ပဋ္ဌာန်းအမွှန်း

From Wikisource
Jump to navigation Jump to search
ပဋ္ဌာန်းအမွှန်း
by လယ်တီပဏ္ဍိတဆရာဦးမောင်ကြီး

ဘဂဝန်ဘုန်းလှိုင် နှုန်းပြိုင်တုကင်း အဖက်ကွာ၍ စကြာမင်းအစစ် ဖြစ်ကြီးဖြစ်တော်မူသော တိဘဝပါရဂူ သယမ္ဘူရှင်တော်မြတ်ဘုရားသည် ငါးပါးမာန်နှင် ပလ္လင်ဗွေထွတ် မြေတမွတ်ဝယ် ရွှေဝတ်လွှာမှုန် ကြာပဒုံသို့ အစုံလေးလီ ခိုင်နှင်းဆီကို လှန်းမှီဆွတ်ခြွေ၍ ကရွတ်ခွေ ဝဋ်စက်မှ လွတ်ထွက်တော်မူပြီးနောက် သတ္တာသတ္တ နဝတာလီ ကိန်းယာယီဖြင့် ခိုမှီပြောင်းစံတော်မူဆဲအခါ ရတနာဃရ သတ္တာဟဝယ် ဓမ္မနက်ကျယ် သမုဒ်နှယ်သို့ ဆန်ကျယ်နက်ဝှမ်း နည်းစုံပြွမ်းသည့် ပဋ္ဌာန်းကျမ်းကို ထောက်လှမ်းမြူးကွန့် ရွှေဉာဏ်တော်လွန့်လေသော် ရောင်ညွန့်ရောင်စွယ် ရွှေဘုန်းတော်ခြယ်သောကြောင့် သပ္ပာယ်လို့ရှုမဆုံး မိုးလုံးတပြင် ဝေဟင်အပြန့် မရပ်တန့်ဘဲ မဆန့်နိုင်တဝေဝေ ညိုရွှေနီဖြူ အဆူဆူထွေးယှက်လျက် နီမောင်းရောင်အထွက် လျှပ်စီးတွေလက်သလို ပြိုးပြိုးပြက်တငွားငွား ရောင်ခြောက်ဆိုင် ကစားလျက် လောကဓာတ်တိုက်အများကို ဖြန့်လွှားအုပ်ခြုံတော်မူကြလေကုန်သတည်း။ ရောင်ခြည်တော်ဖူးညွန့် ထွေးယှက်လိမ်လူးလွန့်လျက် မြူးကွန့်တော်မူစေရန် အကြောင်းရင်းသမုဋ္ဌာန် ဧကန်ဧက ပဋ္ဌာနဟု နယထူးဆန်း မြတ်ပဋ္ဌာန်းကို ရွှင်လန်းသောဉာဏ်ကသိုဏ်း သမာဓိဖလ်တံတိုင်းဖြင့် ဌာန်ကရိုဏ်းပီသစွာ စေတနာထွတ်အမြတ်ဖြင့် ရွတ်ဖတ်သရဇ္စျယ်တော်မူကြပါကုန်လော့။ သံဃာတော် အရှင်မြတ် (သူတော်စင်)အပေါင်းတို့။


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse