ပရိမိတ္တဇာလသုတ်အမွှန်း

From Wikisource
Jump to navigation Jump to search
ပရိမိတ္တဇာလသုတ်အမွှန်း
by အမည်မသိ

ယဿ ပရိမိတ္တဇာလဿ၊ အာနုဘာဝေနုပဒ္ဒဝါ။

အပါကဋာ စ သရီရေ၊ သဗ္ဗတ္ထ သဗ္ဗသတ္တရူ။

ဝိနဿန္တိ သုရက္ခိတာ၊ သဗ္ဗရတန ဒေဝဟိ။

ရတ္တိံ ဒိဝံ သဒါ သုခံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

ပရိမိတ္တဇာလဿ- အကြင်ပရိမိတ္တဇာလသုတ် ပရိတ်တော်၏။ အာနုဘာဝေန- တန်ခိုး တေဇော် အာနုဘော်တော်ကြောင့်။ ဣမသ္မိံ သရီရေ– ဤခန္ဓာကိုယ်၌။ အပါကဋာစ– သေးငယ်နုပ်ဖွား မထင်ရှားသော ဘေးရန်တို့သည်လည်းကောင်း။ ဥပဒ္ဒဝါစ– ကြီးကျယ်ထင်ရှား များပြားသော ဘေးဥပဒ်တို့ သည်လည်းကောင်း။ ဝိနဿန္တိ- ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ ကင်းစင်လွင့်ပျောက်ကြရကုန်၏။ သဗ္ဗတ္ထ– တောတောင်မြို့ ရွာ အိမ်ဂေဟာဟု နေရာသတ်မှတ်, အလုံးစုံသော အရပ်တို့၌။ သဗ္ဗသတ္တရူ- ခပ်သိမ်းသော ဘေးရန်ဟူသမျှတို့သည်။ ဝိနဿန္တိ- နေရောင်လာငြား နှင်းပျောက်သွားသို့ မခြားတူလှ ပျောက်ပျက်ကြရကုန်၏။ သဗ္ဗရတနဒေဝေဟိ- အလုံးစုံသော ဘုရား, တရား, သံဃာ, ရတနာသုံးပါး နတ်အများတို့သည်။ သုရက္ခိတာ- ကောင်းစွာထောက်ပံ့, စောင့်ရှောက်အပ်ကုန်သော သတ္တဝါတို့သည်။ ရတ္တိံ ဒိဝံ– နေ့ရော ညဉ့်ပါ။ သဒါ– အခါခပ်သိမ်း။ သုခံ − ဘေးရန်ကင်းကွာ ချမ်းချမ်းသာသာ။ ဝသန္တိ- နေကြရကုန်၏။ တံပရိတ္တံ- ထိုပရိမိတ္တဇာလသုတ် ပရိတ်တော်ကို။ ဟေ- အို- သူတော်ကောင်းတို့။ မယံ– ငါတို့သည်။ ဘဏာမ– ရွတ်ကြပါကုန်စို့။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse