝ်ကျွန်ကိုဝ် ထက်သာ လျှောက်လတ်ပိ
  • ယ်ဟု ပုရှာလောင်သုမေထာရသိယ် ပန်၏ ပုရှာ ဆုတောင်သော နှလုမ်လေဆောက်တည်၏ မ္လတ်စွာသော ဒီပင်္ကရာပုရှာသ္ခိင်လေ ပန်ယှတ်ဆုပ်ဖ္လင် ပုဇဝ်ရုယ်။ ဂေါတမမည်သောပုရှာ ဖ္လစ်လတ္တမ္အ်ဟု။ စကြာဝဠာ တစ်သောင်သော နတ်လူတကာတိုဝ်၏အလယ်နှိုက် ဗျာတိတ်ပိယ်ဧအ်။ ဝ ။”

[အတို့ဘုရားလောင်း သုမေဓာရသေ့ နှလုံးဖြင့် ဆုတောင်းခြင်း၊ နှုတ်မြွက်သဖြင့် ဆုတောင်းခြင်း ပြည့်ပြီး၍ ကျေးဇူးရှစ်ပါးနှင့် ပြည့်စုံလျက် ညွန်ပျောင်းတွင် မှောက်ခုံဝပ်(?)၍ ကိုယ်တံတားခံ၏။ မြတ်စွာ သောဘုရား ညွန်တွင်ဆင်းခဲ့၍ “ အရဟန္တာလေးသိန်းနှင့် တကွ အတို့ကျွန်ကိုယ်ထက်သာ လျှောက်လတ်ပေ”ဟု ဘုရားလောင်းသုမေဓာရသေ့ ပန်၏။ ဘုရားဆုတောင်း သော နှလုံးလည်း ဆောက်တည်၏။ မြတ်စွာသော ဒီပင်္ကရာဘုရားသခင်လည်း ပန်းရှစ်ဆုပ်ဖြင့် ပူဇော်၍ “ဂေါတမမည်သောဘုရား ဖြစ်လတ္တံ့” ဟု စကြဝဠာ တစ်သောင်းသော နတ်လူတကာတို့၏အလယ်၌ ဗျာဒိတ် ပေး၏။]

  • “ပုရှာလောင်ကာ ရဟန်မူရုယ် ပိဋကတ်သုံပုံသင်ရုယ်။ ပုရှာသ္ခိင်သာသနာကိုဝ် တင်တယ်စိယ်၏ သမာပတ်၈ပါ အဘိညန် ၅ပါရရုယ် ဗြဟ္မာဖ္လစ်လိယ္အ်။”

[ဘုရားလောင်းကား ရဟန်းမူ၍ ပိဋကတ်သုံးပုံသင်၍ ဘုရားသခင်သာသနာကို တင့်တယ်စေ၏။ သမာပတ် ၈ပါး၊ အဘိညာဉ် ၅ပါးရ၍ ဗြဟ္မာဖြစ်လေ့။]

အနောက်တောင်ထောင့်စင်္ကြံ၏တောင်ဘက်နံရံမှစာ

[edit]
  • “ရေဝတမည်သော ပုရှာသ္ခိင်လက်ထက် အတိုဝ်ပုရှာ လောင်။ အတိဒေဝမည်သော(ဗုံ)ဏာဖ္လစ်ဧအ်။ ပုရှာထံ ကပ်လိယ်ရုယ်။ (သိုရ်) သတင် ပည္စသီသတင် ဆောက်တည်ရုယ် ပုရှာသ္ခိင်၏သတင်က္လ
  • ည်စူ သတင်က္လည်စူ၊ ပညာက္လည်စူတိုဝ်ကိုဝ်(အသောင်) မကသော ကာထာဖ္လင် ခိမွှံဧအ်။ ကိုဝ်ဝတ်သော အဖိုဝ် နက်သောပုဆိုဝ်လေ ပုရှာသ္ခိင်ကိုဝ် ပူဇော်ဧအ်။”

[ရေဝတမည်သော ဘုရားသခင်လက်ထက် အတို့ဘုရား လောင်းအတိဒေဝမည်သော ပုဏ္ဏားဖြစ်၏။ ဘုရားထံ ကပ်လေ၍ (သိုရ်သီတင်း) ပဉ္စသီသီတင်း ဆောက်တည် ၍ ဘုရားသခင်၏ သီတင်းကျေးဇူး (သီတင်းကျေးဇူး) ပညာကျေးဇူးတို့ကို အသောင်းမကသောဂါထာဖြင့် ချီးမွမ်း၏။ ကိုယ်ဝတ်သော အဖိုးနက်သောပုဆိုးလည်း ဘုရားသခင်ကို ပူဇော်၏။]

အနောက်တောင်ထောင့်စင်္ကြံ၏အနောက်ဘက်နံရံမှစာ

[edit]
  • “ပဒုမမည်သော ပုရှာလက်ထက် အတိုဝ်ပုရှာလောင်ကာ။ ကေသရာခြင်သိယ်မင် ဖ္လစ်၏။”

[ပဒုမမည်သော ဘုရားလက်ထက် အတို့ဘုရားလောင်း ကား ကေသရာခြင်္သေ့မင်း ဖြစ်၏။]

ဂန္ဓကုဋီအနောက်မြောက်ထောင့်စင်္ကြံ၏ အနောက်ဘက် နံရံမှစာ

[edit]
  • “ကြာပန် ပင်လယ်ခသစ်ပန်တိုဝ်ဖ္လင် ပုဇဝ်၏။”

[ကြာပန်း၊ ပင်လယ်ကသစ်ပန်းတို့ဖြင့် ပူဇော်၏။]

  • “ဓမ္မဒဿီပုရှာလက်ထက် အတိုဝ်ပုရှာလောင် သကြာမင် ဖ္လစ်၏။ နတ်၏ပန် နံသာ စည်ညှင် ကခြိယ်တိုဝ်ဖ္လင် ပုဇဝ်၏။”

[ဓမ္မဒဿီဘုရားလက်ထက် အတို့ဘုရားလောင်း သိကြား မင်းဖြစ်၏။ နတ်၏ပန်း၊ နံ့သာ၊ စည်ငြင်း၊ ကချေ တို့ဖြင့် ပူဇော်၏။]

ဂန္ဓကုဋီအနောက်မြောက်ထောင့်စင်္ကြံ၏ မြောက်ဘက်နံရံမှစာ

[edit]
  • “သိဒ္ဓပုရှာလက်ထက် အတိုဝ်ပုရှာလောင် မင်္ဂလာမည်သော တန်ခိုဝ်ဟိရသိယ်ဖ္လစ်၏။ သိပြိယ်ပင်ကြီမှ သိပြိယ် သီလတ်ရုယ် သိဒ္ဓတ်ပုရှာသ္ခိင်ကိုဝ် လှူ၏။”

[သိဒ္ဓတ္ထဘုရားလက်ထက် အတို့ဘုရားလောင်း မင်္ဂလ မည်သော တန်ခိုးရှိရသေ့ဖြစ်၏။ သပြေပင်ကြီးမှ သပြေသီးလတ်၍ သိဒ္ဓတ္ထဘုရားသခင်ကို လှူ၏။]

  • “... မိုဝ်ကြီလျှာင်ရွာသကယ်သိုဝ် ပန်မိုဝ်ဖ္လင် ပုဇဝ်၏။ ပန်ထီစွယ်ရုယ် ပုရှာဥခေါင်တဝ်ထက် ဆောင်၏။”

[... မိုးကြီးလျှင်ရွာသကဲ့သို့ ပန်းမိုးဖြင့် ပူဇော်၏။ ပန်းထီးစွဲ၍ ဘုရားဦးခေါင်းတော်ထက် ဆောင်း၏။]

  • “ဝိပဿီမည်သောပုရှာလက်ထက်။ အတိုဝ်ပုရှာလောင်ကာ အတုလမည်သော နဂါမင်ဖ္လစ်၏။ တန်ခိုဝ်ကြီစွာ၏။ နတ်၏စည်ညှင် ကခြိယ်ဖ္လင်ပုဇဝ်ရုယ် ထမင်ဟင် သင်ကန်ဆူ အလှူကြီပိယ်၏။
  • ရတနာခပ်သိမ် ဆန်ကြယ်သော ရှိုယ်သလွန်လေလှူ၏။”

[ဝိပဿီမည်သောဘုရားလက်ထက် အတို့ဘုရားလောင်း ကား အတုလမည်သော နဂါးမင်းဖြစ်၏။ တန်ခိုးကြီးစွာ ၏။ နတ်၏စည်ငြင်း၊ ကချေဖြင့် ပူဇော်၍ ထမင်းဟင်း၊ သင်္ကန်းဆူ အလှူကြီးပေး၏။ ရတနာခပ်သိမ်းဆန်းကြယ် သော ရွှေသလွန်လည်းလှူ၏။]

ဂန္ဓကုဋီမဏ္ဍိုင်၏အနောက်မြောက်ထောင့် မြောက်ဘက်နံရံမှစာ

[edit]
  • “...ရတနာစင်္ကြံဖန်ဆင်ရုယ် တုံပယ်တုံပယ် စင်္ကြံသွာလျက် အစုံအစုံ အပြောင်အပြောင်သော
  • သော ယမိုက်ပြာဋိဟာကိုဝ်ပ္လ၏။”

[... ရတနာစင်္ကြံဖန်ဆင်း၍ တုံ့ပယ်တုံ့ပယ် စင်္ကြံသွား လျက် အစုံအစုံ အပြောင်းအပြောင်း သောသော ယမိုက်ပြာဋိဟာကိုပြ၏။]

ဂန္ဓကုဋီမဏ္ဍိုင်၏အရှေ့မြောက်ထောင့် အရှေ့ဘက်နံရံမှစာ

[edit]
  • “... တနိယ်တည်စွန်သဥစ္စာ အကုဋိယ် ၁ဝကုဋိယ်ဟိ၏။ ပုရှာ(ဆောင်)သော ထီဖ္လူကာ အဖိုဝ်မဖြတ်နိုင်ပိယ်သော ပန်လင်လေ အဖိုဝ်အတိုင်မသိ။ သပိတ်ခြိယ်လေ အဖိုဝ် အတိုင်မသိ။ ဤယ်သိုဝ်သအလှူကာ ပုနာ တယောက် တစ်ယောက် တကြိန်တစ်ကြိန်တည်ဖ္လစ်၏။”

[... တစ်နေ့တည်းစွန့်သောဥစ္စာ အကုဋေ ၁၀ ကုဋေ ရှိ၏။ ဘုရားဆောင်းသော ထီးဖြူ ကား အဖိုးမဖြတ် နိုင်။ ပေးသောပလ္လင်လည်း အဖိုးအတိုင်းမသိ။ သပိတ် ခြေလည်း အဖိုးအတိုင်းမသိ။ ဤသို့သော အလှူကား ပုဏ္ဏား တစ်ယောက်တစ်ယောက် တစ်ကြိမ်တစ်ကြိမ် တည်းဖြစ်၏။]

အရှေ့မြောက်ထောင့်မြောက်ဘက်မုခ်ငယ်၏ အနောက်ဘက် နံရံမှစာ

[edit]
  • “ရတ္တနတ္တယံ၊ အဟံ ဝန္တာမိ”

[ရတနတ္တယံ အဟံ ၀န္ဒာမိ။]

  • “နောင်သောအခါ ငတိုဝ်အဖသာ
  • ၁၀ လှူတော်မူသောကောင်မှုကိုဝ် ခီပင်ပါသသူကာ ငာတိုဝ် နှင်အတူရစပါစေသော၊ ဖျက်သသူကာ ညေ
  • ၁၁ င်ဦကသည် သရေပစ္စယာတိုင်အောင် ကံပြိုဝ်သကဲသိုဝ် စီပွာချံသာယုတ်စေသော၊ ညောင်ဦကသည်
  • ၁၂ သရေပစ္စယာတိုင်အောင် မြေမုန်လုံမ်နှင်အမျှဖုရာ ချွတ်သောလည် မကျွတ်စေသော။”

[နောင်သောအခါ ... ငါတို့အဖသား လှူတော်မူသော ကောင်းမှုကို ချီးပင့်ပါသသူကား ငါတို့နှင့်အတူ ရစပါစေသော။ ဖျက်သသူကား ညောင်ဦးကသည် သီရိပစ္စရာ တိုင်အောင် ကမ်းပြိုသကဲ့သို့ စီးပွားချမ်းသာယုတ်စေ သော။ ညောင်ဦးကသည် သီရိပစ္စရာတိုင်အောင် မြေမှုန့် လုံးနှင့်အမျှဘုရား ချွတ်သောလည်း မကျွတ်စေသော။]

  • ၁၂“ဇယတု သုဂတသာသနံ”

[ဇယတု သုဂတသာသနံ။]


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.
  1. * မပျက်စီးမီကကူးယူထားသောလက်ရေးမူကိုယူပါသည်။