ပါရမီတော် ဘုရားရှိခိုးဂါထာ

From Wikisource
Jump to navigation Jump to search
ပါရမီတော် ဘုရားရှိခိုးဂါထာ
by အမည်မသိ

ယော ကပ္ပကောဋီဟိ ပိ အပ္ပမေယျံ၊

ကာလံ ကရောန္တော အတိဒုက္ကရာနိ။

ခေဒံ ဂတော လောကဟိတာယ နာထော၊

နမော မဟာကာရုဏိကဿ တဿ။

ယော နာထော- ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား အကြင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ ကပ္ပကောဋီဟိပိ- ကုဋေကုဋာ အရေအတွက် သင်္ချာတို့ဖြင့်သော်လည်း။ အပ္ပမေယျံ- ရေတွက် တိုင်းတာ ဖော်ပြခြင်းငှါ မစွမ်းနိုင်ထသော။ ကာလံ- လေးအသင်္ချေသိန်းနေကမ္ဘာ ရှည်ကြာလှစွာ သောကာလ ပတ်လုံး။ လောကဟိတာယ- သတ္တလောက၏ အကျိုးစီးပွားအလို့ငှါ။ အတိဒုက္ကရာနိ- ဥစ္စာ အသက် ခြေ လက် အင်္ဂါ, မေတ္တာကြီးမား သမီး သားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် ငါးသွယ်အစု အလွန်ခဲယဉ်းသော အမှုတို့ကို။ ကရောန္တော- ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော်မူရသည်ဖြစ်၍။ ခေဒံ- လက်ခြေမျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ ပင်ပန်းခြင်းသို့။ ဂတော- ဘဝအတန်တန် ကြိမ်ဖန်ပြေးသွား၍ ကျင်လည်ခဲ့ရရှာလေပြီ။ မဟာကာရုဏိကဿ- သတ္တဝါအများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာရှင် ဖြစ်တော်မူသော။ တဿ နာထ ဿ- ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား။ ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီး အား။ နမော- ရိုသေပျောင်းပျော့ မာန်ကိုလျော့၍ ကန်တော့ရိုကျိူး ရှိခိုးခြင်းသည်။ အတ္ထု ဘဝတု- စင်စစ်မသွေ ဖြစ်ပါစေ သတည်း…



This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse